" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 27, 2024

သံတွဲမှာ ပြည်သူ့စစ်တပ်ဖွဲ့အတွက် စစ်ကောင်စီတပ်က လူစုဆောင်းနေ

RFA
RFA Burmese
2024.02.27
 

ရခိုင်ပြည်နယ်၊ သံတွဲမြို့အဝင်ကို ၂၀၁၆ ခုနှစ်အတွင်း တွေ့ရစဥ်။Photo: RFA 
 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က ရွာအချို့မှာ ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့ဖို့ဆိုပြီး စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၇ ရက်ဒီနေ့မှာ အုပ်ချုပ်ရေမှူးတွေကတစ်ဆင့် လူစုဆောင်းပေးဖို့ ပြောဆိုခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

သံတွဲမြို့နယ် အံတော်ရွာ၊ နန်းချောင်း၊ ကြိမ်ချောင်း၊ ပိန်းတောကြီး စတဲ့ရွာတွေနဲ့ တခြားရွာတွေမှာ ရွာကြီးရင် လူ နှစ်ဆယ်၊ ရွာငယ်ရင် ငါးဦး စုဆောင်းပေးဖို့ ပြောဆိုခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်သားတွေက ရွာထဲကိုဝင်ပြီး အုပ်ချုပ်ရေးမှူးတွေကို လူစုခိုင်းတာပါ။ ရွာကြီးရင် လူ နှစ်ဆယ်၊ ရွာငယ်ရင် လူ ငါးယောက်။ စစ်မှုထမ်းဥပဒေကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။ ပြည် သူ့စစ် ဖွဲ့စည်းဖို့အတွက်တဲ့။ အဓိကတော့ ရွာတွေကို ကာကွယ်ဖို့ပေါ့။ ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေကို စုခိုင်းတာပါ”

သံတွဲမြို့ပေါ်မှာတော့ အခုလို စစ်မှုထမ်းဖို့ လူစုခိုင်းတာ မရှိသေးပေမယ့် လူငယ်တွေကတော့ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၁၆၀ ဦးကို ပြည်သူ့စစ်အတွက် စစ်သင်တန်းတက်ဖို့ လာရောက် စာရင်းကောက်ခဲ့တယ်လို့ ကာယကံရှင်တွေက RFA ကိုပြောပါတယ်။

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအရွယ်တွေ ပြည်သူ့စစ်သင်တန်း နှစ်ပတ်တက်ရမှာဖြစ်ပြီး အရေး ကြုံလာရင် အဲဒီလူတွေထဲက စစ်မှုထမ်းဖို့ ရွေးချယ်မယ်လို့ ပြောဆိုခဲ့ကြောင်းလည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောက်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ 

Link  : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */