ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ် ကျောက်တလုံးဘုရားအနီးရှိ ဒုက္ခသည်စခန်းမှ နေရာသစ်သို့ ပြောင်းရွှေ့ခံရ သည့် ရိုဟင် ဂျာ ဒုက္ခသည်များမှာ လက်ရှိနေရာသည် ချောင်းအနီးဖြစ်၍ မိုးရွာလျှင် ရေကြီးရေလျှံပြီး ရေနစ်မြုပ် ခြင်း၊ သွားလာရေး အဆင်မပြေမှုများအပြင် မြို့နှင့်အလှမ်းဝေးသဖြင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။
လက်ရှိ စခန်းသစ်မှာ မူလနေရာဟောင်းနှင့် ၂ဖာလုံခန့် ဝေးပြီး ဆောက်လုပ်ထားသည့် လူနေဆောင်များ ပြီးသွား ပြီဆိုကာ စစ်ကောင်စီက ဖိအားပေးသဖြင့် မေလ ၂၁ရက် ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ယင်းစခန်းမှ အမည်မ ဖော်လိုသည့် ရိုဟင်ဂျာဒုက္ခသည်တဦးက ဧရာဝတီကို ပြောသည်။
Link : Here

No comments:
Post a Comment