Friday, November 9, 2018

ကျောက်ဖြူရေနက်စီမံကိန်း စတင်အကောင်အထည် ဖော်နိုင်ဖို့ မူဘောင်စာချုပ် ယနေ့ ချုပ်ဆို

iSee
November 9, 2018

နိုဝင်ဘာ၊၈။ ကျောက်ဖြူ ရေနက် စီမံကိန်း ဟာ ဒေသခံ တွေ အပြင် နောင်မျိုးဆက် တွေရဲ့ ဘ၀ တိုးတက် မြှင့်မားဖို့ အတွက် ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံ နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘော တူညီချက် လက်မှတ်ရေးထိုးပွဲမှာ ရခိုင်ဝန်ကြီးချုပ်က ပြောခဲ့တာပါ။
ဒီစီမံကိန်းဟာ အရင် အစိုးရ လက်ထက်က သဘောတူ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်း တစ်ခုဖြစ်ပြီး၊ဒါကို ခုအကောင် အထည် စဖော် နိုင်ဖို့ ခုမှလက်မှတ်ရေးထိုးခဲ့တာပါ။

တရုတ်နိုင်ငံဘက်က တရုတ်သံအမတ်ကြီး ကိုယ်တိုင်တက်ရောက်ခဲ့ပြီး သဘောတူ စာချုပ်ကို မြန်မာနိုင်ငံ နဲ့ လက်မှတ်ရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။

အရင် အစိုးရ လက်ထက် တုန်းကတော့ ရေနက် ဆိပ်ကမ်း စီမံကိန်းမှာ ရှယ်ယာ ပါဝင်မှု အချိုးအစားက တရုတ်က ၈၅ ရာခိုင်နှုန်း ၊မြန်မာက ၁၅ရာခိုင်နှုန်း ဖြစ်ပေမယ့် အစိုးရသစ် အဖွဲ့က ရှယ်ယာပါဝင်မှု အချိုး အစားကိုပိုတောင်းခဲ့တာကြောင့် တရုတ်ဘက်က လက်ခံခဲ့ပြီး မြန်မာကို ရှယ်ယာ ၃၀ရာခိုင်နှုန်းအထိ ပါဝင်ခွင့် ပြုပေးခဲ့ တယ်လို့ စီးပွားကူးသန်းဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

ဒီစီမံကိန်း နဲ့ ပါတ်သတ်ပြီး ကန့်ကွက် သူအချို့ ရှိနေကြတဲ့ အပေါ် ရခိုင်ဝန်ကြီးချုပ်က ကန့်ကွက်သူ တွေက တော့ ရှိနေကြမှာပဲ၊ဒါကို ဖြေရှင်း ကြရမှာပဲ လို့ ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */