" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 12, 2021

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေပေါ် နည်းလမ်းစုံ သုံးအရေးယူဖို့ အထူးကိုယ်စားလှယ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 ဖေဖော်ဝါရီ၊ 2021
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအပေါ် နည်းလမ်းမျိုးစုံသုံးပြီး အရေးယူဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေ အေ နဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က တောင်းဆိုလိုက်ပါတယ်။

“အရင်တုန်းက ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းအား လုံး ကို ထည့်သွင်းစဉ်းစားဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းအားပေးသင့်ပါတယ်။ အလားတူ အ ခြေအနေမျိုးတွေအပေါ် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချခဲ့ရာမှာ ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုတွေ၊ လက်နက်ခဲယမ်း ရောင်းချမှု ပိတ်ပင်တာတွေနဲ့ ခရီးသွားပိတ်ပင်တာတွေ ပါခဲ့ပါတယ်။ ပြီးတော့ ICC နိုင်ငံတ ကာ ရာဇဝတ်တရားရုံးနဲ့ အရေးပေါ်ခုံရုံးတွေကနေ တရားရေးဆိုင်ရာအရေးယူမှုတွေ လုပ်ပေးဖို့ တောင်းဆိုတာမျိုးလည်း ရှိခဲ့ပါတယ်။ ဒီနည်းလမ်းတွေအားလုံးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။" လို့ Tom Andrews ကပြောပါတယ်။

SEE ALSO:

"မြန်မာအခြေအနေ ပုံမှန်ပြန်ရောက်ဖို့ ဆက်သွယ်ပြောဆိုနေ" - ကုလ တရုတ်သံအမတ် 
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၂၉ ကြိမ်မြောက်အထူးအစည်းအဝေးကို ဒီကနေ့ အွန်လိုင်းကနေ ကျင်းပ ချိန် အတွင်း Tom Andres က အဲဒီလိုပြောသွားတာပါ။

ဒါ့အပြင် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ကျည်ဆံအစစ်တွေ သုံးပြီး ဆန္ဒပြခဲ့သူတွေကို ပစ်ခဲ့တဲ့ ဓာတ်ပုံမှတ် တမ်း တွေလည်း အများကြီးထွက်လာနေတယ်လို့ သူကပြောပါတယ်။

အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံပါတဲ့ ဂျီနီဗာအခြေစိုက်လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးမှာ အခြားနိုင်ငံတွေ ကလည်း မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချခဲ့ပြီး ဖမ်းဆီးခံခေါင်းဆောင်တွေ ပြန်လွှတ်ပေး ဖို့နဲ့ ဆန္ဒပြပွဲတွေကို အင်အားသုံး မဖြိုခွင်းဖို့ အလေးအနက်တောင်းဆိုခဲ့ပါတယ်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */