" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 22, 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အထူးကိုယ် စားလှယ် နိုလင်းဟေဇာတို့ ဆွေးနွေးချက် အပြည့်အစုံကို နစက သတင်းထုတ်ပြန်

Published: 19 August 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် နိုလင်းဟေဇာတို့ရဲ့ ဆွေးနွေးချက် အပြည့်အစုံကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဩဂုတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အထူးကိုယ်စားလှယ်ရုံးရဲ့ထုတ်ပြန်ချက်ဟာ တစ်ဖက်သတ်ဖြစ်ပြီး အထင်အမြင်လွဲမှားမှုတွေဖြစ်စေခဲ့တဲ့အတွက် ယခုလို အပြည့်အဝထုတ်ပြန်ပေးရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ပြန်လည်ဖော်ပြပေးအပ်ပါတယ်။

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလသ မဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer တို့၏ တွေ့ ဆုံမှုအပေါ်တွင် အထူး ကိုယ်စားလှယ်ရုံးမှ တစ်ဖက်သတ်ထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံအပေါ် နိုင်ငံ တ ကာ နှင့် ပြည်သူလူထုမှ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် တွေ့ဆုံစဉ် ဆွေးနွေးမှုများ ကို ပြည့်စုံစွာဖော်ပြလိုက် ရပါသည်

နေပြည်တော်၊ ဩဂုတ် - ၁၉

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ယခုလ ၁၈ ရက်တွင် တွေ့ဆုံဆွေးနွေခဲ့ပြီး တွေ့ဆုံဆွေးနွေး ခဲ့မှုများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် ရုံး အနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အပြုသဘောမဆောင် သောထုတ် ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ တို့အကြား ရေရှည်လက်တွဲ ဆောင်ရွက်နိုင်ရန်အတွက် သတင်းများနှင့်ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန် ဆောင် ရွက်ရန်အတွက် သဘောတူညီခဲ့ကြသည်။

၃။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ မိတ်ဆက်ပြော ကြားမှု။

မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာရင်းနှီးခဲ့ဖူးသည့် မိတ်ဆွေတစ်ဦးအနေဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပါသည်။ မြန် မာ နိုင်ငံအတွက် မည်ကဲ့သိုသော အကြံဉာဏ် များပေးရမည်ကို ဖော်ဆောင်၍ ဆောင်ရွက်ပေးသွား မည်ဖြစ် ပါသည်။ မြန်မာနိုင်ငံ၏ အရေးကိစ္စသည် ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက်ရမည့် အရေးကိစ္စဖြစ်၍ စိမ်ခေါ်မှု များစွာရှိပါ သည်။ အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက် မိမိအနေဖြင့် အချက် ၄ ချက်ဖြင့် ဆောင် ရွက် သွားမှာဖြစ်ပါသည်။ ပထမ အချက် အနေဖြင့် မိမိတို့အကြား ဆက်သွယ်ဆောင်ရွက်နေမည့် တွေ့ဆုံဆွေး နွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လိုပါသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဦးတည်ချက် ၉ ရပ်ချမှတ် ဆောင်ရွက်လျက်ရှိသည်ကို မိမိအနေဖြင့် သိရှိထားပါ သည်။ မိမိအနေဖြင့် ဒုတိယအချက်အဖြစ် လူသားချင်း စာ နာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးလိုပါသည်။ နိုင်ငံရေးဦး တည်ချက် ၃ ရပ်၏ နောက်ဆုံး အချက်မှာ မြန်မာနိုင်ငံနေဖြင့် “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ ကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး “မူ”ကို လိုက်နာကျင့်သုံးရေး”ဟူ၍ ဖော်ပြ ထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါအချက်မှာ မိမိတို့လိုလား သည့်အချက်ဖြစ်ပြီး မိမိတို့ အနေဖြင့် အခြား နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဟူသောမူဝါဒကို လက်ခံယုံကြည်ထားပါသည်။မိမိအနေဖြင့် လည်း ယင်း ကိစ္စနှင့်ပတ်သက်၍ အကောင်အထည်ဖော်ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါ သည်။ ကုလသ မဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres သည် ကုလ သမဂ္ဂ ပဋိညာဉ်ကို ကာကွယ်စောင့် ရှောက်နေ သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ကုလ သမဂ္ဂ ပဋိညာဉ်တွင် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ တိကျစွာပြဋ္ဌာန်း ထားပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအား အမြဲတမ်းဖော်ပြလျက်ရှိသည်ကို မိမိအနေ ဖြင့် သတိပြုမိပါသည်။ ကမ္ဘာပေါ်တွင် နောက်ထပ်ဖြစ် ပေါ်လာမည့် ပဋိပက္ခဖြစ်ပွားမှုများနှင့် အကြမ်းဖက်မှု များကို တားဆီးနိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂအဖွဲ့ အ စည်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ် ပါသည်။ အဓိကအရေးကြီးဆုံးအချက်မှာ ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံဘက်က အမြဲတမ်းထုတ်ဖော် ပြောကြားလျက်ရှိသည့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုဟူသော အ ချက်နှင့် ပတ်သက်၍လည်း ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲတမ်း အသိ အ မှတ်ပြု လေးစား လျက်ရှိပါသည်။

အဆွေတော်အနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးကဏ္ဍကို အဓိကအခြေခံလျက် နိုင်ငံ၏စီးပွား ရေးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မည်ဟု ပြောကြား ခဲ့သည်ကို မိမိအနေဖြင့် မှတ်သားမိပါသည်။ မြန်မာ နိုင်ငံနှင့် ကိုက်ညီမှု ရှိသည့် စီးပွားရေးစနစ်ကို လက်ရှိအခြေအနေနှင့်အညီ ဆောင်ရွက်သွားမည် ဟူသောအချက် ကိုလည်း မိမိအနေဖြင့် ကြိုဆိုလက်ခံပါသည်။ မိမိအနေဖြင့် စီးပွားရေး ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးကို မြန် မာနိုင်ငံ၏ စီးပွားရေးအခြေအနေများ လေ့လာနိုင်ရန် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် သ ဘာဝသယံ ဇာတ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့ရာတွင် အဆိုပါသယံဇာတ များသည် မြေ အောက်ထဲ၌သာ ရှိနေပြီး မြေပေါ်မှတစ်ဆင့် စီးပွားရေးအဖြစ် မည်ကဲ့သို့ အသုံးချဆောင်ရွက်နိုင် မည့်နည်း လမ်း ကို မြန်မာနိုင်ငံအနေဖြင့် လိုအပ်နေခြင်း ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ မြန်မာ နိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်စာတမ်း၌ ပထမဆုံးလက်မှတ် ရေးထိုးခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ ယင်းကဲ့သို့ ကောင်း မွန်သည့် သမိုင်းကြောင်းများ ရှိခဲ့သည့်အတွက် မိမိအနေဖြင့် ချီးကျူးဂုဏ်ပြု လိုပါသည်။ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံ၏အနာဂတ်ကို ပုံဖော်နိုင်စွမ်းရှိ သည့်အင်အားရှိပြီး အဆွေတော် ၏ သား၊ သမီး၊ မြေး၊ မြစ်တို့၏အနာဂတ်ကို မည်ကဲ့သို့ ပုံဖော်မည် ဆို သည့်အချက်သည်လည်း အဆွေတော်၏ လက်အတွင်း ၌သာရှိပါသည်။ မြန်မာနိုင်ငံအား မည်ကဲ့သို့ပုံဖော်၍ မည်သည့်လမ်းစဉ်များနှင့် ဆောင်ရွက်သွား မည်ဆိုသည့်အချက်ကို အဆွေတော် ချမှတ်ထားသော ဦးတည်ချက် ၉ ရပ်တွင် သိသာထင်ရှားစွာ မြင်တွေ့ရပါ သည်။

ကိစ္စအချို့နှင့်ပတ်သက်၍ မိမိအနေဖြင့် အဆွေတော်အား မေတ္တာရပ်ခံ တောင်းဆို လိုပါသည်။ ယင်းတောင်း ဆို ချက်များသည် မိမိတို့ ရှေ့ဆက်သွားမည့် အနာဂတ်လမ်းကြောင်းကို ဆက်သွယ်ဆောင်ရွက်ပေးနိုင်မည့် အခြေခံ အုတ်မြစ်များ ပင်ဖြစ် ပါသည်။ မိမိ၏အကြံပြုချက်များ၊ တောင်းဆိုချက်များ၊ တင်ပြချက်များသည် မြန်မာပြည် သူအားလုံးပါဝင်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာ ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် တည် ဆောက် ရာတွင် ချိတ်ဆက်ဆောင်ရွက် ပေးနိုင်မည့် အခြေခံအုတ်မြစ်များဖြစ်လိမ့်မည်ဟု မိမိအနေဖြင့် မျှော်လင့်မိပါ သည်။

၄။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြန်လည် ပြောကြေားဆွေးနွေးမှု-

အဆွေတော်နှင့် ပထမဆုံးတွေ့ဆုံဆွေးနွေးသည့်အချိန်၌ အဆွေတော်၏ သဘောထားကို သိရှိလိုသည့်အတွက် အဆွေတော်ကို ဦးစွာဆွေးနွေးပြောကြား ခွင့်ပြုခြင်းဖြစ်ပါသည်။ မိမိအနေဖြင့် လက်ရှိအချိန်တွင် မြန်မာ နိုင်ငံ အစိုးရအဖွဲ့ကို ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေပါသည်။ ထို့အပြင် မိမိအနေဖြင့် မြန်မာနိုင်ငံ အားမည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိ ပါသည်။ သို့ရာတွင် မိမိအနေ ဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ကို ဦးဆောင်၍ တာဝန်ယူ ဆောင်ရွက်သည့်ကာလသည် အကန့်အသတ်ရှိပါသည်။ အထက်၌ ပြောကြားခဲ့သည့်ကိစ္စရပ်များအား လာမည့်ကာလတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့ကသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဥပဒေကြောင်းအရ ပြောကြားရမည် ဆိုလျှင် မြန်မာ နိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလ အဖြစ် တာဝန်ယူ ဆောင်ရွက် နိုင်ပါသည်။ အဆိုပါကိစ္စများသည် ၁၀ နှစ်တာကာလအတွင်း အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရရှိမည့် သမ္မတ ကသာ အကောင်အထည်ဖော် ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန်များဖြစ်ပါသည်။ လက်ရှိအခြေအနေ၌ နိုင်ငံ တော်အရေးပေါ် အခြေအနေကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါ သည်။ အဓိကအားဖြင့် အဆိုပါကိစ္စများထက် ပိုမိုအရေးကြီးသည့်ကိစ္စမှာ အဆွေတော်နှင့် မိမိတို့အကြား မည်ကဲ့သို့ ပူး ပေါင်းဆောင်ရွက်မည် ဆိုသည့်ကိစ္စများ ကိုသာ ပထမဆုံးဖြေရှင်းဆောင်ရွက်သွားမည်ဆိုလျှင် ပိုမိုကောင်း မွန် မည်ဖြစ်ပါ သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဆိုင်ရာကိစ္စရပ်များ၌ လိုအပ်ချက်များစွာရှိပါ သည်။ ဥပမာအနေဖြင့် မြန်မာနိုင်ငံ သည် မြေပေါ်မြေအောက်သဘာဝသယံဇာတ များ ပေါကြွယ်ဝပြီး အဆိုပါ သဘာဝသယံဇာတများကို တူးဖော် အသုံးပြုရန် နည်း ပညာများလိုအပ်မှုရှိသည်ကို အဆွေတော်အနေဖြင့် အထက်၌ပြောကြားခဲ့ပါသည်။ အဆိုပါ မြေပေါ်မြေအောက် သဘာဝသယံဇာတများသည် တိုင်းပြည်တစ်ခုအတွက် အရန်(Reserve)သာဖြစ်ပြီး တိုင်း ပြည် အတွင်းရှိ မြေ၊ ရေနှင့် လူသားအရင်း အမြစ်များအသုံးပြု၍ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေရန် မည်ကဲ့သို့ ဆောင်ရွက်သွား ရမည်ကို မိမိအနေဖြင့် စဉ်းစားထားပါသည်။ မြေပေါ်မြေအောက်သဘာဝသယံဇာတ များကို အသုံးပြု၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းထက် လူသားအရင်း အမြစ်များအသုံးပြု၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းကို ပိုမိုစိတ် ဝင်စားသော်လည်း ဆောင်ရွက်နိုင်မှုအားနည်းနေပါသည်။ မိမိ အနေဖြင့် ပြောကြား လိုသည်မှာ အဆွေတော်၏ ပြောကြားချက်အား မိမိအနေဖြင့် လက်ခံခြင်း/ လက်မခံ ခြင်း ကို ပြောကြားလိုခြင်းမဟုတ်ပါ။ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အကြားကိစ္စများအား ဆွေးနွေး ပြော ကြားလိုပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၌ လွတ်လပ်ရေးရရှိခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ ပါသည်။ လက်ရှိအချိန်တွင် ၇၅ နှစ် ပြည့်မြောက် တော့မည်ဖြစ်ပါသည်။ ကုလသမဂ္ဂ တည်ထောင်ခြင်းနှစ် ၅၀ ရွှေရတုအထိမ်းအမှတ် အခမ်းအနားတွင် ယခင်ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိ ညာဉ်ကို လိုက်နာကျင့်သုံးလျက်ရှိပါ သည်။

စစ်အေးကာလအတွင်း အနောက်အုပ်စုနှင့် အရှေ့အုပ်စုတို့အနေဖြင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ကမ္ဘာကြီးတစ် ခု လုံးတွင် မငြိမ်မသက်မှုများ ဖြစ်ပွား ခဲ့ပါသည်။ မျက်မှောက်ကာလ၌လည်း ကမ္ဘာကြီးတစ်ခုလုံး မငြိမ်မသက်မှု များ ဖြစ်ပွားနိုင်သည့်အခြေအနေ ရှိနေပါသည်။ ယင်းအခြေအနေကို ရှောင်လွှဲနိုင်ရေး သည် အရေးကြီးသည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါသည်။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိအချိန်အထိ ကုလသမဂ္ဂပဋိညာဉ်ကို ဖောက် ဖျက်ကျူး လွန်ခြင်း မရှိပါ။ ကုလသမဂ္ဂအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအပေါ် ချမှတ်ထားသည့် ပဋိညာဉ်နှင့် အညီ ထိတွေ့ဆက်ဆံဆောင်ရွက်သွားရန် လိုအပ်ပါသည်။ ယင်းကဲ့သို့ ထိတွေ့ ဆက်ဆံ ဆောင်ရွက်မှသာ အဖွဲ့ဝင်နိုင် ငံ များအနေဖြင့် ကုလသမဂ္ဂအပေါ် ယုံကြည်မှု ရှိလာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုလသမဂ္ဂ၏ အရိပ်အာဝါသကြောင့် အေးမြသည့်အရသာကို လိုလားတောင့်တနေသည့် နိုင်ငံများ ဖြစ်ပါသည်။ အဆိုပါကိစ္စသည် အရေးကြီးသည့် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ အဓိကအားဖြင့် ကုလသမဂ္ဂသည် ဒုက္ခရောက် နေသည့်၊ အခက်အခဲရှိနေသည့်၊ လိုအပ်ချက်များရှိနေသည့် နယ်ပယ်များတွင် အကူအညီ ပေးအပ်ခြင်းများ ပြု လုပ်ရ သည်ဟု မိမိတို့အနေဖြင့် နားလည်သဘောပေါက်ထားပါသည်။ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် အနေ ဖြင့် ကုလသမဂ္ဂပဋိညာဉ်ကို လိုက်နာစောင့်ထိန်းသူတစ်ဦးဖြစ် သည်ဟု အဆွေတော်အနေဖြင့် အထက်၌ ဆွေး နွေး ပြောကြားခဲ့ပါသည်။ မြန်မာ နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ မြန်မာနိုင်ငံသား ဦးသန့်သည်လည်း ကုလသမဂ္ဂတွင် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ မိမိ အနေဖြင့် ကု လ သမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူများအနက် Mr. Kofi Annan နှင့်သာ သိကျွမ်းပြီး ၎င်းနှင့် ၃ ကြိမ် ဆွေးနွေးခဲ့ဖူးပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ကမ္ဘာ့နိုင်ငံများ၏ ဆိုးတိုင်ပင် ကောင်း တိုင်ပင်ပုဂ္ဂိုလ်မျိုးဖြစ်ရန် လိုအပ်ပါသည်။

မိမိအနေဖြင့် ၂၀၁၁ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၁ နှစ် ခန့် ကြာမြင့့််ပြီဖြစ်ပါသည်။ အဆိုပါ ကာလ အတွင်း ကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံများ၊ အရာရှိကြီး အဖြစ် တာဝန်ထမ်းဆောင် သည့်အချိန်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ မြန်မာနိုင်ငံအပေါ် ကုလ သမဂ္ဂ ၏ပြောကြားချက်များသည် တစ်ဖက်သတ်ပြောကြားချက်များဖြစ်နေသည်ကို တွေ့ရှိရပါသည်။ 

မြန်မာနိုင်ငံအတွက် စိတ်မကောင်းဖွယ်ရာ ကိစ္စများပင်ဖြစ်ပါသည်။ အဆွေတော်အနေဖြင့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်တွင် အဆိုပါကိစ္စ ကို မည်ကဲ့သို့ကျော်လွှားမည်ဟူသည့်အချက်ကို ဦးစွာဖြေရှင်းရန် လိုအပ်မည်ဟု မိမိ အနေဖြင့် ထင်မြင်ယူ ဆမိ ပါ သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်တာဝန်ပေးခြင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ဆက် ဆံရေးကောင်းမွန်စေလိုသည့်အတွက် အပြုသဘောဆောင်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင် ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဆက်ဆံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မိမိအနေဖြင့် အဆွေတော်အပေါ် ပုဂ္ဂိုလ် ရေးအရ မည်သည့်ခံစားချက်မျှမရှိပါ။ မိမိအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက် လိုသည့်အတွက် ယခုကဲ့သို့ အဆွေတော်နှင့်တွေ့ဆုံရန် သဘောတူခဲ့ခြင်း ဖြစ်ပါသည်။ အခက်အခဲများစွာရှိသော်လည်း အဆွေ တော် မြန်မာနိုင်ငံသို့ ခရီးစဉ် လာရောက်နိုင်စေရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ် အခြာအာဏာကို ဝင်ရောက်မစွက်ဖက်ဟု အဆွေတော်အနေဖြင့် ဆွေးနွေး ပြော ကြားခဲ့ပါသည်။ မြန်မာနိုင်ငံ သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် နှင့်အညီ ကျင့်သုံးနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင်လည်း ယင်းကဲ့သို့ တိကျစွာပြဋ္ဌာန်းထားပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ် တွဲ နေထိုင်ရေးမူကြီး ၅ ရပ်အနက် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည် တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက် စွက် ဖက်ခြင်းမပြု၊ နိုင်ငံတစ်နိုင်ငံပိုင်နက် နယ်မြေ တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေး စားရန် စသည့် အချက်များ ပါဝင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ တပ် မတော်က တာဝန်ယူခဲ့ရပါသည်။ မြန်မာ နိုင်ငံကို တရားဥပဒေလမ်းကြောင်းအပေါ် လျှောက်လှမ်းနိုင်ရေး ပြန် လည် ဆောင်ရွက်နေသည့်အချိန်၌ ကုလသမဂ္ဂအနေဖြင့် မိမိတို့၏လုပ်ဆောင်ချက် များအပေါ် အသိအမှတ် မပြု သည်ကို တွေ့ရှိရပါသည်။ ကုလသမဂ္ဂအနေဖြင့် မည်သည့်အတွက်ကြောင့် အသိအမှတ်မပြုခြင်းနှင့် ပတ် သက် ၍ မေးခွန်းများရှိလာပါ သည်။ ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြင်း မပြုဟု ပြောကြားလျက်ရှိသော်လည်း မည်သည့်အတွက်ကြောင့် မိမိတို့၏ လုပ်ဆောင်ချက်များအပေါ် အသိ အမှတ်မပြုသည့်အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ် သည်ကို သိရှိလိုပါသည်။ အဆွေတော်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက် တွင် စင်ကာပူလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်ခဲ့သည်ကို တွေ့မြင်ခဲ့ ရပါသည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်အစိုးရတစ်ရပ်ဖြင့် တည်ငြိမ်နေသောနိုင်ငံ တစ်နိုင်ငံဖြစ် သည့်အတွက်ကြောင့် စင်ကာပူလေကြောင်း လိုင်းမှ လေယာဉ်သည် မြန်မာနိုင်ငံတွင် ဆင်းသက်ခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့ အခြေအနေမဟုတ်ပါက စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်သည် မြန်မာနိုင်ငံတွင် ဆင်းသက် မည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် စီးပွားရေးအရ ဆောင်ရွက်နေသည့် လေကြောင်းလိုင်း ၁၆ ခု ပြေးဆွဲလျက်ရှိ ပါ သည်။ အဆွေတော်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၃ နာရီခန့် စောင့်ဆိုင်း၍ ညနေပိုင်းတွင် လေ ကြောင်းခရီးစဉ်ဖြင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်ခဲ့ပါသည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်မည့်အချိန် ကာ လတွင် အဆွေတော်အနေဖြင့် ရန်ကုန်မြို့ကို လှည့်ပတ်ကြည့်ရှု၍ ရန်ကုန်မြို့မှ နေပြည်တော်သို့ မော်တော်ယာဉ် ဖြင့် လာမည် ဆိုလျှင် မြန်မာနိုင်ငံ၏ အခြေအနေကို ပိုမိုသိရှိမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေကို အ မှန် တကယ်သိရှိအောင် ဆောင်ရွက်ပြီးမှသာ မြန်မာနိုင်ငံနှင့် ပတ်သက်၍ မှတ်ချက်ပြု ပြောကြားခြင်းသည် ပို ၍ ကောင်းမွန်မည်ဟု ယူဆပါသည်။ မြန်မာနိုင်ငံ၏အခြေအနေ တည်ငြိမ်မှုရှိနေသည်ကို ကုလသမဂ္ဂက မြန်မာနိုင် ငံ အရေးကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေသည်ဟု အမျိုးမျိုးထုတ်ပြန် ကြေညာနေခြင်းအပေါ် မိမိတို့ အနေဖြင့် နားမလည်နိုင်ပါ။ မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့နှင့် ပတ်သက်၍ ဥပဒေ လမ်းကြောင်းဖြင့်သာ အမှန်တကယ်ဆောင်ရွက်ပါသည်။ မြန်မာ့တပ်မတော် အနေဖြင့် နိုင်ငံတော်၏လို အပ်ချက်အရ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အရ ဖြစ်တည်လာသည့် အစိုးရဖြစ်ပါသည်။ မိမိတို့အစိုးရသည် ဥပဒေဖြင့် လုပ်ဆောင်ရသော အဖွဲ့အစည်း ဖြစ် သည့်အတွက် ကိစ္စအားလုံးကို ဥပဒေအတိုင်းသာ ဆောင်ရွက်ပါသည်။ ယင်းအချက်နှင့်ပတ်သက်၍ ကုလသမ ဂ္ဂအနေဖြင့် သဘောပေါက်နားလည်စေလိုပြီး ၎င်းတို့ သိရှိထားသောအချက်များနှင့် မြန်မာနိုင်ငံ၏ မြေပြင်အခြေ အနေများသည် လွန်စွာကွာခြားမှုရှိနေ သည်ကို မိမိအနေဖြင့် အသိပေးပြောကြားလိုပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း၊ တတိယ လှိုင်း ဖြစ်ပွားခဲ့သည့်အချိန်၌ ပြင်းပြင်း ထန်ထန်ခံစားခဲ့ရပြီး စီးပွားရေး လုပ် ငန်းများ တုံ့ဆိုင်းခဲ့ပါသည်။ အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရ အနေဖြင့် ကြိုးပမ်း ဆောင်ရွက်ရသည်များရှိသကဲ့သို့ တစ်ဖက်တွင်လည်း ကုလသမဂ္ဂ စသည့်အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင် ရွက် မှုများကိုလည်း မျှော်လင့်ခဲ့ပါသည်။ သို့ရာတွင် မည်သည့်အကူအညီမျှ ရရှိခဲ့ခြင်းမရှိပါ “ကျန်ရစ်သူ မရှိစေရ (Leave No One Behind)” ဟူသည့် ကုလသမဂ္ဂ၏ မူဝါဒအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပင်လျှင် မြန်မာ နိုင်ငံကို မည်သည့် အကူအညီမျှပေးအပ်ခဲ့ခြင်းမရှိပါ။ ယင်းကိစ္ စမှာ လွန်စွာဝမ်းနည်းဖွယ်ကောင်း ပါသည်။ လူသားတစ်ဦး၏ အသက်ရှင်သန်ရေးကိစ္စပင် ဖြစ်ပါသည်။ လူသား တစ်ဦး အန္တရာယ်ကြုံတွေ့နေရချိန်၌ စစ်မက်ဖြစ်ပွားနေသော နိုင်ငံကိုပင် အကူအညီ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ အခက်အခဲကြုံတွေ့နေရချိန်၌ အကူအညီ မပေးအပ်နိုင် စရာအကြောင်းမရှိဟု မိမိအနေဖြင့် ထင်မြင်ယူ ဆပါ သည်။ ကံကောင်းစွာပင် မြန်မာ နိုင်ငံ၏ မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံ၊ တရုတ် နိုင် ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံကိုများစွာ အကူအညီ ပေးခဲ့ပါ သည်။ အဆိုပါအကူအညီများကြောင့် မြန်မာနိုင်ငံသားများ၏ အသက်များစွာကို အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အာဆီယံအဖွဲ့ အနေဖြင့် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre) မှတစ်ဆင့် အနည်းငယ်ကူညီပေးခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကိုယ်တိုင်ရုန်းကန်ဆောင်ရွက် ခဲ့ရခြင်းဖြစ် ပါသည်။ မြန်မာနိုင်ငံ၌ အကျပ်အတည်း များစွာ ကြုံတွေ့ခဲ့ရသည့်အချိန်တွင် အဆွေတော်တို့ဘက်က နိုင်ငံရေး အ ရ ဖိအား များ ပေးခဲ့ခြင်းဖြစ်ပါသည်။ အာဆီယံအနေဖြင့်လည်းကောင်း၊ ကုလသမဂ္ဂအနေဖြင့် လည်းကောင်း ဖိအားအမျိုးမျိုး ပေးခဲ့ပါသည်။ မိမိတို့ဘက်မှ ပြန်လည်တင်ပြရန် ဆောင်ရွက်ခဲ့သော်လည်း မိမိတို့ဘက်မှ ကိုယ် စားလှယ်ကို လက်မခံခဲ့ပါ။ ကုလသမဂ္ဂ တွင် မြန်မာနိုင်ငံ၏ကိုယ်စား လှယ်ထားရှိရေးကို အဆုံးအဖြတ်ပေးသည့် Credential Committee နှင့်ပတ်သက် ၍အဆွေတော်တို့အနေဖြင့် စဉ်းစားသုံးသပ် ရန် လိုအပ်မည်ဖြစ်ပါသည်။ ကုလသမဂ္ဂ နှင့်ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွင် ပထမဆုံးဖြေရှင်းရမည့်ကိစ္စမှာ ယင်းကိစ္စ ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို ပြောကြားလိုပါသည်။ မြန်မာနိုင်ငံကို ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနိုင်ရေးအတွက် မြန်မာ့တပ်မတော်က လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပါ သည်။အခြေခံဥပဒေအား မြန်မာ့တပ်မတော်က ရေးဆွဲပေးခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံရေး လောကတွင် ထင် ပေါ် ကျော်ကြားသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တောင်သူလယ် သမားများ၊ အလုပ်သမားများ စသည့်အလွှာပေါင်း ၈ လွှာမှ ပုဂ္ဂိုလ်ပေါင်း ၁,၀၀၀ ကျော်က ပါဝင်ရေးဆွဲပေးခဲ့ခြင်းဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းလျက်ရှိသည့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ များစွာရှိနေပါ သည်။ 

သို့ရာတွင်တပ်မတော်အနေဖြင့် အဆိုပါ လက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့ နှင့် ပတ်သက်သည့် ပဋိပက္ခများကို ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ်သို့ ခေါ်ဆောင်ဖြေရှင်းဆောင်ရွက်နေသည့် အခြေအနေကိုမူ အ ချို့နိုင်ငံများက သိရှိခြင်းမရှိကြပါ။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသည့်အချိန်၌ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ပပျောက်အောင် ဆောင်ရွက် ရမည်ဟူ သောအချက်ကို တပ်မတော်အနေဖြင့် သိရှိ သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်း လာစေရန်နှင့် ၎င်းတို့ကို တပ်မတော်၏အစိတ်အပိုင်းဖြစ်သော တရားဝင် လက်နက်ကိုင်အဖွဲ့အဖြစ် ဖွဲ့စည်း ပေး ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ KNU ၊ KNPP ၊ KIA အဖွဲ့များသည် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လိုက် ပါလျှောက်လှမ်း လာခြင်းမရှိဘဲ လက်နက်ကိုင်လမ်းစဉ်အတိုင်းသာ ဆက်လက်လျှောက်လှမ်းခဲ့ကြပါ သည်။ လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်အတွင်း၌ တပ်မတော်ကဲ့သို့ အသွင် ပြောင်း၍ တာဝန်ထမ်းဆောင်သည့် ယခင် EAO အဖွဲ့များ တပ်ရင်း ၂၀ ကျော်ရှိပါ သည်။ ၎င်းတို့အနေဖြင့် မြန်မာ့တပ်မတော်နှင့်အတူ လက်တွဲ ဆောင်ရွက်ကာ တရားဝင် လက်နက်ကိုင်အဖွဲ့များအဖြစ် တည်ရှိနေကြပါသည်။ အဆိုပါ အခြေအနေ နှင့် ပတ် သက်၍ မည်သူကမျှပြောကြားခဲ့ခြင်းမရှိပါ။ မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အထွေထွေရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက် ပွဲ၌ မြန်မာနိုင်ငံ ရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၅ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲ၌ ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပသည့် တတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲ၌ ၃၁၅ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါသည်။ အထွေထွေရွေးကောက်ပွဲပြုလုပ် နိုင်သည့်နယ်မြေများ တဖြည်းဖြည်း ကျဆင်းလာ သည်ကို တွေ့ရှိရမည်ဖြစ် ပါသည်။ အမှန်စင်စစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်သည့်နယ်မြေအရေအတွက် မြင့်တက်လာရ မည် ဖြစ်သော်လည်း အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်သည့် နယ်မြေအရေအတွက် လျော့နည်းလာရခြင်းမှာ တိုင်း ပြည်တည်ငြိမ်အေးချမ်းမှုမရှိဘဲ လက်နက်ကိုင်ပဋိပက္ခများနှင့် ခြိမ်းခြောက်မှု များ ဖြစ်ပွားနေသည့် အတွက် ကြောင့် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ လွန်စွာအရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပါ သည်။ မဲပေးခွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းသည် ဒီမိုကရေစီစနစ်အတွက် ကောင်းမွန်မှု မရှိသည့် လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတစ်ဦး တစ်ယောက် မကျန် ဆန္ဒမဲပေးနိုင်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရ၊ သို့မဟုတ် တိုင်းပြည်တာဝန်ယူထားသည့် အဖွဲ့အစည်း တို့၏ တာဝန်သာဖြစ်ပါသည်။ ထို့ကြောင့် တိုင်းပြည်၌ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု ရှိစေရေးကို ဦးစားပေး (၁) အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တိုင်းပြည်၌ နိုင်ငံရေးအခြေအနေတည်ငြိမ် အေးချမ်းမှုရှိ စေရေး ဆောင်ရွက်သည့် အချိန်တွင် ဒီမိုကရေစီအရ ဆောင်ရွက်ရမည့်လမ်းစဉ်များကို ဒီမိုကရေစီအရ ဆောင် ရွက် ခြင်း မရှိဘဲ အကြမ်းဖက်လမ်းစဉ်များကို ရွေးချယ်၍ လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးသည့် အချိန်တွင် ပေါ်ပေါက်ခဲ့ပါသည်။ 

အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့သည့် အတွက် မြန်မာ နိုင်ငံ၌တည်ငြိမ်မှုမရှိသည့်အခြေအနေမျိုး ဖြစ်ပွားခဲ့ ပါသည်။ ဒီမိုကရေစီလမ်းကြောင်း အတိုင်း ဥပဒေအရဖြေရှင်းဆောင်ရွက်မည် ဆိုလျှင် ယခုကဲ့သို့ပြဿနာများ ဖြစ်ပေါ် လာမည်မဟုတ်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်ပွားလျက်ရှိသည့် ပြဿနာများ ကြောင့် လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲ ကိစ္စရပ်နှင့်စပ်လျဉ်း ၍ ဖြစ်ပေါ်လာသော ငြင်းဆိုမှု (Decline)ပြုလုပ် သည့် ကိစ္စရပ် များကြောင့် လည်းကောင်း သက်ရောက်မှုရှိနေခြင်းကို စဉ်းစားသုံးသပ်ရန် လိုအပ်ပါသည်။ မြန်မာ နိုင်ငံ၌ အကြမ်းဖက်လုပ်ဆောင်လျက်ရှိသည့်ကိစ္စများ ဖြစ်ပေါ်နေသည့်ကာလ များနှင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များတည်ရှိသည့် ကာလများတွင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိပါသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် အကြမ်း ဖက် မှု များ၊ တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် ပြောကြားခဲ့ပါသည်။ အကြမ်းဖက်မှုကိစ္စနှင့်ပတ်သက်၍ ပြောကြားရ မည်ဆိုလျှင် အကြမ်းဖက်မှုများကို မိမိတို့က ဆောင်ရွက်နေခြင်းမဟုတ်ပါ။ အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများကို အ ကြမ်းဖက် သမားများက လာရောက်တိုက်ခိုက်၍သာ မိမိတို့အနေဖြင့် ပြန်လည်ခုခံရခြင်းဖြစ်ပါ သည်။ 

အနီးဆုံးဖြစ်စဉ်အနေဖြင့် ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်း တွင်မန္တလေးတိုင်းဒေ သကြီး၏ အ နောက်ဘက် စစ်ကိုင်းတိုင်းဒေသကြီးရှိ တံတား ပေါ်၌ ကားတစ်စီးပေါ်ရှိ ခရီးသည်များအား အကြမ်းဖက်သမား များက ဓားစာခံ လုပ်၍ ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ ခရီးသည်များနှင့် အဆိုပါအကြမ်းဖက်သမားများ သေဆုံးမှုဖြစ် ပွား ခဲ့ပါသည်။ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ သံဃာတော်များကို သတ် ဖြတ်ခြင်း စသည့်အကြမ်းဖက်မှုများ ကိုလည်း ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအကြမ်းဖက်မှုများသည် အထွေထွေ ရွေးကောက်ပွဲမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ကိစ္စများဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဆိုပါ အကြမ်းဖက်မှုကိစ္စများကို ပြောကြား ခြင်းမရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှုကို ဒီမို ကရေစီနည်းလမ်း ကျစွာ ဆောင်ရွက်ခြင်းမရှိဟူ၍ ပြောကြားလျက် ရှိပါသည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာ နိုင် ငံ ၌ ဖြစ်ပွားလျက်ရှိသည့် ကိစ္စများနှင့် ပတ်သက်၍ အခြေအနေအမှန်ကို သုံးသပ်စေလိုပါသည်။

၅။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အမြဲမပြတ် တွေ့ ဆုံဆွေးနွေးနိုင်ရေး ကမ်းလှမ်းချက်နှင့် အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်အပေါ် ဆွေးနွေးပြောကြားမှု-

အခြေအနေများကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန် နှစ်ဦးနှစ်ဖက် အပြန် အလှန်နားလည်ယုံကြည်မှုများ လိုအပ် မည်ဖြစ်ပါသည်။ ထို့အပြင် မြေပြင်အခြေ အနေမှန်များကို သိရှိသုံးသပ်ပြီး သတင်းပို့တင်ပြခြင်းသည် ကောင်း မွန်မည် ဆိုသည့် အချက်ကို မိမိအနေဖြင့် လက်ခံပါသည်။ ပထမတင်ပြ လိုသည့်အချက်မှာ အဆွေတော် နှင့် မိမိတို့အကြား အမြဲမပြတ်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ တိုးတက်မှုများ ရရှိအောင် ဆောင်ရွက်သွားရန် အဆို ပြုပြောကြားလိုပါသည်။ ဒုတိယ အချက်အနေ ဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ကို အသိအမှတ်ပြုမှုနှင့် မြန်မာ နိုင်ငံ ကို ကုလသမဂ္ဂတွင် အသိအမှတ်ပြုမည့်ကိစ္စဖြစ်ပါသည်။ မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုမှုနှင့် မြန်မာ နိုင်ငံကို အသိအမှတ်ပြုမှုအခွင့်အာဏာသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ထံတွင်မရှိပါ။ မြန်မာနိုင်ငံ၏ ကိုယ် စားပြုမှုကို အသိအမှတ်ပြုနိုင်သည်မှာ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင်သာရှိပါသည်။ သို့ဖြစ်၍ ကုလ သမဂ္ဂအ တွင်းရေးမှူးချုပ် အနေဖြင့် မြန်မာနိုင်ငံအား ကူညီနိုင်မည့်နည်းလမ်းပေါင်းစုံကို ရှာဖွေလျက်ရှိပါ သည်။ အာဆီ ယံနှင့် မြန်မာနိုင်ငံအကြား သဘောတူညီခဲ့သည့် ဘုံသဘောတူညီချက် ၅ ရပ်တွင် ပါဝင်သည့် အကြမ်းဖက်မှုများ အမြန်ဆုံးချုပ်ငြိမ်း ရေးဟူသည့် အချက်တစ်ချက်ပါဝင်ပါသည်။ အဆိုပါအချက်သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အဖြေရှာမှုများပြုလုပ်ရာတွင် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်ပါသည်။ မိမိ သည် မြန်မာနိုင်ငံတွင် နှစ်ဖက်စ လုံးမှ အကြမ်းဖက်မှုများ ပြုလုပ်နေသည် ဟူသည့် အချက်ကို ပထမဆုံးအသိအမှတ်ပြုခဲ့သူ တစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ပြည်သူလူထု၏ ဆန္ဒများကို အကောင် အ ထည်ဖော် ဆောင်ရွက်သွားမည်ဟူသည့် အသုံးအနှုန်းကို ပထမဆုံး သုံးနှုန်း ပြောဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါ သည်။ မိမိအနေဖြင့် “Myanmar Led, Myanmar Way” ဟူသည့် ဆောင်ပုဒ်ကို အသိအမှတ်ပြုပါသည်။

၆။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ အပြု သဘောဆောင်သော တုံ့ပြန်ဆွေး နွေးချက်-

အဆွေတော်အနေဖြင့် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ကာ လေ့လာမှုများ ပြုလုပ်ပြီး အခြေအနေကြည့်၍ အ ခြား သောပုဂ္ဂိုလ်များနှင့် ဆွေးနွေးပြောကြားမှု များ ပြုလုပ် သွားမည်ဟု အထက်တွင် ပြောကြားခဲ့ပါသည်။ အ ဆွေတော်အနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီးနောက် သက်ဆိုင်ရာသို့ သတင်းပို့တင်ပြ ရမည်ဖြစ်ပါ သည်။ ထိုသို့ သတင်းပို့တင်ပြသည့်အချိန်တွင် ၎င်းတို့ဘက်က မည်ကဲ့သို့ တုံ့ပြန်ပြီး မည်သည့်မှတ်ချက်များ ပေးအပ်မည်ဟူသည့်အချက်အပေါ်တွင် များစွာ မူတည်ပါသည်။ အဆွေတော်အနေဖြင့် မည်သည့်အချက် များ ကိုတွေ့ရှိကာ သက်ဆိုင်ရာသို့ မည်ကဲ့သို့ သတင်းပို့တင်ပြသွားမည်ဟူသည့်အချက်အပေါ်လည်း မိမိတို့အနေဖြင့် လေ့လာကြည့်ရှု ရမည်ဖြစ်ပါသည်။ မိမိတို့အကြားတွင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိရန် လိုအပ်ပါသည်။ မိမိ တို့အနေဖြင့် အကြမ်းဖက် လုပ်ရပ်များကိုတုန့်ပြန်ရာ၌ အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် မိမိတို့အား တိုက်ခိုက်လာလျှင် မဖြစ်မနေပြန်လည်တိုက်ခိုက်မှု ပြုလုပ် ရမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူလူထုကို ထိခိုက်အောင် ပြုလုပ်လာလျှင် ပြန်လည်တိုက်ခိုက်မှုပြုလုပ်သွားရမည်ဖြစ်ပါသည်။ မိမိ အနေ ဖြင့် အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ပြန်လည်ရည်ညွှန်း ပြောဆို ခြင်း(Refer) မရှိသေးပါ။ မိမိတို့ ပြောကြားနေသည့်အချက် ၅ ရပ်မှာ နိုင်ငံတော်က ကျင့်သုံးနေသည့် ငြိမ်းချမ်း စွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ် ဖြစ်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက် ခြင်းမပြုရန်၊ နိုင်ငံတစ်နိုင်ငံပိုင်နက်နယ်နိမိတ် တည်တံ့ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ကို အခြားတစ်နိုင်ငံက လေးစားရန်၊ နိုင်ငံတစ်နိုင်ငံ နှင့်တစ်နိုင်ငံ အကြား ကျူးကျော်တိုက်ခိုက်ခြင်း မပြုရန်တို့ သာ ပါဝင်ပါသည်။ မိမိတို့ အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်လျက်ရှိပါသည်။ အဆွေတော် လာရောက်သည့် ယခုခရီးစဉ် သည် တရားဝင်ခရီးစဉ်ဖြစ်ပြီး လက်ရှိ အဆွေတော်တည်ရှိနေသည့်နေရာသည် နိုင်ငံတော်သမ္မတ၏ ဧည့်ခန်းမဖြစ်ပါသည်။ အဆွေတော်အ နေဖြင့် အချုပ်အခြာ အာဏာပိုင်ဆိုင်သည့် မြန်မာ နိုင်ငံသို့ လာရောက်ခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင် ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏အဆိုပြုချက်ကို လက်ခံခြင်းမရှိပါက အခြားဆန့်ကျင်ဘက် အဖွဲ့အစည်း များ၏ အဆိုပြုချက်များကိုလည်း လက်ခံခြင်း မပြုစေလိုပါ။

၇။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်၏ မြန်မာနိုင်ငံအ တွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် ပြောကြားချက်-

မိမိအနေဖြင့် မြန်မာနိုင်ငံ အရေးကိစ္စနှင့်ပတ်သက်၍ ထောက်ပြ ဆွေးနွေး နိုင်သည့် အခွင့်အာဏာသာရှိပြီး ဆုံး ဖြတ်ပိုင်ခွင့်မရှိပါ။ မိမိအနေဖြင့် ယခုကဲ့သို့ လာရောက်၍ တွေ့ဆုံဆွေးနွေးခြင်းသည် ကုလသမဂ္ဂအတွင်း ရေးမှူး ချုပ်၏ မှာကြား ချက်များကို အဆွေတော်ထံသို့ လာရောက်၍ ရှင်းလင်းပြောကြားပေးခြင်းသာ ဖြစ်ပါသည်။အဆွေတော်ကို ဆောင်ရွက်စေလိုသည့် အချက် ၂ ချက် ရှိပါသည်။ အဆိုပါအချက် ၂ ချက်မှာ မြန်မာနိုင်ငံ၏ နေ ရာဒေသအချို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း မပြုလုပ်ရန်နှင့် ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်ရန်ဖြစ်ပါသည်။

၈။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ နိုင်ငံအတွင်းဖြ်စပေါ်နေသည့် အခြေအနေမှန်များကို တုန့်ပြန် ပြောကြားချက်-

အချက် ၂ ချက်နှင့်ပတ်သက်၍ ဆွေးနွေးလိုပါသည်။ မိမိတို့ကို လာရောက်တိုက်ခိုက်သည့် သောင်းကျန်းသူများ တည်ရှိရာနေရာသို့ ပစ်မှတ် ထား၍ မိမိတို့ဘက်က တိုက်ခိုက်ခြင်းဖြစ်ပါသည်။ အဆိုပါသောင်းကျန်းသူများက မိမိတို့ကို မတိုက်ခိုက်လျှင် မိမိတို့ကစတင်၍ တိုက်ခိုက်မည်မဟုတ်ပါ။ လက်နက်ကိုင်၍ ဆန့်ကျင်တိုက် ခိုက် ခြင်း ကို မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရကမျှ လက်ခံမည် မဟုတ်ပါ။ ပြည်သူလူထုနေထိုင်ရာ နေအိမ်များ၊ ရပ် ရွာများကို မီးရှို့သည့်ကိစ္စသည် လုံးဝမှားယွင်းသည်ဟု မိမိအနေဖြင့် ပြောကြားလိုပါသည်။ မြန်မာ့တပ်မတော် အနေဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်။ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွား သည့်အချိန်တွင်လည်း မိမိတို့အနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဥပမာ အနေဖြင့် ပြောကြားရမည် ဆိုလျှင် မြန်မာနိုင်ငံရှိ ဒုက္ခသည်များကို နီပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက် ပေး နေသည်များရှိပါသည်။ ထို့အပြင်အခြားအဖွဲ့အစည်းများက ကူညီဆောင်ရွက် ပေးနေသည်များလည်းရှိပါသည်။ သာမန်အားဖြင့် စဉ်းစားကြည့်မည်ဆိုလျှင်ပင် မိမိတို့တာဝန်ယူဆောင်ရွက်ပေးရမည့် ဒုက္ခသည်များကို မိမိတို့က ဒုက္ခရောက် စေရန် နေအိမ်များမီးရှို့ဖျက်ဆီးသည်ဟူသောအချက်မှာ မဖြစ်နိုင်သည်ကို သိရှိနိုင်ပါ သည်။ ပြည်သူ လူ ထု၏နေအိမ်များအား မိမိတို့က မီးရှို့ဖျက်ဆီးသည် ဟူသော အချက်ကို မိမိအနေဖြင့် လုံးဝငြင်းဆိုပါသည်။

၉။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၏ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြားဆက်လက် လက်တွဲ ဆောင်ရွက်နိုင် ရေးကမ်းလှမ်းပြောကြားမှု-

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကောင်းမွန်သော သမိုင်းကြောင်းရှိခဲ့သော နိုင်ငံတစ် နိုင် ငံဖြစ်သောကြောင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ပြန်လည်ပါဝင်နိုင်စေရေးအတွက် ကုလသမဂ္ဂအတွင်းရေး မှူးချုပ် Mr. Antonio Guterres ကလည်းဆန္ဒရှိ ပါသည်။ မိမိအနေဖြင့် မြန်မာနိုင်ငံကို တန်ဖိုးထားလေးစား ပါ သည်။ 

ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံတွင် အကျဉ်းသားများကို သေဒဏ်ပေးအပ်သည့် ကိစ္စနှင့်ပတ်သက်၍ ဆွေး နွေးပြောကြား လိုပါသည်။ ဖြစ်ပြီးသားကိစ္စများမှာ ဖြစ်ပျက်ခဲ့ပြီးသောကြောင့် နောက်ထပ် သေဒဏ်ချ မှတ်စီ ရင် သည့်ကိစ္စများကို သနားညှာတာမှု၊ လူသားချင်း စာနာထောက်ထားမှု တို့ဖြင့်ထောက်ရှု၍ ဖြေ လျှော့မှု များကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။ အဆွေတော်ကိုယ်တိုင်သည်လည်း သနားညှာ တာမှု ရှိသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့်အတွက် နောက်နောင်တွင် သေဒဏ်ချမှတ် စီရင်မည့်ကိစ္စများကို သနား ညှာ တာ မှုရှိစွာ ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မိမိအနေဖြင့် မျှော်လင့် ပါသည်။ တတိယအချက်အနေဖြင့် လူ သားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေးကိစ္စများကို မည်ကဲ့ သို့ဆောင်ရွက် သွားမည် နှင့် ပတ်သက်၍ ဆွေးနွေးလိုပါသည်။ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူ အညီပေးအပ် ရေးကိစ္စ များကို Channel တစ်ခုထဲမှမဟုတ်ဘဲ အခြား ဆက်သွယ်ဆောင်ရွက် နိုင်မည့် လမ်း ကြောင်းများစွာမှတစ်ဆင့် ဆောင် ရွက်သွားရန် တိုက်တွန်းပြောကြား လိုပါသည်။ မြန်မာနိုင်ငံသို့ မလာရောက်မီ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ၏ မြန် မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Prak Sokhonn နှင့်လည်း တွေ့ဆုံ ခဲ့ပါသည်။ Mr. Prak Sokhonn သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ အမျိုးသား စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်း ရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည် ထောင်စုဝန်ကြီး ငြိမ်း ချမ်း ရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တွေ့ဆုံကာ တိုင်း ရင်းသားလက် နက် ကိုင်အဖွဲ့များ ပါဝင်နိုင်မည့်နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။ မိမိအနေဖြင့် မြန် မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ အချိန်ရရှိမည်ဆိုပါက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြု လုပ် လိုပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi မြန်မာနိုင်ငံသို့ လာရောက် ခဲ့ချိန်တွင် အဆွေတော် အနေဖြင့် အားလုံးပါဝင်သော ဆွေးနွေးပွဲများနှင့် အပြု သဘော ဆောင်သော ဆွေးနွေးပွဲများဆောင် ရွက်သွား မည် ဟု ပြောကြားခဲ့သည် ကို မိမိအနေဖြင့် သိရှိထားပါသည်။

၁၀။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပြောကြားချက်-

အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ လုပ်ဆောင်လျက်ရှိ ပါသည်။ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များနှင့် တွေ့ဆုံသကဲ့သို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)အနေဖြင့်လည်း သက်ဆိုင် ရာ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံခဲ့ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အနေဖြင့်လည်း နိုင်ငံရေးပါတီများ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တွေ့ဆုံဆွေး နွေးလိုပါက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် တွေ့ဆုံ နိုင်ရန် စီစဉ်ပေးမည်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် အ ဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံ လိုသော်လည်း နိုင်ငံတော်ကိုဆန့်ကျင်လျက် ရှိသည့်အဖွဲ့များနှင့် တွေ့ဆုံရေး နှင့် ပတ်သက်၍ ပြောကြားရမည်ဆိုပါက ၎င်းတို့အနေဖြင့် လုပ်ဆောင်ချက်အားလုံးကို ဦးစွာရပ်ဆိုင်း၍ တရားဝင် တွေ့ဆုံမှုပြုလုပ်ရန် လိုအပ်ပါသည်။ ယင်းကဲ့သို့မဟုတ်ဘဲ လမ်းဘေးတွင် စကားပြောသည့်ပုံစံမျိုးဖြင့် ပြောဆို၍ မရပါ။ Gentlemen’s Agreement ကိုလည်း ပြုလုပ်ရန် လိုအပ်ပါသည်။ မိမိအနေဖြင့်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ဖိတ်ခေါ်ခဲ့ပါသည်။ လက်ရှိအချိန်၌ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ လာမည့် ရက်သတ္တပတ်အတွင်း တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဒုတိယအကြိမ်ပြန်လည် တွေ့ဆုံဆွေးနွေး မည်ဖြစ်ပါ သည်။ ထို့အပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် တတိယအကြိမ် ပြန်လည် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပါသည်။ 

နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက် ရှိပါသည်။ တရားဝင်ဖြစ်သည့်နိုင်ငံရေးပါတီများနှင့် အချိန်မရွေး တွေ့ဆုံ နိုင်သော် လည်း နိုင်ငံတော်ကိုဆန့်ကျင်၍ အကြမ်းဖက်တိုက်ခိုက် နေသူများနှင့် ဆွေးနွေး သွားမည်ဆို သည့်အချက်မှာ လုံးဝမဖြစ်နိုင်ပါ၊ အကြမ်းဖက် တိုက်ခိုက်မှုများ လုံးဝမဖြစ်စေရန် ၎င်းတို့ဘက်က ပထမဆုံးတာ ဝန်ယူဆောင်ရွက် ပေးရမည်ဖြစ်ပါ သည်။ ၎င်းတို့အနေဖြင့် ယင်းကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးလျှင် မိမိတို့ ဘက်က တွေ့ဆုံဆွေးနွေးနိုင်မည့်လမ်းစကို ရှာဖွေပေးသွားမည်ဖြစ်ပါသည်။ သေဒဏ်ချမှတ် သည့်ကိစ္စနှင့် ပတ် သက်၍ ပြောကြားရမည်ဆိုလျှင် မိမိတို့တွင် ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးတို့အတွက် အာဏာ ရှိသော်လည်း ဥပဒေ၏ ပြင်ပမှနေ၍ မည်သည့်ကိစ္စကိုမျှ ဆောင်ရွက်ခဲ့ခြင်းမရှိပါ။ ၎င်းတို့အနေဖြင့် လွန်စွာဆိုး ရွား သည့် ပြစ်မှုများကို ကျုးလွန်ခဲ့သောကြောင့် ယင်းကဲ့သို့ အပြစ်ပေးအရေးယူခံရခြင်းဖြစ် ပါသည်။ ၎င်းတို့အ နက်အချို့မှာ လူ ၄ ၊ ၅ ၊ ၆ ဦးကို သတ်ဖြတ်ခဲ့သူများ ဖြစ်ပါသည်။ အဆွေတော်အနေဖြင့် အဆွေတော်၏ မိတ် ဆွေ သားချင်းများ အသတ်ခံရလျှင် မည်ကဲ့သို့ ခံစားရမည်ကို မေးမြန်းလိုပါသည်။ ထိုက်သင့်သောအ ရေးယူမှု များကို ပြုလုပ် ရမည်ဖြစ်ပြီး၊ နိုင်ငံ၏တရားဥပဒေစိုးမိုးရေးအရ ယင်းကဲ့သို့ အပြစ်ပေး ဆောင်ရွက်ခြင်း ဖြစ်ပါ သည်။

၁၁။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်၏ ကလေးသူငယ် များ အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြောကြား ချက်-

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres အနေဖြင့် မြန်မာနိုင်ငံကို ကူညီ‌ပေးနိုင်မည့်နည်းလမ်း အားရှာဖွေ၍ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုက်အဝန်းသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ရန် စိတ်အား ထက်သန် လျက်ရှိ ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသား များကို ပြန်လည် လွှတ်ပေးမည်ဆိုလျှင် နိုင်ငံတကာ၏ မြန်မာနိုင်ငံအပေါ် ယုံကြည်မှု များ ပိုမိုမြင့်တက်လာမည်ဖြစ်ပါသည်။ ယင်း ကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးရန်မှာ ခက်ခဲသည့်ကိစ္စ တစ်ခုဖြစ်သည်ကိုလည်း မိမိအ နေဖြင့် သိရှိထားပါသည်။ ထို့အပြင် မြန်မာနိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားသည့် ဩစတြေးလျ စီးပွားရေးပညာ ရှင် Mr. Sean Turnell ကို ပြန်လွှတ်ပေးမည်ဆိုလျှင် မြန်မာနိုင်ငံနှင့် ဩစတြေးလျနိုင်ငံအကြား ချစ်ကြည်ရင်း နှီးမှုနှင့် ဆက်ဆံမှုကို ဖော်ညွှန်းပြသနိုင် သည့် အခြေအနေတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ အဆွေတော် အ နေဖြင့် ကလေးငယ်များ၏ ပညာရေးနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်သည်ကိုလည်း မိမိအနေဖြင့်သိရှိ ထားပါသည်။ သို့ဖြစ်၍ အကျဉ်းထောင်အတွင်း၌ ဖမ်းဆီးထိန်းသိမ်း ထားသည့် ကလေးငယ်များရှိပါက ပြန် လည် လွှတ်ပေးရန် မိမိအနေဖြင့် မေတ္တာရပ်ခံ လိုပါသည်။

၁၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အရေးယူ ဆောင်ရွက်မှုများနှင့် ပတ် သက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်နေမှုအား တုန့်ပြန် ပြောကြားမှု-

ကလေးငယ်များနှင့်ပတ်သက်၍ ဆွေးနွေးရမည်ဆိုလျှင် မိမိတို့ အရေးယူ ဖမ်းဆီး ထိန်းသိမ်းထားသည့် ကလေး ငယ်များ၌ အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ် လူငယ်အနည်းစုပါဝင်ပါသည်။ ၎င်းတို့နှင့်ပတ်သက်၍လည်း မိမိတို့ အနေဖြင့် အသက်ညှာဆုံး အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။ Mr. Sean Turnell ကိစ္စတွင်လည်း ဩစ တြေးလျနိုင်ငံအစိုးရအနေဖြင့် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များဆောင်ရွက်မည်ဆိုလျှင် မိမိတို့ အနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ တင်းမာစွာဆောင်ရွက်ရမည့်အခြေအနေမျိုးမရှိပါ။ Mr. Sean Turnell ကိစ္စနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိရသည့် အချက်အလက်များမှာ ၎င်းအား ကြီးလေးသောပြစ်ဒဏ်ချ မှတ် နိုင် သည့် သက်သေ အထောက်အထားများဖြစ်ပါ သည်။ မြန်မာနိုင်ငံ၌ အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ် ဖြတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၃,၅၀၀ ဦးခန့် သေဆုံးခဲ့ရပါသည်။ အဆိုပါသေဆုံးသူများမှာ ပြစ်မှု တစ်စုံ တစ် ရာကျူးလွန်ခြင်းမရှိဘဲ သတ်ဖြတ်ခံခဲ့ရသူများဖြစ်ပါသည်။အပြစ်မဲ့ပြည်သူ များသေဆုံးမှုတွင် ကျောင်းဆရာ၊ ဆရာမ ၄၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၂ ဦး၊ သံဃာတော် ၅၃ ပါး၊ သီလရှင် ၁ ပါးနှင့် ကလေးသူငယ် ၈၂ ဦးပါ ဝင်ပါသည်။ အဆိုပါသေဆုံးသူများ၏ မိဘများ၊ ဆွေမျိုးသားချင်းများကို မိမိတို့အနေဖြင့် မည်ကဲ့သို့ နှစ်သိမ့်ပေး ရမည်ကို သိရှိလိုပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres သည် ကမ္ဘာတစ်ဝန်းလုံးကို ကိုယ်စားပြုသူတစ်ဦးဖြစ်သကဲ့သို့ မိမိသည်လည်း မြန်မာနိုင်ငံကို ကိုယ်စားပြုသူတစ်ဦးဖြစ်ပါသည်။ သို့ဖြစ်၍ မိမိ အနေဖြင့် မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးတို့နှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၃။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်၏ ဘင်္ဂါလီကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးချက်

ပဉ္စမမြောက်အချက်အဖြစ် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြစ်ပွားလျက်ရှိသည့်ကိစ္စရပ်ကို ဆွေး နွေးလိုပါသည်။ မိမိအနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် သွား ရောက်မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးလိုပါသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရတို့အကြား သဘော တူညီမှုများပြုလုပ်၍ ဒုက္ခသည်များ နေရပ်ပြန်လာနိုင်ရေးအတွက် ဆောင်ရွက် နေ သည့် ကိစ္စများရှိသည်ဟု သိရှိထားပြီး Pilot Project အနေဖြင့် ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကိုနေရပ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပြီးဖြစ်သည်ဟု သိရှိထား ပါသည်။ ရခိုင်ပြည်နယ်သို့ ဒုက္ခသည်များ လုံခြုံဘေးကင်းစွာ ပြန်လာနိုင်ရေးနှင့် ၎င်းတို့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် သွားနိုင် မည်ဟူ သည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားလိုပါသည်။ (မှတ်ချက် - ကုလ သမဂ္ဂ အထွေထွေအတွင်း ရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် အနေဖြင့် ၎င်းကိစ္စအား ဆွေးနွေးရာတွင် ရိုဟင်ဂျာဟူ၍ ပြော ဆိုသုံးနှုံးခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်။)

၁၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘင်္ဂါလီ ကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံ သဘောတူညီချက်များ၊ ဥပဒေများနှင့်အညီ ဆောင်ရွက် နေမှုကိုရှင်းလင်းမှု-

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဘင်္ဂါလီ များကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ သဘောတူညီမှုရှိခဲ့ပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား အဆိုပါကိစ္စနှင့် ပတ်သက်၍ ၁၉၉၂ ခုနှစ်၌ သဘောတူညီခဲ့သည့်အချက် ၄ ချက်ရှိပါသည်။ ပထမ အချက်မှာ မိမိ သဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ရန် နှင့် အခြားအချက်များအနေဖြင့် မြန်မာနိုင်ငံ တွင် မွေးဖွားခဲ့သူများ၊ မြန်မာ နိုင်ငံတွင်နေထိုင်သည့် သက်သေအထာက်အထားပြနိုင်သူများဖြစ်ရန်ဟူ၍ ဖြစ်ပါ သည်။ ထို့အပြင် မိမိတို့အကြား အဆိုပါသဘောတူညီချက် ၄ ချက်အား ၂၀၁၇ ခုနှစ်တွင် အချက် ၁ ချက် ထပ် မံတိုး၍ သဘောတူညီမှုကိုပြုလုပ်ခဲ့ပါသည်။ ယင်း ထပ်တိုးအချက်မှာ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူများအနေဖြင့် တရားရုံးမှ ထောက်ခံ ချက်များ ပါရှိရန်ဟူ၍ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ၎င်းတို့ကို ပြန်လည်လက်ခံ ပေးမည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်းမရှိပါ။ 

ဒုက္ခသည်များစာရင်းနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ တောင်းခံခဲ့ရာတွင် နှစ်နိုင်ငံအကြား သဘော တူညီ ထားသည့်ပုံစံအတိုင်း ပေးအပ်ခြင်းမရှိဘဲ ၎င်းတို့ပေးအပ်လိုသည့်ပုံစံဖြင့်သာစာရင်းများ ပေးအပ်လာ သည့် အ တွက်မိမိတို့အနေဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ မြန်မာ နိုင်ငံ၌ လူဦးရေ ၅၅ သန်းခန့်ရှိပြီး ၅ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင် များဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာနှင့်ပတ်သက်၍ မည်သည့် ပြဿနာတစ်စုံတစ်ရာမျှ ဖြစ်ပွားခဲ့ခြင်းမရှိပါ။ ယင်းကိစ္စနှင့်ပတ်သက်၍ အဆွေတော် အနေဖြင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ဆွေးနွေးမှုများပြုလုပ် နိုင်သည့် အပြင် မိမိတို့အနေဖြင့်လည်း ယင်းကိစ္စရပ်အား အချိန်မရွေး ပြန်လည် ဆွေးနွေး ပေးရန် အသင့်ရှိပါသည်။ မိမိတို့ဘက်က အကြိမ်ကြိမ်ဖိတ်ခေါ် ခဲ့သော် လည်း ၎င်းတို့ အနေဖြင့် အကြောင်းအမျိုးမျိုးပြ၍ ဆက်လက်ဆောင်ရွက်ခြင်းမရှိ ခဲ့ခြင်းဖြစ်ပြီး အဓိကပြဿ နာ ရပ်မှာ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားမဟုတ်သော ဘင်္ဂါလီ လူမျိုး များသာဖြစ်သော်လည်း ၎င်းတို့ဘက်က ကိုယ့် ကိုယ်ကိုယ် ရိုဟင်ဂျာဟူ၍ အမည်တပ်ကာ ဆောင်ရွက်နေခြင်းကို မိမိတို့အနေဖြင့် လုံးဝ လက်ခံနိုင် မှုမ ရှိခြင်း ပင် ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်များကို မြန်မာနိုင်ငံ၏ဥပဒေအရ ပြန် လည် စိစစ်လက်ခံပေးသွားမည်ဖြစ်ပြီး ဥပဒေအရ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတကာမှတစ်ဆင့်တောင်းဆို၍လုပ် ဆောင် ခြင်းကို လက်ခံနိုင်ခြင်း မရှိပါ။ မိမိတို့အနေဖြင့် ဘင်္ဂါလီများကို လုံးဝလက်ခံနိုင်ခြင်း မရှိဟု ပြော ကြား နေခြင်းမဟုတ်ဘဲ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင် နေထိုင်ခဲ့သည့် အထောက်အ ထားပြသ နိုင် မည် ဆိုလျှင် လက်ခံပေးသွားမည်ဖြစ်ပါ သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့လည်း ကူညီပေးနိုင်ရေး မေတ္တာရပ်ခံထားပါသည်။ မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအပ အခြား ၄ နိုင်ငံနှင့် ဆက်ဆံ ရေးကောင်းမွန်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံ ဖြစ်ပြီး နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ သောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံနှင့်ပတ်သက်၍ ရွေးချယ်ပိုင်ခွင့်မရှိပါ။ မည်သို့ပင်ဆိုစေကာမူ အပြုသဘောဆောင်သည့် ဆက်ဆံ ရေးဖြင့် ဆက်ဆံဆောင်ရွက်သွားရမည်ဖြစ် ပါသည်။

၁၆။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်၏ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း နှင့်ပတ်သက်၍ဆွေးနွေးချက် -

နောက်ဆုံးအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ပြစ်ဒဏ် များ ချမှတ်ခြင်းမပြုလုပ်မီ ၎င်း၏ နေအိမ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး ကိစ္စဖြစ်ပါ သည်။ မိမိအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေး နွေး ခွင့်ပြုရန် တောင်းဆိုလို ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထား ကွဲလွဲနေသူများအကြား ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှုမြင် ထား ပါသည်။

၁၇။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်းနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နေမှုများအပေါ် ရှင်းလင်းဆွေးနွေးမှု -

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏မိခင်နှင့်အတူ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံခြားသို့ ထွက်ခွာသွားပြီး မြန်မာ နိုင်ငံသို့ ပြန်လည်နေထိုင်ခြင်းမရှိဘဲ မိခင်ဖြစ်သူ ၏ ကျန်းမာရေးအခြေအနေကြောင့်သာ ၁၉၈၈ ခုနှစ်တွင် မြန် မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါ သည်။ မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ဖူးပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် နောက်ဆုံး အကြိမ်တွေ့ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကို ဥပဒေကြောင်းအရ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။ မိမိတို့ဘက်က ယင်းကဲ့သို့ တောင်းဆိုမှုများပြုလုပ်ခဲ့သော် လည်း ဥပ‌ဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် ဥပဒေနှင့်မလျော် ညီသည့် လုပ်ဆောင် ချက် များ ဆောင်ရွက်ခဲ့သည့်အတွက်‌ ဒေါ်အောင်ဆန်းစုကြည် အပေါ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ ရခြင်း ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယင်းကိစ္စရပ်အား ဥပဒေကြောင်းအရ ဖြေရှင်း ဆောင်ရွက် ခဲ့ မည်ဆိုလျှင် လက်ရှိဖြစ်ပေါ် နေသည့်ကိစ္စများ လုံးဝဖြစ်လာမည် မဟုတ်ပါ။ ၎င်းတို့အနေဖြင့် ယင်းကိစ္စရပ်အား ဥပဒေကြောင်းအရ ဖြေရှင်း ဆောင်ရွက်မှု မပြုနိုင်သည့် အကြောင်းအရင်းများစွာ ရှိပါသည်။ ယင်းကိစ္စရပ်အား မိမိတို့အနေဖြင့် ၎င်းအား ဥပဒေနှင့် အညီသာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းအပေါ်ဥပဒေအရ တရား စီရင်မှုကိစ္စများ ပြီးဆုံးပြီးနောက် မိမိတို့၏လုပ်ဆောင် ချက်အပေါ် တုံ့ပြန်လာမှုများကိုမူတည်၍ ၎င်းအပေါ် စဉ်း စားဆောင်ရွက် သွားမည် ဖြစ်ပါသည်။ မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုထက်ပိုမိုအရေးယူ ဆောင်ရွက်မှုများပြုလုပ်နိုင်သော်လည်း သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ဒီမိုက ရေ စီနှင့် ဒီမိုကရေစီကိုဆန့်ကျင်သည့်အရာကို ဦးစားပေးနှိုင်း ယှဉ်လာလျှင် မိမိအနေဖြင့် ဒီမိုကရေစီကို ဦးစား ပေး၍ ဆောင်ရွက် မည်ဖြစ်သောကြောင့် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များ လုပ်ဆောင်ပြီး လျှင် မိမိ အနေဖြင့် ၎င်းအပေါ် စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ပါသည်။ တရားစွဲဆိုခြင်း ကိစ္စရပ်အား ဥပမာအနေဖြင့် ပြော ကြားရမည်ဆိုလျှင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဟောင်း Mr. Najib Razak ကို တရားရုံးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့ ပါသည်။ တောင်ကိုရီးယား နိုင်ငံသမ္မတဟောင်း Ms. Park Geun-hye ကိုလည်း ဥပဒေအရလုပ်ဆောင်ခဲ့ပါသည်။ ၎င်းတို့သည် နိုင်ငံရေးသမားများဖြစ်သည့်အပြင် ဥပဒေကိုနားလည်သဘောပေါက်၍ လိုက်နာရသည့် သူများ ဖြစ် သောကြောင့် ဥပဒေအရ ရင်ဆိုင်၍ ပြန်လည်ဖြေရှင်းရန် တာဝန်ရှိပါသည်။ အလားတူ မိမိတို့ အနေဖြင့်လည်း ဥပဒေအရ လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိတို့ အနေဖြင့် အဆိုပါကိစ္စများကို ဥပဒေအရ စဉ်းစား ဆောင်ရွက်၍ လုပ်ဆောင်သွား မည်ဖြစ်ပါသည်။ ယခုအချိန်တွင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည်ကို ပြောရန် အချိန်စောလွန်းသေးပါသည်။ မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ ထားရှိကာ ဆောင်ရွက်ပေး ထားပါသည်။ အဆွေတော်ပြသသည့် The Charter Of The United Nations စာအုပ်သည် မိမိထံတွင်လည်းရှိပြီး စိတ်ဝင်စားမှုရှိပါသည်။ သို့ရာတွင် UN Charter ဆိုသည်မှာ စာ ရွက်ပေါ်တွင်သာ ရှိရမည်မဟုတ်ဘဲ အမှန်တကယ် လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။

၁၈။ သီးခြားဖော်ပြချက်

ကုလသမဂ္ဂတာဝန်ရှိသူများအနေဖြင့်၎င်းတို့မှအများပြည်သူသို့ ထုတ်ပြန်ချက် များတွင် အစိုးရ၏ တုန့်ပြန် ပြော ကြားချက်များကို မျှတစွာထည့်သွင်း ဖော်ပြရန် ကျင့်ဝတ်အရလိုအပ်သော်လည်း အထူးကိုယ်စားလှယ်ရုံး၏ (၁၇-၈-၂၀၂၂) ရက် ထုတ်ပြန်ချက်သည် ယင်းကိုလိုက်နာခြင်းမရှိကြောင်း တွေ့ရှိရသည်။ ယင်းထုတ် ပြန်ချက် ကြောင့် နိုင်ငံတကာအသိုက်အဝန်းက အထင်အမြင်လွဲမှားစေနိုင်ပြီး အများ ပြည်သူက နားလည်မှုလွဲ မှားစေ နိုင်သည်။

အထူးကိုယ်စားလှယ်ရုံး၏ သတင်းထုတ်ပြန်ချက်သည် ပြည်ပနှင့် ပြည်တွင်းရှိ တရားမဝင်နှင့် အကြမ်းဖက် အဖွဲ့ များမှပေးပို့သော သတင်းမှားများအ ပေါ် အခြေခံ၍ ဆွေးနွေးတောင်းဆိုမှုများ ဖြစ်သဖြင့်မြန်မာနိုင်ငံဘက်မှ ပကတိဖြစ်ရပ်မှန်များ၊ သတင်းအချက်အလက်အထောက်အထားများ ပြည်စုံစွာဖြင့် ပြန်လည်ရှင်းပြခဲ့ခြင်းများကို ထင်ဟပ်ဖော်ပြခြင်းမပြုဘဲ ယင်းတို့၏ တစ်ဖက်သတ် ပြောကြားမှုများသာဖြစ်ပြီး နှစ်ဦးနှစ်ဖက် အပြုသဘော ပူးပေါင်းဆွေးနွေးမှုများ အပေါ် အနှောင့်အယှက်အဟန့်အတားဖြစ်စေနိုင်သဖြင့် ဆွေးနွေးချက်များကို ပြည့်စုံစွာ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

သတင်းထုတ်ပြန်ရေးပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */