ဂျူချန်း
April 5, 2025
မဇ္ဈိမ။ ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် BIMSTEC အစည်းအဝေးကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည့် ထိုင်းအစိုးရကို တက်ကြွလှုပ်ရှားသူများက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့နှင့် ကုလသမဂ္ဂ(UN)ရုံး ရှေ့တို့တွင် ယနေ့ (ဧပြီ ၅ ရက် )၌ ဆန္ဒပြခဲ့ကြကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။
ယနေ့ ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့ UN ရုံးရှေ့တွင် ထိုင်းလူမှုအသင်းအဖွဲ့ဖြစ်သော Bright Futureအဖွဲ့မှ ဆန္ဒပြရန် လုပ်ဆောင်ခဲ့ကြရာ ထိုင်းအမျိုးသားရေးအဖွဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)အဖွဲ့မှ ဝင်ရောက်တားဆီးသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြသည်။ ထိုရုန်းရင်းဆန်ခတ်မှုအတွင်း ဆန္ဒပြဦးဆောင်သူ Bright Future အဖွဲ့မှ မြန်မာနိုင်ငံသား Suraj Giri ကို ထိုင်းရဲများမှာ ကာကွယ်ထိန်းသိမ်းပေးခဲ့ရာ ယနေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း Milk Tea Alliance Thailand မှ ဖော်ပြထားသည်။
ပုံအညွှန်း- ဧပြီ ၅ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် UN ရုံးရှေ့တို့တွင် စစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေးဖိတ်သည့် ထိုင်းအစိုးရကို ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ- ธนทิพย์ เล้าสุทธิพงศ์/ The Reporter)အလားတူ ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့၌ အလုပ်သမားသမဂ္ဂ နှင့် အခြားတက်ကြွလှုပ်ရှားသူများက ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ထိုင်းအစိုးရအနေဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို BIMSTEC အစည်းအဝေး ဖိတ်ကြားခြင်းသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး ပြည်သူများကို ညှဉ်းပန်းနှိပ်စက်နေသည့် စစ်ခေါင်း ဆောင်များအား အသိအမှတ်မပြုရန်၊ စစ်ကောင်စီနှင့် ဆက်သွယ်နေမှုများကို ရပ်ဆိုင်းရန်၊ စစ်ခေါင်း ဆောင် နှင့် စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုရန် နှင့် စစ်ကောင်စီအနေဖြင့် ဖိနှိပ်မှုများအား ချက်ချင်းရပ်ဆိုင်းရန် အချက်လေးချက်ကို အဓိက တောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ခေါင်းေဆာင်သည် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) တွင် ဖမ်းဝရမ်းထုတ်ရန်လျှောက်ထားခံထားရသူဖြစ်သည်ကို ထိုင်းအစိုးရအနေဖြင့် သတိမူသင့်ကြောင်း ဆိုသည်။
ထို့အပြင် စစ်ခေါင်းဆောင်များအား နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုခြင်းသည် ထိုင်းအစိုးရက နိုင်ငံတ ကာ ပြစ်မှုစာရင်းတွင် ပါဝင်နေသူများကို သံတမန်ရေးအရ အသိအမှတ်ပြုရာရောက်သည်သာမက တရားဝင်မှုဖြစ်စေသည်ဟု ဆန္ဒပြသူများက ပြောကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား BIMSTEC အစည်းအဝေးသို့ တက်ရောက်ခွင့်မပြုရန် မြန်မာ နိုင်ငံမှ စစ်အာဏာရှင်ဆန့်ကျင်ရေး အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က ထိုင်းအစိုးရနှင့် ခေါင်း ဆောင်များအား တောင်းဆိုခဲ့သော်လည်း ထိုင်းအစိုးရက မျက်ကွယ်ပြုခဲ့သည်။
စာတည်း ။ ။ အောင်ကျော်ဖြိုး
Link: Here
No comments:
Post a Comment