RFA
RFA Burmese
2025.04.05
ရိုဟင်ဂျာဒုက္ခသည်များ ကော့ဘဇားရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဖြန့်ချီရေးစင်တာတွင် ကုန်ပစ္စည်းများဝယ်ရန် စောင့်ဆိုင်းနေစဉ်။ Photo: Mohammad Ponir Hossain/Reuters] Reuters
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက တစ်သိန်းရှစ်သောင်းကို ပြန်လက်ခံမယ်လို့ စစ်ကောင်စီက အတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
၂၀၁၈ ကနေ ၂၀၂၀ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာကို ခြောက်သုတ်ခွဲပြီး တင်ပြခဲ့တဲ့ ရိုဟင်ဂျာ ၈ သိန်းထဲက တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် ၇ သောင်းကို အပြီးသတ်စိစစ်နေဆဲဖြစ်ပြီး ဓါတ်ပုံတွေ နဲ့ အထောက်အထား အသေးစိတ်အချက်အလက်တွေကို ပြန်လည်သုံးသပ်ဖို့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။
၈ သိန်းထဲက ကျန်တဲ့ အမည် ၅ သိန်းခွဲအတွက် စိစစ်ရေးလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံက ကတိပြုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်ဒေသများ စီးပွားရေး နဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ထိပ်သီးအစည်းအဝေး နဲ့ ဆက်စပ်အစည်းအဝေးမှာ နှစ်နိုင်ငံထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလို့ သတင်းက ဖော်ပြပါတယ်။
ဆက်နွယ်သောသတင်းများ
- မြန်မာငလျင်ဘေးအတွက် ဩစတြေးလျက အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်
- ငလျင်ဒဏ်သင့်ဒေသတွေကို ချက်ချင်း အကူအညီ ခွင့်ပြုဖို့ HRW တောင်းဆို
- ရိုဟင်ဂျာဒုက္ခသည်တွေကို အမေရိကန်က ဒေါ်လာ ၇၃ သန်း ကူညီမည်
No comments:
Post a Comment