Mizzima
March 19, 2025
ပုံအညွှန်း- အာဆာခေါင်းဆောင် အတူလက်ရှ်နှင့် အခြား ဆယ်ဦးအား ဘင်္ဂလားဒေ့ရှ် ရုတ်ခြည်း အရေးယူဆောင်ရွက်ရေး တပ်ရင်း Rab က ဖမ်းဆီးရမိ The Daily Star
တရားဥပဒေရေးရာ အရာရှိများက နာရာယန်ဂျန်မြို့ အထက် ရာဇဝတ်ခုံရုံးရှေ့မှောက်၌ အတူလက်ရှ်နှင့် အခြား ခြောက်ဦးကို သီးခြား အမှုနှစ်ရပ်ဖြစ်သော နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနှင့် ရာဇ ဝတ်မကင်းသော ပြုမူလုပ်ဆောင်ခြင်းများအတွက် ရမန်ချုပ် ရယူခဲ့သည်။
စစ်ဆေးကြားနာပြီးနောက် ခုံရုံးက ၎င်းတို့အား စုံစမ်းစစ်ဆေးရေးအတွက် အမှုတခုစီအတွက် ငါးရက်စီဖြစ်သော ရမန် ၁၀ ရက်ကို ချမှတ်ခဲ့သည်ဟု နာရာယန်ဂျန် တရားရုံး ရဲစုံစမ်းစစ်ဆေးရေးမှူး ကေယမ်ခန်းက ပြောသည်။
ဖမ်းမိသူများအနက် ငါးဦးမှာ အသက် ၆၆ နှစ်ရှိ မိုစတက်အာမတ်၊ ဆာလီမူလက်ရှ် (၂၇)၊ အက်စ်မတ်တူလက်ရှ် (၂၄)၊ အမ်ဒီဟာဆန် (၄၃) နှင့် မိုနီရူဇာမန်း (၂၆) တို့ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရာ၌ အမျိုးသား ခြောက်ဦးနှင့်အတူ အမျိုးသမီး သုံးဦးနှင့် ကလေးတဦးတို့ကိုပါ Rab က ဖမ်း ဆီးခဲ့သည်။ ထို လေးဦးကိုလည်း အထက်ပါ အမှုနှစ်ရပ်ဖြင့်ပင် ဖမ်းဆီးခြင်းဖြစ်ကာ တရားရုံးက ရမန်ချုပ် ချမှတ်ခဲ့သည်။
ထောက်လှမ်းရေးသတင်းများကို မူတည်ပြီး Rab ၏ အဖွဲ့ ၁၁ က မတ် ၁၆ ရက်တွင် နာရာယန်ဂျန်မြို့ ဆစ်ဟီဂျန့်အရပ်နှင့် မိုင်မန်းဆင်းချ်မြို့ နာတွန်ဘာဇာအရပ်တို့တွင် စစ်ဆင်ရေးဆောင်ရွက်ပြီး ၎င်းတို့ ၁၀ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု Rab အဖွဲ့ ၁၁ မှ ကွပ်ကဲရေးအရာရှိ ဆာဇက်ဟူစိန်က ပြောသည်။
ဆစ်ဟီဂျန့်ရဲစခန်းမှ ပထမဆုံး သတင်းအချက်အလက် အစီရင်ခံစာအရ ယခု ဖမ်းဆီးရမိသူများသည် စုဝေးကြပြီး အဖျက်အမှောင့် လုပ်ငန်းများနှင့် ကြီးလေးသော ရာဇဝတ်မှုများ ကျူးလွန်ရန် လျှို့ဝှက်တွေ့ဆုံကြကြောင်း သိရသည်။
ဖမ်းဆီးမှု၌ Rab သည် ငွေသား တီကေ ၂၁ ဒသမ ၃၉ သိန်း၊ ဓားတလက်၊ ချွန်မြသည့် စတီးချိန်းတခုနှင့် လက်ပတ်နာရီ လေးခုကို သိမ်းဆည်းရမိသည်ဟု ဆစ်ဟီဂျန်ရဲစခန်း ရဲမှူး ရှာဟင်နာအလမ်းက ပြောသည်။
အတူလက်ရှ်နှင့် လက်နက်ကိုင်အဖွဲ့ အာဆာသည် မြန်မာနိုင်ငံအတွင်း ရဲစခန်းနှင့် စစ်စခန်း ၃၀ ကို ၂၀၁၇ ဩဂုတ်် ၂၅ ရက် နံနက်ခင်း၌ တိုက်ခိုက်ရာမှစပြီး နာမည်ထွက်လာခဲ့ခြင်းဖြစ်သည်။ ယင်း တိုက်ခိုက်မှုကြောင့် အညှာအတာမဲ့သည့် မြန်မာစစ်တပ်က တန်ပြန်တိုက်ခိုက်ရေး ဆင်နွှဲရာ ဘင်္ဂလားဒေ့ရှ်ဆီ ရိုဟင်ဂျာ ၇၄၀,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်ရှိ လူသူပြည့်ကျပ်သော တဲစခန်းများ၌ ဖိနှိပ်ခံ ရိုဟင်ဂျာများ ခိုလှုံခဲ့ချိန်မှစကာ အာဆာအဖွဲ့ဝင်များသည် ၎င်းတို့၏ တပ်မှူး ညွှန်ကြားချက်ဖြင့် အဆိုပါ စခန်းများတွင် ပစ်မှတ်ထား သတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်ကြသည်။
၂၀၁၇ လူအစုလိုက် ထွက်ပြေးမှုနောက်ပိုင်း နှစ်များအတွင်း အာဆာအဖွဲ့ဝင်များ သတ်ဖြတ်သည့် ရိုဟင်ဂျာပြည်သူ ရာပေါင်းများစွာ ရှိနေသည်။
အာဆာသည် အဆိုပါ စခန်းများအတွင်း လူသတ်မှု၊ မှောင်ခိုကူးမှု၊ အဓမ္မ ဖမ်းဆီးမှု၊ လူမှောင်ခိုကူးမှုနှင့် ခြိမ်းခြောက်ငွေညှစ်မှု စသော ရာဇဝတ်မှုများတွင် ပါဝင်နေကြောင်း တွေ့ရှိရသည်။
ယင်း အာဆာအုပ်စု၏ လုပ်ရပ်တော်တော်များများသည် မြန်မာဆီ ရိုဟင်ဂျာများ နေရပ်ပြန်ရေး လုပ် ငန်းစဉ်များကို ဆန့်ကျင်လျက် ရှိသည်။
(The Daily Star သတင်းတွင် ဖော်ပြသော ARSA chief, 10 others held, placed on remand သတင်းအား ဘာသာပြန်ပါသည်)
(မိုးသဲ ဘာသာပြန်သည်)
Link : Here

No comments:
Post a Comment