Thursday, March 20, 2025

အာဆာ ခေါင်းဆောင်နဲ့ နောက်လိုက် ၉ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

လူထုနွေဦး
၁၉ရက် မတ်လ ၂၀၂၅ 

အာတာအူလာ နှင့် အာဆာ ​အဖွဲ့ဝင်များကို ရုံးထုတ်လာစဥ်။ဓါတ်ပုံ-risingbd

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ)ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးနဲ့ နောက်လိုက်နောက်ပါတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲအကြမ်းဖက်တိုက်ဖျက်ရေး အထူးယူနစ် RABရဲ့ တပ်ခွဲ ၁၁ ဟာ မတ်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေတုန်းက နာယာယန်ဂန့်ဂျ်နဲ့ မိုင်မန်ဆင်းတို့မှာ သီးခြား စစ်ဆင်ရေး သုံးခု လုပ်ဆောင်ပြီးတဲ့နောက် ARSAရဲ့ အသက် ၄၈ နှစ်အရွယ် ထိပ်တန်း ခေါင်းဆောင် အာတာအူလာ အဘူအမ်မန် ဂျူနူနီနဲ့ တခြား သံသယရှိသူ ၉ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ 


သူတို့ကို တရားရုံးကနေ ရမန်ယူပြီးနာရာယန်ဂန့်ဂျ်မှာရှိတဲ့ ဆစ်ဒါဂန့်ဂျ် ရဲစခန်းထဲမှာ ချုပ်နှောင်ထားတယ်လို့ မတ်လ ၁၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ချုပ်ရက် ရမန်ယူတဲ့ သံသယ တရားခံတွေ စာရင်းမှာ အသက် အကြီးဆုံးက ၆၆ နှစ်ဖြစ်ပြီး အငယ်ဆုံးက ၁၅ နှစ်လို့ သိရပါတယ်။

ရဲတွေကရက် ၂၀ ရမန် လျှောက်ထားခဲ့ပေမယ့် တရားသူကြီးက ကြားနာပြီးတဲ့နောက် အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ တရားမဝင် ပြည်တွင်း ဝင်ရောက်လာမှု စွပ်စွဲချက် နှစ်ခုအတွက် ရမန်ကာလ ၅ ရက်စီ၊ စုစုပေါင်း ရမန် ၁၀ ရက် သတ်မှတ်ပေးခဲ့ပါတယ်။

RABရဲ့တပ်ခွဲ ၁၁ ဟာ သတင်းပေးတိုင်ကြားမှုတွေကို အခြေပြုပြီးသံသယ ရှိသူတွေကို စီးနင်း ဖမ်း ဆီးခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီးမှုတွေ ကျူးလွန်မယ်လို့ ယူဆရတဲ့ အခြေ အနေတွေအတွက် သတင်းပေးမှုကို တုံ့ပြန်ပြီး စီးနင်း ရှာဖွေခဲ့ရာက အာတာအူလာ နဲ့ တခြား ၉ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သူတို့နဲ့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး ငွေကြေး တာကာ ၂၁ သိန်း၊ ဓားတစ်ချောင်း၊ တုတ်ခိုင်တဲ့ သံမ ဏိ ချိန်းကြိုးတစ်ခု၊ လက်ပတ်နာရီ လေးလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက အာဆာအဖွဲ့သားတွေဟာ နာရာယန်ဂန့်ဂျ်နဲ့ မိုင်မန်ဆင်း အပါအဝင် နေရာတချို့မှာ အချိန်းအချက်ပြုလုပ်ပြီးပြည်တွင်းမှာဆူပူ သောင်းကျန်းမှု အဖျက်လုပ်ငန်းတွေအတွက် တိုင်ပင် ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာ ပဋိပက္ခရေးရာ အဖွဲ့က အာတာအူအာဟာ အာဆာအဖွဲ့ကို အဓိက ဦး ဆောင်မှု ပေးနေတဲ့ ခေါင်းဆောင်အဖြစ် ဖော်ပြခဲ့ပါတယ်။ သူဟာ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ မွေးဖွားခဲ့ပြီး ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ မက္ကာမြို့မှာ ကြီးပြင်းခဲ့သူ တစ်ဦးလို့လည်းသိရပါတယ်။

အာဆာဟာ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်ခြား​စောင့်ရဲစခန်း​တွေကိုတိုက်ခိုက်ခဲ့တယ်ဆိုပြီး စစ်တပ်ကနယ်​မြေရှင်းလင်းလုပ်တယ်ဆိုတာမှာ ရိုဟင်ဂျာ ပြည်သူများစွာ​သေဆုံး ​နေအိမ်​တွေမီးရှို့ ဖျက်ဆီးခံရသလို ရိုဟင်ဂျာသိန်း​ပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်​ပြေးခဲ့ရပါတယ် ။ရိုဟင်ဂျာသိန်း​ပေါင်းများစွာကို နိုင်ငံက​နေထွက်​ပြေး​အောင်အကြမ်းဖက်ခဲ့တဲ့အတွက် စစ်တပ်အပါအဝင်မြန်မာ နိုင်ငံကို ICJ မှာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲခံရပြီး တရားရင်ဆိုင်​နေရပါတယ် ။အဲဒီအချိန်တုန်းက စစ်တပ်ကအာဆာ အကြမ်းဖက်လို့နယ်​မြေရှင်းလင်း​ရေး​တွေလုပ်ခဲ့တယ်လို့အ​ကြောင်းပြ​ပေမယ့် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာ အာဆာဟာ စစ်တပ်ကို မတိုက်ပဲ စစ်တပ်နဲ့အတူ အာရက္ခတပ်​တော်(AA)ကို​တောင်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ဒါ​ကြောင့် မြန်မာစစ်တပ် နဲ့ အာဆာတို့ဟာအရင်ကတည်းကခိုင်ခိုင်မာမအဆက်အစပ်ရှိခဲ့တယ်လို့ စစ်​ရေး​လေ့လာသူအချို့က ယုံကြည်​နေပါတယ်။

ကိုးကား: Business Standard

  Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */