Wednesday, March 19, 2025

သမိုင်းကြွေးတင်ရင် ပြန်ဆပ်ကြ။

 သမိုင်းကြွေးတင်ရင် ပြန်ဆပ်ကြ။







ယန်းဟီးလီနှင့် မီမီဝင်းဘတ်တို့ရဲ့ ငြင်းမရနိုင်သော အလွဲတွေကြောင့် ရိုဟင်ဂျာမုန်းတီးမှုကို လှုံ့ဆော်ရာရောက်လို့ ရိုဟင်ဂျာတွေကို လူသိရှင်ကြား တောင်းပန်သင့်တယ်။ Live လင့်ပျက်သွားလို့ Draftကို တင်ပေးတယ်။

လူ့အခွင့်အရေးပညာရှင် ဒေါက်တာယန်ဟီးလီနှင့် မြန်မာပညာရှင် ဒေါက်တာမီမီဝင်းဘတ်တို့ကို မြန်မာဒီမိုကရေစီခေါင်းဆောင်များနှင့် မြန်မာပြည်သူတွေက လေးစားကြတယ်။ ကျနော်လည်း လေးစားလျှက်ရှိတယ်။ သို့သော် သူတို့ ပြောကြားချက်တချို့သည် သမိုင်းအချက်အလက်အရ မမှန်သည့်အပြင် ရိုဟင်ဂျာတွေကို ပိုအထင်လွဲစေ၊ မုန်းတီးမှု ပိုမိုပြင်းထန်စေတဲ့အတွက် ပြင်ဆင်ပေးဖို့ လေးစားစွာ တောင်းဆိုပါတယ်။
<><><><><><><><><><><><><><><><><><><><><><><><><><><><><><><><>


ယန်ဟီးလီကို အင်မတန် လေးစားပါတယ်။ လူမျိုးဘာသာ မခွဲခြားပဲ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူ၊ အထူးသဖြင့် မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ကူညီနေသူ လူ့အခွင့်အရေး တိုက်ပွဲဝင် လေး စားအပ်သော ခေါင်းဆောင်တစ်ဦးဖြစ်တယ်။

သို့သော် သူ့ရဲ့ရိုဟင်ဂျာဆိုင်ရာနှင့် မြန်မာ့သမိုင်းဆိုင်ရာပြောကြားချက်တွေမှာ လွဲမှားမှုတွေ အများကြီးတွေ့ရတယ်။ အထူးသဖြင့် ရိုဟင်ဂျာအကြောင်း ပြောကြားချက်တွေဟာ မြန်မာအစိုးရရဲ့ ရိုဟင်ဂျာမုန်းတီးရေး လိမ်လည်ဝါဒဖြန့်ချက်တွေကို သူက သမိုင်းအထောက်အထားယူ ပြောခဲ့တာဖြစ်လို့ ရိုဟင်ဂျာမုန်းတီးမှုကို လျော့နည်းစေမယ့်အစား သူ့ကြောင့် ပိုမိုပြင်းထန်စေတယ်။ ဒီအတွက် သူ့မှာ ပြန်လည်ဖြေရှင်းပြီး အမှားပြင်ဆင်ဖို့ တာဝန်ရှိတယ်။


သူ့သမိုင်းဆိုင်ရာ အမှားတွေကို အစဉ်အတိုင်းပြောသွားမယ်။

(၁) မြန်မာကို အဂ်လိပ်က ၁၈၈၅မှာ စတင်ပြီး နှစ်၆၀အုပ်ချုပ်ခဲ့တယ်။ (ယန်ဟီးလီ)
ဒီမှာစလွဲတာပဲ။ ၁၈၂၄မှာ စတင်ပြီး တစ်စတစ်စနဲ့ ၁၂၄နှစ်အုပ်ချုပ်ခဲ့တာပါ။ ၁၈၈၅ဆိုတာက တစ်နိုင်ငံလုံးကို စတင်အုပ်စီးနိုင်ခဲ့တာဖြစ်တယ်။ ခုနှစ်လောက်လွဲတာက သိပ်အရေးမကြီးပါဘူး။ နားလည်ပေးလို့ရတယ်။ သို့သော် မှားလို့မှားတယ် ပြောရမှာဖြစ်တယ်။ (အောင်တင်)

(၂) မြန်မာပြည်တွင်း လူမျိုးတွေရဲ့ ပဋိပက္ခအစက အဂ်လိပ်ရဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် ဖြစ်လာတယ်။ (ယန်ဟီးလီ)

ဒါက အတော်လွဲတယ်။ မဟာမြန်မာ/မဟာဗမာတွေရဲ့ မြန်မာ့သမိုင်းလိမ်အလုံးတွေကို သူက အဟုတ်ထင်ပြီး ပဲ့တင်ထပ်တာဖြစ်တယ်။ အားလုံးသိတဲ့အတိုင်း မြန်မာဘုရင့်အင်ပါယာကြီးတွေရဲ့ နှစ်တစ်ထောင်ကျော် သမိုင်းတစ်လျှောက်လုံးမှာ ဗမာလူမျိုးချင်းတိုက်ကြခိုက်ကြတာအပြင် လူမျိုးကြီးဗမာက လူမျိုးငယ်တွေကို အမြဲတန်း ဖိနှိပ်လုယက် သတ်ဖြတ်သိမ်းပိုက်ခဲ့တာချည်း ဖြစ်တယ်။ မြန်မာ့သမိုင်းစတဲ့ ပထမဆုံး ပုဂံမင်း အနော်ရထာက သုဝဏ္ဏဘုမ္မိသထုံက မွန်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်း သိမ်းပိုက် ကျွန်ပြုခဲ့တာြဖစ်သလို ကုန်းဘောင်မင်းဆက်အစ ဘုရင်ဦးအောင်ဇေယျက ဒဂုံမြို့ကိုသိမ်းပြီး မွန်တွေကိုပဲ ရက်ရက်စက်စက်လုပ်ခဲ့သလို၊ ဘိုးတော်မင်းကလည်း ရခိုင်တွေကို သမိုင်းတုန်အောင် သတ်ဖြတ်ကျွန်လုပ် သိမ်းပိုက်ခဲ့တာဖြစ်တယ်။ အဲဒါကြောင့် အဂ်လိပ်မြန်မာ ပထမစစ်မှာ ရခိုင်ကိုသိမ်းဖို့ ရခိုင်တွေကပဲ အဂ်လိပ်ကိုလိုလိုလားလား ခေါ်ယူပြီး ဝင်တိုက်ပေးခဲ့သလို အောက်မြန်မာပြည်သိမ်းတဲ့ စစ်ပွဲတွေ မှာလည်း မွန်တွေက အဂ်လိပ်ဘက်က ဝင်တိုက်ပေးခဲ့တာဖြစ်တယ်။ လူမျိုးရေးပဋိပက္ခတွေက အဂ်လိပ်မသိမ်းခင်ကတည်းက ရှိနေခဲ့ပေမယ့် ယန်ဟီးလီက မြန်မာတွေရဲ့ သမိုင်းလိမ်နရေးတစ်ကို အထောက်အထားအဖြစ် ပြောလာတဲ့အခါမှာ တလွဲတွေဖြစ်သွားရတယ်။ ဒီနေရာမှာ တစ်ချက်ထောက်ပြချင်တာက အဲဒီခေတ်ကာလအမြင်အရ တစ်ကမ္ဘာလုံးမှာ အားကြီးတဲ့လူမျိုးက အားနည်းတဲ့လူမျိုးတွေကို တိုက်ခိုက်သိမ်းပိုက်ကြတာချည်းဖြစ်လို့ ဗမာမကောင်းဘူး။ အဂ်လိပ်မကောင်းဘူး။ မွန် ရခိုင်မကောင်းဘူးလို့ ပြောနေတာ မဟုတ်ဘူး။ (အောင်တင်)

(၃) ပြည်သူအပေါင်းက အဂ်လိပ်ကို ရွတ်ရွတ်ချွန်ချွန် တော်လှန်ကြတယ်။ (ယန်ဟီးလီ)
ဒါကလည်း စစ်ဗိုလ်တွေရဲ့ အလွဲအလုံးတွေကို အဟုတ်ထင်ပြီး သံယောင်လိုက်တာဖြစ်တယ်။
အားလုံးသိတဲ့အတိုင်း ကုန်းဘောင်မင်းဆက်နှောင်းပိုင်းက အညံ့ဆုံးဖြစ်တယ်။ လူထုကို ဖိစီးနှိပ်စက်တယ်။ အဲဒါကြောင့် အီလစ်အထက်လွှာကလွဲရင် မြန်မာလူထုက စစ်ပွဲကို ဘုရင်နဲ့ အဂ်လိပ်စစ်ပွဲလို့မြင်တယ်။ သူတို့စစ်ပွဲလို့ မမြင်ပါဘူး။

၁၈၂၄ ပထမအဂ်လိပ်မြန်မာစစ်မှာ သူတို့ဘုရင်ဖြုတ်ချခံရလို့ စိတ်နာနေတဲ့ ရခိုင်တွေက အဂ်လိပ်ကို သွားခေါ်ပြီး မြန်မာဘုရင်ပြုတ်ကျအောင် ဝိုင်းတိုက်ပေးခဲ့တာဖြစ်တယ်။ (အောင်တင်)

၄) အင်္ဂလိပ်သိမ်းပြီး လုပ်အားလိုလို့ စစ်တကောင်းက ရိုဟင်ဂျာတွေကို ရခိုင်ထဲကိုခေါ်သွင်းခဲ့တယ်။ ဗုဒ္ဓဘာသာရခိုင်တွေက အသစ်သွင်းလာတဲ့ ရိုဟင်ဂျာတွေကို မကြိုက်ကြဘူး။ လူမျိုးရေး ဘာသာရေး ပွတ်တိုက်မှုတွေ ဖြစ်လာတယ်။ (ယန်ဟီးလီ)

တာဝန်ရှိသူတစ်ဦးက ရိုဟင်ဂျာမုန်းတီးအောင် သမိုင်းအထောက်အထားမဲ့ စွပ်စွဲတာဖြစ်လို့ ယန်ဟီးလီ အတော်လေးပြန်ရှင်းရမယ့် တာဝန်ရှိသွားပြီ။

၁၇၈၄မှာ ကုန်းဘောင်မင်းဆက် ဘုရင်ဘိုးတော်ဦးဝိုင်းရဲ့ သားတော်သုံးပါးက ရခိုင်ကို စစ်ကြောင်းသုံးကြောင်းနဲ့ တိုက်ခိုက်တဲ့အခါမှာ မောက်ဆိုတဲ့ ရခိုင်နဲ့ မွတ်စလမန်ဆိုတဲ့ ရိုဟင်ဂျာတွေ အများအပြား ဘဂ်လားဒက်ရှ်ဘက်ကို ထွက်ပြေးခဲ့တယ်။ အများအပြားလည်း သုံးပန်းအဖြစ် ဖမ်းဆီးခံရပြီး ပြည်မကို ပို့ခဲ့တယ်။ မြေဒူးမှာ အခြေစိုက်ပေးခဲ့တဲ့ ၃၇၀၀လူမျိုးဆိုတာ ရခိုင်က မွတ်စလင်တွေဖြစ်တယ်။
မြန်မာဘုရင်တပ်တွေက ရခိုင်တွေကို ရက်ရက်စက်စက် သတ်တယ်။ မောင်းနဲ့ထုသတ်တယ်ဆိုတဲ့ ရခိုင်သမိုင်း မှတ်တမ်းတွေ ခင်ဗျား တို့ဖတ်မိကြမယ်။ ဒီမှာ သမိုင်းမှတ်တမ်းတစ်ခု ကျနော်ဖတ်ပြမယ်။ (SSကြည့်)

 ဒုတိယမဟာဝန်ရှင်တော်မင်းကြီး Sub Commissioner Charles Paton 1826 June 9 အစီရင်ခံစာ အမှတ်၁၀မှာ မောက်၆သောင်း၊ မွတ်စလမမ်၃သောင်း၊ Burmese (ချင်း၊ သက်လည်းပါ) တစ်သောင်း
အဂ်လိပ်သိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်းတွေပေါ၊ တရားဥပဒေစိုးမိုးတဲ့အတွက် ပဲခူးဘက်က မြန်မာတွေလည်း မြန်မာဘုရင်အောက်မှာ မနေလိုပဲ ရခိုင်ဘက်ကို ကူးလာတယ်။ ရခိုင်နဲ့ ရိုဟင်ဂျာတွေလည်း ရခိုင်ကိုပြန်ကူးလာကြပေမယ့်၊ ရိုဟင်ဂျာတွေကတော့ အကုန်လုံး ပြန်မလာပဲ တချို့တွေက ဘဂ်လားဒက်ရှ်မှာသာ နေပြီး မြန်မာပြည်ဘက်ကို ရာသီအလုပ်သမားအဖြစ် သွားလိုက်ပြန်လိုက် လုပ်ကြတယ်လို့ ဘဂ်လားဒက်ရှ် သမိုင်းပညာရှင် ဒေါက်တာအဘစ်ဗဟာက သူ့ရဲ့ Arakan Diaryမှာ ရေးထားတယ်။ 

နောက်ပြီး ရခိုင်တွေက မြေရှင်ဖြစ်ပြီး သူတို့ဆီမှာ ရိုဟင်ဂျာတွေက လယ်ကူလီလာလုပ်တယ်ဆိုပြီး ရခိုင်တချို့ ပြောနေတာလည်း မမှန်ပါဘူး။ လူမျိုးတိုင်းမှာ ဆင်းရဲသူ ချမ်းသာသူရှိတယ်။ ရိုဟင်ဂျာမြေရှင်တွေလည်း ရှိကြတယ်။ အခု ခင်ဗျားတို့သိကြတဲ့ ဦးရွှေမောင်၊ ကိုနေဆန်းလွင်၊ ကိုထွန်းခင်၊ ကွယ် လွန်သွားတဲ့ အော်ရိုရာငြိမ်းချမ်းရေးဆုရှင် ဦးကျော်လှအောင်တို့ရဲ့ ဘိုးဘွားတွေနဲ့ ကွယ်လွန်သွားတဲ့ အမတ် ဒေါက်တာစူလ်တန်အာမက်၊ ဦးအဘူဘော်ရှော၊ အမတ်ဦးဖိုးခိုင်၊ အမတ်ဒေါ်သိန်းညွန့် တို့ရဲ့ မိဘဘိုးဘွားတွေက ရခိုင်ပြည်နယ်က မြေရှင်ကြီးတွေဖြစ်တယ်။ 

စာတတ်မြောက်မှု ၁၈၇၂သန်းခေါင်စာရင်းမှာ ဓညဝတီမှာ ရခိုင်ကျားစာတတ်မှု ၄၉% ရိုကျားစာတတ်မှု ၅၀%။ ရာမာဝတီ ရခိုင်ကျားစာတတ်မှု ၉၀% ရိုကျားက ၈၈% ရှိတယ်။
ရိုဟင်ဂျာတွေ နောက်မှဝင်လာတယ်ဆိုတာလည်း မမှန်ဘူး။ 

၁၃၀၆မှာ မင်းစောမွန်ကို အင်းဝဘုရင်မင်းခေါင်ရဲ့သား မင်းရဲကျော်စွာက ဝင်တိုက်လို့ လောင်းကျက်ဘုရင် နရမိတ်လှက ကုလားပြည်သို့ပြေးဝင်ကြောင်း (နိုင်ပန်းလှ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း)
စူလ်တန်ဘုရင် နဆာအူဒင်ရှားဆီမှာ ခိုလှုံအလုပ်ကျွေးပြုရင်း ၁၄၃၀မှာ မွတ်စလင်တွေအကူအညီနဲ့ မြောက်ဦးနန်းသစ်ကို တည်ထောင်ခဲ့ကြောင်း (Old Arakan U San Shwe Bu)

ဗိုလ်ချုပ်ဝလီခန်၊ ဘုရင်တက်လုပ်၊ ဗိုလ်ချုပ်ဆင်ဒီခန်၊ ဆင်ဒီခန်ဗလီ မြောက်ဦးမှာရှိခဲ့။
ဗလီပုံကို ဆရာချယ်က ဓါတ်ပုံရိုက်ထား။ ပေါ်တူဂီဘုန်းကြီး မင်နရစ်ကလည်း မြောက်ဦးမှာ ဗလီကြီးနှစ်လုံးရှိကြောင်း မြေပုံနှင့်တကွ မှတ်တမ်းတင်ခဲ့။

မင်းဗာကြီးလက်ထက် ရှင်မြဝါလျှောက်ထားချက်ထဲမှာ ရခိုင်တွေဟာ မွတ်စလင်အဖြစ် မိသားစုလိုက် ရွာလုံးကျွတ်လိုက် ကူးပြောင်းခဲ့တယ်လို့ ပါတယ်။

ဘင်္ဂါလီစာကို နန်းသုံးအဖြစ်ထားပြီး မွတ်စလင်နန်းရင်းဝန်၊ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ မြောက်ဦးမင်းဆက် အစပိုင်းနှစ် ၂၀၀ကို မွတ်စလင်တွေ ထိန်းချုပ်ခဲ့ကြောင်း သမိုင်းသက်သေတွေလည်း ရှိနေတယ်။
ရခိုင်ဘုရင်တွေက သူတို့တိုင်းပြည် လုံခြုံစည်ပင်အောင် နိုင်ငံခြားသားတွေကို ရခိုင်သူတွေနဲ့ လက် ထပ်ပေးခဲ့ကြောင်း ပေါ်တူဂီ သမိုင်းဆရာတွေလည်း မှတ်တမ်းတင်ထားတယ်။

(၅) အဂ်လိပ်ရဲ့ ရက်စက်ကြမ်းကြုတ်စွာ အုပ်စိုးမှုကို မကြိုက်လို့ သည်းမခံနိုင်တော့ဘူးဆိုပြီး မြန်မာတွေက လွတ်လပ်ရေးကြိုးပမ်းတယ်။ (ယန်ဟီးလီ)

တစ်ကယ်တော့ မြန်မာတွေရဲ့အသိနဲ့ ဘဝအတွေ့အကြုံမှာ အဂ်လိပ်အုပ်ချုပ်တာထက် ပိုကောင်းတဲ့ အုပ်ချုပ်ရေးမျိုးကို သူတို့သမိုင်းမှာ မကြုံခဲ့ဘူးကြလို့ အဂ်လိပ်အုပ်ချုပ်မှုကို အလွန်ကြိုက်တယ်။ အဂ်လိပ်မြန်မာ စစ်ပွဲသုံးပွဲကိုကြည့်ရင်လည်း မြန်မာဘုရင်တွေအောက်မှာ အထက်မြန်မာပြည်မှာ မနေချင်လို့ အဂ်လိပ်ပိုင်နက် အောက်မြန်မာပြည်ထဲ မြန်မာတွေ ပြေးဝင်ခဲ့ကြတာချည်းဖြစ်တယ်။

သို့သော် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲက ကိုလိုနီစနစ်ဆန့်ကျင်ရင် လက်ဝဲအတွေးအခေါ်တွေက စတင်တာဖြစ်တယ်။ လက်ဝဲလူငယ်တွေရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို အစပိုင်းမှာ မြန်မာတွေ အားမပေးခဲ့ကြဘူး။ နောက်ပိုင်းမှာတော့ လူငယ်ခေါင်းဆောင်တွေရဲ့ ပညာပေးစည်းရုံးမှုကြောင့်လည်း မြန်မာတွေ လွတ်လပ်ရေးရလိုစိတ် မြင့်မားလာတယ်။ ဒါကလည်း အဂ်လိပ်အင်ပါယာ ချိနဲ့လာပြီး ဝင်ရိုးစွန်းနိုင်ငံတွေဖြစ်တဲ့ ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့ရဲ့ အင်အားကြီးလာမှုနဲ့ အချိန်ကိုက် ဖြစ်သွားတယ်။ (အောင်တင်)

(၆) မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအတွက် အရေးပါသော ခေါင်းဆောင်သုံးဦး ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုနဲ့ ဗိုလ်ချုပ်နေဝင်းတို့ကို ပေါ်ထွက်လာတယ်။ ဒီပုဂ္ဂိုလ်သုံးဦးက တိုင်ပင်ပြီး ဂျပန်ကို အကူအညီတေင်းတယ်ဆိုတာကတော့ တက်တက်စင်အောင် လွဲသွားပြီ။ (ယန်ဟီးလီ)

ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးသာမှန်ပြီး ဦးနုက အောင်ဆန်းနဲ့ လက်တွဲခဲ့သူဖြစ်ပေမယ့် ဒုတိယအဆင့် ခေါင်းဆောင်အဆင့်ဝင် မဟုတ်ဘူး။ အားလုံးသိတဲ့အတိုင်း ၁၉၄၇ ဇူလိုင်၁၇မှာ ခေါင်းဆောင်ကြီးတွေ အားလုံးလောက် လုပ်ကြံခံရလို့ ဦးနုက ပြိုင်ဘက်မရှိ ဝန်ကြီးချုပ် တက်ဖြစ်လာတာပါ။

ဗိုလ်ချုပ်နေဝင်းကတော့ စာရင်းထဲမှာတောင် မရှိဘူး။ ဗိုလ်ချုပ်နေဝင်းက ဗိုလ်ချုပ်အောင်ကြီးလိုပဲ တရုတ်ပြည်ပေါက် မိဘနှစ်ပါးက မွေးဖွားတဲ့ တရုတ်စစ်စစ်ဖြစ်တယ်။ ဒို့ဗမာအစည်းအရုံးက သခင်အောင်ဆန်းဦးဆောင်ပြီး တရုတ်ပြည်က မော်စီတုန်းဆီကို သွားရောက်ဆက်သွယ်ရာက ဂျပန်နဲ့ အဆက်အသွယ်ရသွားတယ်။ ဒို့ဗမာအစည်းအရုံးမှာ သခင်ကိုယ်တော်မှိုင်း၊ သခင်ထွန်းအုပ် နှစ်စုကွဲနေတယ်။ ဆိုရှယ်လစ်ပါတီကို သခင်မြက ဦးဆောင်တယ်။ ဂျပန်ကိုစစ်ပညာသင်ဖို့ လူစုတဲ့အခါမှာ ညီညွတ်မှုအတွက် သုံးအုပ်စုလုံးပါအောင် ကြိုးစားတယ်။ သခင်ထွန်းအုပ်အုပ်စုက ရာထားသူတစ်ဦးက မသွားနိုင်တဲ့အခါမှာ တရုတ်အမျိုးသားတစ်ဦးဖြစ်သူ သခင်ညီက သူ့တူဖြစ်တဲ့ ဗိုလ်နေဝင်းကို အစားထိုးခဲ့တာဖြစ်တယ်။

ဗိုလ်နေဝင်းဟာ ရဲဘော်သုံးကျိပ်မှာလည်း ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်တို့ အောက်မှာ ရှိနေတယ်။ ကွန်မြူနစ်တောခို၊ တပ်ကွဲ၊ ဗိုလ်လက်ျာက ထွက် ပြသနာတွေကြောင့် စိုင်ကော်ပြီး ချုံပေါ်ရောက်တာလား။ တိုင်းပြည်မွဲချင်၊ နာချင်လို့လား မသိ။ ဗိုလ်ချုပ်နေဝင်းက ဝန်ကြီးချုပ်ဦးနုလက်ထက် ၁၉၅၂လောက်မှာ စစ်ဦးစီးချုပ် တက်ဖြစ်လာတာဖြစ်တယ်။

အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ဦးနုနှင့် ဗိုလ်ချုပ်နေဝင်းတို့နဲ့ တန်းတူထားမြင်တာ သမိုင်းအ ချက်အလက်အရ မမှန်ဘူး။ နိုင်ငံခြားသားတစ်ဦးဖြစ်တဲ့ ယန်ဟီးလီကို အပြစ်တင်နေတာ မဟုတ်ဘူး။ သူပြောတိုင်း မှန်တယ် မထင်ဖို့ ထောက်ပြတာပါ။ (အောင်တင်)

(၇) အဂ်လိပ်ကို ဂျပန်နဲ့ပေါင်းပြီး ပြန်တိုက်တဲ့အခါမှာ အဂ်လိပ်ဘက်က တိုက်ပေးသူတွေက ရိုဟင်ဂျာတွေ ဖြစ်တယ်။ (ယန်ဟီးလီ)

ဒီအချက်က မှန်ပါတယ်။ သို့သော် ရိုဟင်ဂျာချည်း မဟုတ်ဘူး။ ကရင်၊ ကချင်၊ ချင်း၊ ဂေါ်ရခါးတွေလည်း အဂ်လိပ်ဘက်က တိုက်ပေးခဲ့တယ်။ (အောင်တင်)

(၈) အဂ်လိပ်ကိုတွန်းလှန်တဲ့ ဒီတိုက်ပွဲမှာ မြန်မာ့တပ်မတော်က နိုင်သွားတယ်။ (ယန်ဟီးလီ)
အဂ်လိပ်က တစ်ကမ္ဘာလုံးမှာ ချိနဲ့နေချိန်၊ စစ်ကူမပေးနိုင်ချိန်၊ ဝင်ရိုးစွန်းနိုင်ငံတွေထဲက စစ်အင်အား ကြီးထွားလာတဲ့ ဂျပန်က လေကြောင်း၊ ရေကြောင်း၊ ကျည်းကြောင်းကနေ အလုံးအရင်းနဲ့တိုက်လို့ အဂ်လိပ်ကို နိုင်သွားတာပါ။ မြန်မာက စစ်ကြောင်းငယ်လေး နှစ်ကြောင်းလောက်နဲ့ ဂျပန်နဲ့အတူ လိုက်ပါလာတယ်။ မြန်မာတပ်တွေပါလာတော့ တစ်နိုင်ငံလုံးက မြန်မာတွေရဲ့ ထောက်ခံမှုရခဲ့တယ်။ မြန်မာတပ်တွေ အင်အားပိုကြီးလာတယ်။ ဂျပန်နဲ့အတူ တိုက်ပွဲဝင်နိုင်ခဲ့တယ်။ ဂျပန်အတွက် ပိုမိုလွယ်ကူစေတယ်။

သို့သော် သမိုင်းမှာ အဂ်လိပ်ကို မြန်မာ့တပ်မတော်က မောင်းထုတ်ခဲ့တယ်လို့ ဘယ်သမိုင်းဆရာမှ မရေးခဲ့ဘူး။ မမှန်လို့ဖြစ်တယ်။ (အောင်တင်)

(*) ဂျပန်က မြန်မာတွေကို နှိပ်စက်သတ်ဖြတ်တယ်။ အဓမ္မအလုပ်ခိုင်းတယ်။ မုဒိမ်းကျင့်တယ်။ လိင်ကျွန်အဖြစ်စေခိုင်းတယ်လို့ ပြောသွားတယ်။ ဒီအချက်ကိုတော့ ကိုရီးယားတွေ ကောင်းကောင်း သိကြတယ်။ သူတို့ကို ဂျပန်နှိပ်စက်ခဲ့တာက မြန်မာထက် အများကြီးပိုဆိုးခဲ့လို့ဖြစ်တယ်။


(၉) နဂိုရ်က မသင့်မြတ်တဲ့ လူမျိုးစုနှစ်စုဟာ ဂျပန်ရောက်လာတော့ ရိုဟင်ဂျာတွေက ရခိုင်လူမျိုးနှစ်သောင်းကို အစုလိုက်အပြုံလိုက် သတ်ခဲ့တယ်။ (ယန်ဟီးလီ)

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဧရာဝတီအင်တာဗျူးမှာ ရခိုင်တွေကို ရိုဟင်ဂျာတွေက ဂျီနိုဆိုက်လုပ်ခဲ့တယ်လို့ ပြောခဲ့တဲ့အတွက် အမှန်က ရခိုင်တွေကသာ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်ခဲ့တာဖြစ်လို့ ရိုဟင်ဂျာခုနှစ် သောင်းကျော် အသတ်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ ရိုတွေက တုန့်ပြန်လို့ ရခိုင်လေးထောင် သေခဲ့ရတယ်ဆိုတာကို ရခိုင်ခေါင်းဆောင်တွေရဲ့ မှတ်တမ်းမှတ်ရာ ဝန်ခံချက်တွေနဲ့ ကျနော်တုန့်ပြန်ခဲ့ပြီးပြီ။ အဲဒီပို့စ် အပြည့်အစုံကို နားထောင်ချင်ရင် ဒီlive နောက်မှာ လင့်တင်ပေးမယ်။

ရိုဟင်ဂျာတွေက ရခိုင်နှစ်သောင်းကို သတ်ပစ်ခဲ့တယ်လို့ ယန်ဟီးလီပြောလိုက်တာက အတော်ဆိုးပါတယ်။ သမိုင်းမှားတွေနဲ့ ရိုဟင်ဂျာမုန်းတီးရေးကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားပြီ။ ယန်ဟီးလီအနေနဲ့ သမိုင်းဖြစ်ရပ်မှန်ကို မိမိဖာသာ လေ့လာပြီး ပြန်လည်ဖြေရှင်းဖို့ တာဝန်ရှိတယ်။

ယန်ဟီးလီက အောက်ပါအတိုင်း ဆက်ပြောသွားတာတွေက မှန်ပါတယ်။


(**) စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်တိုင်းပြည်လုံးကို ဖိနှိပ်တဲ့အခါမှာ ရိုဟင်ဂျာတွေက ရက်ရက်စက်စက် အဖိနှိပ်အခံရဆုံးဖြစ်တယ်။ သူတို့ကို ခွေးလေးဝက်လေးလောက်တောင် သဘောမထားဘူး။ တပ်မတော်က ဗိုလ်ချုပ်နေဝင်းလက်ထက်ကတည်းက အဂ်လိပ်ဘက်က လိုက်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ဘုံရန်သူအဖြစ် သဘောထားခဲ့တယ်။ စစ်တပ်က အာဏာတည်မြဲရေးအတွက် ဘုံရန်သူလိုအပ်တဲ့အတွက် ရိုဟင်ဂျာကို ဘုံရန်သူလုပ်ခဲ့တာဖြစ်တယ်။ 

ကျမတို့ ကိုးရီးယားတွေလည်း ဂျပန်ဘက်ကပါခဲ့တဲ့ ကိုးရီးယားတွေကို ရန်သူလို သဘောထားခဲ့တယ်။ ဒါပေမယ့် နောင်လာနောက်သားတွေကိုပါ ရန်သူလို့သဘောထားတာက ပြသနာဖြစ်တယ်။ 

၁၉၈၂နိုင်ငံသား ဥပဒေပြုပြီး ရိုဟင်ဂျာတွေကို နိုင်ငံမဲ့လုပ်။ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း မရှိ၊ ဂျီနိုဆိုက်လုပ် မောင်းထုတ်

နိုင်ငံသားကို အဆင့်သုံးဆင့် ခွဲထားတဲ့ မြန်မာနိုင်ငံသားဥပဒေမျိုးက ကမ္ဘာမှာ မရှိဘူး။

၂၀၁၇ဂျီနိုဆိုက်မှာ စစ်တပ်က ကလေး၇၃၀နှင့် ရိုဟင်ဂျာ ၆၇၀၀ကျော်ကို အစုလိုက်အပြုံလိုက် သတ်ခဲ့တယ်။ ကလေးတွေကို မီးပုံထဲထည့်တယ်။ ရေနှစ်သတ်တယ်။ အစုလိုက် မုဒိန်းကျင့်တယ်။ အိမ်ထဲမှာ တံခါးပိတ်ထားပြီး အိမ်ကိုမီးရှို့တယ်။ အလောင်းတွေကို ဖျောက်ဖျက်တယ်။


<><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><>
“ရို” နာမည်ခံလိုသူများနှင့် ပတ်သက်၍ ဒေါက်တာမီမီဝင်းဘတ်၏ ရှင်းလင်းချက် အကျဉ်းချုပ်
၂၀၁၇
(This is the gist of a talk presented by Dr Miemie Winn Byrd, Asia-Pacific Center for Security Studies)

(၁) ဗြိတိသျှ ကိုလိုနီခေတ်က သန်းခေါင်စာရင်းတွင် ရခိုင်ပြည်ရှိ မူဆလင်အစုအဖွဲ့များအား အသေ အချာ မှတ်တမ်းတင်ခဲ့သော်လည်း ရိုဟင်ဂျာ ဆိုသည့်အမည်ဖြင့် မူဆလင်များရှိကြောင်း မှတ်တမ်းတင်ခဲ့ခြင်း လုံးဝမတွေ့ရ။ (မီမီဝင်းဘတ်)

အင်္ဂလိပ်မှတ်တမ်းထဲမှာ ရခိုင်လည်း မရှိခဲ့ဘူး။ ရခိုင်ကို မောက်လို့မှတ်တမ်းတင်ခဲ့သလို ရိုဟင်ဂျာတွေကို မွတ်စလင်လို့ မှတ်တမ်းတင်ခဲ့တာကို ဒေါ်မီမီဝင်းဘတ်က တမင်ထိန်ချန်ခဲ့တယ်။ (အောင်တင်)

(၂) ပါကစ္စတန်နဲ့ ဘဂ်လားဒက်ရှ်က မွတ်စလင်နိုင်ငံ တည်ထောင်လာတဲ့အခါမှာ ရိုဟင်ဂျာတွေကလည်း မြနမာပြည်ထဲမှာ မွတ်စလင်နိုင်ငံ တည်ထောင်ချင်ကြတယ်။ (မီမီဝင်းဘတ်)

၁၉၄၇မှာ ပါကစ္စတန်လွတ်လပ်ရေးရတယ်။ ဘဂ်လားဒက်ရှ်က ၁၉၇၁မှ နိုင်ငံဖြစ်လာတယ်။ ရိုဟင်ဂျာတွေက ရခိုင်တွေကို စိတ်မချလို့ ပါကစ္စတန်နဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့တဲ့ သမိုင်းတော့ရှိတယ်။ မွတ်စလင်နိုင်ငံဖြစ်ချင်တယ်လို့ သမိုင်းမရှိဘူး။ 

ရိုဟင်ဂျာတွေ ချဉ်းကပ်တဲ့အကြောင်း မွတ်စလင်ခေါင်းဆောင် အလီဂျင်းနားက ဦးအောင်ဆန်းကို ပြောခဲ့တဲ့အခါ ဦးအောင်ဆန်းက ရိုဟင်ဂျာခရီးစဉ်မှာ “ရိုဟင်ဂျာတွေကို တန်းတူရည်တူ နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြုမှာဖြစ်လို့ စိတ်မပူကြဖို့” ရှင်းပြခဲ့တယ်။ 

၁၉၄၈ဖွဲ့စည်းပုံရေးဆွဲသော တိုင်းပြုပြည်ပြုလွှတ်တော်မှာ ရိုဟင်ဂျာတွေလည်း တက်ရောက်ရေးဆွဲခဲ့ကြတယ်။

အဲဒီတုန်းက ဦးလှထွန်းဖြူကလည်း အာရကန်နစ္စတန်ဖြစ်ချင်တယ်။ ကရင်တွေကလည်း ကရင်နစ္စတန်ဖြစ်ချင်တယ်။

ရခိုင်ပြည်နယ်ပေးမယ်ဆိုတော့ ရခိုင်တောင်ပိုင်းသားတွေက အနောက်သားရခိုင်အောက်မှ မနေနိုင်ဘူး။ ခွဲထွက်မယ်။ ဧရာဝတီတိုင်းထဲ ထည့်ပေးပါလို့ တောင်းဆိုကြတယ်။ (အောင်တင်) (၃) ရိုဟင်ဂျာတွေက မိုဂျာဟဒင်းဆိုပြီး ရခိုင်တွေအပေါ် ဆယ်နှစ်လောက် ဂျီဟဒ်ဆင်နွှဲခဲ့တယ်။ (မီမီဝင်းဘတ်)
ရိုဂျာဟစ်သောင်းကျန်းသူလို့ မှတ်တမ်းတင်ခံရသူတွေက ၁၉၄၈ကနေ ၁၉၆၁ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲပြီး ရိုဟင်ဂျာတိုင်းရင်းသား သတ်မှတ်တဲ့အထိ ဖြစ်တယ်။

၁၉၄၂ လူမျိုးရေး အဓိကရုဏ်းဖြစ်စဉ်နဲ့ ခြောက်နှစ်ကွာတယ်။

လူမျိုးရေးအဓိကရုန်းကြောင့် မောင်းတောဘူးသီးတောင်မှာ ရခိုင်မရှိသလောက်ဖြစ်သွားပြီ။ တောင်ပိုင်းမှာလည်း ရိုဟင်ဂျာမရှိသလောက်ဖြစ်သွားပြီ။

စစ်ပြီးခေတ် ကမ္ဘာ့နိုင်ငံတိုင်းမှာ မလုံခြုံသလို မြန်မာတစ်ပြည်လုံးလည်း မလုံခြုံဘူး။ ရခိုင်လည်း မလုံခြုံဘူး။ မြောက်ပိုင်းလည်း မလုံခြုံဘူး။ မူဂျာဟစ်တွေရဲ့ အဖိနှိပ်ခံရတာက ရိုလူများစုဖြစ်တယ်။ ကျန်ရှိနေတဲ့ ရခိုင်တွေလည်း ခံရပါတယ်။ သို့သော် “ဆယ်နှစ် ရခိုင်ကို ဂျီဟဒ်လုပ်တယ်”ဆိုတာက သိပ်လွန်သွားပြီ။ တာဝန်ရှိသွားပြီ။ (အောင်တင်)


(၄) climate change ကြောင့် ရေကြီးပြီး မြေကြီးဆုံးရှုံးမှုကြောင့် ဘဂ်ါလီတွေက မြန်မာထဲ ဝင်လာတယ်။ (မီမီဝင်းဘတ်)

ရခိုင်သမိုင်း/မြန်မာ့သမိုင်းမှာ ၁၉၇၀ခုနှစ် ဘဂ်လားဒက်ရှ်လွတ်လပ်ရေး တိုက်ပွဲကြောင့် ဝင်လာတဲ့ ဘဂ်ါလီတချို့ကလွဲရင် ဟိုဘက်ခြမ်းက ဒီဘက်ခြမ်းကို အစုလိုက်အပြုံလိုက် ဝင်ရောက်လာတဲ့ သမိုင်းမရှိဘူး။

ရခိုင်ကို မွန်ဘုရင်တွေ၊ မြန်မာဘုရင်တွေတိုက်တိုင်း၊ မြန်မာစစ်တပ်က နှိမ်နင်းတိုင်း ဒီဘက်က ဟိုဘက်ကို ရခိုင်တွေကော၊ ရိုဟင်ဂျာတွေကော ပြေးသွားတာသာရှိတယ်။ သို့သော် တစ်ကယ်ဝင်လာတာက ရခိုင်တွေဖြစ်တယ်။ (အောင်တင်)

(၅) ရခိုင်ပြည်နယ်က အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တယ်။ နိုင်ငံတကာတွေက ရိုဟင်ဂျာတွေ ဆင်းရဲတာပြပြီး ရခိုင်တွေ ဆင်းရဲတာကို မပြကြဘူး။ (မီမီဝင်းဘတ်)

လူတိုင်းမျိုးတိုင်းမှာ ဆင်းရဲသူတွေရှိပါတယ်၊ ဒေါ်ဝင်းဘတ်ရယ်။ သို့သော် အမြဲတန်း အလုခံ အနှိမ်ခံ မောင်းထုတ်ခံနေရတဲ့ ရိုဟင်ဂျာတွေ ပိုဆင်းရဲတာ သဘာဝကျတယ်လို့ မမြင်နိုင်ဘူးလား။ (အောင်တင်)

(၆) “ရိုဟင်ဂျာ” ဆိုသောအမည်မှာ နဂိုမူလအားဖြင့် ရခိုင်လူမျိုးကို အာရေဗစ်ဘာသာစကားဖြင့် “ရခိုင်သား” ဟု ခေါ်ဆိုခြင်းဖြစ်။ (မီမီဝင်းဘတ်)

ဒါကလည်း အတော်လွဲနေတယ်။ ရိုဟင်ဂျာလူမျိုးကို သမိုင်းမှာမှတ်တမ်းတင်တဲ့အခါတိုင်းမှာ သူတို့က အစ္စလာမ်ဘာသာဝင်တွေဖြစ်တယ်လို့ပဲ ရေးထားတယ်။ ရိုဟင်ဂျာက ရခိုင်ကိုခေါ်တာပါဆိုရင် ရိုဟင်ဂျာတွေကို ဗုဒ္ဓဘာသာတို့ မှတ်တမ်းတင်ထားတာ တစ်ကြောင်းရှိရင် ပြပါ။

ဒေါက်တာအေးချမ်းက ပထမ ရိုဟင်ဂျာမရှိဘူးပြောတယ်။ နောက်ကျတော့ ရိုဟင်ဂျာရှိတယ်။ ငါတို့က ရိုဟင်ဂျာလို့ ပြောခဲ့ပြန်တယ်။)

(၇) ယခင်ကပင် ရခိုင်ပြည်ထဲကိုရောက်နေသော ဘင်္ဂါလီအနည်းငယ် ရှိနေနိုင်သော်လည်း ဘင်္ဂလာဒေ့ရှ်ဘက်မှ နောက်မှ (ခိုး)ဝင်လာသည့် ဘင်္ဂါလီ late-comer များ၊ new-comer များ နှင့် အများကြီးထပ်မံရောနှောပြီး အုပ်စုကြီးသထက်ကြီးလာ။ (ဥပမာအားဖြင့် - အမေရိကန်ထဲတွင် နဂိုတည်းကရှိနေသော မက္ကဆီကန် အနွယ်ဝင်များနှင့် နောက်မှ ခိုးဝင်လာသူများ ထက်မံရောနှောပြီး လူဦးရေများလာသည့်သဘော)။ Like Mexican un-documented immigrants ၊ မှတ်ပုံတင်ထားခြင်း မရှိသည့် မက္ကဆီကန် ကူးဝင်လာသူများနှင့်တူတယ်။ (မီမီဝင်းဘတ်)

ဘာအထောက်အထားနဲ့ပြောသလဲ။ အထောက်အထားမဲ့ စိတ်ထင်ရာပြောနေတာဖြစ်တယ်။
အထောက်အထားမပြနိုင်ရင် သမိုင်းအမှားတွေနဲ့ ရိုဟင်ဂျာမုန်းတီးရေး လှုံ့ဆော်တာ ဖြစ်သွားပြီ။

(၈) ဂျီနိုဆိုက်လို့ပြောတာ ပြသနာကို ဖြေရှင်းတာ မဟုတ်ဘူး။ မပြောသင့်ဘူး။ (မီမီဝင်းဘတ်)
ဂျီနိုဆိုက်မဟုတ်ဘူးလို့ ငြင်းနေတာက သူ့ပြသနာဖြစ်တယ်။ (မီမီဝင်းဘတ်)

(၉) သူတို့က ၁၈၇၂ကစပြီး နေလာကြတာဆိုပြီး ၁၈၇၂ သန်းခေါင်စာရင်းကို ပြတယ်။ (မီမီဝင်းဘတ်)
သူက ၁၈၂၆က သန်းခေါင်စာရင်းကို မသိဘူး။
၁၄၀၀ခုနှစ်တွေက ရိုဟင်ဂျာတွေ နေခဲ့တာ မသိဘူး။
၁၆၆၀လောက်မှာ မင်းဘာကြီးလက်ထက် ရှင်မြဝါလျှောက်ထားချက်ကို မသိဘူး။ (အောင်တင်)

(၁၀) ပြဿနာကို ပိုကြီးစေသည်က UN က ဒုက္ခသည်အဆင့် သတ်မှတ်ပေးသည့်သူများက အခွင့် အရေး ပိုရသည့်အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ခံမည့်အစား “ရိုဟင်ဂျာ” ဟု ဝင်ရောက်ခံယူသူများတွေက အများစုဖြစ်နေသောကြောင့် ရိုအုပ်စု လူဦးရေဖောင်းပွလာ။ ရိုဟင်ဂျာက အနည်းငယ်သာရှိ။ (မီမီဝင်းဘတ်)
လက်တွေ့အချက်အလက်နှင့် လွဲနေတယ်။ ထင်ရာမြင်ရာပြောနေတယ်။ (အောင်တင်)

(၅) ဟိုးယခင်က ထိုကျူးကျော်ဘင်္ဂါလီအုပ်စုသည် ဒေသခံရခိုင်များအား ဂျီဟတ်ဆင်နွှဲပြီး အကြီးအကျယ်သတ်ဖြတ်ခဲ့ကြသည့်အတွက် ရခိုင်များက ၎င်းတို့အားခွင့်မလွှတ်၊ ငါတို့အသတ်ခံနေရနေတုန်းကတော့ ဘယ်သူကဘာမှလာမပြောဘူး ဆိုသည့်အမြင် ရခိုင်များတွင် ရှိနေကြတယ်။ (မီမီဝင်းဘတ်)
ဒီအချက်ကို ယန်ဟီးလီတုန့်ပြန်ချက်ထဲမှာ ရှင်းပြီးဖြစ်တယ်။ (အောင်တင်)

(၆) ဘင်္ဂလာဒေ့ရှ်သည် ဧရိယာငယ်ပြီး လူဦးရေများသည့်အပြင် global climate change ကြောင့် တဖြည်းဖြည်း ပင်လယ်ထဲသို့ နိမ့်ဝင်နစ်မြုပ်လျက်ရှိသည်။ ထို့ကြောင့် ဖောင်းပွလာနေသော လူဦးရေအချို့အဝက်မှာ climate change ဒုက္ခသည်များ ဖြစ်လာကြသည်။ (ဘင်္ဂလာဒေ့ရှ်က GDP ပိုများသည် ဆိုသည့်အချက် တစ်ခုတည်းကို ထောက်ပြလျက် ခိုးဝင်ခြင်း မဖြစ်နိုင်ဟု ပြော၍ မရ) (မီမီဝင်းဘတ်)
ပင်လယ်ထဲကို အခုလည်း နိမ့်ဝင်နေတာပဲလေ။ ဘယ်ဘဂ်ါလီက ဒီမှာ အလုခံ အသတ်ခံ မုဒိန်းကျင့်ခံဖို့ ငမွဲနိုင်ငံထဲ ခိုးဝင်မလဲ။ ဟိုက မြန်မာထက် အဆများစွာ ချမ်းသာတယ်။ (အောင်တင်)

(၇) ပြဿနာရဲ့ အဓိကအကြောင်းအရာက နိုင်ငံသားဖြစ်လို့သည့် ဆန္ဒက အဓိကမဟုတ်၊ မြန်မာနိုင်ငံ၏ ဇာတိသား ဌာနေတိုင်းရင်းသား nativism / being indigenous ဖြစ်လိုသည့် ဆန္ဒ။ ယင်းကဲ့သို့ ဇာတိသားဖြစ်ခြင်းအပေါ် အခြေခံကာ ထပ်ဆင့် မျှော်လင့်ချက်များ၊ သို့ရာတွင် ရခိုင်ပြည်ထဲမှ နဂိုရှိပြီးသား တိုင်းရင်းသား မူဆလင်များကလည်း ရိုများကို ခိုးဝင်သူများအဖြစ်သာ သဘောထား။
ရိုဟင်ဂျာတွေဟာ ရခိုင်တွေထက်ပိုပြီး indigenous ဖြစ်နေတာ သူမသိဘူး။

နောက်ပြီး ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေးတောင် မပေးလို့ အခုလိုဂျီနိုဆိုက် ကျူးလွန်နေတာကိုလည်း သူမသိချင်ယောင်ဆောင်နေတယ်။ (အောင်တင်)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */