ရခိုင်စစ်ပွဲ မှတ်တမ်း နှင့် နပခ သမိုင်းကြောင်း
၁။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ပလက်ဝမြို့နယ်၊
၂။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ပေါက်တောမြို့နယ်၊
၃။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် မြောက်ဦးမြို့နယ်။
၄။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျောက်တော်မြို့နယ်။
၅။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် မြေပုံမြို့နယ်။
၆။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် မင်းပြားမြို့နယ်။
၇။ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်။
၈။ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်။
၉။ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့တွင် ရသေ့တောင်မြို့နယ်။
၁၀။ ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်။
၁၁။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် သံတွဲမြို့နယ်။
၁၂။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့တွင် မောင်တောမြို့နယ်။
၁၃။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၁၄) ရက်နေ့တွင် တောင်ကုတ်မြို့နယ်
၁၄။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၀) ရက်နေ့တွင် အမ်းမြို့နယ်တို့ကို AA သိမ်းပိုက်ထား။
*ကျန်ရှိနေသည့် မြိုနယ်များ*
၁၅။ ဂွ ---- တပ်ရင်း ၂ ခုထဲက ၁ ခုကို သိမ်းပိုက်ထား၊ ထိုးစစ်ပြင်းနေဆဲ။
၁၆။ စစ်တွေ --- စစ်ရေးတင်းမာ၊ (ယခင် တိုက်ပွဲဖြစ်ခဲ့)
၁၇။ ကျောက်ဖြူ ---- စစ်ရေးတင်းမာ၊(ယခင် တိုက်ပွဲဖြစ်ခဲ့)
၁၈။ မာန်အောင် ----- တိုက်ပွဲလုံးဝမရှိသေး....
Credit.
*
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် သမိုင်းကြောင်း လွင်ဦး ( ရန်ကင်း )
အမ်းမြို့နယ်ဟာရခိုင်ပြည်နယ်မှာရှိပေမယ့်အမ်းတောင်ကြားလမ်းကြောင့်မကွေးတိုင်းမင်းဘူးမြို့၊ပဲခူးတိုင်းပြည်မြို့နဲ့အဆက်အသွယ်များတယ်။အမ်းမြို့မှ ၁၂ မိုင်ဝေးတဲ့စခန်းမော်မှာသင်္ဘောဆိပ်ရှိပြီးစစ်တွေ၊ကျောက်ဖြူနဲ့ရေလမ်းခရီးရှိတယ်။
အမ်းတောင်ကြားလမ်းကို ၁၉၆၄ ခုနှစ်မှာဖေါက်လုပ်ခဲ့တယ်။အမ်းတောင်ကြားလမ်းဟာအမ်းမြို့မှ ၃၄ မိုင်မင်းဘူးမြို့မှ ၅၂ အကွာတွင်ရှိတယ်။အမ်းမြို့ခံများမှာ ၁၈၈၆ အထက်မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့သိမ်းပိုက်ပြီးမန္တလေးအနီးတဝိုက်မှရှောင်းတိမ်းလာကြသူများ၏အဆက်အနွယ်များဖြစ်ကြတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ဟာရခိုင်ပြည်နယ်အမ်းမြို့အခြေစိုက်အစိုးရစစ်တိုင်းဌာနချုပ်ဖြစ်တယ်။နပခ ဟာရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တောင်ပိုင်းကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်များထမ်းဆောင်ရတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၁၉၇၂ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီး အမ်းမြို့သို့ ၂၀၀၀ ပြည့်နှစ်မှာပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ်။နပခ ကွပ်ကဲမှုနယ်မြေများမှာရခိုင်ပြည်နယ်၊ချင်းပြည်နယ်ပလက်ဝမြို့နယ်နဲ့ဘင်္ဂလားပင်လယ်အော်မြန်မာရေပိုင်နက်များပါဝင်တယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အောက်ရှိတပ်ရင်းတပ်ဖွဲ့များ။
- ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)စစ်တွေမြို့
- အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)တောင်ကုပ်မြို့
- အမှတ်(၉) စကခ၊ကျောက်တော်မြို့
- အမှတ်(၁၅) စကခ၊ဘူးသီးတောင်မြို့
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့ကြသူများ။
- ဗိုလ်မှူးကြီးလှထွန်း(ကြည်း - ၅၄၉၇) (ဗသက - ၁)
- ဗိုလ်မှူးချုပ်မင်းဂေါင် (ကြည်း - ၆၃၁၅)
- ဗိုလ်မှူးချုပ်ဝမ်းတင်(ကြည်း - ၆၁၃၈)
- ဗိုလ်မှူးချုပ်စိုးမြင့်(ကြည်း - ၅၄၈၂)
- ဗိုလ်ချုပ်မြသင်း(ကြည်း - ၆၆၀၅) (ဗသက - ၉)
- ဗိုလ်ချုပ်ဝင်းမြင့် (ကြည်း - ၈၈၀၉) (ဗသက - ၂၈)
- ဗိုလ်ချုပ်အောင်ထွေး (ကြည်း - ၉၇၅၂) (ဗသက - ၂၉)
- ဗိုလ်ချုပ်မောင်ဦး (စတသ - ၁၃)
- ဗိုလ်မှူးချုပ်မင်းအောင်လှိုင် (ကြည်း - ၁၄၂၃၂) (စတသ - ၁၉)
- ဗိုလ်ချုပ်မောင်ရှိန် (ကြည်း - ၁၄၇၅၆) (စတသ - ၂၀)
- ဗိုလ်ချုပ်သောင်းအေး (ကြည်း - ၁၄၇၈၈) (စတသ - ၂၀)
- ဗိုလ်ချုပ်စိုးသိန်း
ဗိုလ်ချုပ်ထွန်းနေလင်း (ကြည်း - ၁၆၃၅၄) (ဗသက - ၆၁)
- ဗိုလ်ချုပ်ကိုကိုနိုင် (ကြည်း ၁၉၀၀၀) (စတသ - ၂၆)
- ဗိုလ်ချုပ်မောင်မောင်စိုး
- ဗိုလ်မှူးချုပ်စိုးတင့်နိုင်
- ဗိုလ်ချုပ်ဖုန်းမြတ်(ကြည်း - ၂၀၃၂၄) (ဗသက - ၇၃)
- ဗိုလ်ချုပ်ထင်လတ်ဦး(ကြည်း - ၂၅၀၉၉) (ဗသက - ၇၃)
- ဗိုလ်ချုပ်ကျော်စွာဦး(ကြည်း - ၂၆၇၅၃) (တေဇ - ၂၂) လက်ရှိ၊
နပခ အမှတ်တံဆိပ်
လွင်ဦး(ရန်ကင်း)
No comments:
Post a Comment