Friday, December 20, 2024

ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၀၀ ကို သီရိလင်္ကာရေတပ် ကူညီပေး

DVB
December 20, 2024 

Photo-Reuters
 
စစ်ဘေးဒဏ်သင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး အိန္ဒိယကမ်းလွန်ပင်လယ်ပြင်ထဲက ကျွန်းပေါ်မှာ သောင်တင်နေတဲ့ ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၀၀ လောက်ကို အကူအညီပေးဖို့ ရှိနေတယ်လို့ သီရိ လင်္ကာရေတပ်က ပြောကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက်အရုဏ်တက်ချိန်လောက်က သီရိလင်္ကာနိုင်ငံ မြောက်ဘက် ကမ်းရိုးတန်းမှာ မျောပါနေတဲ့ ငါးဖမ်းသင်္ဘောကို ငါးဖမ်းသမားတယောက်က တွေ့ရှိခဲ့တာလို့ ရေတပ်က ပြောပါတယ်။

ဒါဟာ အထူးအဆန်းလို ဖြစ်နေပေမဲ့ မြန်မာနိုင်ငံ အနောက်တောင်ဘက် ပင်လယ်ပြင်ကို ဖြတ်ပြီးတော့ ကီလိုမီတာ ၁၇၅၀ အကွာက သီရိလင်္ကာနိုင်ငံဆီ ဦးတည်တဲ့ ပထမဆုံး ဖြစ်ရပ် မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်က နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ရိုဟင်ဂျာတွေဟာ မွတ်ဆလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့အပြင် မြန်မာနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံတွေဘက်ကို ခနော်နီခနော်နဲ့ သစ်သားလှေတွေကို နှစ်ပေါင်းများစွာ အသုံးပြုကာ ထွက်ပြေးနေခဲ့ကြတာ ဖြစ်ပါတယ်။

သီရိလင်္ကာရေတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ကမ်းလွန်ပင်လယ်ပြင်ထဲ ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို ကယ်ဆယ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က နယ် မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်က အမှုဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ နိုင်ငံတဝန်း ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် ထပ်မံပြီးတော့ ထွက်ပြေးနေကြရတာပါ။

ကုလသမဂ္ဂက သိပ်မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ ရိုဟင်ဂျာအများအပြားရဲ့ သမိုင်းဝင်ဇာတိမြေဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ပြည်သူတွေရဲ့ ဝင်ငွေက နိမ့်ကျပြီး ဆန်စပါး ထုတ်လုပ်မှု ကျဆင်းနေတာ၊ စစ်အုပ်စုက ကုန်သွယ်ရေးတွေ ကန့်သတ် ထားတာတွေကြောင့် စားနပ်ရိက္ခာပြတ် လပ်မှုတွေနဲ့ အငတ်ဘေးဆီ ဦးတည်နေတယ်လို့ သတိပေးထားပါတယ်။

Source: AFP

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */