RFA
RFA Burmese
2024.08.13
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ မွတ်စလင်များအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှ ဘေးလွတ်ရာသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က ကူညီပို့ဆောင်ပေးခဲ့စဉ်။ Facebook/ Arakan Princess Media
ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးတွေနဲ့ အရပ်သားပြည်သူတွေဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကြမ်းကြုတ်တဲ့ ကျူးလွန်မှုကို ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Elaine Pearson က ပြောတဲ့အကြောင်း HRW က ဩဂုတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
HRW ရဲ့ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) တို့ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ တခြား အရပ်သားပြည်သူတွေအပေါ် အခုလတွေအတွင်း တရားလက်လွတ် သတ် ဖြတ်မှု၊ နေအိမ် မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ ကြတယ်လို့ ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေ၊ ရခိုင်လူမျိုးစုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မျက်မြင်တွေ့ရှိခဲ့သူ ၃၃ ဦးကို မေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး ဂြိုလ်တုဓာတ်ပုံတွေ၊ လွတ်လပ်တဲ့သတင်းအရင်းမြစ်တွေ၊ ရုပ်သံမှတ်တမ်း၊ ဓာတ်ပုံနဲ့ ဆေးမှတ်တမ်းတွေကို လေ့လာခဲ့တယ်လို့ HRW ကဆိုပါတယ်။
စစ်ကောင်စီတပ်က ရိုဟင်ဂျာ အမျိုးသားတွေနဲ့ လူငယ်တွေကို တရားမဝင် လူသစ်စုဆောင်းမှုကြောင့် ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ ရခိုင်ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီနဲ့ မေလမှာ စစ်ကောင်စီတပ်နဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေသာမက AA တို့ဟာ အရပ်သား ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ HRW က ပြောပါတယ်။
ဘူးသီးတောင်မြို့က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူနိုင်တဲ့ မေလ ၁၇ ရက်နေ့က အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ဘူးသီးတောင်မြို့က ရပ်ကွက်တွေနဲ့ အနီးနားကကျေးရွာတွေမှာ လက် နက်ကြီးပစ်ခတ်တာ၊ လုယက်တာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့ကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
AA ဘက်ကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိကြောင်းနဲ့ လူမျိုးဘာသာမရွေး ကူညီကယ်ဆယ်မှုတွေ လုပ်ပေးနေကြာင်း မေ ၂ဝ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရိုဟင်ဂျာတွေနဲ့ လူမျိုးစုတွေအပေါ် ဒီလိုကျူးလွန်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကလည်း နိုင်ငံတစ်ဝန်းက စစ်ဘက်ဆိုင်ရာပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အဦ တွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီး ခေါင်းဖြတ်သတ်ဖြတ်တာ အပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေကို အထောက်အထားရရှိထားပြီးဖြစ်တယ်လို့ ဩဂုတ်လ ၁၃ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီအထောက်အထားတွေထဲ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရာဇဝတ်မှုနဲ့ သက်ဆိုင်တဲ့ အထောက်အ ထား တွေလည်းပါဝင်ပြီး စစ်ကောင်စီတပ်သတင်းပေးလို့ သံသယရှိသူတွေ ဒါမှမဟုတ် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတယ်လို့ သံသယရှိတဲ့ အရပ်သားတွေကို မတရားသတ်ဖြတ်မှုတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။
(မှတ်ချက် - ဤသတင်းတွင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ထုတ်ပြန်ချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)

ဆက်နွယ်သောသတင်းများ
- ရိုဟင်ဂျာတွေကိုသတ်ဖြတ်မှု အမေရိကန်အစ္စလာမ်ကောင်စီ ရှုတ်ချ
- ရေကြည်ကနေ ရခိုင်ဘက်ပို့မဲ့ ဆေးဝါးနဲ့ စားသောက်ကုန်တွေ စစ်ကောင်စီ ကန့်သတ်
- မြန်မာနိုင်ငံကရွှေတွေ သယ်လာတဲ့ ရိုဟင်ဂျာနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီး
- ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်ဖြတ်ကျော်ကူးသွားဖို့ ထောင်နဲ့ချီတဲ့ရိုဟင်ဂျာတွေ စောင့်ဆိုင်းနေ
- ရခိုင်ပြည်နယ်ကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ
No comments:
Post a Comment