Sunday, May 19, 2024

ဘူးသီးတောင်တစ်မြို့လုံးကို AA မီးရှို့လိုက်၍ တစ်မြို့လုံးပြာကျ

Myanmar Tranperency News
aye mon
May 18, 2024 

ဘူးသီးတောင်မြို့ပေါ်မှ ရိုဟင်ဂျာနေအိမ်များကို AA မီးရှို့လိုက်၍ ဘင်္ဂါလီတစ်သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွား 

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ဘူးသီးတောင်မြို့ကို သိမ်းလိုက်နိုင်တဲ့အခြေအနေဖြစ်လာအပြီး မနေ့ညကစပြီး ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာနေအိမ်တွေကို မီးရှို့လိုက်တာကြောင့် ဘင်္ဂါလီတစ်သိန်းခွဲကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လမ်းဘေးမှာ နေထိုင်နေရတယ်လို့ဘင်္ဂါလီအရေးလှုပ်ရှားတဲ့ FRC အဖွဲ့ တည်ထောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။


ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်ဖျက်ဆီးပြီး မီးတင်ရှို့လိုက်လို့ တစ်မြို့လုံးပြာကျသွားတဲ့ အကြောင်းကိုလည်း NUG လူ့အခွင့်အရေးဒုဝန်ကြီးဦးအောင်ကျော်မိုးက Facebook မှာ ရေးသားထားပါတယ်။

AA လက်နက်ကိုင်အဖွဲ့ဟာ ဘင်္ဂါလီတွေကို ဘူးသီးတောင်မြို့တွင်းက ဒီနေ့မနက် ၁၀ နာရီနောက်ဆုံးထားထွက်ခွာဖို့ အမိန့်ပေးခဲ့သလို တစ်သိန်းခွဲကျော် ၂ သိန်းလောက်ရှိတဲ့ ဘင်္ဂါလီတွေကလည်း မထွက်ခွာတာကြောင့် ဘင်္ဂါလီနေအိမ်တွေ မီးတင်ရှို့နေတာဖြစ်ပြီး ဒီလိုဖျက်ဆီးနိုင်တာကြောင့်လည်း AA လက်နက်ကိုင်တွေက အောင်ပွဲခံနေကြတယ်လို့ ရိုနေဆန်းလွင်က ဆိုပါတယ်။

  


၁၈. ၅. ၂၀၂၄
Written by Nay Moe

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */