Friday, November 17, 2023

မြန်မာကို စွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှုတွင် ဥရောပ ၅ နိုင်ငံနှင့် ကနေဒါတို့ ဂမ်ဘီယာနှင့် ပူးပေါင်းမည်

ဧရာဝတီ
17 November 2023

၂၀၁၇ ခုနှစ်အတွင်း ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာရွာများ မီးရှို့ခံရပြီး ထွက်ပြေးရစဉ် 

မြန်မာက ရိုဟင်ဂျာ မွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်သည်ဟု ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံး၌ ဂမ်ဘီယာက စွပ်စွဲသည့်အမှုတွင် ဥရောပ ငါးနိုင်ငံနှင့် ကနေဒါနိုင်ငံတို့ ပူးပေါင်းရန် ကြိုးစားနေသည်။
ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ဗြိတိန်တို့သည် ကနေဒါနှင့် ပူးပေါင်းပြီး အမှုတွင် ကြားဝင် ဆောင်ရွက်ခွင့် ကြေညာလွှာတစောင် တင်သွင်းကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင် ဘာလ ၁၆ ရက်နေ့တွင် ကြေညာသည်။ မော်လ်ဒိုက်က သီးခြားကြေညာလွှာတစောင် တင်သွင်းသည်။

တရားရုံး၏ စည်းမျဉ်းများအရ ကြေညာလွှာများကြောင့် ထိုနိုင်ငံများသည် မွတ်စလင် လူနည်းစု ရိုဟင် ဂျာများ အပေါ် ဆက်ဆံပုံနှင့် ပတ်သက်သည့် နိုင်ငံတကာ၏ ပြင်းထန်သော မကျေနပ်မှုနောက်ပိုင်း ၂၀၁၉ ခုနှစ်တွင် စွဲဆိုသည့်အမှုတွင် ဥပဒေကြောင်းအရ လျှောက်လှဲနိုင်မည်ဖြစ်သည်။ မြန်မာစစ် တပ် ၏ ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှုကြောင့် သိန်းနှင့်ချီသောသူများ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြသည်။

ဂမ်ဘီယာက ၎င်းတို့နှင့် မြန်မာသည် လူမျိုးတုံးသတ်ဖြတ်မှုကို ပိတ်ပင်မှု ၁၉၄၈ ခုနှစ် နိုင်ငံတကာ သ ဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံများဖြစ်ပြီး လက်မှတ်ရေးထိုးသည့် နိုင်ငံများ အား လုံးသည် ထိုနိုင်ငံတကာ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ရမည်ဖြစ် သည် ဟု ပြောသည်။ နိုင်ငံတကာ သဘောတူညီချက်ကို မြန်မာက ချိုးဖောက်ကြောင်း တရားရုံးက ကြေညာ ပေးရန် ဂမ်ဘီယာက တောင်းဆိုသည်။

တရားရုံးက ထိုအမှုကို စီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ထားသော်လည်း ကြားနာမည့် အစီအစဉ်ကို မပြု လုပ် ရသေးပေ။

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်များ / AFP

ရိုဟင်ဂျာ သူပုန်အုပ်စုတခု တိုက်ခိုက်မှုအပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်သည် ၎င်းတို့အခေါ် နယ် မြေရှင်းလင်းမှု စစ်ဆင်ရေးကို ရခိုင်ပြည်နယ်တွင် ပြုလုပ်သည်။ ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။ မြန်မာစစ်တပ်သည် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်ခြင်းသတ် ဖြတ်ခြင်းနှင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာအိမ်များကို မီးရှို့ခြင်းတို့ဖြင့် စွပ်စွဲခံရသည်။

မြန်မာက ICJ တရားရုံးသည် နိုင်ငံများအကြား အငြင်းပွားမှုများကိုသာ ကြားနာနိုင်ပြီး ဂမ်ဘီယာသည် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား စွဲဆိုခြင်းဖြစ်သည်ဟုဆိုကာ ထိုအမှုကို တရားရုံးက ပယ်ချပေးရန် ကြိုးစားမှု မအောင်မြင်ပေ။

ဂမ်ဘီယာသည် မြန်မာမှ ဖြစ်ရပ်များနှင့် တိုက်ရိုက် မပတ်သက်သောကြောင့် ထိုအမှုကို စွဲဆိုနိုင်ခြင်း မရှိ ကြောင်းနှင့် ထိုအမှုကို မစွဲဆိုမီက နှစ်နိုင်ငံအကြား ဥပဒေရေးရာ အငြင်းပွားမှု မရှိဆိုသည့် မြန်မာ ၏ ပြောဆိုချက်ကိုလည်း တရားသူကြီးများက ပယ်ချခဲ့သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သည် နိုင်ငံများအကြား အငြင်းပွားမှုများကို ဆုံးဖြတ်ပေးသည်။ ထိုတရားရုံးသည် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နှင့် ဆက်စပ်မှု မရှိပေ။ ထိုတရားရုံးသည် လည်း နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်တွင် အခြေစိုက်ပြီး ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိ သူများကို အရေးယူသည်။ ICC မှ တရားစွဲရှေ့နေများသည် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည်။

ကိုးကား ။ ။ AP သတင်း 5 European nations and Canada seek to join genocide case against Myanmar at top UN court

You may also like these stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */