" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 14, 2023

Yasir Arafat (1929-2004)



“ရာဆာအာရာဖတ်” သည် ၁၉၆၉ - ခုနှစ် မှ ၂၀၀၄ - ခုနှစ်အထိ ပါလက်စတိုင်းလွတ်မြောက်ရေး PLO
အဖွဲ့၏ ဥက္ကဌ အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်သည် ။သူသည် ပါလက်စတိုင်းလူမျိုးများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေရရှိအောင် ဦးဆောင်ခဲ့သည့် ပါလက်စတိုင်းခေါင်းဆောင်တဦးဖြစ်သည်။  

သူသည် အစ္စရေးနှင့်ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးရရှိအောင် အတူလုပ်ဆောင်ခဲ့သဖြင့် ၁၉၉၄ - ခုနှစ်အချိန်က အစ္စရေးခေါင်းဆောင် Yitzhak Rabin ၊ Shimon Peres တို့ နှင့်အတူ ငြိမ်း ချမ်းရေးနိုဘလ်ဆုကို ရရှိခဲ့သူလဲဖြစ်သည်။ သို့သော်လဲ လူအများမှ “ရာဆာအာရာဖတ်” သည်ပါလက် စတိုင်းတို့ နှင့်အစ္စရေးတို့ အကြား ပဋိပက္ခပြသာနာကြီးထွားလာအောင် လှုံ့ဆော်ခဲ့သည့်အရှေ့အလယ် ပိုင်း‌ဒေသမှ ခေါင်းဆောင် တဦးအဖြစ် သတ်မှတ်ထားကြသည်။


ငယ်ဘ၀
“ရာဆာအာရာဖတ်” ကို ၁၉၂၉ - ခုနှစ် အချိန်က ဂါဇာ‌ဒေသတွင် မွေးဖွားခဲ့သည်ဟုဆိုသော်လဲ၊ တချို့  မှတ်တမ်းများတွင် ‌အီဂျစ် ၊ တချို့ မှတ်တမ်းများတွင် ဂျေရုဆလင်ဟုဆိုသည်။အာရပ်-အစ္စရေး စစ်ပွဲ
( ၁၉၄၈- ၁၉၄၉ ) ခုနှစ်အချိန်က အစ္စရေးတို့ ဂါဇာ‌ဒေသကို သိမ်းပိုက်လိုက်သောအခါ ၊ “ရာဆာအာ ရာဖတ်” သည် ဂါဇာ‌ဒေသမှ အီဂျစ်သို့ ထွက်‌ပြေးလာခဲ့သည် ။၁၉၅၆ - ခုနှစ်တွင် “ရာဆာအာရာဖတ်” သည် အီဂျစ်နိင်ငံ Cairo တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီးနောက် ပါလက်စတိုင်း‌ ကျောင်းသား အသင်း၏ ဥက္ကဋ္ဌ ဖြစ်လာကာ နိင်ငံရေးလှုပ်ရှားမှုများတွင် ပါ၀င်လာခဲ့သည် ။

နိင်ငံရေးလှုပ်ရှားမှုများ

၁၉၆၀ - ခုနှစ်အစောပိုင်းအချိန်တွင် ဂါဇာ‌ဒေသ၌ အစ္စရေးစစ်တပ်ကိုဆန့် ကျင်သည့် ပါလက်စတိုင်း
ပျောက်ကျားအဖွဲ့ ( Fatah အဖွဲ့ ) အားဖွဲ့ စည်းရန် “ရာဆာအာရာဖတ်” မှ အကူအညီပေးခဲ့သည်။
၁၉၆၈ - ခုနှစ်တွင် “ရာဆာအာရာဖတ်” သည် အစ္စရေးစစ်တပ်ကိုဆန့် ကျင်နေသည့် ပါလက်စတိုင်း အုပ်စုများကို စုပေါင်းထားကာ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) အဖွဲ့ ကို ဖွဲ့ စည်းခဲ့ပြီး၊ထိုအ ဖွဲ့ ထဲသို့ Fatah အဖွဲ့ အား ထည့်သွင်းခဲ့သည် ။

၁၉၆၀ - ခုနှစ်အချိန်က Fatah အဖွဲ့သည် ဂျော်ဒန်ဒေသမှ အစ္စရေးတို့ အား ‌ပျောက်ကျားစစ်ပွဲ ဆင်နွဲခဲ့ ပြီး၊ အချိန်အနည်းငယ်အတွင်း PLO အဖွဲ့ ထဲတွင် အင်အားအကြီးဆုံးအဖွဲ့ ဖြစ်လာခဲ့သည် ။၁၉၆၉ - ခုနှစ်တွင် “ရာဆာအာရာဖတ်” သည် PLO အဖွဲ့ဥက္ကဌ ဖြစ်လာခဲ့ပြီး ၊ တချိန်တည်းမှာပင် ပါလက်စတိုင်း အမျိုးသားရေး လှုပ်ရှားမှုခေါင်းဆောင်အဖြစ် ထင်ရှားလာခဲ့သည် ။

ထိုအချိန်က ဂျော်ဒန်နိင်ငံအား ဘုရင်ဟူစိန်မှအုပ်ချုပ်နေပြီး ၊ ဘုရင်ဟူစိန်သည် သူ၏အုပ်ချုပ်ရေး
အာဏာအား ထိပါးလာမည်ကို စိုးရိမ်သဖြင့် PLO နှင့် အဆင်ပြေအောင်နေခဲ့သည် ။ ၁၉၇၀- ခုနှစ်တွင် ဘုရင်ဟူစိန် နှင့် PLO အဖွဲ့ ပြသာနာဖြစ်ပြီး“ရာဆာအာရာဖတ်”သည်ဂျော်ဒန်နိင်ငံမှနှင်ထုတ်ခံရသည် ။ ထိုအခါ PLO အဖွဲ့ ၏ ဌာနချုပ်သည် လက်ဘနွန်နိင်ငံ ၊ ဘေရွက်မြို့ သို့ရောက်ရှိသွားခဲ့သည် ။

၁၉၇၄ -ခုနှစ်တွင် အာရပ်အဖွဲ့ချုပ်မှ PLO အဖွဲ့ သည် ပါလက်စတိုင်းလူမျိုးများကို ကိုယ်စားပြုသည့် အ ဖွဲ့ အဖြစ် တရား၀င်သတ်မှတ်ခဲ့ရာ ၊ များမကြာမီ ကုလသမဂ္ဂအထွေထွေညီလာခံတွင်မိန့်ခွန်း‌ ပြောပေး ရန် “ရာဆာအာရာဖတ်” ဖိတ်ကြားခံရသည်ကုလသမဂ္ဂအထွေထွေညီလာခံတွင်“ရာဆာအာရာဖတ်” မှ ပါလက်စတိုင်းပြည်နယ်ထူထောင်ပေးရန်နှင့်ပါလက်စတိုင်းပြည်နယ်ထူထောင်မှုအားဂရုစိုက်မပြုမူ ပါက ၊ ပါလက်စတိုင်းနှင့် အစ္စရေးတို့ အကြား ပဋိပက္ခပြသာနာ ပိုမိုကြီးထွားလာလိမ့်မည်ဟု ‌သတိပေး ပြောကြားခဲ့သည် ။

ထိုအချိန်မှစ၍ PLO နှင့် ရာဆာအာရာဖတ်” သည် နိင်ငံတကာတွင် ထင်ပေါ်ကျော်စောလာခဲ့သည် ။
၁၉၈၂ - ခုနှစ်တွင် အစ္စရေးတို့ မှ လက်ဘနွန်နိင်ငံရှိ PLO ဌာနချုပ်ကို ထိုးစစ်ဆင် သောအခါ “ရာဆာ အာရာဖတ်” သည် တူနီးရှားနိင်ငံ Tunis မြို့ သို့ ထွက်‌ပြေးသွားခဲ့သည်။ ထိုနှစ်များအတွင်း လေ့လာသူ များမှ “ရာဆာအာရာဖတ်” ၏ ဩဇာအာဏာ ကျဆင်းသွားပြီဟုထင်မှတ်ခဲ့ကြသည် ။

သို့သော်လဲ ၁၉၈၈ - ခုနှစ်အချိန်ခန့် တွင် “ရာဆာအာရာဖတ်” သည် တဖန်အင်အားပြန်လည်ကြီးထွား လာပြီး ပါလက်စတိုင်းပြည်နယ် ထူထောင်ရေးအတွက် အစ္စရေးတို့ အားဆက်လက် တိုက်ပွဲ၀င်ခဲ့သည်။၁၉၉၀ - ခုနှစ်တွင် အီရတ်တပ်များကူ၀ိတ်နိင်ငံအား သိမ်းယူမှုနှင့်အတူ ၁၉၉၁- ခုနှစ်တွင် Persian Gulf War စစ်ပွဲ ဖြစ်ပွားခဲ့ရာ “ရာဆာအာရာဖတ်” သည် အီရတ်သမ္မတဆာဒါန်ဟူစိန်ဖက်မှထောက်ခံ ခဲ့သည် ။ ပါရှန်ပင်လယ်ကွေ့ စစ်ပွဲပြီးနောက်နိင်ငံတကာဖိအားနှင့်အတူအစ္စရေးနှင့်ပါလက်စတိုင်းငြိမ်း ချမ်းရေး ဆွေးနွေးပွဲ စတင် လာနိင်ခဲ့သည် ။

လပေါင်းများစွာ ဆွေးနွေးပြီးနောက် ၁၉၉၃ - ခုနှစ် စက်တင်ဘာလ ၁၃ -ရက်နေ့ တွင် “ရာဆာအာရာ ဖတ်” နှင့် အစ္စရေး၀န်ကြီးချုပ် Yitzhak Rabin တို့ သည် အမေရိကန်နိင်ငံဝါရှင်တန်မြို့သမ္မတ အိမ် တော်၌ သမိုင်း၀င်ငြိမ်းချမ်းရေး စာချုပ်ကိုချုပ်ဆိုနိင်ခဲ့ကြသည်။ ထိုအခါ “ရာဆာအာရာဖတ်” သည်
အကြမ်းဖက်သမားမှ ငြိမ်းချမ်းရေးသမား အဖြစ် ‌ပြောင်းလဲလာခဲ့သည် ။

ထိုနှစ်များအတွင်း “ရာဆာအာရာဖတ်” နှင့်အတူ အစ္စရေး၀န်ကြီးချုပ် Yitzhak Rabin ၊ အစ္စရေး နိင် ငံခြားရေး၀န်ကြီး Shimon Peres တို့ ငြိမ်းချမ်းရးနိုဘယ်ဆုကိုချီးမြှင့်ခံခဲ့ရသည် ။၁၉၉၃ - ခုနှစ်တွင် အနောက်ဖက်ကမ်း West Bank နှင့် ဂါဇာ‌ဒေသ၌ ကန့် သတ်ထားသည့် ပါလက်စတိုင်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရရှိခဲ့ပြီး Palestinian National Authority ကို ထူထောင်ခဲ့ကြသည် ။

၁၉၉၆ - ခုနှစ်တွင် “ရာဆာအာရာဖတ်” သည် PNA ဥက္ကဋ္ဌ အဖြစ်တာ၀န်ထမ်းဆောင်ပြီး ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပခဲ့ကြသည်။ ထိုရွေးကောက်ပွဲနှင့်အတူ “ရာဆာအာရာဖတ်” သည် ပါလက် စတိုင်းသမ္မတဖြစ်လာခဲ့သည်။၁၉၉၆ - ခုနှစ် နှစ်လည်ခန့် တွင် ၀န်ကြီးချုပ် Yitzhak Rabin သည် အစ္စ ရေးအစွန်းရောက် ကျောင်းသားတဦး၏ လုပ်ကြံမှု‌ကိုခံရပြီးနောက် ပါလက်စတိုင်း နှင့် အစ္စရေး တို့ ၏
ငြိမ်းချမ်းရး လုပ်ငန်းစဉ်များသည်ပြန်လည်ရပ်တန့် သွားခဲ့သည် ။

တချိန်တည်းမှာပင် ဟားမတ် ၊ အစ္စလမ်မစ်ဂျီဟတ်စသည့် အဖွဲ့ များမှ “ရာဆာအာရာဖတ်” အား ဆန့် ကျင်လာခဲ့ကြသည်။ ထိုအဖွဲ့ များ၏ အစ္စရေးအား ဆန့် ကျင်အကြမ်းဖက်တိုက်ခိုက်မှုများကို “ရာဆာ အာရာဖတ်” မဟန့် တားနိင်ဖြစ်လာခဲ့သည်။၂၀၀၀ - ခုနှစ်ဇူလိုင်လတွင် “ရာဆာအာရာဖတ်” နှင့် အစ္စ ရေး၀န်ကြီးချုပ် Ehud Barak တို့အမေရိကန်နိင်ငံ တွင် Clinton’s CampDavidငြိမ်းချမ်းရေးဆွေး နွေးပွဲ ကျင်းပခဲ့ကြသော်လဲ အောင်မြင်မှုမရရှိခဲ့ပေ ။

ဆွေးနွေးပွဲ ပျက်ပြားပြီးနောက် ပါလက်စတိုင်း‌ဒေသတွင် အစ္စရေးဥပဒေဖြင့် အုပ်ချုပ်မှုကို ဆန့် ကျင် သည့် ဆူပူအုံကြွအကြမ်းဖက်လှုပ်ရှားမှု ( intifada ) လှုပ်ရှားမှုများပြန်လည် မြင့်တက်လာခဲ့သည်။
ပါလက်စတိုင်းတို့ ၏ အသေခံဗုံးခွဲ အကြမ်းဖက်မှုမြင့်တက်လာခဲ့ပြီး အစ္စရေးစစ်တပ်မှ အင်အားသုံးနှိမ် နှင်းမှု နှင့် အတူ ပါလက်စတိုင်းတို့ နှင့် အစ္စရေးတို့ အကြား ပဋိပက္ခပြသာနာပြန်လည် ကြီးထွားလာ ခဲ့ သည် ။ 

ထို့အတူ အစ္စရေးစစ်တပ်မှ “ရာဆာအာရာဖတ်” အားသူ၏နေအိမ်၀င်း၌အကျဉ်းချထားခဲ့သည်ကျန်း  မာရေးကျဆင်းလာသောအခါ အစ္စရေးတို့ မှ “ရာဆာအာရာဖတ်” အား ဆေးကုသ ရန် ပြင်သစ်နိင်ငံ သို့ သွားခွင့်ပြုခဲ့သည်။“ရာဆာအာရာဖတ်” သည်၂၀၀၄ - ခုနှစ်နို၀င်ဘာလတွင် ပြင်သစ်နိင်င်ငံ၌ ကွယ် လွန်သွားခဲ့သည် ။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */