" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 14, 2023

ဂျေရုဆလင်မြို့

ဂျေရုဆလင်မြို့

ဂျေရုဆလင်မြို့သည် အစ္စရေးနိင်ငံ နှင့် အနောက်ဖက်ကမ်းဒေသ တို့၏ ဆုံချက် နေရာတွင် တည်ရှိသည်။မြေထဲ ပင်လယ် နှင့် Dead Sea အကြားတွင်တည်ရှိပြီး အစ္စရေးမြို့ ( Tel Aviv-Yafo မြို့) ၏အရှေ့တောင် ဖက် မိုင် ၃၀ အကွာတွင်တည်ရှိသည်။ထိုမြို့အား ဂျူးဘာသာဖြင့် Yerushalayim ဟု၄င်း အာရပ် ဘာသာဖြင့် Al Quds ဟု၄င်း
ခေါ်ဆိုကြ သည်။

 ၁၉၄၈ - အစ္စရေးနိင်ငံ စတင်ထူထောင်ချိန် က အနောက်ဂျေရုဆလင်ဒေသသည် ဂျူးလူမျိုးများ အခြေချနေထိုင် သည့် ဒေသဖြစ်ပြီး အစ္စရေးနိင်ငံ၏ အစိတ်အပိုင်းဒေသ ဖြစ်သည် ။အရှေ့ဂျေရုဆလင် မှာ အာရပ်လူဦးရေ အများ ဆုံးနေထိုင်သည့် အရပ်ဖြစ်ပြီး ၁၉၆၇ - အချိန်အထိ ဂျော်ဒန်နိင်ငံမှ ထိန်းချုပ်ခဲ့သည်။အာရပ် - အစ္စရေး ၆ - ရက် စစ်ပွဲ ( ၁၉၆၇ - ခုနှစ် )အချိန်က အရှေ့ဂျေရုဆလင်မြို့ကို အစ္စရေးတို့ ကသိမ်းယူခဲ့သည် ။ထိုအချိန်မှစ၍ ဂျေရုဆ လင်တမြို့လုံးကို အစ္စရေးတို့မှ ထိန်းချုပ် ခဲ့ခြင်းဖြစ်သည်။အစ္စရေးတို့မှ ဂျေရုဆလင်မြို့အား အစ္စရေးတို့၏ မြို့ တော်အဖြစ်သတ်မှတ်ကြေညာထားခဲ့ကြသည်။

သို့သော်ပါလက်စတိုင်းများမှ ဆန့်ကျင်ကန့်ကွက်သဖြင့် ထိုကြေငြာချက်ကို ကုလသမဂ္ဂမှ အသိအမှတ်မပြုခဲ့ပေ ။
ဂျေရုဆလင်မြို့ အား ဂျူးဘာသာ ၊ ခရစ်ယန် ဘာသာ ၊အစ္စလမ် ဘာသာတို့တွင် ဘာသာရေးအရ အထွဋ် အမြတ် ထားရာ (holy city ) ဟုလက်ခံထားကြသည် ။

နောက်ကြောင်းသမိုင်း

သမိုင်းပညာရှင်များမှ ဂျေရုဆလင် မြို့သည်ဘီစီ ၅၀၀၀ - ခန့်အချိန်မှ စတင်တည်ရှိခဲ့သည်ဟုယူဆကြသည်။
ဘီစီ ၁၅ - ရာစုအချိန်မှစပြီးရှေးခေတ် အီဂျစ်ဘုရင်၏ဒေသဖြစ်ခဲ့သည်။အီဂျစ် သမိုင်းအရ ဂျေရုဆလင်မြို့သည်
ဘီစီ ၁၄ -ရာစု အချိန်က အီဂျစ်ဘုရင်တည်ခဲ့သည့် Urusalim အမည်ရမြို့ဖြစ်သည်။ဘီစီ ၁၂၅၀ အချိန်တွင်အီဂျစ် ဒေသမှ ရှေးခေတ်လူမျိုး Hebrews များမှ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းကို သိမ်းယူခဲ့ပြီး ပါလက်စတိုင်းဟုခေါ် ဆိုခဲ့ကြသည် ။ဘီစီ ၁၀၀၀ အချိန်တွင် အစ္စရေးဘုရင် David မှ ဂျေရုဆလင်မြို့ကိုသိမ်းယူခဲ့သည်။အစ္စရေး ( ဂျူး ) လူမျိုးများသည် ရှေးခေတ် အီဂျစ်လူမျိုးများ၏ ကျွန်များဖြစ်ကြသည်။ 

ဂျူးတို့၏ ဘာသာရေး မြို့

 ဂျူးလူမျိုးတို့ ၏Bible ကျမ်းစာအရ အစ္စရေးဘုရင် David သည် ဘုရားရှင်၏ အဆိုအမိန့်များ၊ဗျာဒိတ်တော်များ ကို ဂျေရုဆလင်အနောက်ဖက်ကမ်းမှ ဂျေရုဆလင်မြို့သို့ ယူဆောင်ခဲ့သည် ။ ထို့အတူ ဘာသာရေးဆိုင်ရာ ၀တ်ပြု ဆုတောင်းသည့် အဆောက်အဦးတချို့ကို ဂျေရုဆလင်မြို့တွင် ပထမဆုံးတည်ဆောက်ခဲ့သည်ဟုဆိုသည်။David ကွယ်လွန်ပြီးနောက် သူ့အရိပ်အရာကိုဆက်ခံသည့် သူ့သား Solomon လက်ထက်တွင်လဲ ဂျေရုဆလင်မြို့ နံရံ နှင့် အဆောက်အဦးများကိုဆောက်လုပ်ခဲ့ကြသည်။ 

ဘီစီ ၉၂၂ - ခုနှစ်တွင် အစ္စရေးဘုရင် Solomon ကွယ်လွန်ပြီးနောက် ဤ ဒေသတွင် အစ္စရေးဘုရင် ဒေသ နှင့် နှင့်
Judah ဘုရင် ဒေသ ဟူ၍ကွဲထွက်သွားခဲ့သည်။ နောက်ပိုင်း Judah ဘုရင်များမှ အစ္စရေးဘုရင်အားစစ်အောင်နိင် ပြီး Solomon’s ဘုရင်တည်ဆောက်ခဲ့သည့် ဘာသာရေးဆိုင်ရာအဆောက်အဦးများကို ဖျက်ဆီးကာ အစ္စရေး လူ မျိုးများအား ပါလက်စ္စတိုင်း ဒေသမှ ဘေဘီလုံဒေသသို့မောင်းထုတ်ခဲ့ကြသည်။

ဘီစီ ၅၃၉ အချိန်တွင် ဘေဘီလုံဒေသအား ပါရှန်များမှ သိမ်းယူခဲ့ ပြီးနောက်ဂျူးလူမျိုးများအား ဘေဘီလုံ မှ ဂျေရု ဆလင်မြို့သို့ပြန်ခွင့်ပေးခဲ့သည်။ ထိုအခါ ဂျူးလူမျိုးများသည် ဂျေရုဆလင်မြို့ရှိ အဆောက်အဦးဟောင်းနေရာ တွင် အဆောက်အဦး သစ် များအား ဒုတိယအကြီမ်ပြန်လည်တည်ဆောက်ခဲ့ကြသည်။

ဘီစီ ၃၃၃ - အချိန်တွင် ဂျေရုဆလင်အား ဂရိဒေသမှ ဘုရင် Alexander the Great မှသိမ်းယူ ခဲ့သည်Alexander  the Great သေဆုံးပြီးနောက် ဂျေရုဆလင်မြို့အား အီဂျစ် ဘုရင်များမှ၄င်း ၊ နောက်ပိုင်း Syrians ဘုရင်များမှ ၄င်း သိမ်းယူခဲ့ကြသည်။

ဘီစီ ၁၆၈ အချိန်က Syrian ဘုရင် Antiochus IV မှ ဂျူးဘာသာ ရေးအဆောက်အဦး နှင့် တကွ ဂျေရုဆလင်မြို့ အားဖျက်ဆီးပစ်ခဲ့ကြသည် ။  

ရောမခေတ်

 ဘီစီ ၆၃ - အချိန်တွင် ဂျေရုဆလင်မြို့အား ရောမဘုရင် Pompey မှသိမ်းယူခဲ့သည်။ဘီစီ ၃၇ - အချိန်တွင် ရောမ ဘုရင် တဦးဖြစ်လာသည့် Herod the Great သည် ဘာသာရေးကို လွတ်လပ်ခွင့်ပေးခဲ့သူတဦးဖြစ်သည်။ ယနေ့ ဂျေရုဆလင်မြို့တွင်တွေ့ရှိနိင်သည့် အနောက်ဖက်နံရံသည် သူအုပ်ချုပ်ချိန် က ဂျူးလူမျိုးများ တည်ဆောက်ခဲ့ သည့် ဘာသာရေးအဆောက်အဦးဖြစ်သည်။

အေဒီ ( ၂၆ - ၃၆ ) အချိန်က ဤဒေသ အား အုပ်ချုပ်ခဲ့သည့်ရော်မန်အုပ်ချုပ်သူ Pontius Pilate သည် ခရစ်ယန် ဘာသာ စတင် ထူထောင်ခဲ့သူ Jesus အားသေဒါဏ် ချမှတ်ခဲ့သူဟု ဆိုသည်။အေဒီ ( ၆၆ - မှ ၇၀) အချိန် အထိ
ဂျေရုဆလင်ဒေသမှ ဂျူးများသည် ရောမ ဘုရင်အုပ်ချုပ်မှုကို ဆန့်ကျင်ကာ ဂျေရုဆလင်မြို့ကို ပြန်လည်ထိန်းချုပ် ခဲ့ကြသည်။ 

အေဒီ ၇၀ အချိန်တွင် ရောမ ဘုရင်များမှ ဂျေရုဆလင်မြို့ကိုပြန်လည်သိမ်းယူခဲ့ကြသည်။

အေဒီ ( ၁၃၂ - ၁၃၅ ) အချိန် တွင် ဂျူးများမှ ရောမန်အုပ်ချုပ်မှုအား တော်လှန်ပုန်ကန်မှုဖြစ်ပွား ခဲ့သဖြင့်ဂျေရုဆ လင်မြို့အားရောမန်တပ်များမှ ဖျက်ဆီးခဲသည်။ ထို့နောက်မြို့သစ်တည်ဆောက်ပြီး Aelia Capitolina မြို့ဟုအ မည်သတ်မှတ်ခဲ့သည်။ သို့သော်လဲမြို့အမည်မှာ ဂျေရုဆလင် အမည်ဖြင့်သာ ထင်ပေါ်ခဲ့သည်။ ရောမဘုရင် Constantine the Great ( အေဒီ ၃၀၃ - ၃၃၇ ) ခေတ်အချိန်က ဂျေရုဆလင်မြို့ တွင် ခရစ်ယန် ဘုရားကျောင်း များ ကိုစတင်တည်ဆောက်ခဲ့သည်။ရော်မန်များသည် ဂျေရုဆလင်ဒေသတွင်ခရစ်ယန် ကိုးကွယ်ယုံကြည်မှု မြင့် တက်လာရန်ကြိုးစားခဲ့ကြသည်။ 

အေဒီ ၁၀၉၉ - အချိန်တွင် ခရူးဆစ်စစ်ပွဲဖြစ်ပွားပြီး ဂျေရုဆလင်မြို့အား ခရစ်ယန်ဘာသာ၀င် ခရူဆာများမှ သိမ်း ယူခဲ့ကြသည်။ထိုအချိန်မှစ၍ ဂျေရုဆလင်မြို့သည် ဘာသာရေး နှင့် အုပ်ချုပ်ရေး ရောထွေးနေသည့်မြို့ ဖြစ်လာ ခဲ့သည် ။

မူဆလင်ခေတ် 

ဂျေရုဆလင်မြို့သည် အေဒီ ၆၃၈ - အချိန်က မူဆလင်စစ်သူကြီး Caliph Umar I လက်အောက် သို့ကျ ရောက်ပြီး
မူဆလင်အယူဝါဒရောက်ရှိလာခဲ့သည်။မူဆလင်များစစ်အောင်နိင်ပြီး Dome of the Rock အမည်ရ မူဆလင်ဗလီ ဘုရားကျောင်းကို ဂျေရုဆလင်မြို့ရှိ ရှေးယခင် ဂျူးဘုရားကျောင်း နေရာတွင် တည်ဆောက်ခဲ့ကြသည်။အေဒီ ၁၁ ရာစုအချိန်တွင် မူဆလင်များသည် အင်အားကြီးထွားလာပြီးနောက် ယနေ့ တူရကီဒေသတွင်အင်ပါယာထူထောင် ကာ ထိုမှတဆင့်ဂျေရုဆလင်မြို့ကို အုပ်ချုပ်ခဲ့ကြသည်။

မူဆလင်များ နယ်မြေချဲ့ထွင်လာမှု နှင့်အတူ ၁၀၉၉ - ခုနှစ်တွင် ဥရောပ အနောက်ဖက်ဒေသမှ ပုဒ်ရဟန်းမင်းကြီး Urban II မှ ခရစ်ယန် ဘာသာ၀င်များကိုစုစည်းကာ စစ်ပွဲဆင်နွဲပြီး ခရူးဆစ် စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်။ပထမခရူး ဆစ်စစ်ပွဲတွင် ခရစ်ယန်များမှ စစ်အောင်နိင်ပြီးဂျေရုဆလင်မြို့ကိုသိမ်းယူနိင်ခဲ့သည်ထို့နောက်မူဆလင်နှင့်ဂျူးတို့ ၏ နေအိမ်များ နှင့် ဘာသာရေး အဆောက်အဦးများကို ဖျက်ဆီးပစ်ခဲ့ကြသည်။

အေဒီ ၁၁၈၇ အချိန်တွင် မူဆလင်များမှ ဂျေရုဆလင်မြို့ကိုပြန်လည်သိမ်းယူခဲ့ကြသည်။အေဒီ ၁၅၁၇ အချိန်တွင်
အော်တိုမင်အင်ပါယာ ကြီးထွားလာပြီး ဆူလတန် ဘုရင်များမှ အေဒီ ၂၀ -ရာစု အချိန်အထိ ဂျေရုဆလင်မြို့ကို
အုပ်ချုပ်ခဲ့ကြသည်။မူဆလင် အုပ်ချုပ်ချိန်က ဂျေရုဆလင်မြို့သည်စီးပွားရေးအရ အရေးမပါဘဲ နိင်ငံရေးအရ သာ ထိန်းချုပ်ခဲ့ကြသည်။ ထိုအခါ ဂျေရုဆလင်ဒေသသည် ဆင်းရဲသားများသာနေထိုင်သည့် ဒေသတခုဖြစ်လာခဲ့သည် ။
၁၉ -ရာစုအချိန်တွင် ဂျေရုဆလင်မြို့၌ ဂျူးလူမျိုးများတဖြည်းဖြည်းများပြားလာခဲ့သည်။ ဂျူးလူမျိုးအများစုသည်
ဂျေရုဆလင်မြို့ဟောင်းဒေသ တွင်နေထိုင်ကြသည်။ ဂျေရုဆလင်မြို့ဟောင်းသည် အနောက်ဖက် ကမ်းဒေသဖြစ် ပြီး ရှေးယ္ခင်က ဘာသာရေး အဆောက်အဦးများတည်ရှိခဲ့ရာနေရာဖြစ်သည်။ နောက်ပိုင်းဂျူးများသည် အနောက် ဖက်ကမ်းနံရံအနီးရှိ အာရပ်ကျေးရွာအနီးဒေသများသို့ချဲ့ ထွင် နေထိုင်လာခဲ့ကြသည်။

အစ္စရေးနိင်ငံဖြစ်ပေါ်လာခြင်း

၁၈၉၆ ခုနှစ် တွင်ဟန်ဂရီဖွား ဂျူးစာရေးဆရာ Theodor Herzl မှ ပါလက်စတိုင်း တွင် ဂျူးပြည်နယ် ထူထောင် ရန် အဆိုပြုသည့်စာအုပ်တအုပ် ရေးသားခဲ့ရာမှ စ၍ ဂျူးများနေရပ်ပြန်ရန်နိုးကြားလာခဲ့သည်။ ၁၈၉ရ ခုနှစ် တွင် ဆွေဇလန်နိုင် ဗာဆေး ၌ ကမ္ဘာတလွှားမှ ဂျူးများစုစည်း၍ ဂျူးညီလာခံ ကိုကျင်းပခဲ့သည်။ ရည်ရွယ်ချက်မှာ ဂျူး လူမျိုးများ ပါလက်စတိုင်းသို့ ပြန်ပြီးကိုယ်ပိုင်နိင်ငံထူထောင်ရန်ဖြစ်သည်။  

၁၉၁၄ ခုနှစ် အချိန်တွင်ဤဒေသ၌ ဂျူးလူမျိုး လူဦးရေ ၈၅၀၀၀ အထိ ရှိလာသည်။ ဗြိတိသျှ အစိုးရမှလဲဂျူးလူမျိူး များ ပါလက်စတိုင်း နေရပ်ပြန်ပြီးနိုင်ငံထူထောင်ရန်ကူညီမည်ဟု Balfour ကျေငြာချက်ထုတ်ပြန်ခဲ့သည်။ ပထမ ကမ္ဘာစစ် ( ၁၉၁၄- ၁၉၁၈ ) အတွင်း အော်တိုမင်များသည် ဂျမန်ဖက်မှ ၀င်ရောက်တိုက်ခဲ့ကြသည်မဟာမိတ်တို့မှ စစ်အောင်နိင်ပြီးနောက် အော်တိုမင်အင်ပါယာ ပျောက်ကွယ်သွားခဲ့သည်။၁၉၁၇ - ခုနှစ်အချိန်မှစ၍ ဂျေရုဆလင် မြို့သည်လဲ ဗြိတိသျှ ထိန်းချုပ်ရာမြို့ဖြစ်လာခဲ့သည်။

၁၉၂၀ ခုနှစ် တွင် အာရပ် များမှ ဂျူးလူမျိူးများသည် အာရပ် နိင်ငံများလွတ်လပ်ရေးအတွက် အနှောင့် အယှက် ဟုရှုမြင်ပြီး ဂျေရုဆလင် တွင် ဂျူးဆန့်ကျင်ရေး တိုက်ခိုက်မှုများကိုပြုလုပ်လာကြသည်။ ၁၉၂၂ ခုနှစ် ဇူလိုင်လ တွင် နိင်ငံပေါင်းချုပ်အသင်းကြီး မှလဲ ငြမ်းချမ်းရေးအတွက် ဂျူးနိုင်ငံထူထောင်ရန် အချိန်သတ်မှတ်ပေးရေး ဗြိတိ သျှ အစိုးရအားဖိအားပေးခဲ့သည်။ 

ရုရှား ၊ ပိုလန် ၊ ဂျာမဏီ စတဲ့ နိင်ငံများမှ ဂျူးလူမျိုးအများအပြားသည်လဲ ပါလက်စတိုင်းဒေသသို့အခြေချရန် ရောက်ရှိလာခဲ့ကြသည် ။ ၁၉၃၉ ခုနှစ် တွင်ဗြိတိသျှ အစိုးရမှလဲ ဂျူးများအား လူဦးရေ စစ်ပြီး ၁၀နှစ်အတွင်း ဂျူး ပြည်နယ်ထူထောင်ရန်ကတိပေးခဲ့သည်။ ဒုတိယကမ္ဘာစစ် အတွင်း နာဇီဂျာမဏီများသည် ဂျူးများအား လူမျိူး တုန်းသတ်ဖြတ်ခဲ့ကြသည်။ ခန့်မှန်းခြေ ဂျူးလူမျိုး-၆ သန်းခန့်သေဆုံးခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းအမေရိက သည်ဂျူးလူမျိုးများ၏ Center ဖြစ်လာခဲ့သည်။ ၁၉၄၂ ခုနှစ် တွင် နယူးယောက်၌ ဂျူးညီလာခံ ကျင်းပပြီးဗြိတိသျှ အစိုးရ၏အချိန် ( ၁၀- နှစ် ) ကိုလက်မခံဘဲချက်ချင်းပါလက်စတိုင်းတွင် ဂျူးနိင်ငံ တည်ထောင်ရန်တောင်းဆိုခဲ့ကြ သည်။ 

သို့သော်လဲ ဒုတိယကမ္ဘာစစ် တလျှောက်လုံးဗြိတိသျှ အစိုးရသည် သူ၏ အစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့သည်။
နောက်ထပ်နာဇီစခန်းမှ လွတ်မြောက်လာသူအများအပြားသည်လဲ ပါလက်စတိုင်းသို့ ရောက်ရှိလာခဲ့ကြသည်။
၁၉၄ရ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဗြိတိသျှ အစိုးရသည် ပါလက်စတိုင်း ပြဿနာအား ကုလသမဂ္ဂ အဖွဲ့ကြီးသို့လွှဲ ပြောင်းပေးလိုက်သည်။

၁၉၄ရ နို၀င်ဘာ ၂၉ ရက်တွင် ကုလသမဂ္ဂ အထူးကော်မတီမှပါလက်စတိုင်းအားဂျူးပြည်နယ်နှင့်အာရပ်ပြည်နယ် နှစ် ခုခွဲခြားရန် မဲခွဲဆုံးဖြတ်ခဲ့သည်။ ဂျေရုဆလင် အားလဲ အပြည်ပြည်ဆိုင်ရာမြို့အဖြစ်သတ်မှတ်ခဲ့သည်။ထိုဆုံး ဖြတ်ချက်ကို ဂျူးများမှလက်ခံပြီး အာရပ်များမှကန့်ကွက်ခဲ့ကြသည်။ နောက်ဆုံး ၁၉၄၈ ခုနှစ် မေလ၁၄ ရက်တွင်
ဂျူးလူမျိုးများသည်သူတို့၏သမိုင်း၀င်နေရာ၌ အစ္စရေး နိင်ငံကိုထူထောင်ခဲ့ကြသည်။ ထိုထူထောင်တဲ့ အချိန်
၁၉၄၈ ခု နှစ်တွင်ပင် အာရပ်-ငါးနိင်ငံ ( အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ လက်ဘနွန်၊ အီရတ် ) နိုင်ငံများမှအစ္စရေး အား၀င်ရောက်တိုက်ခိုက်ကြသည်။ 

ထိုစစ်ပွဲကို ပထမ အစ္စေရေး - အာရပ်စစ်ပွဲ ( ၁၉၄၈ - ၄၉ ) ဟု၄င်း အစ္စရေးနိင်ငံလွတ်လပ်ရေး စစ်ပွဲဟု၄င်း ခေါ် ကြသည်။ထိုစစ်ပွဲအပြီးတွင် ဂျော်ဒန်တပ်များမှ ဂျေရုဆလင်မြို့ဟောင်းအများစုပါ၀င်သည့် အရှေ့ဖက်ခြမ်း ကို သိမ်းယူပြီးထိန်းချုပ်ထားခဲ့ကြသည်။ဂျေရုဆလင်မြို့ကိုလဲ အရှေ့ဂျေရုဆလင် နှင့် အနောက်ဂျေရုဆလင်ဟု ပိုင်း ခြားခဲ့ကြသည်။

ခေတ်သစ်ဂျေရုဆလင် 

၁၉၅၀ - ခုနှစ်တွင် အစ္စရေးတို့မှ ဂျေရုဆလင်မြို့အားသူတို့၏မြို့တော်အဖြစ်ကြေငြာခဲ့သည်။ ထိုအချိန်အတွင်း အစ္စရေးထိန်းချုပ်ရာ ဂျေရုဆလင် အနောက်ဖက်ခြမ်းသည်တိုးတက်လာခဲ့ပြီးဂျော်ဒန်များထိန်းချုပ်ရာ အရှေ့ ဂျေ ရုဆလင်ဖက်ခြမ်းမှ ရှေးခေတ် ဂျူး နှင့် ခရစ်ယန်များ၏ ဘာသာရေး အဆောက်အဦးများမှာ အကြီးအကျယ်ပျက် စီးပြီး ဂရုမစိုက်ပဲ-ပစ်ထားခံနေရသည်။

၁၉၆၇ ခုနှစ် အာရပ် - အစ္စရေး ၆ ရက်စစ်ပွဲ အတွင်း အစ္စရေး တို့သည် ဂိုလန်ကုန်းမြင့် အနောက်ဖက်၊ ဂါဇာကမ်း မြှောင်ဒေသ နှင့် အာရပ်အများစု ရှိရာ ဂျေရုဆလင် မြို့၏အရှေ့ဖက်ကို သိမ်းယူခဲ့သည်။ ၁၉၈၀ - အချိန်တွင် အစ္စ ရေးတို့သည် ဂျေရုဆလင်မြို့ဧရိယာကိုချဲ့ပြီး မြို့တော်အဖြစ်တိုးချဲ့ခဲ့ကြသည်။ ၁၉၉၀ - အချိန်မှစ၍ဂျေရုဆလင် မြို့အနောက်ဖက် ဒေသ တွင် ဂျူးများနေထိုင်ကြပြီး ၊ အရှေ့ဖက်ဒေသတွင် ဂျူးလူမျိုး နှင့်အာရပ်လူမျိုးအညီအမျှ နေထိုင်လာခဲ့သည်။ ဂျေရုဆလင်မြို့သည် ရှည်လျှား ရှပ်ထွေးသည့်သမိုင်းကြောင်းများ ကြောင့်၄င်း၊ ဘာသာရေး ဆုံမှတ် နေရာ ဖြစ်နေသောကြောင့်၄င်း ကမ္ဘာပေါ်တွင် နိင်ငံရေးပြသနာ အရှုပ်ထွေးဆုံး မြို့ တမြို့ဖြစ်သည်။

ဂျေရုဆလင်မြို့ရှိ ဂျူး ဘာသာ၊ ခရစ်ယန်ဘာသာ ၊ အစ္စလမ် ဘာသာတို့၏ အထွဋ်အမြတ်ထား ရာနေရာများ မှာ…… 

Western Wall, Jerusalem

ဂျေရုဆလင်မြို့မှ အနောက်ဖက်နံရံဖြစ်သည်။ ထိုနံရံကို Wailing Wall ဟုလူသိများသည်။ ထိုနံရံသည် ဂျူးတို့ ဘာသာရေး အထွဋ်အမြတ်ထားရာနေရာ၌ ဒုတိယအကြိမ်ပြန်လည် တည်ဆောက်ခဲ့သည့် ဂျူးဘု၇ားကျောင်း နံရံဟုယုံကြည်ကြသည်။ ထိုကျောင်းကို အေဒီ ရ၀ အချိန်က  ဖျက်ဆီးခြင်းခံခဲ့ရသည်ဟုဆိုသည်။ထိုနေရာသို့ ဂျူး ဘာသာ၀င်များစွာလာရောက်ပြီး ဥပုဒ်စောင့်ခြင်း ၊ ၀တ်ပြုဆုတောင်းခြင်းများကိုပြုလုပ်လေ့ရှိကြသည်။

Church of the Holy Sepulchre 

ဂျေရုဆလင်မြို့တွင်တည်ရှိသည့် Church of the Holy Sepulchre နေရာသည်ခရစ်ယန်ဘာသာ၀င်တို့၏အထွဋ် အမြတ်ထားရာနေရာတခုဖြစ်သည်။ထိုနေရာသည် Jesus Christ လက်ဝါးကပ်တိုင်တွင်အသတ်ခံရပြီးမြှုပ်နှံထား သည့် သချိုင်းနေရာဟုယုံကြည်ကြသည်။

Dome of the Rock 

ဂျေရုဆလင်မြို့တွင်တည်ရှိသည့် မူဆလင်တို့၏ အထွဋ်အမြတ်ထားသည့်နေရာဖြစ်သည်။ မူဆလင်တို့မှထိုနေရာ သည် သူတို့ဘာသာရေးခေါင်းဆောင် မိုဟာမက် နတ်ပြည်သွားသည့်နေရာဟုယုံကြည်ကြသည်။ အမှန်တော့ ဤ နေရာသည် ဆော်လမွန် ဘုရင်၏ ဂျူးဘုရားကျောင်းရှိခဲ့ရာနေရာဖြစ်သည် ။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */