" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 16, 2023

အာရပ် - အစ္စရေး ( ၆ ) ရက် စစ်ပွဲ။ ( Six Day War )

 အာရပ် - အစ္စရေး ( ၆ ) ရက် စစ်ပွဲ။ 

( ပထမပိုင်း )
( Six Day War )
( ၁၉၆၇ ခုနှစ် ၊ ဇွန်လ )

ခေတ်သစ်စစ်သမိုင်းတွင် အချိန်အတိုးဆုံးစစ်ပွဲဖြစ်ပြီး အစ္စရေးနိုင်ငံစစ်စွမ်းရည်ကို ကမ္ဘာကတုန်လှုပ်ခဲ့ရသည့် စစ်ပွဲဖြစ်သည်။
အာရပ်_အစ္စရေး_နောက်ခံသမိုင်း 

ကမ္ဘာဦးကျမ်းလာအဆိုများ

 လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်ကဖြစ်သည်။ အေဘရာဟင်၏ သားများဖြစ်ကြသော အစ်ရှ်မေယယ်နှင့် အစ် ဇာယယ် နှစ်ဦးမှတဆင့် အာရပ်နှင့် ဂျူးလူမျိုးများ ဆင်းသက်ပေါက်ဖွားလာကြသည်။ အစ်ရှ်မေယယ်၏ မိခင်မှာ အီဂျစ်ကျွန်အမျိုးသမီးဖြစ်၍ ဖခင်နယ်မြေမှ နှင်ထုတ်ခံရသည်။ အစ်ရှ်မေယယ်သည်တောထဲတွင်နေထိုင်သွား ရ သည်။ ၎င်းမှတဆင့် ဆင်းသက် ပေါက်ဖွားလာသူများကို ဘီဒင်လူမျိုးစုဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယနေ့ အာရပ်လူ မျိုးများ၏ ဆင်းသက်ရာဟု ဆိုသည်။ အစ်ဇာယယ်မှ ပေါက်ဖွားလာသော လူမျိုးစုမှာ ဂျူ းလူမျိုးစု ၁၂ စု ပင်ဖြစ် သည်။ ၎င်းတို့အနက် ၂ စု မှာပျောက်ဆုံးနေသည်။ ထိုပျောက်ဆုံးနေသော လူမျိုးစု ၂ စု အနက် တစ်စုမှာအင်္ဂလိပ် လူမျိုးများ ဖြစ်လာကြသည်ဟု ယုံကြည်ကြသည်။ တစ်စုကို တရုတ်ပြည်တွင် တွေ့ရသည်ဟုဆို၏။

အီဂျစ်နိုင်ငံတွင် ဖိနှိပ်ကျွန်ပြုခံနေရသော ဂျူ းလူမျိုးများကို တမန်တော်မောဆက် ( Moses ) က စုစည်းခေါ် ဆောင်ပြီး ဆိုင်းနိုင်းသဲဂန္တာရကိုဖြတ်သန်း၍ ကာနန်ဒေသသို့ ခေါ်ဆောင်လာသည်။ စစ်လိုလားသော ဂျူး လူမျိုး များသည် ကာနန်ဒေသတွင် အခြေချနေထိုင်လျက်ရှိသော လူမျိုးစုများကို တိုက်ခိုက်အောင်ပွဲခံခဲ့သည်။ ထိုလူမျိုး များမှာ အာရပ်လူမျိုးများသာ ဖြစ်ပေသည်။ ထိုအချိန်မှစ၍ ခရစ်ပေါ်ပြီး သက္ကရာဇ် ၇၀ ပြည့်နှစ်အထိ ဂျူး တို့ သည် ကာနန်( Canaan ) ဒေသတွင် အခြေစိုက် နေထိုင်ကာ ဘေဘီလုံအင်ပါယာလက်အောက်၊ အလက်ဇန္ဒား ဘုရင်၏ လက်အောင်တို့တွင် နှစ်ပေါင်းများစွာ ကျွန်ပြု နှိပ်စက်ခံခဲ့ကြသည်။ 

ခရစ်ပေါ်ပြီး ၇၀ ပြည်နှစ်ခန့်တွင် ရောမအင်ပါယာမှ တိုင်းတပ်စ် ( Titus ) ၏တိုက်ခိုက်သိမ်းပိုက်ခြင်းခံရပြီးရောမ အင်ပါယာ၏ လက်အောက်သို့ ရောက်ခဲ့ပြန်သည်။ ခရစ်ပေါ်ပြီး ၁၃၅ ခုနှစ်တွင် ဂျူးခေါင်းဆောင် ဂျူဒေယာ ( Judaea )က ရောမအင်ပါယာကို တော်လှန်ပုန်ကန်သဖြင့် ရောမတို့က နှိင်နင်းပြီး ဂျူး တို့တည်ထောင်ထားသော ဂျေရုဆလင်မြို့ကိုပါ မြေလှန်ဖျတ်ဆီးပစ်ကာ ဂျူးများအားလုံးနီးပါး အသက်ခံကြရပြီး တစ်ချို့မှာ ထွက် ပြေး တိမ်းရှောင်သွားကြသည်။ တစ်ချို့မှာ နိုင်ငံမှ နှင်ထုတ်ခြင်း ခံကြရသည်။ ဂျေရုဆလင်မြို့မှာလည်း မြို့နေရာပင် မကျန်အောင် ရှင်းလင်းဖျတ်ဆီးပစ်ခြင်း ခံရသည်။ 

ဂျူးများကိုလည်း မိမိသားမယာများကို မိမိကိုယ်တိုင် သတ်စေခြင်း၊ ၁၀ ယောက်ကို ၁ယေက်ကသတ်ရပြီးနောက် ဆုံးကျန်သည့် တစ်ယောက်ကိုမူ မိမိကိုင်ဆောင်သည့် ဓါးပေါ်သို့ လှဲအိပ်စေခြင်းဖြင့် ဂျူးများကိုလူမျိုးပြုန်းအောင် ညှဉ်းပန်းခဲ့သည်။ သို့ရာတွင် ကျောက်ဂူတွင် ပုန်းအောင်နေသော အဖွားအို ၂ ယောက်နှင့် ကလေး ၅ ယောက်မှာ လွတ်မြှောက်သွားသည်။

နောက်နှစ်ပေါင်း ၆၀ ကြာသောအခါ ထပ်မံတော်လှန်တိုက်ခိုက်မှု ဖြစ်ခဲ့သေးသော်လည်း အောင်မြင်မှုမရှိပဲ ဂျူး လူမျိုးတို့ ထပ်မံပျောက်ကွယ်သွားခဲ့ပြန်သည်။ ရောမတို့ အသစ်ပြန်လည်တည်ဆောက်ထားသောဂျေရုဆလင်မြို့ သစ်တွင် မည်သည့်ဂျူးလူမျိုးကိုမျှ ခြေချခွင့်မပေးတော့ပေ။ သို့ရာတွင် ဂျူးလူမျိုးတို့ကာ ကျန်ရှိနေသေးသည်။ သို့သော်ဂျူးနိုင်ငံတည်ထောင်လိုသော ရည်ရွယ်ချက်မှာမှု ပျောက်ကွယ်မသွားခဲ့ပေ။ ပါလက်စတိုင်းကို ရောမများ အုပ်စိုးနေချိန်တွင် ဂျူးများသည် အာရှမိုင်းနား နိုင်ငံများသို့ ပျံနှံထွက်ပြေးခဲ့ကြသည်။ တစ်ချို့က ပင်လယ်နီကမ်း ရိုး တန်းတောင်ပိုင်း၊ ရုရှား ၊ ဂျာမဏီနှင့် အင်္ဂလန်ကျွန်းသို့ ပျံနှံသွားကြသည်။ ဂျူးနိုင်ငံတည်ထောင်ရေးဆန္ဒကို လည်း အသက်ရှင်ကျန်ရစ်သော မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းပေးခဲ့ကြသည်။မိဘဘိုးဘွားမှ သားစဉ်မြေးဆက်သို့ ဂျူးတို့၏မူရင်းဒေသတွင် ပြန်လည်နေထိုင်ရေးကိုလည်းနှုတ်ဖြင့်ဆင့်ပွါးမှာကြားခဲ့ကြသည်။
ဂျူးတို့သည် မောဆက်၏ ဆိုဆုံးမမှုကို လိုက်နာကြပြီး စိတ်ဓါတ်ရေးရာ ကိုယ်ကျင့်တရားများကို စောင့်ထိန်း ကြ သည်။ ယခုတိုင်အသုံးပြုလိုက်နာနေသော တရားဥပဒေများ ဘာသာရေးအလေ့အထများ အစဉ်အလာများသည် မောဆက်၏ သွန်သင်ဆုံးမချက်များသာ ဖြစ်သည်။ ဥရောပတွင်၎င်း အာရှတွင်၎င်း နေထိုင်ကြသောဂျူး တို့သည် အခြားလူမျိုးတို့၏ ယဉ်ကျေးမှုကို ဝါမျိုခဲ့ကြသည်။ 

ဂျေရုဆလင်မြို့
ခရစ်ပေါ်ပြီး ၅၇၀ ပြည်နှစ်တွင် မိုဟာမက်ကို မက္ကာမြို့တွင်မွေးဖွားသည်။ အစ္စလာမ်ဘာသာသည် တမန်တော် မိုဟာမက်၏ သွန်သင်ဆုံးမဟောကြားချက်များသာဖြစ်သည်။ အစ္စလာမ်ဟူသည်မှာ '' ဘုရားသခင်၏အလိုတော် အတိုင်း ကျင့်ကြံအားထုပ်ခြင်း '' ဟု အဓိပ္ပါယ်ရသည်။ သက္က္တရာဇ် ၆၃၂ ခုနှစ်တွင် တမန်တော်မိုဟာမက်ကွယ်လွန် သည်။ တမန်တော်မိုဟာမက် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၁၀၀ ခန့်အကြာတွင် အစ္စလာမ်ဘာသာသည် မက္က္တာ မြို့ ၏ အပြင်သို့ ပျံနှံသွားသည်။ အေဒီ ၇၃၂ ခုနှစ်တွင် တူးအာစ်စစ်ပွဲ (Battle Of Tours ) ဖြစ်ပွားပြီးနောက် အစ္စလာမ်ဘာသာမှာ ပိုမိုပျံနှံလာခဲ့သည်။

ဂျေရုဆလင်မြို့သည် ခရစ်ယာန်ဘာသာနှင့် ရေဝတီဘာသာဝင်များအတွက် ထွဋ်မြတ်သော မြို့တစ်မြို့ဖြစ်သကဲ့ သို့ အစ္စလာမ်ဘာသာအတွက်လည်း အထွဋ်မြတ်နေရာဖြစ်လေသည်။ ဂျေရုဆလင်မြို့သည် ဘာသာသုံးခု၏ အ လေးအမြတ်ထားရာ မြို့ဖြစ်သဖြင့် ထင်ပေါ်ကြော်ကြားခဲ့သည်။

နိုင်ငံမဲ့လူမျိုးဘဝ

အေဒီ ၁၀၀၀ မှ ၁၉၀၀ ပြည်နှစ်များအတွင်း ဂျူ းတို့သည် ဘဝရပ်တည်ရေး မိမိလူမျိုးယဉ်ကျေးမှု စုစုစည်းစည်း ရှိရှိလာရေးအတွက် တိုက်ပွဲမျိုးစုံဝင်ခဲ့ကြသည်။ ဂျူးတို့သည် နိုင်ငံတကာတွင် အရေးပါသောနေရာများသို့ ဝင် ရောက်လာနိုင်ကြသော်လည်း သူတို့၏ပါဝင်မှုကို အသိအမှတ်ပြုခြင်းမခံရချေ။ လူမျိူးတိုင်းက ဝိုင်းပယ်ထား ကြ သည်။ ၁၈၇၀ ပြည်နှစ်တစ်ဝိုက်တွင် ဂျာမဏီနိုင်ငံအတွင်း ဂျူးများဝင်ရောက်ခြင်းကို ပိတ်ပင်ရန် ဂျူး ဆန့်ကျင့် ရေးအသင်းက တောင်းဆိုခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌လည်း ဂျူ းဆန့်ကျင့်ရေး ပေါ်ပေါက်ခဲ့သည်။ ၁၈၉၀ ပြည်နှစ်တစ်ဝိုက်တွင် ရုရှားနိုင်ငံ၌ပါ ဂျူးဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလာခဲ့သည်။ မော်စကို-ကိ ယက်ဗ် စသည့်မြို့များတွင် ဂျူ းလူမျိုးကို နေထိုင်ခွင့်မပေးပဲ နှင်ထုတ်ခဲ့ကြသည်။

၁၈၈၂ ခုနှစ်တွင် အော်ဒက်စာမြို့မှ ရူပဗေဒပညာရှင်တစ်ဦးက ၎င်းရေးသားသော စာအုပ်တွင် - - -

'' ဂျူးလူမျိုးများသည် နေရာတကာတွင် ဝိုင်းပယ်ခံနေရကြောင်း၊ မည်သည့်နိုင်ငံကမျှ လက်မခံလိုကြကြောင်း၊နိုင် ငံတစ်ခု၏ နိုင်ငံသားဖြစ်ရေးမှ ခက်ခဲနေကြောင်း ၊ ယင်းအခက်အခဲကို ဖြေရှင်းရန် ဂျူးအမျိုးသားများ သိက္ခာရှိရှိ ဖြင့် ထင်ထင်ပေါ်ပေါ် အတည်တကျနေထိုင်ရန်မှာ ဂျူးအမျိုးသားများ၏ မူလနေထိုင်ရာဖြစ်သော ပါလက်စတိုင်း ဒေသတွင် နိုင်ငံဖန်တီးထူထောင်ကြရန် ပင်ဖြစ်ကြောင်း '' ထုတ်ဖော်ရေးသား လှုံ့ဆော်လိုက်သည်။

စောစောပိုင်း ရာစုနှစ်များကပင် နိုင်ငံအသီးသီးတွင် ပျံနှံနေထိုင်ကြသော ဂျူးလူမျိုးများအနက်ဂျူးအုပ်စုအနည်း ငယ်သည် ဘာသာရေးအကြောင်းပြချက်များဖြင့် ပါလက်စတိုင်းတွင် အခြေချနေထိုင်ရန် ရောင်ရှိလာကြသည်။ ၁၈၀၀ ပြည့်နှစ် ဝန်းကျင်တွင် ရုရှား ပိုလန် ဂျူးများသည် စိုက်ပျိုးရေးသမားများ အသွင်ဖြင့် ပါလက်စတိုင်းသို့ ရောက်လာကြသည်။

၁၈၉၇ ခုနှစ်တွင် ဇီယွန်ဝါဒ လှုပ်ရှားမှုပေါ်ပေါက်လာပြီး ထိုဝါဒကို စတင်တည်ထောင်သူ ဒေါက်တာ သီအိုဒိုဟာ ဇယ် ( Dr - Theodore Herzl ) မှာ စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှုကို အခြေတစိုက်ဆောင်ရွက်ပြီး ပါလက်စတိုင်း တွင် တရာဝင်နေထိုင်နိုင်သော တိုင်းပြည်ထူထောင်ရန်အတွက် ဇီယွန်လှုပ်ရှားမှုရကြောင်းပြောဆိုသည်။ ဂျူးများ သည် ပါလက်စတိုင်းသေဒသို့ လယ်သမား / ယာသမားအဖြစ် ရောက်ရှိလာမှုမှာ ၁၈၀၀ ပြည်နှစ်မှ ၁၉၁၄ ခုနှစ် အတွင်း အံ့သြလောင်အောင်ပင်များပြားလာရာ လူဦးရေ ၂၅,၀၀၀ မှ ၈၀,၀၀၀ အထိရှိလာခဲ့သည်။

 ဇီယွန်ဝါဒကို ဂျူ းလူမျိုးတို့ သက်ဝင်ယုံကြည်လာကြသည်။ လက်ခံလာကြသည်။ကိုယ်ပိုင်တိုင်းပြည်ထူထောင် ရေးရည်မှန်းချက်သည် ဂျူ းလူမျိုးများအား များစွာစွဲဆောင်နိုင်ခဲ့သည်။ ဗြိတိသျှအစိုးရသည် ဟာဇယ်အာ များ စွာအထင်ကြီးပြီး ဆိုင်းနိုင်းကျွန်းဆွယ်ပေါ်တွင် မြေနေရာပေးခဲ့သည်။ ၁၉၁၄ ခုနှစ် အသက် ၄၄ နှစ်တွင် ဟာဇယ် သေဆုံးခဲ့သော်လည်း ၎င်းစတင်ပျိုးထောင်ခဲ့သော ဇီယွန်ဝါဒမှာ ခိုင်မြဲကြီးထွားသည်ထက် ကြီးထွားခဲ့သည်။
ရှုပ်ထွေးမှုအနန္တ
ဂျူးတို့သည် ပါလက်စတိုင်းမြေပေါ်တွင် မြေကွက်တစ်ကွက် ဝယ်ယူရန် ရန်ပုံငွေများ ကောက်ခံစုဆောင်းခဲ့ ကြ သည်။ ၁၉၀၄ ခုနှစ်တွင် ပါလက်စတိုင်းဒေသ၌ ဂျူးများစတင်အခြေချကာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် လာ ကြသည်။ ၁၉၀၉ ခုနှစ်တွင် ဒီဂါနီယာ စုပေါင်းရွာကို စတင်တည်ထောင်သည်။ တစ်ဆက်တည်းမှာပင် အာရပ်မြို့ ဖြစ်သည့် ဂျက်ဖာ ( Jaffa ) အနီးသဲသောင်ပေါ်တွင် တဲလ်အဗိဗ် ( Tel Aviv ) မြို့ကို တည်ထောင်လိုက်သည်။
၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဗြိတိသျှအစိုးရက ဘော်လ်ဖိုး ကြေငြာချက် (Balfour Declaration ) ထုတ်ပြန်သည်။ ၎င်းကြေငြာချက် အဓိပ္ပာယ်မှာ ဂျူးလူမျိုးတို့၏ ဇီယွန်ဝါဒ သက်ဝင်ယုံကြည်မှုအပေါ်စာနာ ထောက်ထားပြီး ဂျူးလူမျိုးတို့အတွက် ပါလက်စတိုင်းတွင် အမျိုးသားနိုင်ငံတည်ထောင်ရန်အတွက် ထောက်ခံ ကြောင်း ကတိပေးချက်များ ပါရှိနေပေသည်။ ယင်းကြေငြာချက်ကြောင့် ပါလက်စတိုင်းရှိ အာရပ်နွယ်ဖွားများက ဘော်လ်ဖိုး ကြေငြာချက်ကို ဆန့်ကျင့်ကန့်ကွက်ပြောဆိုလာကြသည်။ 

၁၉၂၀ ပြည့်နှစ် ဧပြီလတွင်ကျင်းပသော ဆန်နီမိုကွန်ဖရင့်တွင် ပါလက်စတိုင်း အုပ်ချုပ်မှုကိစ္စကို ဗြိတိသျှတို့လက် အောက်သို့ လွဲပြောင်းလိုက်သည်။ အာရပ်လူမျိုးများက လက်မခံကြပေ။ ၁၉၁၂ ခုနှစ်တွင် ဂျူးဆန့်ကျင်ရေး အဓိ က ရုဏ်းများ ဂျက်ဖာမြို့တွင် ဖြစ်ပွားခဲ့သည်။ တစ်ဆက်တည်းမှာပင် ဗြိတိသျှတို့အား ဆန့်ကျင်မှုများလည်း အာ ရပ်လောကတွင် ပိုမိုကြီးထွားလာကြသည်။ ဗိုလ်မှုးကြီး တီအီးလောရင့်သည် အာရပ်တို့နှင့် လက်တွဲတိုက်ပွဲဝင် သဖြင့် ဗြိတိသျှလူမျိုးများကပင် မကျေနပ်ခဲ့ကြချေ။

၁၉၂၂ ခုနှစ်တွင် အီဂျစ်နိုင်ငံကို အင်္ဂလိပ်တို့က လွတ်လပ်သော နယ်မြေအဖြစ် သတ်မှတ်ပေးလိုက်ရတော့သည်။ သို့ရာတွင် အီဂျစ်၌ ဗြိတိသျှတို့ သြဇာလွမ်းမိုးဆဲဖြစ်ရာ ဗြိတိသျှလူမျိုး ဘုရင်ခံချုပ် ဆာလီစတတ် ကို အီဂျစ်အ မျိုးသားရေးဝါဒီများက ၁၉၂၄ ခုနှစ်တွင် လုပ်ကြံသတ်ပစ်လိုက်ကြသည်။ ၁၉၃၃ ခုနှစ်အထိ အကြမ်းဖက် တိုက် ခိုက် မှုများ ဂျူးဆန့်ကျင့်ရေးများ ပိုမိုပြင်ထန်လာခဲ့သည်။ 

၁၉၃၆ ခုနှစ်တွင် အာရပ်လှုပ်ရှားမှုမှ အောက်ပါတောင်း ဆိုချက်များကို တောင်းဆိုလာကြသည် - - -
(၁) ဂျူးလူမျိုးများဝင်ရောက်လာခြင်းကို တားမြစ်ပိတ်ပင်ပေးရန်။
(၂) ဂျူးများအား မြေနေရာရောင်းချခြင်းမှ ရပိဆိုင်းရန်။
(၃) အာရပ်အမျိုးသား ကိုယ်စာလှယ်အစိုးရ ဖွဲ့စည်းပေးရန်။

၁၉၃၇ ခုနှစ်ခန့်တွင် ဂျူးများသည် ပါလက်စတိုင်းသို့ ဝင်ရောက်လာကြရာ ပါလက်စတိုင်း လူဦးရေးအားလုံး၏ ၃ ပုံ ၁ ပုံမျှရှိနေခဲ့သည်။ ၁၉၂၈ ခုနှစ်မှ ၁၉၃၇ ခုနှစ်အတွင်းဟအင်အား ၁၅၁၀၀၀ မှ ၄၀၀၀၀၀ ခန့်အထိ တိုးတက် ပြန့်ပွားဝင်ရောက်လာခဲ့ကြသည်။ ၁၉၃၉ ခုနှစ် မေလ ၁၇ ရက်နေ့ ဗြိတိသျှ အစိုးရ၏ ပါလက်စတိုင်း စက္ကူဖြူ စာ တမ်းအရ နောက် ၅ နှစ်အတွင်း ဂျူးလူမျိုး ၇၅၀၀၀ သာ ပါလက်စတိုင်းသို့ ဝင်ခွင်ပြုတော့မယ်ဖြစ်ပြီး ၇၅၀၀၀ ထက်ပိုဝင်လာလျှင် အာရပ်တို့၏ သဘောတူညီချက်ကို ရယူရန်လိုကြောင်းဖြင့်လည်း ဆိုထားသည်။

ယင်းစာတမ်းသည် ဂျူးတို့ ဝင်ရောက်လာမှုကို တားမြစ်သကဲ့သို့ အာရပ်တို့တောင်းဆိုသည့် အာရပ်နယ်မြေ အ တွင်း ဂျူးတိုင်းပြည်ထူထောင်ခွင့် / ခွဲထွက်ခွင့်မပေးနိုင်ကြောင်း တောင်းဆို ကန့်ကွက်ချက်ကိုလည်း ပိုမိုခိုင်မာ အောင်ပြုလုပ်လိုက်ခြင်းပင်ဖြစ်သည်။ ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားသောအခါ ဂျူးတို့အားတပ်မဟာ အဆင့်ဖွဲ့စည်းပြီး အင်္ဂလိပ်တို့၏ ကွပ်ကဲမှုအောက်တွင် ဝင်ရောက်တိုက်ခိုက်စေခဲ့သည်။


 ဂျာမန်နာဇီတို့၏ ရက်စက်မှု သတ်ဖြတ်မှုတို့ကြောင့် ဝင်ရေက် ခိုလှုံလာကြသည့် ဂျူးလူမျိုးတို့အား တင်းတင်း ကျပ်ကျပ် ပိတ်ပင်ရန် တောင်းဆိုလာကြသူများက တစ်ဖက် / အစိုးရမှ ယင်းဂျူ းတို့အပေါ်တင်းကျပ်သော ပိတ် ပင်မှုမျိုးမလုပ်ဟူ၍ စွပ်စွဲသူများက တစ်ဖက်ဖြင့် အခြေအနေတင်းမားခဲ့သည်။ ဤသို့ဖြင့် ရှုပ်ထွေးမှုနှင့်တင်း မာမှု များ ပြင်းထန်လာခဲ့လေသည်။ ဂျူးတို့ကလည်း အင်္ဂလိပ်တပ်မှ လက်နက်များခိုးယူခြင်း / အင်္ဂလိပ်များအား သတ် ဖြတ်ခြင်းဖြင့် တစ်ဖက်တွင် စစ်ဖြစ်နေရင်း အင်္ဂလိပ်ဆန့်ကျင်မှုများ ပြင်းထန်လာခဲ့ပြီးဆန့်ကျင်ရေးစိတ်ဓာတ်များ ပေါက်ကွဲလာခဲ့လေသည်။ ၁၉၄၇ ခုနှစ်အတွင်း၌ပင် အာရပ်နှင့် ဂျူးတို့၏ အယူသီးစွာတိုက်ခိုက်မှုများသည် မကြာ ခဏပေါ်ပေါက်လျက်ရှိသည်။ ဗြိတိသျှတိုသည် ပါလက်စတိုင်းနယ်မြေတွင် ဂျူးနိုင်ငံတည်ထောင်ရေး ရည်မှန်း ချက် / ကြံရွယ်ချက်ကို ကြေငြာပေးခဲ့ပြီး ပါလက်စတိုင်းရှိ အာရပ်တို့ကလည်း ကုလသမဂ္ဂသို့ တင်ပြတောင်းဆို လာကြသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပါလက်စတိုင်းပြဿ နာကို ကုလသမဂ္ဂသို့တင်သွင်းမည်ဖြစ်ကြောင်း ဗြိတိသျှအစိုးရက ကြေငြာလိုက်သည်။ ထိုနှစ် မေလ ၁၅ ရက်နေ့တွင် ပါလက်စတိုင်းရေးရာ ကုလသမဂ္ဂ အထူး ကော်မရှင်ကို ဖွဲစည်းလိုက်သည်။ ဂျူးနိုင်ငံနှင့် အာရပ်နိုင်ငံ ခွဲခြားသတ်မှတ်ရန် အကြံဉာဏ်ပေးနေသော ကာလ လည်းဖြစ်သည်။ ဂျေရုဆလင်ဒေသကို နိုင်ငံတကာအုပ်ချုပ်မှုအောက်တွင် ထားရှိလိုက်ကြောင်း ကုလသမဂ္ဂ ပါလက်စတိုင်းရေးရာ အထူးကော်မတီက ကြေငြာလိုက်သည်။ 

 အစ္စရေးနိုင်ငံတော်

 ဂျူးနှင့်အာရပ်အရေးနှင့် ပတ်သက်၍ လပေါင်းများစွာ ဆွေးနွေးကြပြီးနောက် ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် နေ့တွင် ဂျူးနှင့် အာရပ်တို့ ခွဲသင့်/ မခွဲသင့် ကုလသမဂ္ဂအထွေထွေညီလာခံ၌မဲခွဲဆုံးဖြတ်ကြသည်ခွဲခြားရန်ဘက်မှ ၃၃ မဲ / ကန့်ကွက်မဲ ၁၃ မဲ / ကြားနေမဲ ၁၀ မဲ ဖြင့် ခွဲခြားရန်အဆိုက အနိုင်ရ အတည်ပြုလိုက်လေသည်။ ရုရှား / အမေရိကန်နှင့် ပြင်သစ်တို့က သီးသန့်ခွဲထုပ်ရန်ဘက်မှ မဲပေးကြသည်။ ထိုအစီအစဉ်ကို ဂျူးများက လက်ခံကြ သည်။ ပါလက်စတိုင်းရှိ အာရပ်လူမျိုးများနှင့် အာရပ်နိုင်ငံများကမူ ကန့်ကွက်ကြသည်။ ဂျူးများကိုမြေနေရာသေး အမွှား ပေးခြင်းကိုပင် လက်မခံနိုင်ကြောင်း ရှုပ်ချကြောင်း အဆိုပြုသည်။ ဗြိတိသျှအစိုးရက မိမိတို့ အုပ်ချုပ်မှု သက် တမ်း ကုန်ဆုံးမည့် ၁၉၄၈ ခုနှစ် မေလ ၁၅ ရက်နေ့အထိ လုံးဝအုပ်ချုပ်နေဦးမည်ဖြစ်ကြောင်းထိုရက်နောက် ပိုင်း ရက်သတ္တ နှစ်ပတ်ကြာအထိ ကုလသမဂ္ဂကော်မတီ အနေဖြင့် ပါလက်စတိုင်းဒေသသို့ ဝင်ရောက် အုပ်ချူပ် မည် မဟုတ်ကြောင်း ကြေငြာသည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ အာရပ်နှင့် ဂျူးနယ်အား ခွဲခြားပေးလိုက် သည်။ 

ဂျူးလူမျိုးတို့၏ ဧရိယာမှာ မြေထဲပင်လယ် ဟိုက်ဖာ ( Haifa ) မြို့မှ ရီဟိုဗော့ (Rehovoth) ဧရိယာအတွင်းအရှေ့ ဘက် ဂလီလီ ( Galilee ) ပင်လယ်ထိ၊ တောင်ဘက်တွင် နီဂျော့ဗ် (Negev) သဲဂန္တာရအဆုံးထိ၊ အာရပ်တို့၏ ဧရိယာမှာ ဂလီလီ အနောက်ဘက်ခြမ်း၊ ပင်လယ်သေ (Dead Sea ) မှ အစ္စရေးတို့၏ အရှေ့ဘက် နယ်စပ်တစ် လျှောက်၊ ဂါဇာကမ်းမြောင် (Gaza Strip) အပါအဝင် နီဂျော့ဗ်သဲဂန္တာရအစိတ်အပိုင်းအပါအဝင် အနောက်ဘက် တစ်လျှောက်ဟူ၍ သတ်မှတ်လိုက်သည်။ 

ကုလသမဂ္ဂမှနယ်မြေခွဲခြားပေးပြီးနောက်ပိုင်း ရက်အနည်းငယ်အတွင်း အာရပ်နှင့်ဂျူးတို့၏ ဆန့်ကျင်တိုက်ခိုက်မှု များသည် ဂျေရုဆလင်နှင့် အခြားနယ်များတွင် ပြင်းပြင်းထန်ထန်ပိုမို ဖြစ်ပွားလာကြသည်။ ၁၉၄၈ ခုနှစ် မက်လမှ စ၍ လက်နက်ကိုင်တိုက်ခိုက်လာသည့်အဆင့်သို တိုင်အောင်ရောင်ရှိခဲ့သည်။ အာရပ်များသည် ဆီးရီးယားနှင့် ထ ရန်စ်ဂျော်ဒန်ဘက်များမှ ပါလက်စတိုင်းအတွင်းသို့ စိမ့်ဝင်လာကြသည်။ နယ်စပ်ရှိ ဘာယုတ်ဆင်ရွာတွင် အာရပ် လူကြီး လူငယ် ကျား/မ အရွယ်စုံ ၂၅၄ ယောက်ကို ဂျူ းအယူသီးတို့က သတ်ပစ်လိုက်ကြသည်။

 အစ္စရေးဝန်ကြီးချုပ် ဘင်ဂူရီယန်က ထရန်စ်ဂျော်ဒန်ဘုရင်ထံသို့ ချက်ချင်း တော်းပန်သည့်ကြေးနန်းပေူပို့ခဲ့သည်။
၁၉၄၈ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် အာရပ်တို့က ပြန်လည် လက်စားချေခဲ့ပြန်သည်။ ဂျူးဆေးရုံတစ်ရုံတွင် ဆရာ ဝန်၊ ဆရာမ၊ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသား ၇၇ ယောက်ကို အာရပ်တို့က သတ်ပစ်လိုက်ပြန်သည်။ ဂျူးတို့ ၏ လက်နက်ကိုင်အင်အားမှာလည်း ကောင်းသည်ထက် ကောင်းလာသည်။ စိမ့်ဝင်လာသော အာရပ်များအပါ အ ဝင် အာရပ်အများစု ပါလက်စတိုင်းစွန့်ခွာသွားကြလေသည်။ မူလ ၇၀၀၀၀၀ ခန့်ရှိရာမှ နောက်ဆုံး ၁၇၀၀၀၀ ခန့် သာကျန်တော့သည်။ 

၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ဘော်လ်ဖိုးကြေငြာစာတမ်းမှ စတင်လှုပ်ရှားလာခဲ့သော အစ္စရေးတို့၏ကိုယ် ပိုင် နိုင်ငံတည်ထောင်ရေးကိစ္စကြီးသည် အဆုံးတိုင်ရောက်ရှိသွားပေသည်။ အစ္စရေးနိုင်ငံတော်ကြီး ပေါ်ပေါက် လာခဲ့သည်။ အနှစ် ၂၀၀၀ ကျော် ကမ္ဘာ့အလယ်တွင် နိုင်ငံမဲ့ လူမျိုးဘဝမှ မူလနိုင်ငံကိုပြန်လည်ထူထောင် နေထိုင် ခွင့်ရသွားခဲ့သည်။ 

အာရပ်တို့နှင့်_စစ်ဖြစ်ပွားခြင်း ( ပထမအကြိမ် )

၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် အစ္စရေးနိုင်ငံတော်သစ် ပေါ်ပေါက်လာသည်နှင့် နောက်နေ့ မေလ ၁၅ ရက် နေ့ နံနက်စောစောပိုင်းတွင် အစ္စရေးနိုင်ငံဟု သတ်မှတ်ထားသောနေရာ၏ တောင်ဘက်အခြမ်းမှ အီဂျစ်တပ်မ တော် သည်လည်းကောင်း / အရှေ့ဘက်ခြမ်းမှ ထရန်စ်ဂျော်ဒန်သည်လည်ကောင်း မြောင်ဘက်ခြမ်းမှ ဆီးရီးယား နှင့်လက်ဘနွန်တို့သည်လည်ကောင်း စစ်အင်အားအလုံးအရင်းဖြင့် သုံးဖက်သုံးတန်မှ ဝင်ရောင်တိုက်ခိုက်ကြလေ တော့သည်။

အာရပ်တို့က လပေါင်းများစွာတိုင်အောင် ပြင်းပြင်းထန်ထန် ဝိုင်းဝန်းတိုက်ခိုက်သော်လည်း အစ္စရေးတို့၏ ကြံ့ ကြံ့ ခံ တွန်းလှန်တိုက်ခိုက်မှုကြောင့် လပေါင်းများစွာ ကြာပြီးနောက် ဂလီလီ ဒေသတစ်ခုလုံး၊ဂျေရုဆလင်နှင့် ဆက် စပ် နေသော ပါလက်စတိုင်း အလယ်ပိုင်းဒေသ၊ နီဂျေဗ့်ဒေသတစ်ခုလုံးကို အစ္စရေးတို သိမ်းပိုက်ရရှိသွားပြီး ထိုဒေ သရှိ အာရပ်ထောင်ပေါင်းများစွာတို့မှာ နေအိမ်များကို စွန့်ခွာကာ ဆီးရီးယား၊ ဂျော်ဒန် နှင့် အီဂျစ်ပိုင်ဂါဇာကမ်း မြောင်ဘက်သို့ ထွက်ပြေးခဲ့ကြလေသည်။ ၁၉၄၉ ခုနှစ် နှစ်လယ်ပိုင်းအထိ ပါလက်စတိုင်းအာရပ် ၉၄၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ထွက်ပြေးကြရသည်။ 

အစ္စရေးတို့သည် အီဂျစ်နှင့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်ကောင်း၊ ထရန်စ်ဂျော်ဒန်နှင့် ဧပြီ ၃ ရက်နေ့တွင်လည်ကောင်း၊ဆီးရီးယားနှင့် ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီ ချက် ကို လက်မှတ်ထိုးခဲ့ကြသည်။ 

ထို့နောက်ပိုင်းတွင် ဆီးရီးယား / ဂျောဒန် / အီဂျစ်စသည့် အာရပ်နိုင်ငံများနှင့် အစ္စရေးနိုင်ငံကြားတွင် ဝင်ရောက် တိုက်ခိုက်မှုများ / အကြမ်းဖက်သတ်ဖြတ်မှုများ /နယ်မြေလုယက်မှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ခေတ္တခဏ အေး ငြိမ်းသွားတတ်သည်မှအပ အာရပ်နှင့်အစ္စရေးတို့မှာ ကမ္ဘာ့ရန်သူ ရန်ဘက်ကြီးများ ဖြစ်သွားကြသည်။၁၉၄၈ ခုနှစ် စစ်ပွဲတွင် အစ္စရေးတို့သည် လက်နက်အင်အား မမျှတခြင်းမရှိသော်လည်း အင်အားကြီးအာရပ် တပ်မတော် ကြီး ကို ကျားကုတ်ကျားခဲ အသေခံတိုက်ခိုက်နေချိန်တွင် ကုလသမဂ္ဂ၏ ကြားဝင် စေ့စပ်ပေးမှုကြောင့် အသက်ရှု ချောင်သွားပြီး နောက်ဖြစ်လာမည့် စစ်ပွဲ ( ၆ ရက်စစ်ပွဲ )အတွက် ပြင်ဆင်ချိန် များစွာရရှိခဲ့သည်။

 ၁၉၅၆ ခုနှစ်တွင် စူးအက်တူးမြောင်းအရေးကိစ္စနှင့် ဆက်နွယ်၍ အာရပ် - အစ္စရေး စစ်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ရာ အစ္စရေးတိုပင် အနိုင်ရရှိခဲ့သည်။ စစ်မက်တိုက်ခိုက်မှုများ အကြိမ်ကြိမ် ဖြစ်ခဲ့ကြပြီး တစ်ကြိမ်တိုက်ခိုက်ပြီးတိုင်း အာရပ်ပိုင်နယ်မြေတစ်ချို့မှာ အစ္စရေး၏သိမ်းပိုက်မှုအောက် အနည်းငယ်စီရောက်သွားခဲ့သည်။ 

အာရပ်တို့ကလည်း ၎င်းတို့နယ်မြေများ ပွန်းပဲ့ပါသွားသဖြင့် မကျေမနပ်အရေးဆိုကြသည်။ စစ်ပြင်ကြသည်။ အစ္စ ရေးကလည်း တစ်စတစ်စ စစ်သည်အင်အား / လက်နက်အင်အားပါ ကောင်းလာသည်။ ၁၉၆၆ ခုနှစ်အတွင်း ရောက်လာသောအခါ အာရပ်နဲ့အစ္စရေးတို့သည် တစ်ဦးခြေလှမ်း တစ်ဦးကစောင့်ကြည့်ပြီး စစ်ပြင်ဆင်လျက် ရှိခဲ့ကြလေသည်။

အာရပ် - အစ္စရေး ၆ ရက် စစ်ပွဲ
( ဒုတိယပိုင်း )
(၁၉၆၇ ခုနှစ် ။ ဇွန်လ )

စစ်ပွဲအကြိုဖြစ်ရပ်များ
 
၁၉၆၇ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အင်္ဂလိပ်နှင့်အမေရိကန်တို့က အက္ကဘာပင်လယ်ကွေ့နှင့် ပတ်သက်၍သင်္ဘော များ လွတ်လပ်စွာ သွားလာခွင့်ကို အီဂျစ်နိုင်ငံထံ တောင်းဆိုထားသည်။ ပင်လယ်ရေကြောင်းသွား နိုင်ငံ ၂၀ကျော် ကလည်း ထောက်ခံတောင်းဆိုကြသည်။ဝါရှင်တန်ရှိ အစ္စရေးသံရုံးကလည်းဤအဆိုပြုချက်ကိုထောက်ခံကြောင်း ကြေငြာချက်တစ်စောင် ထုပ်ပြန်ခဲ့သည်။ အလားတူပင် သြစတြေးလျ၊ နယူးဇီလန်၊ နယ်သာလန်၊ ပြင် သစ်နှင့် ဆိုဗီယက်တို့ကလည်း ထောက်ခံကြသည်။
အစ္စရေးတို့ ကြေငြာချက်တွင် - - - -
  1.  အက္ကာဘာပင်လယ်ကွေ့ကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းလမ်း ဖြစ်သဖြင့် သင်္ဘောအားလုံးအတွက် ဖွင့်ပေးထားရန်။
  2.  ဤရေလက်ကြားသည် သင်္ဘောအားလုံး၏ လွတ်လပ်ပိုင်ခွင့်ဖြစ်ပြီး အပြစ်ကင်းစွာ သွားလာခွင့်ပေးရန် ။
  3.  နိုင်ငံအားလုံးနှင့် သက်ဆိုင်နေသော အခွင့်အာဏာဟု သတ်မှတ်ရန်။
ဇွန်လ ၄ ရက်နေ့တွင် အီဂျစ်သမ္မတနာဆာက အာရပ်တို့အနေဖြင့် အက္က္တာဘာပင်လယ်ကွေ့ ဖြတ်သန်းသွား လာ မှုနှင့် ပတ်သတ်၍ မည်သည့်နိုင်ငံ၏ ကြေငြာချက်ကိုမျှ အသိအမှတ်မပြု နိုင်ဟု ပြတ်ပြတ်သားသား ပြောဆို ခဲ့ သည်။

အီရတ်အနေဖြင့် ဇွန်လ ၄ ရက်နေ့တွင် အာမန် (Amman ) နှင့် ကိုင်ရိုမြို့သို့သွားပြီး ဂျော်ဒန်၊ အီဂျစ်တို့နှင့် ပူး ပေါင်း ၍ ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့သည်။ တစ်ပြိုင်တည်းပင် လစ်ဗျားနိုင်ငံခြားရေး ဝန်ကြီးလည်း ရောက် ရှိလာပြီး အစ္စရေးကိုကူညီနေသော နိုင်ငံများကို ရေနံမရောင်းပါဟု ကြေငြာခဲ့သည်။ အကယ်၍ အမေရိကန်က အစ္စရေးကို ကူညီပါက လစ်ဗျားရှိ ဝှီးလပ် ( Wheelus ) အမေရိကန် လေတပ်စခန်းကို ပိတ်ပစ်မည်ဟု ကြေငြာခဲ့ သည်။ ဤသို့ဖြင့် အစ္စရေးနှင့် အာရပ် နှစ်ဖက်စလုံးမှာ စစ်ပြင်ကာ အခြေအနေတင်းမာလာခဲ့သည်။

အစ္စရေးတို့၏လှည့်ဖျားမှု
 အစ္စရေးစစ်တပ်၏ အကြီးကျယ်ဆုံးသော အင်အားများအနက် တစ်ခုမှာ အင်အားကို အလွယ်တကူ ကွေးနိုင်ဆန့် နိုင် ပြောင်းရွေ့နိုင်ခြင်းပင်ဖြစ်သည်။ စစ်မဖြစ်မီ ၁ ရက်အလိုတွင် အစ္စရေးသတင်းစာများ၏ မျက်နှာဖုံးတွင် အစ္စ ရေးတပ်သားများ ခွင့်ရက်ရကာ ပင်လယ်ကမ်းခြေတွင် အပန်းဖြေနေသည့် သတင်းဓာတ်ပုံများပါလာသည်။ အစ္စ ရေးရှိ အီဂျစ်သူလျိုများကို အစ္စရေးတပ်သားများ ခွင့်ရက်များပေးထားကြောင်း အီဂျစ်တို့ သတင်းမှားရှိအောင် ထောင်ချောက်ဆင်လိုက်လေသည်။ အစိုးရအစည်းအဝေးကိုလည်း ကျင်းပမြဲကျင်းပခဲ့သည်။ လေတပ်ကိုလည်း ဗုံးကျဲလေယာဉ်ကြီးများအစား ဗုံးကျဲတိုက်လေယာဉ်များဖြင့်သာပြောင်းလဲဖွဲစည်းခြင်းဖြင့်အလုပ်နှစ်ခုကိုတစ်ပြိုင် နက်တည်း လုပ်နိုင်ခဲ့သည်။ ၇ မိနစ်ခွဲအတွင်း ဆီထည့်ခြင်း၊ အောက်ဆီဂျင်ဖြည့်ခြင်း၊  ဗုံး ၁၀ လုံးကို ချိတ်ခြင်း၊  ခဲယမ်းမီကျောက် ဖြည့်ခြင်းစသည်ဖြင့် လျင်မြန်အောင် လေ့ကျင့်ထားသည်။ အစ္စရေးဗိုလ်ချုပ်ကြီး ဒါယန်းသည် ကာကွယ်ရေးဝန်ကြီးတာဝန်မယူမီ မခန့်အပ်မီကပင် မိမိ၏မျိုးချစ်စိတ်ဖြင့် ဝန်ကြီးချုပ်နှင့် စစ်ဦးစီးထံခွင့်တောင်း ကာ တပ်များကို လိုက်လံစစ်ဆေးသည်။ လိုအပ်သည်များကို စီမံပြီး တပ်များပြောင်းရွေ့မှု ဖွဲ့စည်းမှုများကို စီမံခဲ့ သည်။ 
သဲဂန္တရအတွင်း ၂ ပတ်မျှ ကြိုတင်စီမံဆောင်ရွက်ပြီး အစ္စရေးလွတ်လပ်ရေးနေ့ဖြစ်သော မေလ ၁၅ ရက်နေ့ကပင် လွတ်လပ်ရေးနေ့ စစ်ရေးပြပွဲအပြီးတွင် တပ်များကို တပ်လှန့်ထားပြီးဖြစ်လေသည်။ အစ္စရေးထောက် လှန်းရေး သတင်းများကလည်း မှန်ကန်တိကျလှပေသည်။ အာရပ်နိုင်ငံများ၏ လေယာဉ်ကွင်း၊လေတပ်အနေအထား၊ လေ ယာဉ်အမျိုးအစား၊အရေအတွက်၊ သံချပ်ကာ၊ တင့်၊ အမြှောက်တို့တည်နေရာ အင်အားစသည် အချကိအလက် များကို အချိန်နှင့် တစ်ပြေးညီ စုဆောင်းပေးခဲ့သည်။ အစ္စရေးတို့သည် တပ်ကိုပြင်ဆင်ပြီးလေယာဉ်တုများတင့်တု များ၊ စခန်းတုများ ဖန်တီးသည်။ အာရပ်တို့အား လှည့်စားပြီး မိမိတို့အနေဖြင့် အပေါ်ယံတွင် သာမန်အနေအထား ရှိပြီး စစ်ပွဲကို အလေးမထားဟန်ဖြင့် အာရပ်တို့အပေါ် အလစ်အငိုက်ရယူရန် ကြိုတင်ပြင်ဆင်ထားကြသည်။ 

နှစ်ဖက်စစ်အင်အား

အစ္စရေးနှင့် အာရပ်နိုင်ငံများ၏ တိုက်ပွဲဝင်အင်အားမှာ အောက်ပါအတိုင်းဖြစ်သည် - - - -
၁ ။ #အစ္စရေး
(က) တိုက်လေယာဉ်မျိုးစုံ - - - ၃၀၀
(ခ)  တင့် --------------------------၈၀၀
(ဂ) တပ်အင်အား -----------၂၇၅၀၀၀

၂ ။ #အာရပ်ပြည်ထောင်စု ( အီဂျစ် )
(က) တိုက်လေယာဉ်မျိုးစုံ - - - ၅၀၀
(ခ) တင့် ------------------------ ၁၂၀၀
(ဂ) တပ်အင်အား---------- ၃၀၀၀၀၀

၃ ။ #ဂျော်ဒန်
(က) တိုက်လေယာဉ်မျိုးစုံ ------ ၂၅
(ခ) တင့် --------------------------၂၅၀
(ဂ) တပ်အင်အား ---------- ၆၀၀၀၀

၄ ။ #ဆီးရီယား
(က) တိုက်လေယာဉ်မျိုးစုံ -----၁၆၀
(ခ) တင့်-------------------------- ၃၀၀
(ဂ) တပ်အင်အား ----------- ၈၀၀၀၀

အဆိုပါ တိုက်ခိုက်ရေးအင်အားများတွင် တင့်များကို နှစ်ဖက်အသံးပြုရာ၌ PT -76 / T - 34 / T - 55 / J-53 / စင်ကျူရီယန် / ပတ်တန် / ရှားမင်း နှင့် အေအမ်အိတ်စ်-၁၃ (AMX-13) တင့်များကို အသုံးပြုခဲကြသည်။ 

တိုက်ပွဲစတင်ခြင်း
 ဇွန်လ ၅ ရက် နံနက် ၀၇၃၀ နာရီ ဒေသစံတော်ချိန် ၈ နာရီခွဲတွင် အစ္စရေးလေတပ်သည် တစ်ချိန်တည် တစ်ပြိုင် တည်း အီဂျစ် / ဂျော်ဒန်နှင့် ဆီးရီးယားလေယာဉ်ကွင်းများနှင့် အရှေ့ဘက်တွင် ကွာဝေးသော အီရတ်နိုင်ငံဟဘန် နီယတ်လေတပ်စခန်း ( Habbaniyat ) သို့ပါ ဝင်ရောက်တိုင်ခိုက်လေသည်။ ယင်းသို့တိုက်ခိုက်ခြင်းဖြင့် ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၀ ရက်အထိ ဖြစ်ပွားခဲ့သော သမိုင်းဝင် ၆ ရက် စစ်ပွဲဖြစ်ပွားခဲ့သည်။
လေကြောင်းတိုက်ပွဲ
အစ္စရေးလေတပ်သည် အာရပ်တို့၏ လေတပ်စခန်ပေါင်း ၉ ခုကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်းဝင်ရောက်ဗုံး ကြဲတိုက်ခိုက်ခဲ့ပြီး တစ်ခုကိုမူ အချိန်အနည်းငယ်နောက်ကျပြီးမှ တိုက်ခိုက်ခဲ့လေသည်။ အစ္စရေးဗုံးကြဲတိုက်လေ ယာဉ် များသည် အချိန်တွက်ချက် လုပ်ကိုင်ခဲ့ကြသည်။ တစ်သုတ်လျှင် တိုက်လေယာဉ် ၄ စီး အုပ်စုဖွဲ့ကာ တိုက် ခိုက်ခဲ့သည်။ အစ္စရေးတို့ တိုက်ခိုက်ခဲ့သော လေတပ်စခန်း ၁၀ ခုမှာ အယ်လ်အရစ်ရှ် / ဂျီဘယ်လဘေနိ / ဘာဂ ဂေါဖာ / ဘာသမဝါ / အကူဆူယာ / ဘာဘရစ် / အင်ချတ်စ် / ကိုင်ရိုအနောက် / ဘင်နီဆူယက်နှင့် ဖာယစ်စခန်း များ ဖြစ်သည်။

အီဂျစ်နှင့် အပေါင်းအပါတို့၏ လေတပ်လေယာဉ်များမှာ မြေပြင်မှ ကြွတတ်ချိန်ပင်မရလိုက်ပဲ အလစ်အငိုက် ဖမ်း မိကာ တိုက်ခိုက်ခြင်းခံလိုက်ရသည်။ အစ္စရေးတို့တိုက်ခိုက်ချိန်တွင် ကောင်းကင်ယံ၌ အီဂျစ်အမောင်းသင်လေ ယာဉ် နှင့် ကင်းထောက်လေယာဉ် ၄ စင်း သာရှိသည်။ ဤအချိန်အခါကို ရွေးရခြင်းမှာ အကြောင်း ၄ ကြောင်း ရှိသည်။

ပထမကြောင်း
အီဂျစ်နှင့် အပေါင်းအပါတို့၏ နိုးကြားမှုသည် အထွဋ်အထိပ်သို့ ရောက်ရှိသွားပြီးဖြစ်သည်။ အီဂျစ်တို့သည် ဆိုင်း နိုင်းဒေသကို လွန်ခဲ့သည် ရက်သတ္တ သုံးပတ်ကပင် အာရုံစိုက်ထားပြီး ဖြစ်ပြီး ယခုချိန်တွင် အင်အားနည်းသော အစ္စရေးကို အထင်သေးကာ ဂရုစိုက်မည်မဟုတ် ပုံမှန်လှုပ်ရှားမှုသာ လုပ်ခဲ့ကြသည်။ ထိုအချိန်သည် အာရုံတတ် ချိန်ကျော်လွန်နေသဖြင့် ရေဒါများကလည်း သာမန်သာ အလုပ်လုပ်နေကြသည်။

ဒုတိယအကြောင်း
အစ္စရေးလေယာဉ်မှုးများသည် တိုက်ပွဲဝင်ရန် ၃ နာရီ ကြိုတင်နိုးကြားနေရသဖြင့် အအိပ်ပျက်မည်ဖြစ်သည်။ ယခု ၀၇၃၀ နာရီတွင် တိုက်ခိုက်ခြင်းဖြင့် အိပ့်ရေးဝဝ အိပ့်ကြရသဖြင့် လန်းဆန်းမှုရရှိမည် ဖြစ်သည်။

တတိယအကြောင်း
ရာသီဥတုကောင်းမွန်းပြီး မြူ ကင်းစင်မည်ဖြစ်သည်။ နံနက် ၇ နာရီမှ ၈ နာရီသည် မြူ ကွဲးစ အချိန်ဖြစ်သည်။ ပစ်မှတ်များကို ရှင်းရှင်းလင်းလင်း မြင်ရမည်ဖြစ်သည်။ 

စတုထ္ထအကြောင်း
အာရပ်တို့အတွက် သာမန်ပုံမှန်လုပ်ငန်းများအသွင် ဆောင်ရွက်နေချိန်ဖြစ်၍ ရုံးများ အလုပ်များသို့ သွားလာနေ ချိန်ဖြစ်သည်။ ထိုအကြောင်းများကြောင့် တိုက်ခိုက်ချိန်ကို ၀၇၃၀ နာရီကို ရွေးချယ်ရခြင်းဖြစ်သည်။ ဤလေ ကြောင်းတိုက်ပွဲတွင် အစ္စရေးတို့သည် ပြင်သစ်တို့ထံမှ ဝယ်ယူခဲ့သော မစ်စ်တီးရီးယား (Mystere) နှင့် မီရာ့ဂျ် (Mirage) တိုက်လေယာဉ်များကို အသုံးပြု ခဲ့သည်။ အစ္စရေးတိုက်လေယာဉ်များသည် အီဂျစ်တို့၏ ရေဒါမျာ ဖမ်း မိခြင်းမရှိအောင် အီဂျစ်၏အရှေ့ဘက်နှင့် မြှောက်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခြင်းအစား အနောက်ဘက်ဖြစ် သည် မြေထဲပင်လယ်ဘက်မှ အနိပ့်ဆုံးကပ်ပျံပြီး ရေဒါကို ရှောင်ကွင်းတိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်သည့် အခါတွင်လည်း ချက်ချင်းပေါက်ကွဲစေသည့် ဗုံးမျိုးကိုမသုံးပဲ လေထီအသုံးပြုဗုံးများ ဒုံးကျည်များကိုအသုံးပြုတိုက် ခိုက်ခဲ့သည်။ 

ပေါင်ချိန် ၃၅၀ ရှိ စံချိန်မှီ ဗုံးများဖြစ်ပြီး တစ်လုံးပြီးတစ်လုံးပေါက်ကွဲသော အနှေးဗုံးများဖြင့်အာရပ်တို့၏လေယာဉ် ပြေးလမ်းများပေါ်တွင် ပေါက်ကွဲစေသောနည်းကို အသုံးပြု တိုက်ခိုက်ရာ အောင်မြင်မှုများရှိခဲ့သည်။ လေယာဉ် ကွင်းရှိ လေယာဉ်များကို စက်သေနက်များဖြင့် ပစ်ခတ်ဖျတ်ဆီးခဲ့ပြန်သဖြင့် ကွင်းများရှိ လေယာဉ်များသည် အ ငိုက်ခံရပြီး ရုတ်တရက် ပျံတတ်ချိန်ပ်ငမရလိုက်ပေ။ ကောင်းစွာမပျက်စီးသေးသော လေယာဉ်များသည်လည်း လေယာဉ်ကွင်းပြေးလမ်းများပေါ်တွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲနေသော ဗုံးများကြောင့် လေယာဉ်ပြေးလမ်းများ ပျက်ဆီးကာ ပျံတတ်နိုင်ခြင်း မရှိကြတော့ချေ။ အီဂျစ်တို့၏ အဓိကစခန်းများကို တိုက်ခိုက်ရာတွင် တိုက်လေ ယာဉ် များကို အောက်ပါအချိန်အတိုင်း သတ်မှတ်လေ့ကျင့်ထားပြီးဖြစ်သည် - - - -
  •  ပစ်မှတ်သို့ရောက်ရန် ------------------- ၂၂ မိနစ်ခွဲ
  •  ပစ်မှတ်အပေါ်ကြာမည့်အချိန် ----------၇ မိနစ်ခွဲ
  •   မိမိစခန်းသို့ပျံသန်းချိန် ------------------ ၂၀ မိနစ်
  • မြေပြင်၌လှည်လည်ရန်ကြာချိန် -------- ၇ မိနစ်ခွဲ
စုစုပေါင်း ၅၇ မိနစ်ခွဲ ကြာမည်။ ။သို့လေ့ကျင့်ထားရာ အီဂျစ်စခန်းများသို့ သွားရောက်တိုက်ခိုက်ချိန်တွင် မိမိဘက် ကို ကာကွယ်ရန် တိုက်လေယာဉ် ၁၂ စင်း သာချန်ထားခဲ့သည်။ ၈ စီးက ကောင်းကင်ယံတွင် ပျံဝဲစောင့်ရှောက်ပြီး ၄ စင်းက ပြေးလမ်းပေါ်တွင် အသင့်ရှိနေစေသည်။ ။သို့ဖြင့် တိုက်လေယာဉ် ၂၉၀ ခန့်ကို အုပ်စုငယ်များဖွဲ့ကာတစ် ချိန်တည်း တစ်ပြိုင်တည်း ကွင်းများမှ ပျံတတ်တိုက်ခိုက်စေခြင်းဖြစ်သည်။ ဆိုင်းနိုင်ဒေသရှိ အကြီးဆုံး လေတပ်စ ခန်းကိုမူ အစ္စရေးတို့က လေယာဉ်ပြေးလမ်းကို မဖျတ်ဆီးခဲ့ဘဲ လေယာဉ်များကိုသာ ဖျတ်ဆီးတိုက်ခိုက်ခဲ့ သည်။ နောင်တွင်ထိုဒေသကို သိမ်းပိုက်ပြီး ရိက္ခာပို့ဆောင်ရေး၊ လူနာကောက်ရေး၊ အင်အားဖြည့်တင်း‌ရေး အတွက်အသုံး ပြုရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။ 

တိက်ပွဲဖြစ်ပွားပြီး ထိုညနေပိုင်းတွင် အစ္စရေးလေတပ်ဦးစီးချုပ် ဗိုလ်ချုပ် မော်ဒီကိုင်ဟောဒ် (Morde Cai Hod)က အီဂျစ်လေယာဉ် ၂၀၀ ကို မြေပြင်တွင် ဖျတ်ဆီးနိုင်ခဲ့ပြီး လေထဲတွင် အစင်း၂၀ ပစ်ချနိုင်ခဲ့ကြောင်း ကြေငြာခဲ့သည်။ ဆီးရီးယားတွင် ၂၅ စင်း၊ဂျော်ဒန်တွင် အစင်း ၂၀ ဖျတ်ဆီးနိုင်ခဲ့ကြောင်း၊ အီရတ်တွင် အများအပြားဖျတ်ဆီးနိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဤသို့ဖြင့် ပထမရက်မှာပင် အာရပ်လေယာဉ် ၄၀၀ ခန့် ဖျတ်ဆီးနိုင်ခဲ့သည်။တိုက်ပွဲ စဖြစ်သည့်အချိန်မှ မိနစ်ပေါင်း ၁၇၀ အတွင်း ဖျတ်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ 
ဆိုင်နိုင်းမြေပြင်တိုက်ပွဲ 
 အီဂျစ်ဘက်မှ တပ်မ ၇ တပ်ဖြစ်ပြီး အစ္စရေးတို့ဘက်တွငိ တပ်မ ၃ တပ်သာပါရှိသည်။ ဗိုလ်ချုပ်ဘာလ်၊ဗိုလ်ချုပ် ရိုဖီးနှင့် ဗိုလ်ချုပ်ရှရွန်းတို့က တပ်မတစ်တပ်စီကို အုပ်ချူ ပ်ရသည်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့နှင့်ဒုက္ခ သည် ၄၀၀၀၀၀ ခန့် နေထိုင်သော ခန်ယွန်နစ် ( Khan Yonis ) ကို ညအချိန်တွင် သိမ်းပိုက်ထားပြီးဖြစ်သည်။ အစ္စရေးသံချပ်ကာ တပ်မတစ်တပ်တည်းသာ အနောက်ဘက်ကမ်းတစ်လျှောက် အယ်လ်အရစ် ( El Arish ) သို့ ချီတတ်ပြီး တပ်မတစ်တပ်သည် ဂါဇာ (Gaza ) တစ်လျှောက်တွင် တိုက်ပွဲဝင်လျှက်ရှိသည်။ 

ဂျော်ဒန်စစ်မျက်နှာ
ဇွန်လ ၅ ရက်နေ့တွင် အစ္စရေးလေတပ်မှ တိုက်လေယာဉ်များသည် ဂျော်ဒန်နိုင်ငံ အာမန် (Amman ) မာဖရက် (Mafraq) လေတပ်စခန်းများကို ရုတ်တရက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲလေသည်။ ထိုနေ့နံနက်ပိုင်းမှာပင် ကုလသမဂ္ဂအကဲကြည့်အဖွဲ့မှ ဦးစီးချူ ပ် အိုးဘူလ် (Old Bull) ၏ ဌာနချူ ပ်ပြု လုပ်ထားသော ဂျေရုဆလင်ရှိ အ ဆောက်အအုံတစ်ခုလုံးကို အစ္စရေးတို့ဘသိမ်းပိုက်ရခဲ့သည်။ သို့သော် ဗိုလ်ချူ ပ်ကြီး ဘူးလ်နှင့် အဖွဲ့ဝင်အား လုံး ထိခိုက်မှုမရှိကြပေ။

ဂျော်ဒန်နယ်စပ်တစ်လျှောက်တွင် ဂျောရုဆလင်ကိုဂျော်ဒန်တို့ဘက်မှ တစ်နေကုန်စိန်ပြောင်းများဖြင့် ပစ်ခတ်ကြ လေသည်။ အရပ်သားများ အသေအပျောက်ရှိလေသည်။ အယ်ဂျီးရီးယား / ကူဝိတ် / ဆူဒန်နှင့် ယီမင်နိုင်ငံတို့က အစ္စရေးကို စစ်ကြေငြာခဲ့သည်။ အယ်ဂျီးရီးယား / လစ်ဗျား / ဆီးရီးယားနှင့် တူနီးရှားတို့တွင်လည်း အမေရိကန် နှင့် အင်္ဂလိပ်ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုနေ့မှာပင် အမေရိန်နှင့် အင်္ဂလန်တို့သည် အရှေအ လယ်ပိုင်း စစ်ပြီးဆုံးရေးအတွက် ငြိမ်းချမ်းရေး အစီအစဉ်များကို တစ်ပြိုင်တည်း ကြေငြာလေသည် 
 
ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ အစည်းအဝေးကိုလည်း ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ခေါ်ယူခဲ့သည်။ ဇွန် ၆ ရက်နေ့တွင် အစ္စရေးသံချပ်ကာတပ်များသည် ဆိုင်နိုင်းကျွန်းဆွယ်ကို နက်နက်နဲနဲ ထိုးဖောက်တိုက်ခိုက်ခဲ့သည်။ မြှောက်ပိုင်းဆိုင်နိုင်းဒေသတွင် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် တိုက်ခိုက်သိမ်းပိုက်ပြီး အယ်လ်အရစ်မြို့ကို သိမ်းပိုက်ခဲ့သည်။ ရိုမေနှီ (Romini ) ဒေသတွင် အီဂျစ်တို့က ပြင်ူပြင်းထန်ထန်တိုက်ခိုက်မှု ပြုခဲ့သော်လည်း အစ္စ ရေးတို့က သိမ်းပိုက်နိုင်ခဲ့သည်။ အခြာတပ်ဖွဲ့တစ်ဖွဲ့သည်လည်ူ အဘူအဂျေလာ (Abu Agheila ) မြို့ကိုသိမ်းပိုက် နိုင်ခဲ့သည်။ ဆိုင်နိုင်းအရှေဘက်ရှိ အီဂျစ်တို့၏ အင်အားကြီးမားစွာဖြင့် သိမ်ပိုက်ထားသော ဒေသသည်လည်း အန္တ ရာယ်ရှိလာလေသည်။ နီဂျော့ဗ် (Negev) ဒေသမှ ဖြန့်ခွဲချီတတ်လာသော အစ္စရေးတပ်များသည် ကိုဆေမာ (Kostroma) နှင့် အယ်လ်ကွန်တီလာ (El Kumtilla) တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

အစ္စရေးလေတပ်သည် ဝေဟင်တစ်ခုလုံးကို စိုးမိုးနိုင်ခဲ့ပြီး မြေပြင်ပစ်မှတ်များကို အထောက်အကူပြုကာ ထိထိ ရောက်ရောက် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ မည်သို့ဆိုစေ ၎င်းနေ့ညနေပိုင်းတွင် ပြင်ပြင်းထန်ထန် တိုက်ခိုက်ပြီး နောက် ဂါဇာကမ်းမြောင်တစ်ခုလုံးကို အစ္စရေးတို့ သိမ်းပိုက်ရရှိခဲ့သည်။ ဂါဇာကမမးမြောင်ဒေသ အကြီးကဲဖြစ်သူ အီဂျစ်ဗိုလ်ချူ ပ်ကြီး အဗ္ဗဒူမိုနမ်ဟူစိန်နီ (Abdul Monam Husseini ) သည် လက်နက်ချခဲ့သည်။ ဂါဇာဒေသရှိ ကုလသမဂ္ဂအကဲကြည့်အဖွဲ့ရုံးသည်လည်း အစ္စရေးတို့၏ တိုက်ခိုက်ခံရသဖြင့် အကဲကြည့်အဖွဲ့ဝင် ၁၄ ယောက် ကျဆုံးပြီး ၂၅ ဦးဒဏ်ရာရှိခဲ့သည်။
 
ဂျော်ဒန်စစ်မျက်နှာ
ဂျော်ဒန်စစ်မျက်နှာတွင် အပြင်းအထန်တိုက်ခိုက်ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ချေ။ အစ္စရေးတပ် များသည် ဂျေရုဆလင်မြို့ဟောင်းနှင့် စကိုပပ်စ် (Scopus) မြို့တော်ကို ဝိုင်းထားနိုင်ခဲ့ပြီး မြို့ဟောင်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ဂျေနင် (Jenin ) နှင့် ကွေကွလ်ယား (Qalqilya ) မြို့ကိုလည်း သိမ်း ပိုက်နိုင်ခဲ့သည်။ တဲအဗိဗ်မြို့နှင့် ဂျေရုဆင်ကြားရှိ အပေါ်စီးမှ ရရှိနိုင်သော ဟေဘရွန် ( Hebron ) ဘက် သယ်လ် ဟမ် (Bethlehem ) တို့ကိုလည်း မတိုက်ခိုက်ရဘဲ အစ္စရေးတို့ သိမ်းပိုက်ရရှိခဲ့သည်။ 

ဆီးရီးယားစစ်မျက်နှာ

ဆီးရီယားတို့သည် တောင်ကုန်းများပေါ်တွင် ကျင်းများတူးပြီး အစ္စရေးတို့ရန်မှ ကာကွယ်တိုက်ခိုက်ကြသည်။အစ္စ ရေးဘက်မှ အမြောက်များ /လေယာဉ်များကလည်း ပြင်ထန်စွာ ပစ်ခတ်ဗုံးကျဲ ခဲလေသည်။ နှစ်ဖက်တပ်များ လှုပ် ရှားတိုက်ခိုက်မှုမျိုး မရှိကြသော်လည်း တစ်နေ့ကုန် တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်နေကြလေသည်။ ထိုနေ့ နံနက် တွင် ကိုင်ရိုရေဒီယိုမှ ဤစစ်ပွဲတွင် အမေရိကန်နှင့် အင်္ဂလိမ်တို့က အစ္စရေးဘက်မှလေကြောင်းအကူအညီများပေး နေကြောင်း စွပ်စွဲကြေညာခဲ့လေသည်။ သိုရာတွင် ထိုနေ့ထိုရက်တွင် အမေရိကန်အမှတ် (၆) ရေတပ်သည် မိုင် ၄၀၀ အကွာတွင် လည်ကောင်း၊အင်္ဂလိပ်လေယာဉ်တင် သင်္ဘော ၂ စီးသည် မိုင် ၁၀၀၀ အကွာတွင် ရှိနေခဲ့သည်။

ဇွန်လ-၇-ရက်
အစ္စရေးတပ်များသည် ဆိုင်နိုင်းသဲဂန္တာရကြီးကို လျင်မြန်စွာဖြတ်၍ လေကြောင်းတိုက်ခိုက်မှုအကူအညီဖြင့်အီဂျစ် သံချပ်ကာတပ်များကို ချေမှုန်းခဲ့လေသည်။ အီဂျစ်တပ်များ အကွဲကွဲအပြားပြား ဖြစ်ခဲ့ကြသည်။ အီဂျစ်သံချပ်ကာ တပ်မှာလည်း သုံးမရသော အခြေအနေသို့ ရောက်ရှိခဲ့လေသည်။ အစ္စရေးတပ်များသည် နေ့ညမရပ်မနားပဲ ၁၈ နာရီမျှ ချီတတ်ခဲ့ပြီး ဘီယာဂျီဂဖာ ( Bir Gifgafa ) အပြင်းချီတတ်သိမ်ူပိုက်ခဲ့သည်။ ဘီယာဂျီဂဖာသည် အီဂျစ် တို့ ၏ အဓိကဌာနချူ ပ်ဖြစ်ပြီး ၎င်းကိုသိမ်းပိုက်လိုက်ခြင်းဖြင့် မြောက်ပိုင်းမှချီတတ်လာသော တပ်များနှင့် ချိတ်ဆက် မိ သွားပြီးဖြစ်သည်။ ထိုမှတစ်ဆင့် စူအက်တူးမြောင်းရှိ အစ္စမေလီးယား (Ismaillia ) မြို့ကို ဆက်၍သိမ်းပိုက် နိုင် မည်ဖြစ်သည်။ ၃၆ နာရီကြာမရပ်မနား ချီတတ်တိုက်ခိုက်ခဲ့ကြပြီး ညနေပိုင်းတွင် စူးအက်တးူမြောင်းပေါ်ရှိ အစ္စ မေလီးယာ ကန်ထရာ ( Qantara ) / တူဂျစ် (Tewjih ) ဆိပ့်ကမ်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
 
အီဂျစ်သံချပ်ကာတပ်သည်လည်း အစ္စရေးတို့၏ ဖြတ်ပိုင်းတိုက်ခိုက်ခြင်းကို ခံရသည်။ အယ်လ်ကွန်တီလာ ( El Kuntille ) မှ တောင်ဘက်သို့ ချီတတ်လာသော အစ္စရေးတပ်များသည် တစ်ချက်မှ မပစ်ခတ်ရဘဲ အက္ကဘာပင် လယ်ကွေ့အဝဖြစ်သော ရှမ်အဲလ်ရှိတ်(Sharm El Sheikh) မြို့ကို ထိုနေ့နက်ပိုင်းကပင် သိမ်းပိုက်ရှိခဲ့သည်။အီဂျစ် တို့သည် အစ္စရေးတို့၏ တိုက်ခိုက်ခြင်းကို ခုခံကာကွယ်နိုင်ခြင်း မရှိတော့ချေ ။ အစ္စရေးတို့သည် စူအပ်တူးမြောင်း ၏ အရှေ့ကမ်းတစ်လျောက်ကို သိမ်းပိုက်ရှိခဲ့သည်။ ဂျော်ဒန်စစ်မျက်နှာတွင်လည်း အစ္စရေးတို့သည် ဂျေရုဆလင် မြို့ဟောင်းကို အပျက်အဆီးမရှိပဲ အပြည့်အဝ အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့သည်။ ခရစ်ယာန်တို့၏ ဘုရားကျောင်း (Holy Sepulcher ) နှင့် မူဆလင်တို့၏ အိုမာဝတ်ကျောင်း ( Mosque Of Omar ) တို့ကိုလည်း အပျက်အဆီး မရှိ ပဲ သိမ်းပိုက်နိုင်ခဲ့သည်။ အိုမာဝက်ကျောင်းသည် မက္ကာ (Mecca) နှင့် မဒီနာ (Medina)တို့ပြီးလျှင်တတိယမြောက် အကြီးဆုံးဖြစ်သည်။ ၁၂ ရာစုကတည်းက တည်ဆောက်ခဲ့သော စိန့်အဲန်ခရူးဆိတ်ဘုရားကျောင်မှာ အစ္စရေးတို့၏ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရသည်။ နက်ဘလပ်စ်( Nabkus) တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ဂျော်ဒန်တို့သည် အကွဲ ကွဲအပြားပြားဖြစ်ပြီး အခြေနေမလှခဲ့ပေ။ 

အစ္စရေးတို့က ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းခြေတစ်လျောက် သိမ်းယူထားပြီးဖြစ်လေသည်။ အစ္စရေးတို့၏ ပြင်းပြင်ထန်ထန်တိုက်ခိုက်မှုကြောင့် ပျက်ဆီးခြင်းမလှ ပျက်ဆီးခဲ့ရသည်။ ညနေပိုင်း တဲလ်အဗိဗ်မြို့၌ ဗိုလ်ချူ ပ်ကြီး ရာဘင်က အီဂျစ်တို့နှင့်တိုက်သည့်စစ်မှာ အလုံးစုံအောင်မြင်ပြီး ဖြစ်ကြောင်း တရာဝင်ထုပ်ပြန်ကြေငြာ ခဲ့ သည်။ ဗိုလ်ချူ ပ်ဟော့ဒ်ကလည်း အာရပ်လေယာ် ၄၄၁ စင်းကို ဖျတ်ဆီးနိုင်ခဲကြောင်း အာရပ်နိုင်ငံ ၃ နိုင်ငံမှ လေ တပ်စခန်း ၂၅ ခုကိုလည်း ဖျတ်ဆီးနိုင်ခဲ့ကြောင်း အံဖွယ်ကောင်းသော အိမ်မတ်ပင်ဖြစ်ကြောင်းကြေငြာခဲ့လေ သည်။ ထိုနေ့ည ၂၀၀၀ နာရီ အာရပ်ဒေသစံတော်ချိန် ည ၁၀၀၀နာရီတွင်ကုလသမဂ္ဂ၏ကြားဝင်ဖြန်ဖြေမှုကြောင့် အစ္စရေးနှင့်ဂျော်ဒန် အပစ်ရပ်စဲခဲ့လေသည်။
အာရပ် - အစ္စရေး ၆ ရက်စစ်ပွဲ
(ဇာတ်သိမ်းပိုင်း)
(၁၉၆၇ ခုနှစ် ဇွန်လ )
(အာရပ်နိုင်ငံမျာအား အစ္စရေးတို့၏ နာရီပေါင်း ၈၀ အတွင်း တိုက်ခိုက်မှု စစ်စွမ်းရည်မှာခေတ်သစ်ကမ္ဘာ့စစ်သမိုင်း မှတ်တိုင်တွင် မှတ်ကျောက်တင်ရမည်ဖြစ်သည်။ )
( အစ္စရေးနိုင်ငံသည် ကမ္ဘာပေါ်တွင် ထူးခြားသော စစ်စည်းရုံးမှုနှင့် အချိန်တိုအတွင်း အကောင်းဆုံး စစ်ပြင်ဆင် နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ )

#ဇွန်လ-၈-ရက်
ဇွန်လ ၈ ရက်နေ့တွင် အီဂျစ်တို့က ကျန်ရှိနေသော သံချပ်ကာကားများကို စုစည်းကာ စူးအက်တူးမြောင်းကို ဖြတ် ကျော်၍ မစ်တလာ ( Mitla ) တောင်ကြားလမ်းနှင့် ဘီယာဂျီဂဖာဒေသရှိ ၎င်းတပ်များကို ကူညီရန် ချီတတ် တိုက် ခိုက်ခဲ့သည်။ အာရပ်တို့၏ တန်ပြန်တိုက်ခိုက်မှုသည် ကြောက်ခမန်းလိလိပင်ဖြစ်သည်။ နောက်ဆုံးတွင်အာရပ်တို့ ပင် ပြန်လည် ရှုံးနိမ့်ခဲ့လေသည်။ အစ္စရေးတို့ မစ်တလာတောင်ကြားတစ်ဝိုက်ကို အင်အားသုံး တိုက်ခိုက်ခဲ့သည်။ ထိုအချိန်မှာပင် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကိုရှိရန် ကြိုးပမ်းခဲ့ကြသည်။ အရေးကြီးသော စူးအက်အ ချက် အချာဒေသများသည် အစ္စရေးလက်ထဲသို့ ကျရောက်နေပြီးဖြစ်သည်။ အီဂျစ်တပ်မ ၇ တပ်သည် ဆိုင်နိုင်း အနောက်ဘက် ဒေသတွင် ပိတ်မိထားကြောင်း အစ္စရေးဘက်က ကြေငြာသည်။ ဆီးရီးယား စစ်မျက်နှာတွင် နှစ် ဖက်စလုံးမှ အပြန်အလှန် အမြောက်များဖြင့် ပစ်ခတ်ကြသော်လည်း မြေပြင်တိုက်ခိုက်မှုမရှိပေ။

ဇွန်လ ၉ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးကို အီဂျစ်နှင့် ဂျော်ဒန်ဒေသများတွင် ပြုလုပ်ခဲ့ကျသော်လည်းဆီးရီးယား အမြောက်တပ်များသည် အစ္စရေးနယ်စပ်ရွာများပေါ်သို့ ပစ်ခတ်နေကြသေးသည်။ အစ္စရေးပိုင် ဂေဒေါ့ ( Gadot ) ရွာမှာ လုံးဝပျက်စီးခဲ့ရသည်။ ထိုနေ့ နံနက်မှာပင် အစ္စရေးခြေလျင်တပ်များနှင့် လေတပ်ဖွဲ့များသည် ဆီးရီးယား တို့နေရာယူထားသော တောင်ကုန်းများကို အပြင်းအထန်ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ကျင်းနက်နက်တူးထား သော ဆီးရီးယားတပ်များကို ထိုးဖောက်ဝင်ရောက်၍ လုံးထွေးတိုက်ခိုက်ခဲ့ရာ ဆီးရီးယားတို့ပင် အရှုံးများစွာဖြင့် ရင်ဆိုင်ခဲ့ရပြန်သည်။ 

ထိုနေ့နံနက်မှာပင် အစ္စရေးလေတပ်က ကိုင်ရိုမြို့သို့ သွားရောက်ဗုံးကြဲ တိုက်ခိုက်သည်။ ဆီးရီးယားနှင့်အစ္စရေးတို့ သည် မကြာမီပင် အပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် တတိယ အ ကြိမ်မြောက် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ပေးခဲ့ပြန်သည်။ စစ်ကြီးရှုံးနိမ့်ခဲ့သဖြင့် ကိုင်ရို ၊အလက် ဇန္ဒြားယားနှင့် အခြားမြို့များမှ ထောင်ပေါင်းများစွာသော အာရပ်လူထုကြီးသည် ငိုကြွေးခဲ့ကြကြောင်း ကိုင်ရိုရေ ဒီယိုမှ ကြေငြာခဲ့လေသည်။
 
ဇွန်လ ၁၀ ရက်နေ့တွင် ဆီးရီးယားနှင့်အစ္စရေးတို့ အပစ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြသည်။
 သို့ရာတွင် ဆီးရီးယားစစ်မျက်နှာတွင် မရပ်နားဆက်လျက် တိုက်ပွဲများဖြစ်ပွားခဲ့၍ တစ်ချို့ ဆီးရီးယားတောင် ကုန်းများကို အစ္စရေးသံချပ်ကာတပ်များက ခြေလျင်အကူမပါဘဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဆီးရီးတို့အကြီး အ ကျယ် ပျက်စီးပြိုကွဲခဲ့ရသည်။ အစ္စရေးတပ်များသည် ဆီးရီးယားမြို့တော် ဒမာစကတ် ( Damascus ) မှ မိုင် ၄၀ အကွာ ကွန်နီထရာ ( Kuneitra ) မြို့အထိဝင်ရောက် သိမ်းပိုက်နိုင်ခဲ့သည်။ ကွန်နီထရာမှာ ဆီးရီးယားနယ်စပ်မှ ၁၂ မိုင်သာ ကွာဝေးသည်။ ထိုသို့ တိုက်ခိုက်ကြသည်မှာ အပတ်ခတ်ရပ်စဲရေး အမိန့်ညွန်ကြားချက် မရောက်လာမ ချင်း ညနေ ၁၆၃၀ နာရီအထိ တိုက်ခိုက်ခဲ့ကြသည်။ ထိုညွန်ကြားချက် ရောက်လာမှသာအပစ်ခတ်ရပ်စဲခဲ့ကြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အစ္စရေးတိုက်လေယာဉ် ၂၀၀ ကျော်သည် ဆီးရီယားတပ်နေရာပေါ်သို့ ဗုံးကြဲ တိုက်ခိုက်ခြင်း / နပမ်းဗုံး ခေါ် မီးလောင်ဗုံးများ ကြဲချခြင်းတိုကိုပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
#တိုက်ပွဲပြီးဆုံးခြင်း
အာရပ်နိုင်ငံများအား အစ္စရေးတို့၏ နာရီပေါင်း ၈၀ အတွင်း တိုက်ခိုက်မှုစစ်စွမ်းရည်မှာ ခေတ်သစ်ကမ္ဘာ့စစ်သမိုင်း မှတ်တိုင်တွင် မှတ်ကျောက်တင်ရမည်သာ ဖြစ်သည်။ ဆိုင်နိုင်းဒေသတွင် အီဂျစ်တပ်မ ၇ တပ်၊ လူအင်အား ၈၀၀၀၀ မှ ၁၀၀၀၀၀ ခန့်ကို အနိုင်ရအောင် တိုက်ခိုက်နိုင်ခဲ့ပြီး အာရပ်တို့၏တင့်အများစုကို ဖျတ်ဆီးနိုင်ခဲ့သည် အစ္စရေးတို့၏ အဆိုအရ ဆိုဗီယက်တို့က အာရပ်တို့ကိုထောက်ပံ့ပေးထားသော တင့် ၇၀၀ / လက်နက်ကြီး ၄၀၀ / ယန္တရားတင်အမြောက် ၅၀ / ၁၅၅ မမ အမြောက် ၃၀ နှင့် ကုန်တင်ကား ၁၀၀၀၀ ကျော် တို့ကို ဖျတ်စီးနိုင်ခဲ့ ကြောင်း သိရသည်။ လေယာဉ်မျိုးစုံ ၄၄၁ စင်းကိုလည်း ဖျတ်ဆီးနိုင်ခဲ့သည်။
 
အစ္စရေးအစိုးရသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နှင့် ပူးပေါင်းကာ ဆိုင်နိုင်းသဲန္တာရအတွင်း ပျောက်ဆုံး နေသော ဒဏ်ရာရ အာရပ်စစ်သားများ စူးအက်တူမြောင်း အရောက်ပို့ပေးသည့်လုပ်ငန်းများတွင် ကူညီခဲ့ပြီးရိက္ခာ နဲ့ရေများ ဝေငှခဲ့သည်။ ပထမအစတွင် အစ္စရေးတို့ အသုံးပြုမည်စိုး၍ ဖျတ်ဆီးထားသော စူးအက်တူးမြောင်း အောက် မှ ဖြတ်သန်းပြီး ဆိုင်နိုင်ဒေသသို့ သွယ်တန်းထားသော ရေချိုပိုက်လိုင်းကို ဇွန် ၁၃ ရက်နေ့တွင် အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း၏ တောင်းဆိုမှုကြောင့် ပြန်လည်ဆက်သွယ်ပြီး ရေချိုများပြန်လည်ဖြန့်ဝေခဲ့လေ သည်။

ဇွန်လ ၁၄ ရက်နေ့တွင် အစ္စရေးတို့၏ ကုန်တင်ကားများ / ရဟတ်ယာဉ်များဖြင့် အာရပ်စစ်သားများကို ဆိုင်နိုင်း သဲဂန္တာရအတွင်း ရှာဖွေပေးပို့ကြောင်း အစ္စရေးက ကြေငြာသည်။ အီဂျစ်ဆရာဝန်များကလည်း ၎င်းတို့၏ စစ်သား များကို အစ္စရေးတို့က ပို့ဆောင်ပေးခြင်း / ပုံမှန်အစားအစာနှင့် ရေများပေးခြင်း ပြုလုပ်ခဲ့ကြောင်းဖြင့် ဝန်ခံခဲ့ကြ သည်။

ဤသို့ဖြင့် အာရပ်-အစ္စရေးတို့ ဇွန်လ ၅ ရက်မှ ၁၀ ရက်နေ့အထိ ဖြစ်ပွားသော ၆ ရက် စစ်ပွဲကာအဆုံးသတ်ခဲ့ သည်။ အစ္စရေးတို့က နယ်မြေတစ်ချို့နှင့် ဂျေရုဆလင်မြို့ကို ပိုင်ဆိုင်ခဲ့လေသည်။အာရပ်နိုင်ငံများကလူလက်နက် အရှုံးကြီးရှုံးကာ အခဲမကြေဖြစ်ခဲ့ကြသည့် နည်းတူ အစ္စရေးတို့သည်လည်း အာရပ်တို့၏ နောက်တစ်ကြိမ် ရန်တုန် ပြန်မှုအတွင် ကြိုတင်ပြင်ကြရပေသည်။ မဝေးလှသော ကာလတွင် ထပ်မံဖြစ်ပွားခဲ့ပြန်လေသည်။

စစ်ပွဲအရှုံးအမြတ်
တိုက်ပွဲအပြီးတွင် အောက်ပါအတိုင်း အရှုံးအမြတ်ပေါ်ခဲလေသည် - - - -
၁။ #အစ္စရေး
(က) တိုက်ပွဲမဖြစ်မီ တိုက်လေယာဉ်------------------------------ ၃၀၀
တိုက်ပွဲအပြီး တိုက်လေယာဉ် ၂၆၀------------------------- (- ၄၀ အရှုံး)
(ခ) တိုက်ပွဲမဖြစ်မီ တင့် ၈၀၀တိုက်ပွဲအပြီး တင့် ၁,၀၀၀(+၂၀၀ မြတ်)
(ရန်သူတင့်ကို မိမိတင့်အဖြစ် သုံးထားသည်)
(ဂ) တိုက်ပွဲဝင်အင်အား ၂၇၅,၀၀၀ ၊တိုက်ပွဲပြီး အင်အား ၂၇၂,၀၀၀ (- ၃,၀၀၀)

၂။ #အာရပ်ပြည်ထောင်စု (အီဂျစ်)
(က) တိုက်ပွဲအဖြစ်မီ တိုက်လေယာဉ် ၅၀၀ ၊တိုက်ပွဲအပြီး တိုက်လေယာဉ် ၁၆၀(- ၃၄၀ ရှုံး)
(ခ) တိုက်ပွဲမဖြစ်မီ တင့် ၁၂၀၀ ၊ တိုက်ပွဲအပြီး တင့် ၄၀၀(- ၈၀၀ ရှုံး)
(ဂ) တိုက်ပွဲဝင် အင်အား ၃၀၀၀၀၀ ၊တိုက်ပွဲအပြီး အင်အား ၁၆၀,၀၀၀(- ၁၄၀,၀၀၀)

၃။ #ဂျော်ဒန်
(က) တိုက်ပွဲမဖြစ်မီ တိုက်လေယာဉ် ၂၅ ၊ တိုက်ပွဲအပြီးဘတိုက်လေယာဉ် ၄ (-၂၁ ရှုံး)
(ခ) တိုက်ပွဲမဖြစ်မီ တင့် ၂၅၀၊ တိုက်ပွဲအပြီး တင့် ၁၀၀(- ၁၅၀ ရှုံး)
(ဂ) တိုက်ပွဲဝင်အင်အား ၆၀,၀၀၀ ၊တိုက်ပွဲအပြီးအင်အား ၃၀,၀၀၀(- ၃၀,၀၀၀)

၄။ #ဆီးရီးယား
(က) တိုက်ပွဲမဖြစ်မီ တိုက်လေယာဉ် ၁၆၀ ၊တိုက်ပွဲအပြီး တိုက်လေယာဉ် ၉ (- ၉၇ ရှုံး)
(ခ) တိုက်ပွဲမဖြစ်မီ တင့် ၃၀၀၊ တိုက်ပွဲအပြီး တင့် ၂၅၀ (- ၅၀ ရှုံး)
(ဂ) တိုက်ပွဲဝင်အင်အား ၈၀,၀၀၀ ၊တိုက်ပွဲအပြီး အင်အား ၇၅,၀၀၀ (- ၅,၀၀၀ )

တိုက်ပွဲအပြီးတွင် အစ္စရေးတို့ဘက်မှ စစ်သည် ၃၀၀၀ ကျပြီး လေယာဉ်အစီး ၄၀ ပျက်ဆီးကာတင့်၂၀၀ခန့်အမြတ် ရခဲ့သည်။ အာရပ်ပြည်ထောင်စု (အီဂျစ်) ၊ဂျော်ဒန် ၊ ဆီးရီးယားတို့ဘက်မှ စစ်သည် ၁၇၅၀၀၀ ကျဆုံးပြီးထိ ခိုက် ပြီး တင့် ၁၀၀၀ ဆုံးရှုံးကာ လေယာဉ် ၄၅၈ စင် ဖျတ်ဆီးခံခဲ့ရသည်။ အစ္စရေးတို့ဘက်မှ ပြောရေးဆိုခွင့်ရှိသူက တိုက် ပွဲအတွင်း အစ္စရေးစစ်သည် ၆၇၉ ဦး ကျဆုံးခဲ့ပြီး ၂၅၆၃ ဦးဒဏ်ရာရကြောင်းပြောကြားခဲ့သည်။

ဤစစ်ပွဲတွင် အီဂျစ်ဘက်မှ စစ်သည် ၅၀၀၀ ကျဆုံးကြောင်း အီဂျစ်စစ်တပ်၏ ၈၀ ရာခိုင်နှုန်း ဖျတ်ဆီးခံရကြောင်း စစ်သည် ၁၀၀၀၀ နှင့် အရာရှိ ၁၅၀၀ ပျောက်ဆုံးကြောင်း စစ်သည် ၅၀၀၀ ခန့်နှင့် အရာရှိ ၅၀၀ ခန့် အဖမ်းခံရ ကြောင်း အီဂျစ်သမ္မတ နာဆာက ကြေငြာသည်။ 

ဂျော်ဒန်အနေဖြင့်မူ ၆၀၉၄ ယောက်ကျဆုံးခဲ့ပြီး ၇၆၂ ဦးဒဏ်ရာရကြောင်း ၄၆၃ ဦး အဖမ်းခံရကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံကမူ ကြေငြာခြင်ူမရှိခဲ့ပေ။ ဤ စစ်ပွဲတွင် လူ ၂၀၀,၀၀၀ ခန့် သေ ကြေဒဏ်ရာရှိခဲ့သည်။ အာရပ်တို့ဘက်မှ စစ်ကူပေးသော အီရတ်လေယာဉ် ၁၇ စင်းနှင့် လက်ဘနွန် တိုက်လေ ယာဉ် ၁ စင်းပါ ဆုံးရှုံးခဲ့ရသည်။
 
သုံးသပ်ချက်
၁၉၆၇ ခုနှစ် ဇွန်လ ၅ ရက်နေ့ နံနက် ၀၇၃၀ နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့သော အာရပ်-အစ္စရေးစစ်ပွဲသည် ဇွန်လ ၁၀ ရက်နေ့ ညနေ ၁၆၃၀ နာရီတွင် ပြီးဆုံးခဲ့သည်။ နာရီပေါင်း ၈၀ ခန့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တစ်ဖက်တွင် အစ္စရေး လူဦးရေ ၂ သန်းခွဲခန့် ၊ တစ်ခြားဘက်တွင် အာရပ်ပြည်ထောင်စု (အီဂျစ်) ၊ ဂျော်ဒန် ၊ဆီးရီး ယားသုံးနိုင်ငံ လူဦးရေသန်းပေါင်းများစွာရှိသော အာရပ်နိုင်ငံများနှင့် စစ်ပွဲဖြစ်ပွားခဲ့သည်။ အာရပ်တို့ဘက်မှ အင် အား ၄၄၀၀၀၀ ကျော် / တင့် ၁၇၅၀ / လေယာဉ် ၆၃၀ စင်း / အစ္စရေးတို့ဘက်မှ လူအင်အား ၂၇၅၀၀၀ / တင့် ၈၀၀ နှင့် လေယာဉ် ၃၀၀ ဖြင့် တိုက်ခိုက်ခဲ့သည်။

နိုင်ငံမဲ့လူမျိုးဘဝမှ နိုင်ငံတစ်နိုင်ငံဟူ၍ ခေါ်စရာ မြေနေရာလေးရရှိလာသော အစ္စရေးတို့သည် နိုင်ငံနှင့်လူမျိူး ကမ္ဘာပေါ်မှ ပျောက်ကွယ်မသွားစေရန်အတွက် အစ္စရေးပြည်သူတစ်ရပ်လုံးအသိစိတ်ဓာတ်ဖြင့် စည်းလုံးဆောင် ရွက်ပြီး ဗီယက်နမ်ဗိုလ်ချူ ပ်ကြီး ဗိုငုယင်ဇပ်၏ အဆိုအမိန့်အတိုင်း ---

'' လူတိုင်းအားလုံး ရှေ့တန်းအတွက်ဖြစ်သည်။ လူတိုင်းအားလုံး အောင်ပွဲခံရမည် ။ ''
 
ဆိုသည့်အတိုင်း ပြည်သူ့စစ်ပွဲတစ်ပွဲကို ဖန်တီးလိုက်ခြင်းဖြစ်သည်။ အစ္စရေးလူမျိူးအားလုံး ကျား/မ အရွယ်စုံ တို့ သည် စစ်ထဲဝင်ကာ နိုင်ငံတော်တည်တံ့ရေးအတွက် ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ဤသို့အံ့သြဖွယ်ကောင်းသော အောင်ပွဲကြီးကို အောင်နိုင်ခဲ့ခြင်းဖြစ်သည်။
 
အစ္စရေးတို့အနေဖြင့် စစ်ပွဲရှုံးနိမ်ပါက တိုင်းပြည်နှင့်လူမျိူးကမ္ဘာမြေပုံပေါ်မှ ပျောက်ကွယ်သွားမည်ကို သိရှိ၍ပြည် သူတစ်ရပ်လုံးက တိုင်းပြည်နှင့်လူမျိုးအတွက် မျိူးချစ်စိတ်အပြည့်ဖြင့် တိုက်ပွဲ၍ တိုက်ခိုက်ခဲ့ကြသည်။ အာရပ်တို့ မှာမူ စစ်ကြီးဆုံးရှုံးပါက လူ၊ လက်နက်ပစ္စည်း ရုပ်ဝတ္တုပစ္စည်းတွေသာ ဆုံးရှုံးမှာဖြစ်၍ စိတ်ဓာတ်ခိုင်မာ မှုမရှိခဲ့ကြ ပေ။ တစ်ဖက်တွင်လည်း အာရပ်နိုင်ငံများသည် ချမ်းသာသည်၊ ရေနံများပိုင်ဆိုင်ထားသည်၊ အင်အားကြီးမားသည် လူဦးရေများသည်၊ နိုင်ငံကျယ်ပြန့်သည်၊ ကြီးမားသော တပ်မတော်ကြီးများရှိသည်။ဤအချက်များကြောင့်အာရပ် တို့သည် စွမ်းအားကိုအပြည့်အဝ အသုံးမချနိုင်ဘဲ စည်းစိမ်ယစ်လိုသောဆန္ဒဖြင့် ရန်သူအပေါ်အထင်အမြင်သေး သော ဘဝအမြင်တို့လွှမ်းခြုံ စေခဲ့သဖြင့် အာရပ်တို့ စစ်ရှုံးရခြင်းဖြစ်သည်။ အစ္စရေးတို့မှာ မိမိဘဝရပ်တည်မှု ရှေးဝ တီကတည်းကစပြီး တစ်မျိုူ းသားလုံး ခံစားလာခဲ့ကြရသည့် ခါးသီးသောအတွေ့အကြုံများ ဘိုးဘေးဘီ ဘင်အ ဆက်ဆက်တို့ ပြောဆိုလာခဲ့ကြသည့် ပါလက်စတိုင်းမြေဆိုသည့် မိမိတို့မူလနိုင်ငံကို မိမိတို့လက်ထက်တွင် ခိုင်မြဲ သည်ထက် ခိုင်မြဲလာအောင် လုပ်မည်ဟူသော ဇွဲ၊ လုံးလ၊ ဝီရိယတို့ကြောင့် ထိုသို့သော အအောင်မြင် ခြင်းအ ကျိုးဆက်ကို ခံစားရခြင်းဖြစ်ပေသည်။ 

အစ္စရေးတို့အနေဖြင့် ထောက်လှန်းရေးသတင်းကို ပိုင်နိုင်စွာရရှိပြီး ထိရောက်စွာအသုံးချနိုင်ခြင်းသည် အဓိက အောင်မြင်ခြင်း အချက်ပင်ဖြစ်သည်။ အာရပ်နိုင်ငံတို့၏ တပ်ချထားမှု၊လေယာဉ်ကွင်းတည်နေရာ၊ လေယာဉ် အ တု အစစ်၊ အရေအတွက်နှင့်နေရာများ၊ရေဒါစခန်း တည်နေရာများ / လေယာဉ်တို့၏ စွမ်းပကားများ / တပ်များ၏ အမူအကျင့် အလေ့အထများကို နည်းမျိူ းစုံဖြင့် ရယူထောက်လှန်းနေပြီး ဖြစ်သည်။ စတင်တိုက်ခိုက်ချိန်ကပင် ဤသတင်းများအပေါ်အခြေခံတိုက်ခိုက်၍သာ နာရီပိုင်းအတွင်း အာရပ်တို့၏ လေယာဉ်ကွင်းနှင့် လေယာဉ်များ ကို တစ်ချိန်တည်းတစ်ပြိုင်နက်တည်း ဖျတ်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
 
အစ္စနိုင်ငံသည် မိမိတိုင်းပြည်ထက် မြေနေရာရော၊လူဦးရေပါ အဆမတန်ကြီးထွားများပြားပြီး မိမိတို့အစ္စရေး နိုင် ငံဟူ၍ တည်ရှိနေမှုကို ဘဝပေးအသိတရားကပင် မည်သို့မျှလက်မခံနိုင်သော အစ္စရေးနိုင်ငံ အစ္စရေးလူမျိုး ဆို သည်ကို ပါလက်စတိုင်းဒေသမှမောင်းထုပ်ပြီး မြေထဲပင်လယ်အတွင်းတွန်းချပစ်မည်ဟု အရိုးစွဲခံယူလာသောအိမ် နီးချင်းအာရပ်နိုင်ငံများကြားတွင် ညုပ်နေသဖြင့် မိမိတို့နိုင်ငံရပ်တည်ရေး မိမိတို့လူမျိုးတည်တံ့ရေး မိမိတို့ ဘဝ ခိုင်မြဲရေးတို့တွင် စစ်ပွဲဖြစ်ပွားရာ၌ လူအင်အားကို မဖြုန်းတီးနိုင်ချေ ။ ထို့ကြောင့် လူအင်အားများများ လိုအပ် သော ခြေလျင်တပ်ကို အဓိကထားပြီး မတိုက်ခဲပေ။ အထူးငဖြင့် သမာရိုးကျ တိုက်ပွဲကို မဖန်တီးခဲပေ။ အာရပ်တို့ သည် စစ်တပ်များကြီးမားသော်လည်းစက်မှုသိပ္ပံပညာရပ်တွင် အားနည်းချက်များစွာရှိလေရာ အစ္စရေးတို့က စက် မှုသိပ္ပံ၏အားသာချက်ဖြင့် လှုပ်ရှားစစ်ကို ရွေးချယ်တိုက်ခိုက်ခဲ့သည်။ သို့မှသာ စစ်ပွဲကို လျှင်မြန်စွာအဆုံးဖြတ် ပေးနိုင်မည်ဖြစ်သည်။ စစ်ပွဲ၏အဆုံးအဖြတ်ကိုလျှင်မြန်စွာရယူနိုင်မှစစ်ကိုလည်းအပိုင်းလိုက်စီမံတိုက်ခိုက်အောင် ပွဲခံနိုင်မည်ဖြစ်သည်။ လေတပ်ကိုအဓိကထားပြီး လေကြောင်းပျံသန်းမှု၊ဆီဖြည့်မှု၊လက်နက်တပ်ဆင်မှုခရီးအကွာ အဝေး စသည်တို့ကို ကြိုတင်လေ့ကျင့်ပြင်ဆင်ခြင်း၊ အချိန်ကိုက်အံဝင်ခွင်ကျဖြစ်စေခြင်း၊ လေတပ်၏ စွမ်း အား ကို အပြည့်အဝ အသုံးချခြင်းတို့ကြောင့် အောင်မြင်မှုရှိခဲ့သည်။ အာရပ်တို့အနေဖြင့် လေယာဉ်အရေ အတွက် နှင့် လက်နက်ဆန်းများစွမ်အားကြီးမြင့်မှုကြောင့်အစ္စရေးကို အထင်အမြင်သေးပြီး လေ့ကျင့်မှုကိုလည်း လိုသည်ထက် ပို မလေ့ကျင့်ဘဲ သာမန်လုပ်ရိုးလုပ်စဉ်ကဲ့သို့ လေ့ကျင့်ခဲ့သဖြင့် ရှုံးနိမ့်ရခြင်းဖြစ်သည်။ 

အလစ်အငိုက်ရယူခြင်းသည်လည်း အောင်မြင်ခြင်းအချက်ပင်ဖြစ်သည်။ ဤတိုက်ပွဲ၏ အဆုံးအဖြတ်သည်အလစ် အငိုက်ရယူခြင်းကြောင့်ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အစ္စရေးတို့သည် အာရပ်တို့၏ အမူအကျင့်၊အလေ့အထ၊ လှုပ်ရှားမှုအနေအထား၊အရေအတွက်၊ အင်အား၊ စွမ်းဆောင်နိုင်မှု၊ နောင်ဖြစ်လာနိုင်မှု စသည့်တို့ကို သုံးသပ်တွက် ချက်ပြီး အာရပ်တို့ကို မတိုက်သယောင် လှည့်စားထားခြင်း၊ မိမိတို့အင်အားဖြင့် မယှဉ်နိုင်ဟု ထင်ယောင်ထင် မှား ဖြစ်အောင် စီမံထားပြီး သာမန်လုပ်ရိုးလုပ်စဉ်သဘောဖြစ်အောင် အာရပ်တို့အားလှည့်စားနိုင်ခဲ့သည့်အပြင်အာရပ် တို့ မမျှော်လင့်သောအချိန်၊မမျှော်လင့်သောအရပ်ဒေသ၊မမျှော်လင့်သော တိုပ်ပွဲပုံစံမျိူးဖြင့် စစ်မျက်နှာသုံးခု စလုံး ကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း အချိန်ကိုက်တိုက်ခိုက်နိုင်ခြင်းဖြင့် အလစ်အငိုက်ရယူ တိုက်ခိုက်ခဲ့ပေ သည်။ အစ္စရေးတို့၏ လေကြောင်းမှ ရုတ်တရက် လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နာရီပိုင်းအတွင်း အာရပ်လေယာဉ် ၄ ပုံ ၃ ပုံနီးပါးပျက်ဆီးကာ ကျန်လေယာဉ်များမှာလည်း လေယာဉ်ပြေးလမ်းများပျက်သဖြင့် ပျံတတ်တိုက်ခိုက်နိုင်စွမ်းမရှိတော့ချေ။ ဤနည်ူဖြင့် လျှပ်တပြက် အလစ်အငိုက်ရယူတိုက်ခိုက် အောင်ပွဲဆင် ခဲ့ ခြင်းဖြစ်သည်။

စစ်စည်းရုံးကောင်းမွန်မှုနှင့် လေ့ကျင့်သားပြည့်ဝမှု လှုပ်ရှားလွယ်ကူ လျှင်မြန်မှုတို့သည်လည်း အောင်မြင်မှု၏ ရေ သောက်မြစ်များပင်ဖြစ်သည်။ အစ္စရေးတပ်မတော်ကို ၇၂ နာရီအတွင်းပြင်ဆင်၍ ၂၄ နာရီအတွင်းအပြီး အပြည့်အ စုံဖွဲ့စည်းနိုင်အောင် လေ့ကျင့်ထားပြီးဖြစ်သည်။ ရေဒီယိုမှ လျှိူ ဝှက်သင်္ကေတ လွှင့်လိုက်ယုံဖြင့် တပ်ဖွဲ့စည်းပြီး၊ လက်နက်စွဲကိုင်ပြီး အသင့်ဖြစ်နေပေသည်။ ပြည်သူတို့နှင့် ဖွဲ့ထားသောတပ်ဖြစ်သဖြင့်ကျန်အင်အားများကိုလည်း စိုက်ပျိူးထုပ်လုပ်မှု၊ကုန်ထုပ်လုပ်မှုတို့တွင် မိမိတို့၏ အသိစိတ်များဖြင့် ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်စေလေ သည်။ တပ်များကိုလည်း လိုအပ်သောနေရာသို့ လိုအပ်သောအချိန်အတွင်း၊လိုအပ်သောအရည်အတွက် အတိုင်း ရောက်အောင်လေ့ကျင့်ထားပြီးဖြစ်သည်။ ကမ္ဘာတွင် ထူခြားသောစစ်စည်းရုံးမှုနှင့် အချိန်တိုအတွင်း အကောင်း ဆုံးစစ်ပြင်ဆင်နိုင်သော နိုင်ငံဖြစ်သည်။ 

အစ္စရေူတို့အနေဖြင့် မိမိတို့လူမျိုး / မိမိတို့တိုင်းပြည်သည်။ ဤကမ္ဘာမြေတွင်ပျောက်ကွယ်လွင့်ပြယ်ခဲ့ရပြီးလူတိုင်း ၏ညှင်းပန်းနှိပ်စက်ခံရသည်ကို မမေ့နိုင်ကြပေ။ ဤသို ခါးသီးသော အတွေ့အကြုံကို နောင်သားစဉ် မြေး မြစ်မခံ ရအောင် မိမိတို့၏ဘဝပေးအသိ တာဝန်ဟုယူဆကာ ကိုယ်စွမ်း/ ဉာဏ်စွမ်းဖြင့် စည်းလုံးညီညွတ်စွာ ပြည် သူတစ် ရပ်လုံးပါဝင်တိုက်ခိုက် ကြခြင်းကြောင့်သာလျှင် အောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပေသည်။

****** The End ******
အာရပ် - အစ္စရေး ၆ ရက်စစ်ပွဲ(ပထမပိုင်း)
https://m.facebook.com/story.php?story_fbid=312623779222785&id=219148381903659
အာရပ် - အစ္စရေး ၆ ရက်စစ်ပွဲ(ဒုတိယပိုင်း)
https://m.facebook.com/story.php?story_fbid=312840815867748&id=219148381903659

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */