" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 15, 2023

လက်ဘနွန်နိင်ငံLebanon (country)


 လက်ဘနွန်နိင်ငံသည် အာရှတိုက် အနောက်တောင်ဖက်မြေထဲပင်လယ် ကမ်းခြေဒေသတွင်တည်ရှိသည့် နိင်ငံ ဖြစ်သည် ။

လွန်ခဲ့သည့် နှစ်ပေါင်း ၇၀၀၀ - ခန့်အချိန်က မြေထဲပင်လယ်နှင့် လက်ဘနွန်ကမ်းခြေ တလျှောက်တွင် အစောဆုံး
ယဉ်ကျေးမှု စတင်ခဲ့ကြသူများမှာ Phoenicia လူမျိုးများဖြစ်ကြသည်။
ဤဒေသတွင် ခရစ်ယန် အယူဝါဒ နှင့်ယဉ်ကျေးမှု အစောဆုံး စတင်ခဲ့ပြီး ၊နောက်ပိုင်း အစ္စလမ် အယူဝါဒ ထွန်း တောက်လာခဲ့သည့်ဒေသ ဖြစ်ကာနှစ်ပေါင်း ၁၀၀၀ - ကျော်အော်တိုမင်အင်ပါယာဒေသ ဖြစ်ခဲ့သည်။ပထမ ကမ္ဘာ စစ်အပြီး ပြင်သစ်ကိုလိုနီဒေသ ဖြစ်လာခဲ့ကာဒုတိယကမ္ဘာစစ်အပြီး၁၉၄၆ - ဧပြီလအချိန်တွင်လက်ဘနွန်နိင်ငံ သည်လွတ်လပ်သည့်နိင်ငံ တနိင်ငံဖြစ်လာခဲ့သည်။
  
လွတ်လပ်ရေးရပြီးနောက် လွတ်လပ်သည့် စီးပွားရေးနယ်မြေများကိုတည်ဆောက်ခဲ့သော်လဲ ခရစ်ယန် နှင့်မူဆ လင် လူမျိုးစုများအကြားပြသနာကြောင့် ၁၉၇၅ - ခုနှစ်မှ ၁၉၉၀ - ခုနှစ်အထိ Lebanese CivilWar ပြည်တွင်း စစ် ဖြစ်ပွားခဲ့သည်။
 
လူဦးရေ ၆.၈၅ သန်း ( ၂၀၁၈ - ခုနှစ် )သာ ရှိပြီး လူဦးရေ၏ ၆၁% မှာ မူဆလင် ၊၃၃.၇% ခန့်မှာ ခရစ်ယန်ဘာသာ ၀င်များ ဖြစ်ကြကာ နိင်ငံ၏ Official Languageမှာ အာရပ်ဘာသာ ဖြစ်သည်။နိင်ငံ၏ မြို့ တော်မှာ ဘေရွက်ဖြစ် ပြီး၊နိင်ငံ၏ Official Name မှာ Republic of Lebanon ဖြစ်သည် ။

ကုန်းမြေ

လက်ဘနွန်နိင်ငံသည်သေးငယ်သည့် နိင်ငံတနိင်ငံဖြစ်ကာ ဧရိယာစတုရန်းမိုင် ၄၀၃၆ သာကျယ်၀န်းပြီး မြောက်မှ တောင်သို့ အရှည် ၁၃၅ -မိုင် ၊ အရှေ့မှအနောက်သို့ အကျယ်ဆုံး နေရာမှာ ၅၀ -မိုင် သာရှိသည်။နိင်ငံ၏ အရှေ့နှင့် မြောက်ဖက်တွင် ဆီးရီးယားနိင်ငံ ၊ တောင်ဖက်တွင်အစ္စရေးနိင်ငံ နှင့်အနောက်ဖက်သည်မြေထဲပင်လယ်ကမ်းခြေ ဒေသဖြစ်သည်။
 
လက်ဘနွန်နိင်ငံ ကမ်းခြေတလျှောက်တွင် မြင့်မားသည့် တောင်တန်းများတည်ရှိကာအေးမြ သည့်ရာသီဥတု ရှိ သည့် နိင်ငံဖြစ်သည်။ လက်ဘနွန်နိင်ငံတွင်ကူးသန်းသွားလာနိင်သည့် မြစ်မရှိဘဲ ၊တောင်ကြားရေအိုင်နှင့်၊ တောင် တန်းများကို ဖြတ်ကျော် စီးဆင်းနေသည့် မြစ် ၊ချောင်းများသာရှိသည် ။

သမိုင်း
ရှေးခေတ်သမိုင်း

ရှေးဟောင်းပညာရှင်များ၏ လေ့လာတွေ့ ရှိမှု အရ ၊ လွန်ခဲ့သည့် နှစ် ၉၀၀၀ - အချိန်ခန့်ကလက်ဘနွန် ဒေသတွင် ကျောက်ခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့သည်ဟုဆိုသည်။ သမိုင်းပညာရှင်များမှ Phoenicia ယဉ်ကျေးမှုသည် မြေထဲပင်လယ်ကမ်းခြေ၊ ယနေ့ လက်ဘနွန် ဒေသများတွင် ဘီစီ ၂၅၀၀ ခန့်က စတင်ခဲ့သည်ဟု ယုံကြည်ကြ သည်။
 
သူတို့ ၏ယဉ်ကျေးမှုအစသည် ဘေဘီလုံဒေသ၏ အစောဆုံးယဉ်ကျေးမှု များဖြစ်သည့် Sumerian နှင့်Akkadian တို့ထံမှ ပြန့် နှံ့ လာခဲ့ သည်ဟုဆိုသည်။ဘီစီ ၁၈၀၀ အချိန်ခန့် တွင်ရှေးခေတ်အီဂျစ်တို့ သည် Phoeniciaဒေသကို ထိန်းချုပ်ခဲ့သည်။သို့သော်လဲ ဘီစီ ၁၂၀၀ အချိန်ခန့် တွင် Phoeniciaများသည်အီဂျစ်တို့၏ထိန်းချုပ်မှုမှကင်းလွတ် ကာမိမိဘာသာမိမိ ရပ်တည်နိင်ခဲ့ကြသည်။
 
အင်ပါယာများ၏ဒေသ

လက်ဘနွန်ဒေသ သည် ဘီစီ ၈၆၇ အချိန်တွင် Assyrians နယ်မြေ ဘီစီ ၅၉၀ အချိန်တွင် ဘေဘီလုံအင်ပါယာ ဒေသ၊ဘီစီ ၅၃၈ အချိန်တွင် ပါရှန်အင်ပါယာဒေသ၊ ဘီစီ ၃၃၃ အချိန်တွင် ဂရိဘုရင် Alexander the Greatလက် အောက်သို့ ကျရောက်ခဲ့ရသည်။ ဘီစီ ၆၄ - အချိန်တွင်ရောမအင်ပါယာဒေသ ၊ ထိုမှတဆင့် ရော်မန်တို့ ၏ Byzantine အင်ပါယာဒေသ ဖြစ်လာခဲ့သည်။ရော်မန်ခေတ်အချိန်ကဤဒေသသည် ခရစ်ယန် အယူဝါဒအဓိက ထွန်းကားခဲ့ ဒေသ ဖြစ်ခဲ့သည် ။

အေဒီ ၇ - ရာစု အချိန်တွင် အစ္စလမ်အယူဝါဒထွန်းကားလာပြီးနောက်လက်ဘနွန်ဒေသ သည် အာရပ်မူဆလင်
တို့ ၏ ဒေသဖြစ်လာခဲ့သည်။ထိုဒေသတွင်အစောဆုံး ထိန်းချုပ်ခဲ့သည့် အာရပ်မူဆလင်မင်းဆက်မှာ Umayyad dynasty ဖြစ်ပြီး အေဒီ ၇၅၀ အချိန်တွင် Abbasid dynasty ဒေသဖြစ်လာခဲ့သည်။

အေဒီ ၁၀၉၅ အချိန်မှ အေဒီ ၁၂၉၁ - ခုနှစ်အချိန်များအတွင်း ဖြစ်ပွားခဲ့သည့် ခရစ်ယန်နှင့် မူဆလင်တို့၏ ခရူးဆစ် စစ်ပွဲများသည်ဆီးရီးယား ၊ လက်ဘနွန် နှင့်ပါလက်စတိုင်းဒေသ များတွင်အဓိက ဖြစ်ပွားခဲ့သည်။ထိုအချိန်က ဤ ဒေသတွင် Crusader ဘုရင်နိင်ငံ များစွာပေါ် ထွန်းခဲ့ပြီး kingdoms of Tripoliနှင့် kingdoms of Jerusalem
တို့ မှာ ထင်ရှားသည့် ဘုရင့်နိင်ငံများဖြစ်ခဲ့သည်။ ခရူးဆစ်စစ်ပွဲပြီးနောက် လက်ဘနွန်ဒေသ သည်အာရပ် မူဆ လင်များကြီးစိုးရာဒေသဖြစ်လာခဲ့သည်။ထိုအချိန်ကလက်ဘနွန်ကမ်းခြေတလျှောက်ထိန်းချုပ်ခဲ့ကြသည့်မူဆလင် များမှာအီဂျစ်အနွယ်၀င် Mamluks များဖြစ်ကြပြီး သူတို့ သည် ထိုဒေသကိုနှစ် ၂၀၀ - ခန့်ထိန်းချုပ်ခဲ့ကြသည်။

အော်တိုမင်အင်ပါယာဒေသ

အေဒီ ၁၅၁၆ - အချိန်ခန့်တွင် လက်ဘနွန်ဒေသသည် အော်တိုမင်တို့ ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဖြစ်လာ ခဲ့သည်။ အော်တိုမင်ခေတ်အချိန်က လက်ဘနွန်ဒေသကို အုပ်ချုပ်ခဲ့သည့် မင်းဆက် ၂ - ဆက်ရှိခဲ့ပြီး၊ထိုမင်းဆက် များမှာ Maans( ၁၅၁၆ - ၁၆၉၇ ) နှင့် Shihabs( ၁၆၉၇ - ၁၈၄၂ ) တို့ ဖြစ်ကြသည်။

ဘုရင် Maan amir Fakhr al-Din II( ၁၅၈၆ - ၁၆၃၅ ) အုပ်ချုပ်ချိန်ကလက်ဘနွန်ဒေသ သည် ဥရောပဒေသ နှင့်
ဆက်ဆံမှု များခဲ့ပြီး ၊ ဥရောပ စတိုင်တိုးတက်မှုရှိခဲ့သည်။ Shihabs ဘုရင် Bashir II( ၁၇၈၈ - ၁၈၄၀ ) အုပ်ချုပ် ချိန်က လက်ဘနွန်ဒေသသည် အာရပ် ခရစ်ယန် လူ့အဖွဲ့အစည်း ( Maronites ) နယ်မြေ ဖြစ်လာခဲ့ကာအော်တို မင်များနှင့်ပြသနာဖြစ်လာခဲ့သည်။ ပထမကမ္ဘာစစ်တွင် အော်တိုမင်များ စစ်ရှုံးပြီးနောက်လက်ဘနွန်ဒေသသည်
အော်တိုမင် ထိန်းချုပ်မှုမှကင်းလွတ်ခဲ့ပြီး ပြင်သစ်ကိုလိုနီဒေသဖြစ်လာခဲ့သည်။

ပြင်သစ်ကိုလိုနီဒေသ
 
ပြင်သစ်အင်ပါယာဒေသ ဖြစ်လာခဲ့သော်လဲ ၁၉၂၀ - ခုနှစ်အချိန်တွင် နိင်ငံပေါင်းချုပ်အသင်းကြီးမှပြင်သစ် အား လက်ဘနွန်ဒေသ လွတ်လပ်ရေးအတွက် အချိန်သတ်မှတ်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ထိုအခါ ပြင်သစ်တို့ သည်
ခရစ်ယန်ဘာသာ၀င်အများစုနေသည့်လက်ဘနွန် တောင်တန်း ဒေသနှင့် မူဆလင်အများစုနေသည့်လက်ဘနွန် ကမ်းခြေဒေသကိုပူးပေါင်းကာ “Greater Lebanon ” ဟု စုစည်းပြီး လွတ်လပ်ရေးပေးရန်စီမံခဲ့သည်။ထိုအချိန်မှ စ၍ Republic of Lebanon အမည်သည် နိင်ငံ တနိင်ငံအဖြစ် ထင်ပေါ် လာခဲ့ပြီးဒေသအတွင်း ခရစ်ယန် နှင့် မူဆလင်လူမျိုးစုများ၏ ပဋိပက္ခ သည် ပိုမိုကြီးထွားလာခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး၁၉၄၆ - ဧပြီလ အချိန်တွင် ပြင်သစ်တို့သည် လက်ဘနွန်အား လွတ်လပ်သည့်နိင်ငံတနိင်ငံအဖြစ်သတ်မှတ်ပေးခဲ့သည်။.

လွတ်လပ်ရေးရပြီးခေတ်

လွတ်လပ်ရေးရပြီးနောက် လက်ဘနွန် နိင်ငံရေးခေါင်းဆောင်များသည် လူမျိုးစုမျိုးနွယ်များအကြား၊အထူးသဖြင့် အာရပ် ဆူနီ မူဆလင်နှင့် အာရပ် ခရစ်ယန် လူ့အဖွဲ့အစည်း( Maronites ) အကြားညှိနှိုင်းဆွေးနွေးသည့် ပုံစံဖြင့်
အုပ်ချုပ်ခဲ့ကြသည်။ ထိုတွေ့ ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာမှုသည် ၁၉၄၈ - ခုနှစ်အစ္စရေးနိင်ငံ ပေါ်ထွက်လာချိန် မှစ၍ တဖြည်းဖြည်း ပြသာနာကြီးထွားလာခဲ့သည်။
 
၁၉၄၈ - ခုနှစ် အစ္စရေးနိင်ငံ ပေါ် ထွန်းလာသည့်အချိန်တွင် အာရပ်နိင်ငံများသည်အစ္စရေးနိင်ငံအား ၀င်ရောက်
တိုက်ခိုက်ကြသည်။ အာရပ်နိင်ငံများသည် သေးငယ်သည့် အာရပ်နိင်ငံအား အလွယ်တကူ အနိင်ရလိမ့်မည်ဟု
ထင်မှတ်ခဲ့ကြသော်လဲ စစ်ပွဲရှုံးနိမ့်မှု နှင့် အတူ ပါလက်စတိုင်းဒုက္ခသည်များ လက်ဘနွန်နိင်ငံသို့ ထွက်ပြေးလာခဲ့ ကြသည်။

လက်ဘနွန်တွင်ပါလက်စတိုင်းဒုက္ခသည် တဖြည်းဖြည်းများလာခဲ့ပြီး ၊ အာရပ် မူဆလင် နှင့်အာရပ် ခရစ်ယန် လူ့ အဖွဲ့အစည်း ( Maronites ) အကြား ပြသာနာကြီးထွားလာကာ ၁၉၅၈ - ခုနှစ်တွင် လက်ဘနွန် ပြည်တွင်းစစ်ဖြစ် ပွားလာခဲ့သည်။ ထိုပြသာနာကြောင့် ၁၉၅၈ - ခုနှစ် ဇူလိုင်လတွင် အမေရိကန် ရေတပ်စစ်သည်၁၄၀၀၀ - ခန့်ဘေ ရွက်မြို့ တောင်ဖက်ကမ်းခြေဒေသ သို့ ရောက်ရှိကာငြိမ်းချမ်းရေး ထိန်းသိမ်းခဲ့ကြသည်။

အမေရိကန် ငြိမ်းချမ်းရေးတပ်များ ထိန်းသိမ်းမှုနှင့်အတူ ၊ သြဂုတ်လအချိန်ခန့် တွင် လက်ဘနွန် ပြည်တွင်းစစ်
ပြန်လည်ငြိမ်သက်သွားခဲ့သည်။ အာရပ် - အစ္စရေးပြသာနာနှင့် အတူလက်ဘနွန်ရှိ အာရပ် မူဆလင်များ နှင့် ပါ လက်စတိုင်း ဒုက္ခသည် များသည်အာရပ်အမျိုးသားရေး ပြင်းထန်လာခဲ့ပြီး၊အာရပ် ခရစ်ယန် လူ့အဖွဲ့အစည်း
( Maronites ) များမှာ အနောက်နိင်ငံများဖက်မှ ထောက်ခံခဲ့ကြသည်။
 
၁၉၆၇ - ခုနှစ်အာရပ် - အစ္စရေး ၆ - ရက်စစ်ပွဲ( Six-Day War ) ဖြစ်ပွားခဲ့ပြီးနောက် ၊စစ်၏ အကြိုးဆက်အဖြစ်
ပါလက်စတိုင်း ဒုက္ခသည် များစွာလက်ဘနွန်သို့ ရောက်လာခဲ့ပြန်သည်။ထိုအချိန်က လက်ဘနွန်အစိုးရသည်အင် အားနဲ အစိုးရဖြစ်ကာပါလက်စတိုင်းဒုက္ခသည် ပြသနာကိုထိန်းချုပ်နိင်ခြင်းမရှိပေ။၁၉၇၂-ခုနှစ်တွင်ပါလက်စတိုင်း
လွတ်မြောက်ရေးအဖွဲ့ (PLO) ဌာနချုပ်သည် ဂျော်ဒန်မှ လက်ဘနွန် နိင်ငံဘေရွက်မြို့ သို့ ပြောင်းရွှေ့လာခဲ့သည်။
ပါလက်စတိုင်းတို့ သည်လက်ဘနွန် တောင်ဖက်ဒေသကိုခြေကုတ်ယူကာ၊ အစ္စရေးမြောက်ဖက်ဒေသကို တိုက် ခိုက်ခဲ့ကြ သောကြာင့်အစ္စရေးတို့ မှ လက်ဘနွန်ကိုဗုံးကြဲတိုက်ခိုက်ရာ အရပ်သားများစွာကိုထိခိုက်မှု ရှိလာသည်။
၁၉၇၃ - ခုနှစ်မေလတွင်ပါလက်စတိုင်းစစ်သည် နှင့်လက်ဘနွန်စစ်သည်များဘေရွက်မြို့တွင် ထိတွေ့မှုနှင့်အ တူ
လက်ဘနွန်ပြည်တွင်း ပြသာနာကြီးထွားလာခဲ့သည်။

လက်ဘနွန် ပြည်တွင်းစစ်

၁၉၇၅ - ခုနှစ် ဧပြီလ ၁၃ - ရက်နေ့တွင် ပါလက်စတိုင်းလက်နက်ကိုင်များမှဘေရွက်မြို့ရှိခရစ်ယန်ဘုရားကျောင်း ကို တိုက်ခိုက်ရာ လူ ၇ - ဦးသေဆုံးခဲ့ပြီး နာရီ အနည်းငယ်အကြာတွင်ခရစ်ယန်များမှ ပါလက်စတိုင်း ဒုက္ခသည် စခန်းကို တိုက်ခိုက်ရာလူ ၂၇ - ဦးသေဆုံးခဲ့သည်။ထိုပြသာနာ နှင့်အတူ လက်ဘနွန်ပြည်တွင်းစစ် စတင်လာခဲ့ သည်။ ဆီးရီးယား တို့ မှ ပါလက်စတိုင်းအား စစ်ရေးကူညီမှု နှင့်အတူ ပြည်တွင်းစစ်သည် ကျယ်ပြန့်လာခဲ့ သော် လဲ ၁၉၇၆ - ခုနှစ် နို၀င်ဘာလတွင် ဆီးရီးယား တို့ မှ ပါလက်စတိုင်းတို့ စစ်ပွဲရပ်စဲရန် သဘောတူ ခဲ့ကြသည်။
သို့သော် ပါလက်စတိုင်း PLO အဖွဲ့ မှ အစ္စရေးမြောက်ဖက်ဒေသ ကို ၀င်ရောက်တိုက်ခိုက်ခဲ့မှုကြောင့်အစ္စရေး စစ် တပ်မှ ၁၉၇၈ - ခုနှစ် မတ်လတွင် လက်ဘနွန်တောင်ပိုင်းအား၀င်ရောက်သိမ်းယူခဲ့သည်။၃ -လ ခန့် အကြာတွင်
လက်ဘနွန်တောင်ပိုင်းမှ အစ္စရေးတပ်များ ဆုတ်ခွာခဲ့ပြီး၊ထိုနေရာသို့ ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ရောက် ရှိလာခဲ့သည် ။.

၁၉၈၀- ၈၁- ၈၂- ခုနှစ် အချိန်များသည် ဘေရွက်မြို့ တွင် ကားဗုံးခွဲမှုများ ပြန်ပေးဆွဲမှုများ လူသတ်မှုများနှင့် အ ကြမ်း ဖက်မှု များ ရှုပ်ထွေးနေချိန်ဖြစ်သည်။၁၉၈၂ - ခုနှစ်ဇွန်လ အချိန်တွင်အစ္စရေးတပ်များ လက်ဘနွန်နိင်ငံ
ထဲသို့ ၀င်ရောက်ကာ ပါလက်စတိုင်း ပျောက်ကြားများကို ၀င်ရောက် တိုက်ခိုက်ခဲ့ကြသဖြင့်၊ပါလက်စတိုင်း၊ဆီး ရီးယား သာမက လက်ဘနွန်လူမျိုးအများအပြား သေဆုံးခဲ့ရသည်။ထို့ကြောင့် အမေရိကန်၊ပြင်သစ်၊ဗြိတိန်နှင့် အီတလီ တပ်များ လက်ဘနွန်နိင်ငံထဲသို့ ၀င်ရောက် ကာငြိမ်းချမ်းရေး ထိန်းသိမ်းမှုကိုလုပ်ဆောင်ခဲ့ကြရသည်။

၁၉၈၃ - ခု အောက်တိုဘာလအချိန်က အကြမ်းဖက် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ဘေရွက်မြို့ တွင် တပ်စွဲထား သည့်အမေရိကန်နှင့် ပြင်သစ်တပ်သား ၃၀၀ - ခန့် သေဆုံးခဲ့ရသည်။ထိုပြသာနာနှင့် အတူ နိင်ငံတကာငြိမ်းချမ်း ရေးတပ်များ သည်လက်ဘနွန်မှ တဖြည်းဖြည်းပြန်လည် ဆုတ်ခွာခဲ့ရာ ၁၉၈၅ - ခုနှစ်အချိန်တွင် လက်ဘနွန် တောင်ဖက်ဒေသရှိ အစ္စရေးတပ် အနည်းငယ်သာကျန်ရှိတော့သည်။၁၉၈၅ - ခုနှစ် အချိန်တွင်အီရန်နှင့် ဆီးရီး ယား အထောက်အပံ့ ပေးသည့် ပါလက်စတိုင်း အစွန်းရောက်ကိုမန်ဒို တပ်ဖွဲ့ Hezbollah(Party of God) တပ်ဖွဲ့ ပေါ် လာခဲ့ပြီးအစ္စရေး မြောက်ပိုင်းဒေသ တွင်အကြမ်းဖက်မှုကို လုပ်ဆောင်လာခဲ့သည်။

၁၉၈၆ - ၈၇ - ၈၉ - ခုနှစ်အချိန်များသည်လက်ဘနွန်နိင်ငံတွင် ဗိုလ်ချုပ် Michel Aoun အစိုးရတပ်( ခရစ်ယန်ညွန့် ပေါင်းတပ် ) နှင့် Kataib ဦးဆောင်သည့် ပါလက်စတိုင်း၊ ဆီးရီးယား ညွန့် ပေါင်း  တပ်များပြည်တွင်း စစ်ဖြစ်နေ ချိန်ဖြစ်သည်။ ၁၉၈၉ - ခုနှစ် အောက်တိုဘာလ ၃၀ - ရက် နေ့ တွင် နှစ်ဖက်အဖွဲ့ များသည်ဆော်ဒီအာရေဗျနိင်ငံ AţŢā’if မြို့ တွင် တွေ့ ဆုံ ဆွေးနွေးပြီး လက်ဘနွန်နိင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက်သဘောတူ ညီမှုကိုရရှိခဲ့ကြသည်။ ထိုသဘောတူညီမှု နှင့်အတူ ၁၉၉၀ - ခုနှစ်တွင် လက်ဘနွန်နိင်ငံ၏ ၁၅ -နှစ်ကြာပြည်တွင်း စစ် ပြီးဆုံးသွားခဲ့သည်။ပြည်တွင်းစစ်ကြောင့်လူပေါင်း ၁၅၀၀၀၀ ခန် ့သေဆုံးခဲ့ပြီး ၊စစ်စရိတ် ဒေါ် လာ ဘီလီယံ ၃၀ - ခန့်ဆုံးရှုံးခဲ့ရသည် ။

ပြည်တွင်းစစ်ပြီး ပါလက်စတိုင်းပြသာနာ

စစ်ပွဲရပ်စဲခဲ့ကြသော်လဲဆီးရီးယားစစ်သည် ထောင်ပေါင်းများစွာမှလက်ဘနွန်ဒေသကို သိမ်းယူထားကာလက်ဘ နွန်နိင်ငံ၏ နိင်ငံရေးကိုဆီးရီးယားတို့ မှ ပါ၀င် ပါတ်သက်ခဲ့ကြသည်။ ထို့အတူ ထောင်ပေါင်းများစွာသောပါလက်စ တိုင်းများ နှင့် ဟက်ဇဘိုလာ ပျောက်ကြားတပ်ဖွဲ့ များ သည် လက်ဘနွန်နိင်ငံထဲ မှ နိင်ငံတောင်ဖက်ရှိအစ္စရေးတို့ ကို တိုက်ခိုက်နေခဲ့ကြသည်။ထို့ကြောင့် ပြည်တွင်းစစ်ပြီးသော်လဲလက်ဘနွန်နိင်ငံ၏ ပါလက်စတိုင်းပြသာနာမှာ ပြီးဆုံးခြင်းမရှိဘဲနိင်ငံရေးမှာလဲ ရှုပ်ထွေး နေခဲ့သည်။

၁၉၉၁ - ခုနှစ်မေလတွင် ဖွဲ့စည်းပုံကိုပြင်ဆင်ပြီး လက်ဘနွန်နိင်ငံ၏ လွှတ်တော်အမတ်နေရာများကို ၊ မူဆလင် နှင့် ခရစ်ယန်များအညီအမျှ ခွဲဝေ ယူရန်သဘောတူညီခဲ့ကြကာ ခရစ်ယန် နှင့်မူဆလင်အကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးကြိုးစားခဲ့ကြသည်။ သို့သော်လဲ ဟက်ဇဘိုလာ ပျောက်ကြားတပ်ဖွဲ့ များ၏ အစ္စရေးတို့ အား တိုက်ခိုက်မှုများကြောင့် လက်ဘနွန်နိင်ငံသည် အစ္စရေးတို့ ၏ ဗုံးကြဲ တိုက်ခိုက်မှုကို အမြဲ ခံခဲ့ရကာ လက်ဘနွန် နှင့် အစ္စရေးအကြား ညှိနှိုင်းဆွေးနွေးပွဲများမှာလဲအောင်မြင်မှုမရရှိခဲ့ပေ။၂၀၀၀ - ခုနှစ် ဇွန်လ အချိန်တွင် အစ္စရေး ၊ လက်ဘနွန် နှင့် ဆီးရီးယားတို့ ညှိနှိုင်းဆွေးနွေးမှုမှတဆင့် လက်ဘနွန် တောင်ပိုင်းမှ အစ္စရေးတပ်များ ပြန်လည် ဆုတ်ခွာ ခဲ့ကြသည်။

ထိုအချိန်မှစ၍ လက်ဘနွန်နိင်ငံရေး၌ မူဆလင်အုပ်စုမှာ ခရစ်ယန်အုပ်စုမှာ အင်အားကောင်းလာခဲ့ပြီး ၂၀၀၁ - ခု နှစ် ဇွန်လတွင် ဘေရွက်မြို့ အနီးမှ ဆီးရီးယားစစ်တပ်များပြန်လည်ဆုတ်ခွာခဲ့ကြသည်။ သို့သော်လဲ အင်အား ၁၅၀၀၀ - ခန့် ရှိဆီးရီးယားတပ်များမှာ လက်လနွန်ရှိ ခရစ်ယန် နှင့် မူဆလင်အကြား ပြသာနာကို ထိန်းသိမ်းရန်
အကြောင်းပြကာ တပ်စွဲကျန်ခဲ့သည်။ နိင်ငံရေးပြသာနာ ၊ အကြမ်းဖက်မှု ပြသာနာများ နှင့်အတူ ၂၀၀၅ - ခုနှစ်
ဖေဖေါ် ဝါရီလတွင် လက်ဘနွန်၀န်ကြီးချုပ် Rafic Hariri ကားဗုံးခွဲပြီး လုပ်ကြံခံရသည်။ထိုလုပ်ကြံခံရမှု နှင့်အတူ
လက်ဘနွန်နိင်ငံတွင် ဆီးရီးယားဆန့်ကျင်မှု မြင့်တက်လာခဲ့သည်။ ကုလသမဂ္ဂအဖွဲ့ ၏ ကြား၀င်ညှိနှိုင်းမှုနှင့်အတူ ၂၀၀၅ - ခုနှစ်ဇွန်လတွင် ဆီးရီးယားတပ်များ လက်ဘနွန်နိင်ငံမှဆုတ်ခွာသွားခဲ့ကြသည်။

ယနေ့ လက်ဘနွန်

၂၀၀၅ - ခုနှစ်အချိန်မှစ၍ လက်လနွန်တွင် အစ္စရေး နှင့် ဆီးရီးယား တပ်များ မရှိတော့သော်လဲလက်ဘနွန်တောင် ပိုင်းတွင် ဟစ်ဂိုလာ ပျောက်ကျားအဖွဲ့ အင်အား ကောင်းဆဲဖြစ်ကာ မကြာခဏ အစ္စရေး နယ်မြေထဲရှိ အရပ်သား ပစ်မှတ်များ ၊ စစ်စခန်းများကို သွားရောက် တိုက်ခိုက်လေ့ ရှိတတ်သည်။ထိုအခါ အစ္စရေးတို့ မှလဲ လက်ဘနွန်ရှိ
ပါလက်စတိုင်းပစ်မှတ်များကို ဗုံးကြဲလေ့ရှိတတ် ပြီး ထိုပြသာနာ များသည်ကုလသမဂ္ဂ လုံချုံရေးကောင်စီသို့
ရောက်ရှိလာလေ့ရှိတတ်သည်။ယနေ့အချိန်အထိ လက်ဘနွန်နိင်ငံသည်အစ္စရေး - ပါလက်စတိုင်းပြသာများ၊အစ္စ လမ် နှင့် ခရစ်ယန် အုပ်စုကွဲများ အကြား နိင်ငံရေးပြသာနာ အမြဲရှုပ်ထွေးနေလေ့ရှိတတ်ကာ နိင်ငံရေးသြဇာ အာ ဏာ လုပွဲကြောင့် အကြမ်းဖက်မှု မကြာခဏ ကြုံနေရသည့်နိင်ငံတနိင်အဖြစ်တည်ရှိနေဆဲဖြစ်သည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */