
လူ့အခွင့်အရေးကောင်စီက (၂၀၁၈) ခုနှစ် စက်တင်ဘာလတွင် လက်ခံအတည်ပြုခဲ့သော ဆုံးဖြတ် ချက် (၃၉/၂) အရ “မြန်မာနိုင်ငံအတွင်း (၂၀၁၁) မှစတင်၍ ဖြစ်ပွားခဲ့သော အကြီးလေးဆုံးသော အပြည် ပြည်ဆိုင်ရာ ရာဇ၀တ်မှုများနှင့် နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများ၏ အထောက်အထားများ အား နိုင်ငံတကာ ဥပဒေစံနှုန်းများ နှင့် အညီ စုဆောင်းရန်၊ ပေါင်းစည်းရန်၊ ထိန်းသိမ်းရန်၊ စိစစ်သုံး သပ် ရန်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားတစ် ခုကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ၎င်း ရာဇဝတ်မှုများကို စီရင်ပိုင်ခွင့်ရှိသော သို့မဟုတ် အနာဂတ်တွင်စီရင်ပိုင်ခွင့် ရှိလာနိုင်သော နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများ သို့မဟုတ် ခုံရုံးများတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ မျှတပြီးလွတ်လပ်သော ရာဇဝတ်မှုဆိုင်ရာ စစ်ဆေးစီရင်မှုများအား လွယ်ကူချောမွေ့စွာနှင့်မြန်ဆန်စွာ လုပ်ဆောင်နိုင်ရန် အမှုတွဲများ ပြင်ဆင်ပေးရန်ဖြစ်သည်။”
IIMM ရဲ့ လုပ်ပိုင်ခွင့်ဆိုတာဘာလဲ။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေသတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဆိုးဆိုးဝါးဝါးကျူး လွန်တဲ့ သက်သေအထောက်အထားတွေကို စုဆောင်းပါတယ်။ စုဆောင်းထိမ်းသိမ်းပါတယ်။ ဘယ် လောက်ထိဆိုးဝါးသလဲ။ ခိုင်လုံသလဲ။ ဘယ်သူတွေမှာ အဓိကတာဝန်အရှိဆုံးလဲဆိုတဲ့ အချက်တွေကို သုံးသပ်ပါတယ်။ ခိုင်လုံတဲ့အချက်တွေကို နိုင်ငံတော်အဆင့် ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့် တရား ရုံးတွေမှာ တရားစွဲဆိုတဲ့အခါမှသက်သေအထောက်အထားအဖြစ်အသုံးပြုနိုင်အောင်ပံ့ပိုးပေးပါတယ်။
IIMMဟာ ဘယ်လိုအမှုမျိုးတွေကို စုဆောင်းပါသလဲ
မြန်မာနိုင်ငံဘယ်ဒေသမှာဖြစ်ဖြစ် ဘယ်သူကဘဲ ကျူးလွန်တာဖြစ်ဖြစ် စုဆောင်းပါတယ်။
ကျူးလွန်မှုဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေသတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဆိုး ဆိုးဝါးဝါးကျူးလွန်တဲ့အမှုမျိုးဖြစ်ရပါမယ်။ ဆိုလိုတာကတော့ လူအများအပြားအပေါ်သက်ရောက် စေ တာ၊ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ရက်ရက်စက်စက်ကျုးလွန်တာ၊ အထူးကာကွယ်ပေးရမဲ့ လူနည်းစုတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေအပေါ် ကျူးလွန်တာမျိုးကို ဆိုလိုတာပါ။
နောက်တခုက ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ကျူးလွန်တာဖြစ်ရပါမယ်။ မြန်မာနိုင်ငံ နယ်နမိတ်အတွင်း မှာ ကျူးလွန်တာဖြစ်ရပါမယ်။
အရေးကြီးတာကတော့ ပေးပို့တိုင်ကြားတဲ့ အကြောင်းအရာတွေဟာ တရားရုံးမှာအထောက်အကူပြု နိုင်ဖို့အတွက် ခိုင်မာဖို့လို့ပါတယ်။ အဓိကအခြေခံအချက်တွေဖြစ်တဲ့ ဘယ်သူက ဘယ်သူ့ကို ဘယ် အ ချိန် ဘယ်နေရာမှာ ဘာလုပ်လဲ ဘယ်လိုလုပ်သလဲ ဆိုတဲ့ အချက်မျိုးဖြစ်ရပါမယ်။ “ခွေးတွေ လာဆွဲလို့ ပါသွားကြပြီ” ဆိုတဲ့သတင်းမျိုးထက်ပိုမိုတိကျခိုင်လုံတဲ့ သတင်းမျိုးဖြစ်ဖို့လိုပါတယ်။
ရလာတဲ့အချက်တွေကို IIMM က ဘာလုပ်မှာလဲ
အချက်တွေကို လုံခြုံစိတ်ချရစွာ သိမ်းဆည်းပါမယ်။ အချက်အလက်တွေကို သုံးသပ်ပြီး နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်သူတွေ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ စံချိန်တွေနဲ့ ကိုက်ညီမညီကို စစ်ဆေး ပါတယ်။ ကိုက်ညီတယ်ဆိုရင် ရာဇဝတ်မှုဆိုင်ရာအမှုတွဲကို ဖွင့်ပါတယ်။ အချက်အလက်အ ထောက် အထားတွေကို နိုင်ငံတော်အဆင့် ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့်တရားရုံးတွေမှာ တရားစွဲဆိုတဲ့ အခါမှ သက်သေအထောက်အထားအဖြစ်အသုံးပြုနိုင်ဖို့ လွှဲပေးပါတယ်။ ရာဇဝတ်မှုနဲ့အရေးယူနိုင်ဖို့ လုပ်ငန်းစဥ်အတွက်သာမကဘဲ ဒီလိုရာဇဝတ်မှုတွေနောက်ထပ်မဖြစ်အောင် ကြိုးပမ်းတဲ့အခြား လုပ် ငန်း စဥ်တွေအတွက်လဲ ပေးပို့နိုင်ပါတယ်။
ရာဇဝတ်မှု ကျူးလွန်ရတဲ့သူတွေရဲ့ အခန်းဂဏ္ဌကဘာလဲ?
ရာဇဝတ်မှု ကျူးလွန်ခံရတဲ့သူတွေကိုယ်တိုင် တိုင်ကြားနိုင်ပါတယ်။ ရာဇဝတ်မှုတွေကို ဥပဒေအတိုင်း စီရင်နိုင်ဖို့ အတွက် ထွက်ဆိုနိုင်ပါတယ်။ သူတို့ရဲ့ ထွက်ဆိုချက်တွေ အဓိက အထောက်အထားတွေပါ။ သူတို့ရဲ့ တိုင်ကြားချက်တွေကို အထူးလုံခြုံစွာ ထိမ်းသိမ်းထားရှိမှာဖြစ်ပြီး တရားရုံးမှာထွက်ဆို တဲ့အခါ မှာလဲ သူတို့ဆန္ဒအရသာ ထွက်ဆိုရမှာဖြစ်ပါတယ်။
IIMM နဲ့ FFM ဘာကွာသလဲ
Fact Finding Mission – FFM (Myanmar) ဆိုတာ IIMM မဖွဲ့ခင်က ရှိတဲ့ကော်မရှင်ဖြစ်ပြီး ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၂၀၁၇ ခုနှစ တ်လ (၂၄) ရက်မှာ ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပါတယ်။
- Mr. Marzuki Darusman (Indonesia)၊
- Ms. Radhika Coomaraswamy (Sri Lanka) နဲ့
- Mr. Christopher Dominic Sidoti (Australia) စတဲ့ အဖွဲ့ဝင် (၃) ဦးပါပါတယ်။
၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းမှတ်တမ်းတင်ဖို့ တာဝန် ပေးခဲ့ပါတယ်။ ဒီမစ်ရှင်က ၂၀၁၇ ကနေ ၂၀၁၈ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုစုံစမ်း စစ်ဆေးမှုတွေလုပ်ဆောင်ပြီးလို့ အစီရင်ခံစာတွေကို တင်ပြခဲ့ပါတယ်။ ၂၀၁၉ ခု စက်တင်ဘာလက သူ တို့ထုတ်ပြန်ခဲ့တဲ့ တောင်းဆိုချက်ထဲမှာ ကာချုပ်အပါအဝင် ထိပ်သီးခေါင်းဆောင် (၆) ဦးကို စစ်ရာဇ ဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့၊ ICC ကိုတင်ဖို့၊ အများဆုံးတာဝန်ရှိသူများတွေကို ခရီးသွားလာခွင့်တွေကို ပိတ်ဖို့၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အသုံးမပြုနိုင်အောင် ပိတ်ပင်ဖို့၊ ကျူးလွန်သူ တဦးချင်းကို ပစ်မှတ်ထားအရေးယူဖို့၊ လက်နက်တင်ပို့ရောင်းချမှုကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။ FFM တောင်းဆိုခဲ့တာကို ကြည့်ရင် မြန်မာပြည်သူတွေ အခုတောင်းဆိုနေတဲ့အချက်တွေဆိုတာ သတိ ပြုမိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်တုံးက အစိုးရတာဝန်ယူထားတဲ့ အန်အယ်ဒီအစိုးရက ဒီ FFM ကို လက်မခံခဲ့သလို အသိအမှတ်လဲ မပြုခဲ့ပါဘူး။ ၂၀၁၉မှာသက်တမ်းကုန်သွားတဲ့အတွက် သူတို့ရဲ့တွေ့ရှိ ချက်တွေကို IIMM ကို လွှဲပြောင်းခဲ့ပါတယ်။ IIMM က ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment