" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, September 5, 2023

ရိုဟင်ဂျာ ခုနစ်ထောင် ပြန်လက်ခံမယ်လို့ စစ်ကောင်စီပြော

RFA
RFA Burmese
2023.09.05

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များက လူမျိုးတုံးသတ်ဖြတ်မှု (၆) နှစ်မြောက်နေ့ အထိမ်းအမှတ် ကျင်းပစဉ်။ TANBIR MIRAJ / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက လူပေါင်း ခုနစ်ထောင်ကို အခုနှစ်အ တွင်း ပြန်လည်လက်ခံသွားမှာဖြစ်ပြီး လက်ခံရေးအစီအစဉ်ကို လာမဲ့ မိုးရာသီအကုန်မှာ ပြန်လည်လက်ခံဖို့ စီစဉ်နေ တယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဒီနေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ပြောပါတယ်။

ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေးအတွက် စီစဉ်ထားတာနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ သီရိလင်္ကာ အပါ အဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးတွေက တာဝန်ရှိသူတွေကို စစ်ကောင်စီက စက်တင်ဘာ ၁ ရက်နဲ့ ၂ ရက် နေ့တွေမှာ ခေါ်ယူပြသခဲ့တာပါ။

ရိုဟင်ဂျာတွေအတွက် ကျေးရွာသစ် ၂၀ တည်ပေးမှာဖြစ်ပြီး လောလောဆယ် အိမ်ခြေ တစ်ထောင်စာအတွက် မြေ ကွက်တွေရိုက်ပြီး ရှင်းလင်းထားသလို အိမ်တွေအတွက် နိုင်ငံတကာနဲ့ တရုတ်နိုင်ငံက ဆက်လက်ထောက်ပံ့ ပေးဖို့ ရှိတယ်လို့လည်း စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောပါတယ်။

  ရိုဟင်ဂျာတွေဘက်ကတော့ စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေး အစီအစဉ်ကိုအယုံအကြည်မရှိကြဘူးလို့ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် ဘာလူဟာလီ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် အာလီဂျိန်နာက RFA ကိုပြောပါတယ်။ 

"အဲဒါက နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် သူတို့အဲဒီလို လုပ်ပြနေတာပါ။ ကျွန်တော်တို့ ဒီကို စရောက်ကတည်း က အဲဒီလိုမျိုးလုပ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်မှ သွားတာမရှိသေးပါဘူး ကျွန်တော်တို့ပြတ်ပြတ် သားသား ပြောရရင် စစ်ကောင်စီအပေါ် မှာ အယုံအကြည်မရှိပါဘူး။ အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေကိုတောင် ငြိမ်းချမ်းမှု မပေးနိုင်တာကို ကျွန်တော်တို့ကို ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းမှုပေး နိုင်မှာလဲ"

စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေးအစီအစဉ်ဟာ ဒုက္ခသည်စခန်းတစ်ခုကနေ ဒုက္ခသည်စခန်း နောက်တစ်ခုကို ပြောင်းရွှေ့မယ့် အစီအစဉ်မျိုးသာဖြစ်ပြီး ဒီအစီအစဉ်မှာလိုက်ပါသွားရင်လက်ရှိဒုက္ခသည်စခန်းမှာထက်ပိုပြီးဆိုးဝါး တဲ့ စားဝတ်နေရေး အခက်အခဲ အကျပ်အတည်းနဲ့ ကြုံတွေ့ရနိုင်တယ်လို့လည်း သူကဆိုပါတယ်။

"ကျွန်တော်တို့ ပြတ်ပြတ်သားသားပြောရရင် စစ်ကောင်စီအပေါ် မှာ အယုံအကြည်မရှိပါဘူး"

ရိုဟင်ဂျာတွေအနေနဲ့ သူတို့ကို နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်နဲ့မူလနေရာမှာပြန်လည်နေရာ ချ ထားပေးမှသာ ပြန်လာမှာဖြစ်ပြီး အဲဒီလို မဟုတ်ရင်တော့ ပြန်လာဖို့အစီအစဉ်မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ နောက်ထပ် အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ကို နိုင်ငံသားအခွင့်အရေးပေးရမယ်။ ပိုင်ဆိုင်မှုတွေကို ပြန်ပေးရမယ်။ ကျွန်တော်တို့ပိုင်တဲ့လယ် ယာ မြေ၊ အိမ်မြေ၊ ပစ္စည်းတွေပြန်ပေးရမယ်။ ပြီးတော့ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာ စာသင်ခွင့် ပေး ရမယ်။ ဒါတွေပေးရင် ကျွန်တော်တို့ အခုသွားမှာ။ ဘယ်သူမှ စီစဉ်စရာမလိုဘူး။ ခေါ်စရာလည်းမလိုဘူး ကျွန် တော်တို့ကိုယ့် ဟာနဲ့ကိုယ် စာရင်းပေးပြီး၊ ကိုယ့်ဟာကိုယ် သွားနိုင်အောင် ကြိုးစားမယ်။ အဲဒီလို မဟုတ်ရင် တော့ ကျွန်တော်တို့ တစ်ယောက်မှ သွားဖို့အစီအစဉ်မရှိဘူး။ စိတ်ဆန္ဒလည်း မရှိဘူး"

စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကတော့ ပြန်ဝင်လာသူတွေကို နိုင်ငံသားဖြစ်မှုအတွက် စီစစ်ရေး ကဒ်ထုတ်ပေးမှာဖြစ်ပြီး နိုင်ငံသားဖြစ်ဖို့အတွက်ကတော့ ဆက်ပြီးလျှောက်ထားရမယ်ဆိုလို့ဆိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့ မူလနေရာမှာ ပြန်လည် နေထိုင်ချင်တယ်ဆိုရင် ကျေးရွာ၊ ပြည်နယ် တာဝန်ရှိသူတွေရဲ့ တရားဝင် ခွင့်ပြု ချက်နဲ့ စီစဉ်ပေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာတွေကို ပြန်လက်ခံရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လူ ဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမျိုးအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၇ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာပ် မြို့ နယ်မှာရှိတဲ့ ရိုဟင်ဂျာ ၁၀၇၆ ဦးကို ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့တာဟုတ်မဟုတ် စစ်ဆေးခဲ့ကြပါတယ်။

လက်ရှိမှာလည်း နောက်ထပ် ၁၀၃၇ ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ စီစစ်ပြီးသွားပြီ ဖြစ်ပေမယ့် သူတို့ကိုတော့မြန် မာဘက်ကနေ လာမစစ်သေးဘူးလို့ ရိုဟင်ဂျာတွေက ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တယ်ဆိုတာ ဟုတ်မှန်ကြောင်းကိုသာ စစ်ဆေးခံခဲ့တာဖြစ်ပြီး သူတို့တောင်းဆိုမှုတွေကို လိုက်လျောပေးမှပဲ ပြန်လာမှာလို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာတွေပြန်လည်လက်ခံရေးအတွက် စီစစ်မှုတွေနဲ့ပတ်သက်လို့ သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြော ခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

အလားတူ စစ်ကောင်စီနဲ့ ခရီးစဉ်အပါအဝင် ရိုဟင်ဂျာတွေနေရပ်ပြန်ရေးအတွက် ဆောက်ရွက်ချက်တွေနဲ့ ပတ် သက် လို့ သိနိုင်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေ မယ့် ဒီနေ့ ညနေ ၄ နာရီအထိ တစ်စုံတစ်ရာ အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားရောက်ခဲ့သည့် စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် အဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military) 

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင်ကတော့ စစ်ကောင်စီရဲ့ ပြန်လည် လက်ခံရေး စီစဉ်နေမှုဟာ ဒုက္ခသည်တွေအတွက်လက်ခံနိုင်စရာခိုင်ခိုင်မာမာမရှိတာကြောင့် အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"သူတို့အနေနဲ့ သံတမန်တွေကို ခေါ်ပြီးပြလို့ရတယ်။ ဒါတွေ ဘယ်လိုပဲလုပ်လုပ် ဒါက အောင်မြင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ပြန်လာမယ့် ဒုက္ခသည်တွေအတွက် လက်ခံနိုင်စရာ ခိုင်ခိုင်မာမာ ဘာ မှ ဖန်တီးထားတာ မရှိဘူးပေါ့နော်။ ပြန်လည် လက်ခံရေးရဲ့ အဓိကအသက်သွေးကြောကနိုင်ငံသား အ ခွင့် အရေး၊ တိုင်းရင်းသား အခွင့်အရေး ဒါတွေက အသက်သွေးကြောပဲ။ ဒါတွေမပါဘဲနဲ့ ဘယ် သူမှ ပြန်လာမှာ မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မြန်မာဘက်ကဒုက္ခသည်စခန်းကို ပြောင်း မယ့် ပုံစံမျိုးနဲ့တော့ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး"

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်တပ် ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ခဲ့ ရတာပါ။

ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ကြိမ်တိုင် ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာအစိုးရရဲ့ တရား ဝင်ထုတ်ပြန်ချက်တွေအရ ပထမအကြိမ်လက်ခံဖို့ လျာထားသူ ၂၂၆၀ ဦးနဲ့ ဒုတိယ အကြိမ်အတွက် ၃၄၅၀ ဦး ရှိခဲ့ပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာတွေကို မူလနေရာမှာပြန်ထားဖို့နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ အာမခံချက်မရှိတာ တွေ ကြောင့် ပြန်လာတဲ့သူ တစ်ယောက်မှမရှိခဲ့ပါဘူး။

လက်ရှိမှာလည်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေအပေါ် ဆန်းစစ်ချက်အရ ရိုဟင်ဂျာတွေ အတွက် ရေ ရှည် တည်တံ့တဲ့ နေရပ်ပြန်နိုင်ရေး ဖြစ်မလာနိုင်သေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) က ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */