" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, September 5, 2023

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာနေရပ်ပြန်ရေး အခြေအနေ သံတမန်တွေ အကဲခတ်

VOA
စံကျော်
၀၅ စက်တင်ဘာ၊ ၂၀၂၃

အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက သက်ကယ်ပြင် ရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
 
ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည် စခန်းတွေနဲ့ ပြန်လည် လက်ခံရေးစခန်းတွေကို မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံခြားသံရုံးတွေက သံတမန်တချို့ ဒီရက်ပိုင်း သွားရောက်ခဲ့ကြပါတယ်။ ခုလို နိုင်ငံတ ကာသံရုံးတွေ တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေ ဒုက္ခသည်စခန်းတွေကို မကြာခဏ လာရောက်တာ တွေ ရှိပေမဲ့လို့၊ ဒုက္ခသည်တွေရဲ့ လိုလားချက်တွေကို တစုံတရာ ဖြည့်ဆည်းပေးတာ မရှိသလို ဘာမှ ထူးခြား ပြောင်းလဲလာတာတော့ မရှိဘူးလို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။ သတင်းပေးပို့ချက် အပြည့်အစုံကို ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီ ရခိုင်ပြည်နယ် တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံအခြေစိုက် သံရုံးတွေက သံတမန်တချို့ ပါ ဝင်တဲ့အဖွဲ့ဟာ စစ်တွေ မြို့နယ်မှာ ရှိတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းနဲ့ မောင်တောမြောက်ပိုင်းက ဒုက္ခ သည် ပြန်လည်လက်ခံရေး စခန်းတွေကို ဒီလ အစောပိုင်းက သွားရောက်ခဲ့ကြပြီး ဒုက္ခသည်တွေနဲ့တွေ့ ဆုံခဲ့တာပါ။ ဒီလို နိုင်ငံခြားသံတမန်တွေ ရောက်လာပြီး မိုခါကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြု ပြင်ပေးမယ့်အကြောင်း ပြောဆိုသွားပေမဲ့ ဒုက္ခသည်တွေ ဘက်တော့ ဘာမှ တင်ပြခွင့် မရလိုက်တဲ့ အ ကြောင်း စစ်တွေမြို့နယ် သက္ကယ်ပြင် ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက ပြောပါတယ်။ ဒုက္ခသည် တွေအနေနဲ့ မူလနေရပ်ကို ပြန်ချင်ကြပေမဲ့လည်း နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သတ်လို့ ဘာမှ ပြောဆို သွား တာ မရှိကြောင်းလည်း ဒုက္ခသည် အမျိုးသမီးတဦးက ပြောပါတယ်။

“ နေရပ်ပြန်ရေးစကားကို လုံးဝမပြောဘူး။ အမှန်ဆိုရင် နေရပ်ပြန်မယ့် စကားကို ပြောရမှာပေါ့နော်။ အန်တီတို့ဆိုရင် မြို့ပေါ်ကနေ ဒုက္ခသည်စခန်းကို ရောက်နေတာ၊ ကိုယ့်အိမ်ကိုယ့်မြေ ကိုယ့်နေရာကို ပြန်ရမယ်။ အဲ့ဒါကို ဘာတခုမှ မပြောသွားဘူး။”

နိုင်ငံခြား သံတမန်တွေဟာ စစ်တွေမြို့က သက္ကယ်ပြင် ဒုက္ခသည်စခန်းအပြင် မောင်တောမြောက် ပိုင်း မှာရှိတဲ့ တောင်ပြိုလက်ဝဲနဲ့ လှဖိုးခေါင် ဒုက္ခသည် ပြန်လည်လက်ခံရေးစခန်းတွေကိုလည်းသွားရောက် လေ့လာခဲ့တယ်လို့ မောင်တောဒေသခံ မွတ်ဆလင်တဦးက ပြောပါတယ်။

“ အထူးသဖြင့် စခန်းနှစ်ခုကို ပြန်လာတဲ့ သူတွေ လက်ခံတဲ့စခန်းပေါ့။ ယာယီဆိုတဲ့ ကိစ္စ အဲ့ဒီဟာတွေ ကို ကြည့်တယ်။ ပြီးရင် မိုခါမုန်တိုင်းနဲ့ ပတ်သတ်ပြီးတော့ လုပ်တဲ့ဟာတွေ အမိုးလန်တာတွေ၊ ဘာတွေ ညာတွေ၊ ဒါတွေ လုပ်ပေးတယ် ဆိုတဲ့ ဟာတွေကို ရှင်းလင်းချက်ပေါ့။ ဒါတွေ တွေ့လို့ ဝမ်းသာပါတယ် ဆိုတဲ့ စကားလုံး နှစ်လုံး သုံးလုံးလောက်တော့ ပြောတယ်ပေါ့။ လာကြည့်ရုံလောက်ပဲဗျာ။ ”

ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင်ဒုက္ခသည် စခန်းတွေကို မြန်မာ အာဏာပိုင်တွေနဲ့ နိုင်ငံတကာသံတ မန်တွေ ခုလို မကြာခဏ လာရောက်တာတွေ ရှိပေမဲ့လည်း ဒုက္ခသည်တွေအတွက် တစုံတရာ ထူးခြား ပြောင်းလဲ လာတာမျိုး မရှိတဲ့အကြောင်းလည်း မွတ်ဆလင်ဒုက္ခသည် နောက်တဦးက ပြောပါတယ်။

“ဒီမှာ ဒုက္ခသည်စခန်းက လူတွေကိုတော့ သူတို့က အခါ ၁ဝဝ လောက် လာနေတာပေါ့။ လူကြီးတွေက ဘာတခုမှ ထူးတာမရှိဘူး။ အခုလည်း လာကြည့်တယ်။ ဘာမှမထူးဘူး။ ဒီလိုပဲနေကြတယ် ဒုက္ခ သည် တွေကလည်း။”

ဆက်စပ်ဖတ်ရှုရန်


အခုလာရောက်တဲ့ သံတမန်တွေထဲမှာ ဘယ်နိုင်ငံ သံရုံးတွေက အရာရှိတွေ ပါသလဲ ဆိုတာကိုတော့ သေချာမသိရကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့တဲ့ သံတမန်တွေထဲမှာ ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Monwar Hossain လိုက်ပါသွားခဲ့ပြီး၊ နေရပ်ပြန်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ ပြန်လည်ထူထောင် ရေး ဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့တယ်လို့လည်း ဗွီအိုအေ ဘင်္ဂလားဒေ့ရှ်ဌာနကို ပြောပါတယ်။နိုင်ငံ ခြား သံတမန်တွေရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ စစ်ကောင်စီသတင်းတွေမှာ ထုတ်ပြန်တာ မတွေ့ရသလို၊ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းကိုရော၊ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းကိုပါ ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ မွတ် ဆ လင်တွေကို နေရပ်ပြန်ပို့ရေးကိစ္စ အစပျိုး လုပ်ဆောင်မှုတွေ ဒီနှစ်ကုန်မှာ စတင်သွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ပြောဆိုထားပါတယ်။ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးတာ၊ အပြန်အလှန် သွားရောက် တွေ့ဆုံတာတွေ လုပ်သွားမယ့်အကြောင်း ပြောဆိုထားပေမဲ့၊ အခုခရီးစဉ်နဲ့ ဆက်စပ်မှု ရှိ မရှိ ဆိုတာတော့ မသိရပါဘူး။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင် ဒုက္ခသည်တွေဟာ ဆယ်နှစ်ခုတခုကြာ ဒုက္ခသည်စခန်းတွေမှာ နေ ထိုင်နေရတာဖြစ်ပြီး လက်ရှိမှာလည်း စခန်းတွင်း စားနပ်ရိက္ခာ မလုံလောက်တာ၊ ကျန်းမာရေး စောင့် ရှောက်မှု လိုအပ်တာတွေ ရှိနေပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင်တွေရဲ့ သွားလာ မှု တွေကိုလည်း စစ်ကောင်စီက လက်ရှိအချိန်ထိ ကန့်သတ် ထားတာကြောင့် ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေသာမက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေဟာလည်း စားဝတ် နေ ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */