" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, September 6, 2023

ရခိုင်ပြည်နယ်တွင်စစ်ကောင်စီကသံတမန်များကို ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအား လိုက်လံပြသနေခြင်းသည် ၎င်းတို့ ၏ နိုင်ငံရေးပုံရိပ်ကို ပြန်လည်ကာကွယ်ရန်ဟန်ပြ ပြုလုပ် ခြင်းဖြစ်

AYAEYARWADY TIMES
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်

အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်အခြေစိုက် သံရုံးများမှ သံတမန်များကို ရခိုင်သို့ခေါ်ယူ၍ ရိုဟင် ဂျာ ဒုက္ခသည်စခန်းများအား လိုက်လံပြသခဲ့ခြင်းသည် ၎င်းတို့၏ နိုင်ငံရေးပုံရိပ်ကို ပြန်လည်ကာ ကွယ် နိုင်ရန်အတွက် ဟန်ပြလုပ်ဆောင်မှုသာဖြစ်ကြောင်း ရခိုင်ဝါရင့် နိုင်ငံရေးလေ့လာသူနှင့် ဒေသခံများ က ပြောကြားသည်။


စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော အဖွဲ့သည် စက်တင် ဘာလ ၁ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံရုံးအကြီး အကဲများနှင့် သံတမန် များကို ရခိုင်ပြည်နယ်သို့ခေါ်ယူ၍ ဆိုင်ကလုန်းမိုခါ ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် ဒုက္ခ သည်စခန်းများကို လိုက်လံပြသခဲ့ကြောင်း သိရသည်။

စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမိုခါ ပြန်လည်ထူ ထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် လက် တွေ့ပြင်ဆင် ဆောက်ရွက်လျက် ရှိသည့် အခြေအနေမှန်များကို မျက်မြင်တွေ့ရှိ လေ့လာနိုင်ရန် အ တွက် ယခုလို စီစဉ်ခြင်းဖြစ်သည်ဟု ဆိုထားသည်။

“သူ့(စစ်ကောင်စီ)အနေနဲ့ ကျဆင်းနေတဲ့ နိုင်ငံရေးပုံရိပ်ကို ပြန်ပြီးကာကွယ်နိုင်ဖို့၊ နောက်ပြီးတော့ ဒီမှာ ဂျီနိုဆိုဒ်နဲ့ အရေးယူခံထားရတဲ့ ကိစ္စတွေမှာ သူတို့ အမှန်တကယ် အောက်ခြေမှာ ကောင်း ကောင်းမွန်မွန် ထားပါတယ်ဆိုတဲ့ ပုံစံမျိုး ပြချင်တဲ့သဘော ကြောင့် လိုက်ပြနေတာနဲ့ တူပါတယ်။ ဒါပေမယ့် ဒါက ၂၀၁၇ က အဖြစ်အပျက်မျိုးကို သက်သေထူနိုင်မယ့် အခွင့်အရေးတော့ မရှိဘူး ပေါ့။ သူတို့မှာ ပြောနိုင်မယ့် အခွင့်အရေးလည်း မရှိဘူးပေါ့။ ၅ နှစ် ၆ နှစ်လောက် ခရီးကွာသွားပြီ ဆို တဲ့အခါကျတော့ အောက်ခြေမြေပြင် အနေအထားနဲ့ အရင်တုန်းက သူတို့လုပ်ခဲ့တဲ့ အခြေအနေ က ဘယ်သူမှ တွဲပြီးတော့ ကောင်းသည်ဆိုးသည် မဆုံးဖြတ်နိုင်တဲ့ အခြေအနေမျိုးပေါ့” ဟု ရခိုင်ဝါ ရင့် နိုင်ငံရေးသမား ဦးဖေသန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် သံတမန်များအား မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သဲချောင်း၊ ဒါးပိုင် ကျေးရွာများနှင့် သက္ကယ်ပြင် IDP စခန်းများ၊ မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည်လက် ခံရေးစခန်း၊ ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာ သူများအား ပြန်လည်နေရာချပေးမည်ဆိုသော ကြိမ်ချောင်း(တောင်) ကျေးရွာ၊ လှဖိုးခေါင် ယာယီ နေရာချထားရေးစခန်းများသို့ ခေါ်ယူ ပြသခဲ့ ကြောင်း သိရသည်။

“အဓိကတော့ စစ်တွေက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရယ်၊ မောင်တောမှာ ပြန်လည် လက်ခံရေး လုပ် မယ့်နေရာတွေကို သွားကြည့်ခဲ့ကြတာပါ။ ဘာမှထူးထူးခြားခြား မဟုတ် ပါဘူး။ မိုခါမုန်တိုင်း ကိစ္စ ရယ်၊ ပြန်လည်လက်ခံရေးကိစ္စကိုအာဏာသိမ်း စစ်တပ်က ဟန်ပြခေါ်ပြရုံလောက်ပါပဲ” ဟု စစ် တွေဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က စစ်တပ်၏ လူမျိုးတုန်း သတ်ဖြတ်မှုနှင့် အကြမ်းဖက် မှုများကြောင့် လူထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ သိန်းနှင့်ချီ၍ အိုးအိမ်စွန့် ခွာ ထွက်ပြေးခဲ့ရသည်။


ရိုဟင်ဂျာများ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အခြေအနေများဖန်တီးပေးရန်စစ်ကောင်စီကိုတောင်း ဆိုထားပြီး မြန်မာနိုင်ငံရှိ အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သည့် ဆုံး ဖြတ်ချက်တစ်ရပ်ကို ဇူလိုင်လအတွင်းတွင် ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီက ချမှတ်ခဲ့သည်။

“နိုင်ငံတကာကို သူ့(စစ်ကောင်စီ)ဘက်က ပုံရိပ်မြှင့်တင်ချင်တယ် ဆိုရင်တော့ ဘင်္ဂလီ(ရိုဟင်ဂျာ)က တောင်းဆိုနေတဲ့ အခြေအနေမျိုးပေါ့။ သူတို့ မီးရှို့ထားတဲ့ ရွာတွေကို ပြန်လည်နေထိုင်ကြဖို့ အခွင့်အ ရေး၊ နိုင်ငံသားဖြစ်ဖို့ အခွင့်အရေး အဲဒါမျိုးနဲ့ သက်သေပြဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ အခု လော လောဆယ် သူတို့အစိုးရ (စစ်ကောင်စီ) အစောင့်အရှောက်အောက်မှာ တွေ့ရတယ်ဆိုတဲ့ သ ဘော လောက်ပဲ မြင်မှာပေါ့နော်။ လက်တွေ့မှာတော့ ဒါဟာအဖြစ်မှန်လား၊ ဟန်ဆောင်မှုလား၊ အကြပ် ကိုင်မှု ခြိမ်းခြောက်မှု ပါသလားဆိုတာကိုတော့ ဘယ်သူမှ မြင်နိုင်တဲ့အခြေအနေ မရှိဘူး” ဟုရခိုင်နိုင်ငံ ရေးသမား ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီက ရခိုင်ပြည်နယ်သို့ သံတမန်များအားခေါ်ယူ၍ ထိုကဲ့သို့ပြသနေသော်လည်းစစ်ကောင်စီ သည် ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)အပါအဝင် ပြည်တွင်း၊ ပြည် ပကူညီရေးအဖွဲ့များအား ခရီးသွားလာခွင့် ပိတ်ပင်ထားပြီး ဒေသခံ ရခိုင်ပြည်သူများကိုလည်း သွားလာ ခွင့်များ တားမြစ်ကန့်သတ်ထားဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“စစ်တွေမြို့ အထွက်မှာတောင် မှတ်ပုံတင်စစ်တာကအစ၊ မောင်တောမြို့နယ်မှာ ဆိုရင်လည်း ည ၆ နာရီကျော်ရင် မထွက်ရ၊ သွားလာလို့ မရတာတွေထိပါပဲ။ စစ်တွေမြို့ပေါ်မှာတင် အပျက်အစီးတွေ အများကြီးပါ။ နေအိမ်မဆောက်နိုင်သူတွေ အများကြီးပါ။ စစ်ကောင်စီကူညီတာတွေက ဟန်ပြ ပါပဲ” ဟု ရခိုင်ဒေသခံ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလွန်အားကောင်းသည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်က မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်

တွေ့မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ကာ တိုက်ခတ်ခဲ့သဖြင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများနှင့် လူသေဆုံး မှုများ ဖြစ်ပေါ်ခဲ့သည်။

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နိုင်ငံတဝန်း တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကွက်၊ ကျေး ရွာများက လူနေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၇ ခု၊ လမ်း မီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန် ထား သည်။

“မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ ၅ ဒသမ ၄ သန်းကျော်ခန့် မုန်တိုင်း ဒဏ် သင့်သည်ဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က အစီရင်ခံစာ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */