" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 30, 2023

အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော် အောင်သော စစ်ချန်ပီယံ ဗိုလ်ချုပ်ကြီး ထွန်းရီ

MWD
မြဝတီ

အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သောစစ်ချန်ပီယံ ဗိုလ်ချုပ်ကြီး ထွန်းရီ

ယမန်နေ့မှအဆက်

ပြည်တွင်းရောင်စုံသူပုန်တို့ကို အတော်အသင့် ဦးနှိမ်ထားနိုင်သော အချိန်ရောက်လာ သောအခါ ပြည် ပကျူးကျော်သူ တရုတ်ဖြူတို့ကို ၁၉၅၃ ခုနှစ်မှစ၍ နဂါးနိုင်၊ ဘုရင့်နောင်၊ ရန်ကြီးအောင် စစ်ဆင်ရေး ဟူ၍ သုံးနှစ်ဆက်တိုက်ရှင်းလင်းလိုက်ရပြန်သည်။

ထိုအချိန်မှာ တပ်မဟာအလိုက်ဖွဲ့စည်းထားသော တပ်ရင်းများအပြင် တပ်ရင်းအဆင့် ရွှေ့ပြောင်းလှုပ် ရှား လွယ်ကူစွာ စစ်ဆင်နိုင်ရန် ခြေမြန်တပ်ရင်းများဖွဲ့ခဲ့ သောအခါ အမှတ် (၁၀၅) ခြေမြန်တပ်ရင်းကို ၁၉၅၅ ခုနှစ်တွင် ဖွဲ့စည်းသည်။

အမှတ် (၁၀၅) ခြေမြန်တပ်ရင်းအသစ်တွင် တပ်ရင်းမှူးအဖြစ် တာဝန်ယူရသော ဗိုလ်မှူးထင်ကျော် (နောင်ဆောက်လုပ်ရေးဝန်ကြီး) သည် ဖက်ဆစ်ဂျပန် တော်လှန်ရေး ကာလက တပ်ရင်း (၁၀၆) တွင် အတူတွဲ၍ သမိုင်းဝင် စစ်တောင်းမြစ်တိုက်ပွဲပါဝင်ခဲ့သော ဗိုလ်ကြီးထွန်းရီကို ခေါ်ယူလိုက်သည်။

တပ်သစ်ဖွဲ့ခြင်းဖြစ်၍ တပ်ရင်းမှူးမှစ၍အရာရှိများ လက်တွဲခဲ့ဖူးသော စိတ်ချရသည့် စစ်သည်များကို အမည်စာရင်းပေးခေါ်ယူခွင့်ရကြသည်။ သနက (၄)၊ ခလရ (၇)၊ ခလရ (၂၈) တို့တွင် တာဝန်ယူခဲ့ သော ဗိုလ်ကြီးထွန်းရီက သနက (၄) မှ အရာခံ ဗိုလ်ဟန်မောင်၊ တပ်ကြပ်ကြီး မောင်ချစ်၊ ခလရ (၂၈) မှ တပ်ကြပ်ကြီး မြင့်တင်၊ တပ်ကြပ်သောင်းစိန် စသူတို့ ခေါ်ယူခဲ့သည်။

အသစ်ဖွင့်လှစ်သော ခြေမြန်တပ်ရင်းကို စဖွဲ့စအချိန်က နယ်ထိန်းတာဝန်မရှိ၊ လှည့်လည်စစ်တိုက်ရ မည့်တပ်၊ မထူးတပ်၊ အထူးတပ်ဟု ခေါ်ကြသည်။ ခြေမြန်တပ်ဟု ခေါ်သူမရှိသလောက် စစ်တိုက်ပြီး ရင်း စစ်တိုက်ဖို့ဖွဲ့သော မထူးတပ်ဟု နာမည်ကြီးခဲ့သည်။

ပထမဆုံးတိုက်ပွဲကြီး

ထိုအချိန်က ရခိုင်ဒေသတွင် “မူဂျာဟစ်သူပုန်” တို့ သောင်းကျန်းမှုက အင်အားကြီးသည်။ဒုတိယကမ္ဘာ စစ်ကာလက အင်္ဂလိပ်စစ်တပ်၊ ကုလား စစ်တပ်တို့ အိန္ဒိယသို့ ဆုတ်ခွာချိန် မှာရော၊ ပြန်ဝင်ချိန်မှာရော လက်နက်မျိုးစုံအများအပြားထားခဲ့သည်။

စည်းမရှိကမ်းမရှိ နယ်မှာထားခဲ့သည်။ စစ်ကြီးပြီးစ ဘာသာရေးအကြောင်းပြ ထ<က သောင်းကျန်း သော “မူဂျာဟစ်လက်နက်ကိုင်” အဖွဲ့က ကြီးစိုးသည်။ ၁၉၄၇/၁၉၄၈ ကာလက သနက (၅) တပ်ရင်း နှင့် တိုက်ခိုက်ချေမှုန်းခဲ့သည်။ KNDO တို့ အင်းစိန် မြို့ကို သိမ်းပိုက်လိုက်သောအခါ သနက (၅) ကို စစ်တွေမှ မင်္ဂလာဒုံသို့ ချက်ချင်း ခေါ်လိုက်ရသည်။

အင်ဒိုနီးရှား ပြည်တွင်းဆူပူချိန်က ကူညီခဲ့သော မြန်မာတို့ကျေးဇူးကြောင့် အင်ဒိုနီးရှားက ဒါကိုတာ လေယာဉ်များ ပို့ပေးသည်။ ထိုလေယာဉ်ပျံများရသော ကြောင့်သာ သနက (၅) ကို ချက်ချင်းပြန်လည် ခေါ်ယူပြီး အင်းစိန်စစ်မျက်နှာမှာ KNDO ရန် တားဆီးနိုင်ခဲ့သော သမိုင်းမှတ်တမ်းရှိသည်။

ထိုအချိန်မှစ၍ ပြောင်ပြောင်တင်းတင်းလှုပ်ရှား နေသော မူဂျာဟစ်သောင်းကျန်းသူများက အခိုင်အ မာ စခန်းကြီးများတည်ဆောက်၍ အလံထူနေကြသော အခြေအနေရောက်နေ သည်။ ထိုမူဂျာဟစ် များအား တိုက်ခိုက်ချေမှုန်းရန် အမှတ် (၁၀၅) ခြေမြန်တပ်ရင်းအား စေလွှတ်လိုက်သည်။

စတင်သုံးစွဲစဖြစ်သော တောင်ပေါ်ပစ်အမြောက်များ တွဲဖက်ပေးလိုက်သည်။ တပ်မတော် ရေတပ်မှ “အင်းတော်” စစ်သင်္ဘောတွဲပေးသည်။ တပ်ရင်းမှူး ဗိုလ်မှူးထင်ကျော်နှင့်အတူ ရခိုင်တပ်ပေါင်းစုမှူး ဒုဗိုလ်မှူးကြီး စောမြသိန်းလည်းပါသည်။

ပထမရည်မှန်းချက် ပွိုင့် ၂၁၅၅ ကို တိုက်ဖို့ တပ်ခွဲ (၁) ကို တာဝန်ပေးသည်။ တောင်ကုန်းပေါ် ခံစစ် ပြင်ဆင်နေရာယူထားသော စခန်းကိုတိုက်လို့မရဖြစ်နေသည်။

ထိုအခါ ဗိုလ်ကြီးထွန်းရီ၏ တပ်ခွဲ (၃) ကို နောက်က ပတ်ပြီးတိုက်ရန် တာဝန်ပေးပြန်သည်။ ရန်သူ့စ ခန်း က တောင်ကုန်းထိပ်မှာမို့ အမြောက်ကျည်ဆန်က တည့်တည့် မကျ၊ ကျော်ကျ လျော့ကျဖြစ်နေ သည်။ အခိုင်အမာ ဘန်ကာများအတွင်းမှ ပစ်နေသောရန်သူက တုန်လှုပ်မှု မရှိ။

ထိုသို့ အမြောက်ကပစ်သလို တပ်ခွဲ (၁) ကလည်း အတင်းတက်ဖို့ ကြိုးစားနေချိန်မှာ ဗိုလ်ကြီးထွန်းရီ က (သနက-၄ မှ ခေါ်လာသော) တပ်ကြပ်မောင်ချစ်အား တောင်ထိပ် ဘန်ကာနားထိ တွားတက်စေပြီး ဘန်ကာထဲသို့ လက်ပစ်ဗုံးတွေ ပစ်သွင်းလိုက်ခြင်းဖြင့် ၂၁၅၅ တောင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

စစ်သည်တွေအားလုံး စိတ်ဓာတ်တွေတက်ကြွသွားကြသည်။ ထိုတိုက်ပွဲ အောင်မြင်ပြီး သောအခါ အ သစ် ဖွဲ့စည်းစ အမှတ် (၁၀၅) ခြေမြန်တပ်ရင်းစစ်သည်များ စိတ်ဓာတ် တက်ကြွလာကြသည်။ ယုံကြည်မှု အပြည့်ရရှိသွားကြသည်။

ဘော်လီဘဇာတိုက်ပွဲ

“ဘော်လီဘဇာ” ဆိုသည်က အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေရှ့်) နှင့်ဆက်နေသော အခိုင်အမာ ကုလားဆိုးတို့စခန်းဖြစ်သည်။ တစ်ဖက်နိုင်ငံသား စစ်သည်တွေ လာရောက် သင်တန်းပေးသောနေရာ လည်းဖြစ်သည်။ ထိုစခန်းကိုတိုက်ရန် ဗိုလ်ကြီးထွန်းရီ အား တာဝန်ပေးသည်။ အမြောက်ပစ်ကူနှစ်လက်တွဲဖက်ပေးသည်။

ခြေမြန်တပ်ရင်းက စစ်သည်တွေ အမြောက်နှစ်လက် နှင့်အတူ ချီတက်ချဉ်းကပ်ဆဲမှာ ရန်သူက သုံး လက်မ စိန်ပြောင်းနှင့် လှမ်းပစ်သည်။ တပ်မတော်သားတို့ ချီတက်ရာ လမ်းတွင် ချောင်းက ခြားနေ သည်။ ရန်သူက စခန်းကုန်းကို အပြောင်ရှင်းထားပြီး တောင်ထိပ်တွင် အခိုင်အမာခေါင်ကတုတ်ကျင်း များနှင့် ခံစစ်ဆင်ထားသည်။

မိမိဘက်မှ အမြောက်ပစ်ကူထိရောက်မှု အကူ ကြောင့် ရန်သူဘန်ကာတစ်ခုအပြိုတွင် ခမရ (၁၀၅) မှ စစ်သည်များ ချောင်းကိုဖြတ်ကူးလျက် တောင်ကတုံးပြောင်ကိုအပြေးတက်ပစ်တက်တက်ရင်းဘန်ကာ တစ်လုံး သိမ်းပိုက်ရရှိသည်။ တောင်ကုန်းပေါ်ရှိ ရန်သူ့ဘန်ကာများကို ဆက်တိုက်လိုက်လံသိမ်းဆည်း ကြရပါတော့သည်။

“ဘော်လီဘဇာတောင်ကုန်း” သည် မူဂျာဟစ်တို့၏ စစ်ရေးလေ့ကျင့်ရေးစခန်းကြီး ဖြစ်သည်။ တောင် ကုန်းအလယ်တွင် အုတ်တိုက်အဆောက်အအုံကြီးတစ်ခု ရှိသေးသည်။ ထိုအဆောက်အအုံကြီး အ တွင်း ကုလားမများ၊ ကုလားကလေးများ သံချပ်ထိုးသလို အသံမျိုးစုံနှင့် အားပေးနေကြသည်။

ဆက်လက်ဖော်ပြပါမည်။
အခန်းဆက်ဝတ္ထုရှည်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */