" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 30, 2023

ပြည်တွင်းသောင်းကျန်းမှုများနှင့်သာ ရုန်းကန်လာရသော လွတ်လပ်ရေး - တင့်ဆွေ (ဖျာပုံ)



 




















ယခုစာအုပ်သည် ကျွန်တော့် ပဉ္စမမြောက်စာအုပ် ဖြစ်ပါသည်။ ကျွန်တော် ရေးသားခဲ့သော စာအုပ်များမှာ -

(၁) ကျောပိုးအိတ်လေးကို ချီကာကွယ်။ (၂၀၁၀ ပြည့်နှစ် အမျိုးသားစာပေပဒေသာဆုရ စာအုပ်)

(၂) မထိကန်သာ ရေကြည်ရှာခဲ့။

(၃) မှော်ဝန်းသားဗိုလ်ခင်ညွန့် (သို့မဟုတ်) အဖေ့သား။ (ယနေ့ထိ မထုတ်ေ၀ဖြစ်သေး)

(၄) ခေတ်အဆက်ဆက် တိုးတက်ကြံဆစက်မှုကဏ္ဍ။

(၅) ယခုရေးသားထုတ်ေ၀သည့် “ပြည်တွင်းသောင်းကျန်းမှုဖြင့်သာ ရုန်းကန်လာရသော လွတ်လပ် ရေး” တို့ ဖြစ်ပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ (ငြိမ်း) (စာရေးဆရာ နောင်စစ်သည်) ၏ ကမကထပြု၍ ကိုယ်ရောစိတ် ပါ အားတက်သရော တိုက်တွန်းမှုကြောင့် ကျောပိုးအိတ်လေးစာအုပ်ကို ရေးသားဖြစ်ခဲ့ပြီး အမျိုးသား စာပေဆုကိုပါ ရရှိခဲ့ရာမှ ကျွန်တော့်တွင် စာရေးဆရာပိုး ဝင်သွားခဲ့ပြီး ဆက်လက်၍ စစ်ရေးအတွေ့ အကြုံ စက်မှုကဏ္ဍ အတွေ့အကြုံများ ရေးသားဖြစ်ခဲ့ပါသည်။

စာရေးသူအနေဖြင့် အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ စာအုပ်များ ရေးသားရာတွင် စာပြုအဖွဲ့ ဖွဲ့စည်းပြီး စာရွက်စာတမ်း မှတ်တမ်းမှတ်ရာများ ရှာဖွေစုဆောင်းခြင်း၊ မူကြမ်းရေးသားခြင်း၊ ကျမ်းကိုးစာအုပ်များ၊ လူပုဂ္ဂိုလ်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရပါသည်။ အချို့အမှတ်အသား မှားယွင်းရေး သား ခဲ့မှုများကို ထောက်ပြပြုပြင်မှုများကိုလည်း လက်ခံရပါသည်။

ယနေ့ မြန်မာနိုင်ငံတွင် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဦးဆောင်သောပြည်ထောင်စုလွှတ်တော် တို့က ဦးဆောင်ပြီး ပြည်တွင်းသောင်းကျန်းမှု ချုပ်ငြိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ကြိုးပမ်း လုပ်ဆောင်နေမှုကို မီဒီယာအသီးသီးက ကြည့်ရှုသိရှိရသဖြင့် ၀မ်းသာကြည်နူးမှုများ ဖြစ်ရပါသည်။ ငြိမ်းချမ်းရေး ရရှိပါစေဟုလည်း လှိုက်လှဲစွာ ဆုတောင်းရပါသည်။ စာဖတ်သူများကိုလည်း မြန်မာနိုင် ငံတွင် ပြည်တွင်းစစ်နှင့် ပြည်တွင်းသောင်းကျန်းမှုများ မည်သည့်အချိန်က မည်သည့်အကြောင်းများ ကြောင့် မည်ကဲ့သို့ စတင်ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိစေချင်သောဆန္ဒ ဖြစ်ပေါ်ခဲ့၍ ယခုစာအုပ် ကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

ဤစာအုပ်ကို ဖတ်ရှုပြီး ပြည်တွင်းသောင်းကျန်းမှု ဖြစ်ရခြင်း၏ အကြောင်းမှန်ကို မျှေ၀သောအမြင်၊ အမုန်းမပါသော အသိများ ရရှိစေရန် ရည်ရွယ်ပြီး မျှမျှတတ ပြည့်ပြည့်စုံစုံ ဘက်စုံထောင့်စုံက ရေး သား တင်ပြအပ်ပါသည်။

မြန်မာပြည်သူပြည်သားများ ငြိမ်းချမ်းကြပါစေ။

စာဖတ်သူများကို ချစ်ခင်လေးစားစွာဖြင့်

တင့်ဆွ (ဖျာပုံ)

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်***

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */