" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 28, 2023

အနောက်တံခါးပေါက်မှ အန္တရာယ် . . .တို့ကာကွယ်

Hot News Journal
June 27, 2016,

မြန်မာနိုင်ငံလုံခြုံရေးကို ဆန်းစစ်လျှင် စစ်ရေး လှုပ်ရှားမှုနှင့် တင်းမာမှုရှိသော အရှေ့ဘက်နှင့် မြောက်ဘက် တံခါးပေါက်များထက် တိုက်ပွဲမရှိ သလောက်ဖြစ်သော အနောက်ဘက်တံခါးပေါက်က စိုးရိမ်ဖွယ်ပို ကောင်းသည်။ အနောက်ဘက်တံခါး ပေါက်၏တစ်ဖက်တွင်ယခင်အရှေ့ပါကစ်္စတန်၊ ယနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တည်ရှိသည်။ထိုနိုင်ငံသည် မြန်မာ နိုင်ငံ၏ ၄ပုံ ၁ပုံခန့်သာ ကျယ်ဝန်းသော်လည်း လူ ဦးရေကျတော့ မြန်မာနိုင်ငံ ထက် ၃ဆမက များ ပြားသည်။ လူနေသိပ်သည်းဆမှာ ၁စတုရန်းကီလို မီတာတွင် မြန်မာနိုင်ငံက ၇၆ဦးရှိနေချိန် တွင် ထို နိုင်ငံက ၁၃၈ ဦးရှိရာ သူ့အိုးနှင့် သူ့အိမ်မဆံ့တော့ ဘဲ လျှံကျနေသော နိုင်ငံဖြစ်သည်။


အတိုင်းအဆမဲ့ လူဦးရေတိုးပွားမှုကို မထိန်းချုပ် ခြင်း၊ နိုင်ငံအကျယ်အဝန်းနှင့် နေထိုင်သောလူဦးရေ မမျှခြင်းတို့ အပြင် သဘာဝမုန်တိုင်းဒဏ်ကို နှစ်စဉ် ခံရခြင်း၊ စားနပ်ရိက်္ခာရှားပါးပြတ်လပ်ခြင်း၊ အလုပ် အကိုင်အခွင့် အ လမ်း နည်းပါးခြင်းစသော စီးပွားရေး အကြောင်းရင်းတို့ကြောင့် ထိုနိုင်ငံသား ဘင်္ဂါလီ လူမျိုးများသည် အိမ်နီးချင်း နိုင်ငံများထဲသို့ ခိုဝင် အခြေချနေထိုင်ဖို့ ကြိုးပမ်းလာကြသည်။ အိန်္ဒိယ နိုင်ငံက နယ်စပ်ကိုစည်းရိုး တံတိုင်းကာ ရံသောသတင်း ကို တစ်လောကဖတ်လိုက်ရသည်။ ခပ်စောစောတုန်း က နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများကို အိန်္ဒိယ တပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးသည်ဟု ကြားဖူး၏။ ဘင်္ဂါ လီများသည် မြန်မာနိုင်ငံထဲသို့လည်း ခေတ်အဆက် ဆက် ဝင်ရောက်ကြသည်။ ရေမြေတောတောင် ကျယ်ဝန်း၍ စိုက်ပျိုးမြေလွတ်ပေါများသော ထိုနိုင်ငံ နှင့် ဆက်စပ် နေ သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း သည် ၎င်းင်းတို့အတွက် မက်လောက်ပေသည်။ ယခု နောက်ပိုင်းတွင် မြန်မာ နိုင်ငံကလည်း နယ်နိမိတ် တစ်လျှောက်စည်းရိုးကာရံနေပြီဟုဆိုသည်။

ကိုလိုနီခေတ်ဗြိတိသျှအစိုးရသည်စစ်တကောင်း ဘင်္ဂလားနယ်မှ ဘင်္ဂါလီများကို လယ်ကူလီအဖြစ် ရခိုင်ပြည်နယ် သို့ ခေါ်ယူနေထိုင်စေခြင်းသည် ယနေ့ လှေစီးသွားလာသူနှင့် ရိုဟင်ဂျာပြဿနာ၏ မူလ ဘူတ အကြောင်း အရင်း ဖြစ်သည်။ အစပိုင်းတွင် ဘင်္ဂါလီလယ်ကူလီများသည် စိုက်ပျိုးရေးလုပ်ငန်း သိမ်းချိန်တွင် မူရင်းနိုင်ငံသို့ ပြန်သွား ကြသော်လည်း နောက်ပိုင်းတွင် ရေကြည်ရာမြက်နုရာ ရခိုင်ပြည်နယ် တွင် အခြေချနေထိုင်ရန် ကြိုးပမ်းလာ ကြ သည်သာ မက နည်းမျိုးစုံဖြင့် ပြည်မထဲအထိ ထိုးဖောက်ဝင် ရောက်ကြသည်။

ယနေ့ ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှစိမ့်ဝင်လာသော ဘင်္ဂါလီမွတ်ဆလင်ဦးရေတစ်သန်း ကျော် ရှိနေ ကြောင်း သိရသည်။ ရခိုင်ပြည်နယ်ရှိ ဒုက်္ခသည်စခန်း ၃၉ခုတွင်ဒုက်္ခသည်အမည်ခံ ဘင်္ဂါလီ တစ်သိန်းကျော် ရှိနေပြီဟု ကုလသမဂ်္ဂဒုက်္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားသည်။ မိမိ မှတ်သားမိသမျှမှာ တရားမဝင် ခိုးဝင်လာသူများ သည် စီးပွားရေးအကြောင်းအရင်းကြောင့်ဝင်ရောက် လာခြင်းဆိုပါက ယာယီသာ အလုပ်လုပ်ခွင့်ရှိပြီးအမြဲ လက်ခံထားရန် တာဝန်မရှိချေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ပြည်တွင်းစစ်ဖြစ်မနေ သော ကြောင့် စစ်ပြေး ဒုက်္ခသည်မဟုတ်ကြပါ။ ဘာသာရေး၊ ဓလေ့ထုံးတမ်း၊ လူမျိုးရေး ဖိနှိပ်သတ်ဖြတ်သဖြင့် တိမ်း ရှောင်လာကြ သူများလည်း မဟုတ်ကြပါ။

နိုင်ငံရေးနှိပ်ကွပ်မှုကြောင့် တိမ်းရှောင်ခိုလှုံလာ သည့် နိုင်ငံရေးဒုက်္ခသည်လည်း မဟုတ်ကြပါ။ ဘူး သီးတောင်၊ မောင်တောဒေသတွင် ရောက်နေသော ဘင်္ဂါလီလူဦးရေတိုးတက်ပွားနှုန်းမှာ ထုံးစံအတိုင်း အလွန်အမင်း မြင့်တက် နေပေရာ နောင်ဆယ်စု နှစ်ခန့်ကြာလျှင် ဘင်္ဂါလီဦးရေ တစ်သန်းခွဲခန့်ရှိလာ နိုင်သည်။ ယနေ့ဘင်္ဂလား ဒေ့ရှ်နိုင်ငံ တွင် လူဦးရေ ပေါက်ကွဲလျှံထွက်သကဲ့သို့ နောင်ရခိုင်ပြည်နယ်တွင် အလားတူပေါက်ကွဲလျှံထွက်ခဲ့ ဖို့က ယင်းဘင်္ဂါ လီမွတ် ဆလင်များ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ သို့ ပျံ့နှံ့သွားမည်ကား မုချ။ လွတ်လပ်ရေးရခါစက အပ် ဖြင့်ထွင်းရမည့်ကိစ်္စကို ယခု ဓားဖြင့်ခွဲနေရပြီ။ နောင်တွင် ပုဆိန်ဖြင့် ပေါက်ရကိန်းမြင်သည်။

ယင်းဘင်္ဂါလီမွတ်ဆလင်တို့၏ ရည်မှန်းချက် မှာ သီးခြားပြည်နယ် တည်ထောင်ရေးဖြစ်သည်။ နောက်‌ေတာ့ခေတ် ပညာတတ်ဘင်္ဂါလီတို့၏ဦးဆောင် မှုဖြင့် သမိုင်းလိမ်ဝါဒဖြန့်ကာ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားဖြစ်ရေး အ ထိ ခြေလှမ်းကျဲကျဲ တောင်း ဆိုလာသည်။ ထိုရည်မှန်းချက်များအတွက် ရခိုင်ပြည် နယ်အတွင်း ဘာသာရေးစည်း ရုံး လှုပ်ရှားမှုများ၊လက် နက်ကိုင်အကြမ်းဖက်လှုပ်ရှားမှုများနိုင်ငံရေးနည်း ဖြင့် ကြိုးပမ်းလှုပ် ရှားမှုများဖြင့် နိုင်ငံတ ကာနှင့် ကုလ သမဂ်္ဂတို့ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများအထိ ဘက်စုံနည်းစုံလုပ်ခဲ့ကြသည်။ ၎င်းင်းတို့၏ လှုပ် ရှားမှု လမ်းကြောင်းကိုကြည့်လျှင် (၁) ဂျမေတူအူလမား အသင်း (Jamiatul-Ulama)၊ (၂) မူဂျာဟစ်သောင်း ကျန်းမှု၊ (၃) ရိုဟင်ဂျာလှုပ်ရှားမှုဟု တွေ့ရသည်။

ဂျမေတူအူလမားအသင်း
ရခိုင်ဒေသ၊မြေပုံမြို့နယ်မှစတင်ခဲ့သည့်ကုလား- ရခိုင် အဓိကရုဏ်းဖြစ်ပြီးသည့်နောက်ပိုင်း၊ အုံမော် မျာ (Omra Meah) ခေါင်းဆောင်၍ ““ငြိမ်းချမ်းရေး ကော်မတီ”” ဖွဲ့စည်းခဲ့သည်။ ဂျပန်ခေတ်တွင် ငြိမ်း ချမ်းရေးကော်မတီသည် ဘာသာရေးအသွင်ပြောင်း ကာ ဂျမေတူအူလမားအသင်းအဖြစ် နာမည်ခံယူခဲ့ သည်။ ဒုတိယကမ်္ဘာစစ်အပြီး ရခိုင်တိုင်း (ထိုစဉ်က တိုင်းဖြစ်ပါသည်)မြောက်ပိုင်း (ဘူးသီးတောင်-မောင် တော)တွင် ရခိုင်များမရှိတော့သည့်ရခိုင် ရွာများသို့ စစ်တကောင်းမှ မွတ်ဆလင်အမြောက်အမြား ဝင် ရောက်နေရာယူလာကြသည်။ ထို့ကြောင့် ထို ဒေသ တွင် မွတ်ဆလင်ဘာသာဝင် ဘင်္ဂါလီဦးရေသည် ဒေသခံရခိုင်လူမျိုးထက် များပြားခဲ့၏။

ဂျမေတူအူလမားအသင်းသည် ရခိုင်တိုင်း မြောက်ပိုင်း (ဘူးသီးတောင်-မောင်တောဒေသ)ကို သီးခြားမွတ်ဆလင် နယ်မြေဖြစ်ရန် စတင်ကြိုးပမ်းခဲ့ သည်။ ယင်းအသင်း၏ ခေါင်းဆောင်မှုဖြင့် ၁၉၄၇ ခုနှစ်တွင် လူထုစီတန်း လမ်း လျှောက်၍ အင်အားပြပွဲ ပြုလုပ်ရာ ပါကစ်္စတန် ဇိန်ဒါဘတ် (Pakistan Zindabhad) ဟု ကြွေးကြော်ခဲ့သည်။ ယင်း လှုပ်ရှား မှုသည် ဘူးသီးတောင်-မောင်တောနှင့်ရသေ့တောင် နယ်မြေများကို မြန်မာနိုင်ငံမှခွဲထုတ်၍ အရှေ့ပါကစ်္စ တန်(ယခုဘင်္ဂလားဒေ့ရှ်)နှင့် ပူးပေါင်းရန် ကြိုးပမ်းမှု ဖြစ်၏။

၎င်းင်းအသင်းသည် ၂၄-၂-၁၉၄၇ ရက်တွင် ဒိုမီ နီယံဆိုင်ရာ ပါလီမန်အတွင်းဝန်ကလေးဘော့တွမ် မလေ (A.G Bottomley) (ပင်လုံညီလာခံ တက် ရောက်ခဲ့သူ)ထံ ရခိုင်မြောက်ပိုင်းဒေသကို ကိုယ်ပိုင် အုပ်ချုပ်ရေးနယ်မြေ ထူထောင်ပေးရန် စာရေးသား တင်ပြခဲ့သည်။ ထိုတောင်းဆိုချက်ကို မြန်မာနိုင်ငံ အစိုးရအဖွဲ့အတွင်းဝန်ချုပ်က လက်မခံခဲ့ပေ။

မွတ်ဆလင်ဘင်္ဂါလီများသည် ဗြိတိသျှတို့ သွေး ထိုးပေးခဲ့သော သီးခြားမွတ်ဆလင်ပြည်နယ်ရရှိရန်ဟူသောတောင်း ဆိုချက်မပြည့်မီ မြန်မာနိုင်ငံလွတ် လပ်ရေးရတော့မည်ကို သိသောအခါ အားထားမှီခို ရမည့်သူမရှိတော့၍ အထူး စိုးရိမ်ခဲ့ကြသည်။ ၎င်းတို့ လိုလားချက်နှင့် ဘဝလုံခြုံရေးအတွက် လက်နက် ကိုင်တပ်ဖွဲ့လိုအပ်သည်ဟု ခံယူကြ သည်။ ဗြိတိသျှ တို့ထားခဲ့သော လက်နက်ခဲယမ်းများဖြင့် လက်နက် ကိုင်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းလှုပ်ရှားလာကြသည်။

အပြည့်အစုံကို ကြာသပတေးနေ့ထုတ် HotNews Journal တွင် ဆက်လက်ဖတ်ရှုပါရန်၊

အောင်ဇေယျ
 ( ဆက်မည်)

No comments:

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */