" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 14, 2023

ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ် ပြည့်ခြင်း

U.S Ambassy in Burma
သတင်းထုတ်ပြန်ချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်
၂၀၂၃ သြဂုတ် ၂၄ 


ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ်ပြည့်ခြင်း


ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ်ပြည့်မြောက်သည့် သြဂုတ် ၂၅ တွင် အမေရိ ကန်ပြည်ထောင်စုသည်သတ်ဖြတ်ခံခဲ့ရသူများနှင့်အသက်ရှင်ကျန်ရစ်သူများအားလုံးနှင့်အတူရပ်တည် ပြီး မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် ကြမ်းကြုတ်ရက်စက်မှုများအတွက် တရားမျှတမှုကို ရှာဖွေရန် နှင့် တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်အတွက် မိမိတို့၏ သံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်။ ရိုဟင်ဂျာလူမျိုး တစ်သန်းနီးပါးအတွက် အကာအကွယ်နှင့် ခိုလှုံရန် နေရာချထားပေးသော ဘင်္ဂလား ဒေ့ရှ်အစိုးရနှင့် ပြည်သူများနှင့် ရိုဟင်ဂျာလူမျိုး ဒုက္ခသည်များကို လက်ခံထားရှိသည့် ဒေသတွင်းမှ အ ခြား နိုင်ငံများကို မိမိတို့ လေးလေးနက်နက်ကျေးဇူးတင်ရှိပါသည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၁၇ မှ စပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းအခြားနေရာ များ တွင်ဖြစ်ပွားခဲ့သည့် အကြပ်အတည်း၏ သက်ရောက်မှုကို ခံခဲ့ရသည့်သူများအတွက် အကူအညီ ၂.၁ ဘီလီယံဒေါ်လာ ပေးအပ်ခဲ့ပြီး အကြမ်းဖက်မှုများကြောင့် ဘဝအခြေအနေ ကပြောင်းကပြန်ဖြစ်ခဲ့ကြရ သည့်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသက်ကယ်ဆယ်ရေးအကူအညီ များ ပေးအပ်သည့် တစ်ဦးချင်းအလှူရှင်စာရင်းတွင် ထိပ်ဆုံးမှဆက်လက်ရပ်တည်လျက်ရှိပါသည်။ 
 
နိုင်ငံတဝန်း အရှိန်မြင့်တက်လျက်ရှိသည့် အကြမ်းဖက်မှုများက အလွန်စိုးရိမ်ရသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေအဖြစ်သို့ ဆိုးဝါးစွာ ပြောင်းလဲလာပြီး အထူးသဖြင့် ရိုဟင်ဂျာလူမျိုး များ အပါအဝင် လူနည်းစု တိုင်းရင်းသားများနှင့်ဘာသာရေးအသိုက်အဝန်းများအတွက်အလွန်စိုးရိမ်စ ရာဖြစ်ပါသည်။ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုများအတွက် တာဝန်အရှိဆုံးဖြစ်သည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကိုဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများနှင့်ပြည်ဝင်ခွင့်ဗီဇာထိန်းချုပ်ကန့်သတ် ခြင်းများကို အမေရိကန်ပြည်ထောင်စုက ၂၀၁၇ ဒီဇင်ဘာမှစပြီး ပြုလုပ်ခဲ့ပါသည်။

မြန်မာပြည်သူများအားလုံးအတွက် တရားမျှတမှု ရှာဖွေရေးနှင့် တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး အ တွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားပြီး ဒီမိုကရေစီနည်းကျ အားလုံးပါ ဝင်နိုင်မည့် ငြိမ်းချမ်းသောအနာဂါတ်ကို လိုလားတောင့်တလျက်ရှိသည့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ဆက်လက်ရပ်တည်သွားပါမည်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */