" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, August 29, 2023

မြန်မာဆီ ရိုဟင်ဂျာများ ဆန္ဒအလျောက် နေရပ်ပြန်ရေး စတင်ရန် ဘင်္ဂလားဒေ့ရှ် ပြင်ဆင်

မဇျ္စိမ
By Xinhua
29 August 2023

နိုင်ငံရင်း ဖြစ်သည့် မြန်မာနိုင်ငံဆီ ကနဦး ဦးရေ ၁,၀၀၀ ခန့်ဖြင့် ရိုဟင်ဂျာများ ဘေးကင်းစွာ ဆန္ဒအ လျောက် နေရပ်ပြန်ရေး စတင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြင်ဆင်လျက်ရှိသည်ဟု အကြီးတန်းအစိုးရ တာဝန်ရှိသူတဦးက ပြောသည်။


“ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ လာမယ့်လမှာ မြန်မာနိုင်ငံဆီ သွားရောက်ဖို့ ရှိတယ်၊ မြန်မာက အဖွဲ့တဖွဲ့လည်း ဒီကို မကြာခင်လာပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်”ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာဆက် ဘင် မိုမန်းက တနင်္ဂနွေနေ့တွင် သတင်းထောက်များအား ပြောသည်။

“ကျွန်တော်တို့ ရိုဟင်ဂျာ ၃,၀၀၀ ကျော်ထက်မနည်းကို စာရင်းပြုစုနေတယ်၊ ဒီထဲက ၁,၀၀၀ကိုကနဦး အနေနဲ့ ဒီဇင်ဘာလလောက်မှာ မြန်မာနိုင်ငံဆီ ပြန်ပို့မှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

နှစ်စဉ် ကလေးမွေးဖွားမှု ၃၀,၀၀၀ ဝန်းကျင်ရှိကာ လူဦးရေ ကြီးထွားနေသော ရိုဟင်ဂျာများအားအကူ အညီပေးမှုများ လျှော့ချခြင်းသည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများက အကျပ်အတည်းများကိုပို၍ ဆိုးဝါးစေသည်ဟု ၎င်းက ဆိုသည်။

ထို အခင်းအကျင်းအားဖြင့် ရိုဟင်ဂျာများ နေရပ်ပြန်မှု ကျိန်းသေချိန်အထိ လိုအပ်သော လူသားချင်း စာနာထောက်ထားရေး အကူအညီများကို ဆက်လက်ထောက်ပံ့ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မကြာသေးခင်က နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းထားသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသော ရိုဟင်ဂျာ တသန်းကျော်ထက်မနည်းသည် ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမှ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့်ရှိ ကော့ဘဇားက ဒုက္ခသည်စခန်းများတွင် နေထိုင် နေလျက် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။) 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */