" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 21, 2023

ကုလလူ့အခွင့်အရေးကောင်စီ မြန်မာ့အရေး ဆုံးဖြတ်ချက် ချမှတ် စစ်ကောင်စီ နိုင်ငံခြားရေး ကန့်ကွက်

BBC
15-07-2023

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ နောက်ဆုံးကျင်းပခဲ့တဲ့အစည်းအဝေးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ ပြည်တွင်းက လူနည်းစုတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခဲ့ပြီး အ မျိုးသမီးနဲ့ ကလေးငယ်တွေကို အကြမ်းဖက်မှုတွေကနေ နည်းလမ်းမျိုးစုံနဲ့ အကာအကွယ်ပေးဖို့ဆိုတဲ့ အချက် အ ပါအဝင် ဆုံးဖြတ်ချက် ၅ ရပ်ကို မနေ့ကချမှတ်ခဲ့ပါတယ်။


ပြည်တွင်းမှာ လူ့အခွင့်အရေးတွေရရှိဖို့ ပံ့ပိုးကူညီရေး၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေလုပ်ဆောင်ဖို့ အသစ် ထွက်ပေါ်လာတဲ့ ဒစ်ဂျစ်တယ်နည်းတွေကို အသုံးပြုပြီး ဆောင်ရွက်ဖို့ဆိုတဲ့အချက်တွေအပါအဝင် လုပ်ဆောင် ချက်တွေကို နောက်လာမယ့်အစည်းအဝေးတွေမှာ တင်ပြဖို့တွေပါဝင်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကတော့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေနဲ့ ဆွေးနွေးချက်တွေမှာပါဝင်တဲ့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှာတရားရုံး ICC တို့ကို ရည်ညွှန်းဖော်ပြနေတာ တွေနဲ့ ပတ်သက်ပြီး ပြင်းထန်စွာကန့်ကွက်ပယ်ချထားပါတယ်။

ဆွေးနွေးပွဲမှာ ဦးစားပေးပြောခဲ့ကြတဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက် ပိုင်းဖြစ် စဉ်ပေါ်ပေါက်ခဲ့ရတဲ့ အကြောင်းအရင်းကို မျက်ကွယ်ပြုနေတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ထားပြီး လက်တွေ့မြေပြင်အခြေအနေကို မထင်ဟပ်နိုင်ဘူးလို့ တုံ့ပြန်ပါတယ်။

တခါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားရောက်ခွင့်တွေ ငြင်းပယ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးရဲ့ အစီရင်ခံစာကိုလည်း လွဲမှားတဲ့ စွပ်စွဲချက်လို့ ပြောသလို စစ်အုပ်စုထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေကို ပစ် မှတ်ထားပိတ်ဆို့ဖို့ဆိုပြီး အဖွဲ့ဝင်နိုင်ငံတွေအပေါ် တောင်းဆိုတာတွေဟာလည်း မြန်မာရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခွင့် အ ရေးကို ချိုးဖောက်တာလို့ ဖော်ပြထားတာပါ။

NUG ၊ PDF တို့ကြောင့် ‌လူ ၆၀၀၀ ကျော်သေဆုံးခဲ့ရတာကိုတော့ ဖုံးကွယ်ထားတယ်လို့ ပြန်ပြီးစွပ်စွဲထားသလို အ ခု စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အခုကန့်ကွက်စာဟာ လူ့အခွင့်အရေးအကြောင်းပြပြီး မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ ယန္တရားတွေရဲ့ ချို့ယွင်းချက်တွေကို ထောက်ပြတာလို့ ပြောပါတယ်။

တဖက် အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ အခုလူ့အခွင့်အရေး ကောင်စီ ရဲ့ အစည်းအဝေးမှာ တင်သွင်းချက်တွေထဲက ရိုဟင်ဂျာအကျပ်အတည်းရဲ့ မူလဇစ်မြစ်အကြောင်းကို ဖြေရှင်းဖို့၊ တရားမျှတမှုရရှိစေနိုင်ဖို့နဲ့ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့တွေကို ဖန်တီးပေး နိုင်ဖို့အတွက် ကတိပြုတယ်လို့ ကြေညာထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ အခု ၂၀၂၃ ခုနှစ် နှစ်ဝက်ကာလအတွင်း လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်မှု သိသိသာသာများလာပါတယ်။ လက်နက်ကြီးဒဏ်ကြောင့် ကလေးငယ်ထိခိုက်သေဆုံးမှုအချို့လည်း ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ်ရှိနေတာကို ဘီဘီစီရဲ့ နေ့စဉ်သတင်းမေးမြန်းချက်တွေအရ တွေ့ရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */