" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 10, 2023

ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဆက်မလုပ်ဖို့ ကုလကိုယ်စား လှယ်တိုက်တွန်း

BBC
၁၀ ဇွန် ၂၀၂၃, 

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂကိုယ်စားလှယ် တွမ်အန်ဒရူးစ်

ရိုဟင်ဂျာတွေကိုနေရပ်ပြန်ပို့ရေး ရှေ့ပြေးစီမံချက်ကို ဆက်ပြီး မလုပ်ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို မြန်မာ နိုင်ငံဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောလာပါတယ်။
 
ရိုဟင်ဂျာတွေကို နေရပ်ပြန်ခိုင်းမယ်ဆိုရင် သူတို့ဘဝနဲ့ လွတ်လပ်စွာနေထိုင်နိုင်ခွင့်အပိုင်းမှာ ကြီးမားတဲ့စိုးရိမ်စရာ အခြေအနေ ရှိတာကြောင့်လို့ သူက ထောက်ပြပြောဆိုပါတယ်။
 
လက်ရှိမှာ ရိုဟင်ဂျာ အယောက် ၁၁၄၀ ကို ကနဦးအနေနဲ့ မြန်မာပြည်တွင်းကို ပြန်ပို့သွားဖို့ရှိပြီး အခုနှစ်ကုန်ပိုင်း အရောက်မှာ ရိုဟင်ဂျာ ၆၀၀၀ နီးပါးပြန်ပို့နိုင်ဖို့ စီစဥ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောထားပါ တယ်။
 
ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့အခုအစီအစဥ်ကို မလိုက်နာတဲ့ရိုဟင်ဂျာတွေကို ဖမ်းဆီးဖို့ ခြိမ်းခြောက်တာ၊ စာရွက်အတု အယောင်တွေလုပ်တာနဲ့ အခြားလက်တုံ့ပြန်တဲ့ပုံစုံအမျိုးမျိုးနဲ့ အာဏာပိုင်တွေဘက်က လုပ်နေတယ်ဆိုတဲ့သတင်း တွေကိုလည်း ကြားသိနေရတယ်လို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်က ဇွန် ၈ ရက် ထုတ်ပြန်ချက်မှာ ပြောပါ တယ်။
''ဒုက္ခသည်တွေ ပြန်ကြမယ်ဆိုရင် ငွေတွေအများကြီးရမယ်ဆိုတာမျိုး၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေရဖို့ ရှိတဲ့ရိက္ခာထောက်ပံ့ကြေး လျှော့ချခံရဖို့ရှိနေချိန်မှာ အခုလို ငွေပေးမယ်ဆိုတဲ့သတင်းမျိုး ထွက်လာတာ''လို့လည်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြပြောဆိုပါတယ်။


ဒုက္ခသည်အဖြစ်ဆက်မနေလိုတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ တောင်းဆိုနေကြ

ပြီးခဲ့တဲ့မတ်လမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေနဲ့အတူ ဘင်္ဂ လားဒေ့ရှ်စခန်းတွေကို နှစ်ကြိမ်သွားရောက်ခဲ့တာ၊ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ထဲကနေရာချထားရေး စခန်း တွေကို သွားကြည့်ခိုင်းတာတွေရှိနေခဲ့တာကိုလည်း အထူးအစီရင်ခံစာတင်သွင်းသူက ပြောပါတယ်။
 
ဒါပေမဲ့ ဒုက္ခသည်တွေကို လက်ရှိ အခြေအနေအရ နေရပ်ပြန်ခိုင်းတာဟာ နိုင်ငံတကာဥပဒေအောက်မှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက တာဝန်ရှိတဲ့ ဝတ္တရားတွေကို ချိုးဖောက်ရာရောက်နိုင်ပြီး ရိုဟင်ဂျာတွေဟာလူ့အခွင့်အရေးချိုးဖောက် မှု တွေကို ခံရနိုင်တယ်ဆိုပြီး သူက ပြောပါတယ်။
 
မြန်မာပြည်တွင်းက ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ က တော့ လက်ခံရေးစခန်းတွေရဲ့အခြေအနေကို သဘောမကျတဲ့အကြောင်း ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ပြန်လည် ပြောဆိုထားတယ်လို့ ဒုက္ခသည်တွေက ဘီဘီစီကို ပြောထားပါတယ်။

အာမခံချက်တဲ့နေရပ်ပြန်ခွင့်ရရေးကို ရိုဟင်ဂျာ ဒက္ခသည်တွေ တောင်းဆို

တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်က တက္ကနာ့ဖ်မြို့နယ်အတွင်းက ဒုက္ခသည် စခန်းမှာ ဘင်္ဂ လားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက နေရပ်ပြန်လာရေးနဲ့ ပတ်သတ်ပြီး ဇွန်လ ၈ ရက်မှာ တောင်းဆို ထား ကြပါတယ်။

မူလနေရပ်မှာ ပြန်လည်နေထိုင်ခွင့်ရဖို့၊ နိုင်ငံသားကဒ်နဲ့နိုင်ငံသားအခွင့်အရေးရရှိဖို့၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ အသက်မွေးဝမ်းကျောင်းခွင့်ရရှိဖို့၊ ဘဝလုံခြုံမှု အာမခံချက်ရဖို့ ဒုက္ခသည်တွေက တောင်း ဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ထဲ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်နဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဥ်အောက်မှာ ရိုဟင်ဂျာ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီအချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်အရေအ တွက် ၉ သိန်းခွဲကျော်အထိရှိနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ထုတ်ပြန်ပြောဆို ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကတော့ မြန်မာပြည်တွင်းကို ပြန်လာချင်ပေမဲ့ စစ်ကောင်စီရဲ့ စီစဥ်မှုကို သဘောမကျတာ၊ နောက် ပြန်လည်လက်ခံရေးစခန်းမှာပဲ ရေရှည်ထားမှာကို စိုးရိမ်ချက်တွေ ရှိနေကြ ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */