" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 4, 2023

နေရပ်ပြန်ရေးအစီအစဥ်အရ ရိုဟင်ဂျာ ၈၇,၀၀၀ ကျော်ကို စိစစ်ခဲ့ပြီး

BBC
၄ ရက် ဧပြီလ ၂၀၂၃ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကပေးပို့လာတဲ့ ရိုဟင်ဂျာအိမ်ထောင်စုလူဦးရေစာရင်းတွေကို ၂၀၂၃ခုနှစ် မတ်လ ကုန် အထိ စိစစ်မှုတွေ ပြုလုပ်ထားတယ်လို့ ဧပြီ ၃ရက်၊ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး ကော် မတီအစည်း အဝေးမှာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်ကပြောခဲ့တယ်လို့ စစ်ကောင်စီသတင်းစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွင်းနေထိုင်ခဲ့တဲ့အထောက်အထားတွေ့ရှိခဲ့သူ ၅၆,၀၀၀၊ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အကြမ်းဖက် စာ ရင်းမှာ ပါဝင်သူ ၉၀၀ ခန့်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ အထောက်အထား မတွေ့ ရှိသူ သုံးသောင်းအပါအဝင် စုစုပေါင်း လူဦးရေ ၈၇,၀၀၀ ကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်နည်းလမ်းနဲ့ ပြန်လည်ပေးပို့ အ ကြောင်းပြန်ကြားပြီးပြီလို့ သိရပါတယ်။

အဲဒီစာရင်းတွေထဲကမှ ၂ နိုင်ငံ ညှိနှိုင်းချက်အရ ပြန်လည်လက်ခံဖို့ အိမ်ထောင်စု ၂၀၀ ကျော်က လူဦးရေ ၇၀၀ ကိုလျာထားခဲ့သလို၊ ဘင်္ဂလားဒေ့ရှ်ဘက်က ထပ်မံပေးပို့တဲ့ ဆက်စပ် မိသားစုဝင် ၄၀၀ ကျော်ကိုလည်း မတ်လ ၁၅ရက်နေ့ကစတင်ကာတွေ့ဆုံစစ်ဆေးခဲ့ပြီးပြီလို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

အဲဒီမိသားစုဝင်တွေအပြင် ပြီးခဲ့တဲ့ ကာလတွေကတည်းက စိစစ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဘာ သာဝင် ၃၀၀ ကျော်ကိုလည်း အခုတခါပြန်လည်နေရာချထားတဲ့ အစီအစဥ်ကတဆင့် ပြန်လည်ခေါ်ယူမယ်လို့ သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ဖို့ အစီအစဥ်တွေကို ဆိုင်းငံ့ထားဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံကို ပြန်တာဟာ ဒုက္ခသည်တွေရဲ့ လွတ်လပ်ခွင့်နဲ့ အသက်တွေကို အကြီးအကျယ် အန္တရာယ် ရှိစေတယ် လို့ HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း အစုလိုက်အပြုံလိုက် သတ်နေချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိုယ့်သ ဘော နဲ့ကိုယ် ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ မြန်မာနိုင်ငံကို ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ HRW အဖွဲ့ တောင်အာရှရေးရာ ဒါရိုက်တာ Meenakshi Ganguly က ပြောထားပါတယ်။

ဒုက္ခသည်စခန်းတွေထဲမှာရှိတဲ့ ရိုဟင်ဂျာတွေမှာတော့ သူတို့ လိမ်ညာလှည့်ဖြားခံနေရတယ်၊ ဒါမှမဟုတ် မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖိအားပေး လုပ်ဆောင်နေတယ်လို့ HRW အဖွဲ့ ကို ပြောတယ်လို့လည်း ဆိုပါတယ်။

၂၀၁၇ခုနှစ် ပဋိပက္ခဖြစ်စဥ်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ၇ သိန်းကျော်က ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တာလည်းဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */