" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 28, 2023

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေး သံသရာ တပတ်လည်

ဧရာဝတီ
Jeff Crisp
27 March 2023


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ရိုဟင်ဂျာဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်မှ မြန်မာသို့ ပြန်လည်ပို့ဆောင်ရေးတွင် မည်သို့ ရပ်တည်သနည်း။

ပြောဆိုရန်ခက်သော ကိစ္စဖြစ်သည်။ တဘက်တွင် UNHCR က “လတ်တလော ရခိုင်ပြည်နယ် အခြေအနေသည် ရိုဟင်ဂျာဒုက္ခသည်များ စဉ်ဆက်မပြတ် နေရပ်ပြန်ရေးတွက် သင့်လျော်သောအခြေအနေမရှိ” ဟု ပြောသည်။ ထို့ကြောင့် တရုတ်ကျောထောက်နောက်ခံပြုမှုဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ထူထောင်ထားသည့် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ် စတင်ရန် ရှေ့ပြေးစီမံကိန်းတွင် ၎င်းတို့အဖွဲ့အစည်း “ပါဝင်ပတ်သက်ခြင်း မရှိကြောင်း” ပြောသည်။

အခြားတဘက်တွင်မူ မြန်မာရှိ ကုလသမဂ္ဂအကြီးအကဲထံမှ ပေါက်ကြားလာသော အီးမေးလ်ကို ထုတ်ပြန်ပြီးနောက် UNHCR က ၎င်းတို့သည် ထိုရှေ့ပြေးစီမံကိန်းကို စတင်ရန် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည့် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များကို “သယ်ယူပို့ဆောင်ရေးစီမံမှု” အထောက်အကူပေးကြောင်း ဝန်ခံခဲ့သည်။

ကုလသမဂ္ဂက အသိအမှတ် မပြုသေးသည့် စစ်ကောင်စီ၏ “အခိုင်အမာတောင်းခံမှု” နောက်ပိုင်းတွင် အမှတ်တံဆိပ်များ ဖယ်ရှားထားသည့် UNHCR သင်္ဘောများကို ထိုကိုယ်စားလှယ်အဖွဲ့သို့ ပေးအပ်ခဲ့ကြောင်း Myanmar Accountability Project မှ ခရစ်ဂန်းနက်၏ အဆိုအရ သိရသည်။
ကုလသမဂ္ဂက အသိအမှတ် မပြုသေးသည့် စစ်ကောင်စီ၏ “အခိုင်အမာတောင်းခံမှု” နောက်ပိုင်းတွင် အမှတ်တံဆိပ်များ ဖယ်ရှားထားသည့် UNHCR သင်္ဘောများကို ထိုကိုယ်စားလှယ်အဖွဲ့သို့ ပေးအပ်ခဲ့ကြောင်း Myanmar Accountability Project မှ ခရစ်ဂန်းနက်၏ အဆိုအရ သိရသည်။
ကုလသမဂ္ဂ၏ တင်းကျပ်သော လုံခြုံရေးစည်းမျဉ်းများကို ချိုးဖောက်ပြီး ထိုသင်္ဘောများတွင် လက်နက်များ တင်ဆောင်ခွင့်ပြုခဲ့ကြောင်း ဂန်းနက်က စွပ်စွဲသည်။

စိတ်ပျက်စရာကောင်းသော်လည်း UNHCR သည် ဒုက္ခသည်များ နေရပ်ပြန်လည်ပို့ဆောင်ရေးက အတိအကျ ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် ဖြစ်ရမည်ဆိုသည့်မူကို မဆုပ်ကိုင်ဘဲ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့၏ တောင် းဆိုမှုများကို သဘောတူလေ့ရှိသည့် ရှည်လျားသော အစဉ်အလာရှိသောကြောင့် ထိုဖြစ်ရပ်သည် အံ့သြစရာမဟုတ်ပေ။

ဥပမာအားဖြင့် ဆိုရပါက ၁၉၉၃ ခုနှစ်တွင် UNHCR အဆင့်မြင့်အရာရှိတဦးက ရိုဟင်ဂျာများသည် “ကမ္ဘာဦးလူသားများ” ဖြစ်သည်ဟုပြောခဲ့ပြီး “အဆုံးတနေ့မှာတော့ သူတို့တွေဟာ သူတို့ကိုသွားခိုင်းတဲ့နေရာကို သွားရမှာပဲ” ဟုမှတ်ချက်ချခဲ့သည်။

မြန်မာနိုင်ငံသားများအဖြစ် အသိအမှတ်ပြုခြင်း မခံရသော မွတ်ဆလင် အများစု ရိုဟင်ဂျာများအပေါ် ထိုသို့ ချိုးနှိမ်သော သဘောထားတွင် နက်ရှိုင်းသော သမိုင်းဆိုင်ရာ ရင်းမြစ်အချို့ရှိသည်။

၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ၂ သိန်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည်။ ၁၉၇၈ ခုနှစ်၊ သြဂုတ်လမှ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထိုဒုက္ခသည် အားလုံးနီးပါးသည် နှစ်နိုင်ငံသဘောတူညီချက်နှင့် UNHCR ပါဝင်မှုဖြင့် မြန်မာသို့ ပြန်ကြသည်။

UNHCR ၏ အကဲဖြတ်ဌာနက နောက်ပိုင်းတွင် ပြုလုပ်သည့် အကဲဖြတ်ချက်တွင် ၁၉၇၈ ခုနှစ်က ဒုက္ခသည် ပြန်လည် ပို့ဆောင်ရေးအစီအစဉ်ကို ဒုက္ခသည်များ၏ ဆန္ဒအလျောက် ဟုတ်၊ မဟုတ်ကို “လွန်စွာ မေးခွန်းထုတ်စရာကောင်းကြောင်း” ဖော်ပြခဲ့သည်။ ဒုက္ခသည်များကို “ဆောလျင်စွာ နေရပ်ပြန်ပို့ရေး” သည် “အကျပ်အ တည်း စတင်စဉ်ကတည်းက ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ဦးစားပေးဖြစ်သည်” ဟု ရှင်းပြခဲ့သည်။

ထိုရည်မှန်းချက် အောင်မြင်ရေးအတွက် ရိုဟင်ဂျာများကို ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု၊ အစားအစာနှင့် အခြေခံ လိုအပ်ချက်များ ဖြတ်တောက်ခြင်း အပါအဝင် နည်းပရိယာယ် အများအပြားကို အသုံးပြုသည်။ UNHCR အရာရှိတဦး၏ စကားအရ ဆိုရပါက “ဘင်္ဂလားဒေ့ရှ်အစိုးရ၏ မူဝါဒမှာ ဒုက္ခသည်များ ပြန်ထွက်သွားစေရန် အငတ်ထားခြင်း” ဖြစ်သည်။
ထိုရည်မှန်းချက် အောင်မြင်ရေးအတွက် ရိုဟင်ဂျာများကို ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု၊ အစားအစာနှင့် အခြေခံ လိုအပ်ချက်များ ဖြတ်တောက်ခြင်း အပါအဝင် နည်းပရိ  ယာယ် အများအပြားကို အသုံးပြုသည်။
၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး ပြီးဆုံးသောအခါ UNHCR က စခန်းများတွင် ဒုက္ခသည် ၁ သောင်းအထိ သေဆုံးကြောင်းနှင့် ကူးစက်ရောဂါသည် အဓိကသေဆုံးရသည့် အကြောင်းရင်းဖြစ် ကြောင်း ဝန်ခံသည်။ သို့သော် ထိုသို့သေဆုံးမှုနှုန်း မြင့်မားရခြင်းအကြောင်းရင်းမှာ နိုင်ငံတွင် အဆင်သင့်ရှိနေသော အစားအစာများကို အစိုးရက ဖြန့်ချိပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း မြေပြင်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများက ပုဂ္ဂလိကအနေဖြင့် သဘောတူသည်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာရွာများ မီးရှို့ခံရပြီး ထွက်ပြေးရစဉ်

“ဒုက္ခသည်များ ဘဝသာယာစိုပြေရေးအတွက် တာဝန်ရှိသည့် UNHCR ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းတခုက မလိုအပ်သော သေဆုံးမှု ၉၀၀၀ ကျော်ဖြစ်စေသော မူဝါဒတခုကို လက်ခံခြင်းအတွက် ခွင့်လွှတ်ရန် အ ကြောင်းရှိ၊ မရှိ” မေးရမည်ဖြစ်သည်။

ဆယ်စုနှစ်တခုကြာသောအခါ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တွင် မြန်မာစစ်တပ်သည် ရိုဟင်ဂျာများကို ထပ်မံ တိုက်ခိုက်ပြီး သတ်ဖြတ်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြီး နေအိမ်များ၊ ဗလီများကို ဖျက်ဆီးသည်။ ထိုအကြမ် းဖက်မှုများမှ ထွက်ပြေးလွတ်မြောက်ပြီး ရိုဟင်ဂျာ ၂ သိန်းခွဲခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ပြန်သည်။

နောက်ဆက်တွဲ ဖြစ်ရပ်များသည် ၁၉၇၈ ခုနှစ်က ဖြစ်ရပ်များအတိုင်းသာ ဖြစ်သည်။ ရိုဟင်ဂျာ ဒုက္ခသည်များ အကြီးအကျယ် ထွက်ပြေးနေဆဲဖြစ်သည့် ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး သဘောတူညီချက်ရရန် မြန်မာနှင့် ညှိနှိုင်းနေသည်။

ဒုက္ခသည်များ နေရပ်ပြန်ခြင်းသည် “ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက်ဖြစ်ရမည်” ဟု ပြဋ္ဌာန်းထားသော်လည်း ထိုသဘော တူညီချက်တွင် ဒုက္ခသည် ပြန်လည်ပို့ဆောင်ခြင်းသည် ၁၉၉၂ ခုနှစ်၊ မေလတွင် စတင်သင့်ပြီခြောက် လအတွင်း ပြီးစီးရမည်ဟု ဖော်ပြထားသည်။

ထိုတကြိမ်တွင်လည်း ရည်မှန်းချက်အောင်မြင်ရန် အားထုတ်သည့်အနေဖြင့် ဒုက္ခသည်များကို ဖိအားပေးသည်။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် “နောက်ထပ်ဒုက္ခသည်များကို ဆွဲဆောင်မှု မဖန်တီးလိုသောကြောင့်” ရိုဟင်ဂျာများသို့ ပေးနေသည့် အကူအညီများကို ကန့်သတ်ရန် ၎င်း၏ ရည်ရွယ်ချက်ကို ဖော်ပြ သည်။

ထိုသို့သော ချဉ်းကပ်ပုံ၏ ဆိုးကျိုးများသည် အလျင်အမြန်အထင်အရှား ဖြစ်လာသည်။ နောက် လေးလမျှသာကြာသောအခါ UNHCR ဝန်ထမ်းတဦးက “၁၉၇၈ ခုနှစ်တွင် အကူအညီ မလုံလောက်သော ပြဿနာများကြောင့် ဒုက္ခသည် ၁ သောင်းခန့် သေဆုံးခဲ့သည်။ ယခုအစိုးရက လုပ်နေသည့် နည်းလမ်းသည် ထိုကြေကွဲစရာဖြစ်ရပ် ထပ်မံဖြစ်စေရန် ဖန်တီးလုနီးပါးဖြစ်နေသည်” ဟု မှတ်ချက်ပေးခဲ့သည်။

UNHCR ၏ တရားဝင် ကြေညာချက်များတွင် အောင်မြင်မှုအဖြစ် ချီးကျူးသော်လည်း ထိုဒုတိယအကြိမ် ဒုက္ခ သည် ပြန်လည်ပို့ဆောင်ရေးသည်လည်း အငြင်းပွားဖွယ်ဖြစ်ပြီး ဒုက္ခသည်များကို အကာအကွယ်ပေးရေး မူများနှင့် ဆန့်ကျင်နေသည်။ အကဲဖြတ်ဌာန၏ အကဲဖြတ်ချက်တွင် “ထိုဒုက္ခသည်များ အမှန်တကယ် ပြန်လိုသည် သို့မဟုတ် ဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး သိက္ခာရှိစွာ ပြန်နိုင်သည့် အခြေအနေများနှင့် ကိုက်ညီသည်ဟု UNHCR ဝန်ထမ်းအချို့က ယုံကြည်ခြင်းမရှိပေ” ဟု ဖော်ပြထားသည်။

“UNHCR နှင့် အာဏာပိုင်များက ခိုင်းသောကြောင့် ဒုက္ခသည်များသည် ၎င်းတို့တွင် ရွေးချယ်စရာမရှိဘဲကြောက် ရွံ့ပြီး မဆောင်ရွက်လိုသည့် ပြန်လည်ပို့ဆောင်ရေးကို လက်ခံရသည်ဟု ဒုက္ခသည်များ ယုံကြည်သည်” ဟု ထိုအကဲဖြတ်သုံးသတ်ချက်တွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရိုဟင်ဂျာ ၁ သန်းခန့်ကို မောင်းထုတ်ပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည်များကို ပြည်မမှ ဝေးကွာသော ဘာဆန်ချားကျွန်းသို့ ပို့ဆောင်သည့် ဘင်္ဂလားဒေ့ရှ်၏ လုပ်ငန်းဆောင်ရွက်မှုသည်လည်း အလားတူ ဖြစ်နိုင်သည်ဟု ကောက်ချက်ချသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရိုဟင်ဂျာ ၁ သန်းခန့်ကို မောင်းထုတ်ပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည်များကို ပြည်မမှ ဝေးကွာသော ဘာဆန်ချားကျွန်းသို့ ပို့ဆောင်သည့် ဘင်္ဂလားဒေ့ရှ်၏ လုပ်ငန်းဆောင်ရွက်မှုသည်လည်း အလားတူ ဖြစ်နိုင်သည်ဟု ကောက် ချက်ချသည်။
ထိုအစီအစဉ်နှင့် ပတ်သက်ပြီး မေးခွန်းများစွာ ထွက်ပေါ်လာသည်။ ထိုအစီအစဉ်အရ ဒုက္ခသည် ၃ သောင်းခန့်ကို နေရာရွှေ့ပြောင်းပြီး ဖြစ်သည်။

ဘာဆန်ချားကျွန်းသို့ ရိုဟင်ဂျာများ ဆန္ဒအလျောက် ရွှေ့ပြောင်းခြင်း ဖြစ်ပါသလား၊ သို့မဟုတ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၎င်းတို့ကို ရွှေ့ပြောင်းရန် ဖျောင်းဖျပြောဆိုခဲ့ပါသလား။ ထိုကျွန်းတွင် နေထိုင်ရန် ခက်ခဲလျှင် သို့မဟုတ် ပြည်မတွင်ကျန်ရစ်သည့် ဆွေမျိုးများနှင့် ပြန်လည်ပေါင်းစည်းလိုလျှင် ၎င်းတို့ကို ပြန်ခွင့်ပေးမည်လား။ ထိုကျွန်းမှ ခွင့်ပြုချက်မဲ့ပြန်သွားလျှင် ၎င်းတို့ကို မည်သည်ပြစ်ဒဏ်ပေးမည်နည်း။

နုန်းများဖြင့်သာ ဖွဲ့စည်ထားပြီး လွန်ခဲ့သော နှစ် ၂၀ ခန့်ကမှ ပေါ်ထွက်လာကာ ယခင်ကလူမနေဖူးသည့် ထိုကျွန်းသည် ပြောင်းရွှေ့ရန် စီစဉ်ထားသော ဒုက္ခသည် ၈ သောင်းအတွက် အသက်မွေးဝမ်းကြောင်းများ အမှန်တကယ် ပံ့ပိုးပေးနေမည်လား။

ထိုမေးခွန်းများကို မဖြေရှင်းနိုင်သေးပေ။ အစိုးရမဟုတ်သော အဖွဲ့အစည်းတခု၏ မကြာသေးမီက အစီရင်ခံစာ တစောင်တွင် “မြေပြင်မှ ကျယ်ပြန့်သော သတင်းအချက်အလက်များကို သေနင်္ဂဗျူဟာကျကျ စုစည်း သရုပ်ခွဲခြင်း မပြုရသေးပေ။ အထူးသဖြင့် အစားအစာ မလုံလောက်မှု၊ စီးပွားရေး ထိခိုက်နိုင်မှုအဆင့်၊ အသက်မွေးဝမ်းကြောင်း ထိန်းချုပ်ရေး ယန္တရားများ၊ ဝင်ငွေအခွင့်လမ်းများနှင့် ပတ်သက်ပြီး စိုးရိမ်စရာများရှိသည်” ဟု ဖော်ပြထားသည်။လွတ်လပ်စွာသွားလာခွင့်နှင့် ပတ်သက်လျှင် ဒုက္ခသည် ရာပေါင်းများစွာသည် ထိုကျွန်းမှ ထွက်ခွာသောကြောင့် အဖမ်းခံကြရသည်။ ဘာဆန်ချားအတွက် တာဝန်ရှိသော ဘင်္ဂလားဒေ့ရှ် အရာရှိတဦး၏ အဆိုအရ “၎င်းတို့အပေါ် သွားလာမှုကန့်သတ်ချက်များ ဆက်ရှိနေမည်။ ၎င်းတို့ကို စခန်းများပြင်ပသို့ သွားလာခြင်း ခွင့်မပြုပေ”။
အခက်အခဲအမျိုးမျိုး ရှိနေသော်လည်း ကုလသမဂ္ဂနှင့် အထူးသဖြင့် UNHCR သည် ထိုသို့ရွှေ့ပြောင်းသည့် အစီအစဉ်တွင် ပါဝင်ရန် သဘောတူခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည်များ၏ အခွင့်အရေးနှင့် ဘဝသာယာစိုပြေရေးထက် နိုင်ငံအကျိုးစီးပွားကို ရှေ့တန်းတင်နေသောကြောင့် နောက်ထပ်ပြဿနာများလည်း ပေါ်ပေါက်လာစေသည်။
အခက်အခဲအမျိုးမျိုး ရှိနေသော်လည်း ကုလသမဂ္ဂနှင့် အထူးသဖြင့် UNHCR သည် ထိုသို့ရွှေ့ပြောင်းသည့် အစီ အစဉ်တွင် ပါဝင်ရန် သဘောတူခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည်များ၏ အခွင့်အရေးနှင့် ဘဝသာယာစိုပြေရေးထက် နိုင်ငံအကျိုးစီးပွားကို ရှေ့တန်းတင်နေသောကြောင့် နောက်ထပ်ပြဿနာများလည်း ပေါ်ပေါက်လာစေသည်။

ထိုရှေ့ပြေးစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့က လုပ်ကိုင်ခြင်းဖြစ်သောကြောင့် ထို နှစ်နိုင်ငံသည် ရိုဟင်ဂျာ ဒုက္ခသည်များကို ၎င်းတို့၏ သဘောဆန္ဒမပါဘဲ အစုလိုက်အပြုံလိုက် ပြန်လည်ပို့ဆောင်ရန် စီစဉ်နေခြင်းရှိ၊ မရှိ မေးရန် ဖြစ်လာသည်။ မြန်မာစစ်ကောင်စီ၏ အလွန်ခိုင်မာသော တောင်းဆိုချက်ကို လိုက်လျောရာတွင် UNHCR နှင့် ကုလသမဂ္ဂအေဂျင်စီများသည် ထိုကဲ့သို့သော အစီအစဉ်တွင် ပါဝင်လိုကြောင်း ပြသလာမည်လား။

ဤနေရာတွင် တရုတ် ပါဝင်ပတ်သက်နေခြင်းသည်လည်း ကောင်းသည့် လက္ခဏာ မဟုတ်ပေ။ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်၊ မွတ်ဆလင်လူနည်းစုများကို ညှဉ်းပန်းနှိပ်စက်၊ မြန်မာကို ၎င်းတို့သြဇာ အဝန်းအဝိုင်းအတွင်း ထည့်သွင်းလိုသော တရုတ်အစိုးရသည် ဒုက္ခသည် ပြန်လည်ပို့ဆောင်ခြင်းသည် အတိအကျ ဘေးကင်းပြီး ဆန္ဒအလျောက်ဖြစ်ရမည်ဆိုသည့် အယူအဆကို လေးစားသည် ဆိုသည်မှာ သွေးရိုးသားရိုး မဖြစ်နိုင်ပေ။

ထို့အပြင် ဒုက္ခသည်များကို လုံခြုံမှုနှင့် တည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းပြီးသော နိုင်ငံတခုသို့ ပြန်နေသည်ဆိုသည့် သဘောမျိုး ဖော်ပြပြီး စစ်ကောင်စီက ကျင်းပမည်ဆိုသည့် လာမည့်ရွေးကောက်ပွဲများကို တရားဝင်အောင် လုပ်ပေးရာတွင် တရုတ်သည်လည်း မြန်မာကဲ့သို့ပင် နိုင်ငံရေးအကျိုးအမြတ် ရှိကြောင်း ထင်ရှားသည်။

တရုတ်သည် အင်အားကြီးထွားလာနေသည့် ဒေသတွင်းနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံတခုဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ပြီး ကုလသမဂ္ဂလုပ်ငန်းများ၌ စီးပွားရေး၊ လူမှုရေးနှင့် လူသားချင်း စာနာမှု ကိစ္စများတွင် ၎င်း၏အခန်းကဏ္ဍကို မြှင့်တင်ရန် အပြင်းအထန် အားထုတ်နေသည်။

ထိုသို့သော အခြေအနေတွင် တချိန်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး လုပ်ခဲ့သော ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်သည် မြန်မာတွင် “သင့်လျော်သော အခြေအနေ မရှိသည့်တိုင် ရိုဟင်ဂျာဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး” တရုတ်ကျောထောက်နောက်ခံပြု အစီအစဉ်ကို ဆန့်ကျင်ရန် အသင့်ရှိပါသလား။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Jeff Crisp ၏ UN and Rohingya Refugee Repatriation: is History About to Repeat Itself? ကို ဘာသာပြန် ဖော်ပြသည်။ Dr. Jeff Crisp သည် ယခင်က UNHCR ၏ Evaluation and Policy Development အကြီးအကဲဖြစ်ပြီး ယခုအခါ Volunteers for United Against Inhumanity တွင် လုပ်ကိုင်နေသည်။)

You may also like these stories:

Topics: NGO, UNHCR, ကုလသမဂ္ဂ, စစ်ကောင်စီ, စစ်အာဏာသိမ်းမှု, စားနပ်ရိက္ခာ, တရုတ်, နေရပ်ပြန်လည်ပို့ဆောင်ရေး, ဘင်္ဂလားဒေ့ရှ်, ဘာဆန်ချားကျွန်း, မွတ်ဆလင်, ရခိုင်ပြည်နယ်, ရိုဟင်ဂျာဒုက္ခသည်, ရွေးကောက်ပွဲ, လုံခြုံရေးကောင်စီ, လူသားချင်းစာနာမှုအကူအညီ, လူ့အခွင့်အရေး

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */