" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 28, 2023

သံဖြူဇရပ်နှင့် ပန်းတောင်းတွင် ရိုဟင်ဂျာ ၃၁ ဦးဖမ်းဆီးခံရ

DVB 
27 March, 2023

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်တို့မှာ   မတ်လ ၂၆ ရက်က အထောက်အထားမဲ့ ရိုဟင်ဂျာ  ၃၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သံဖြူဇရပ်မြို့နယ်၊ ခလောက်ချကျေးရွာအနီးမှာ မနေ့ နေ့လယ်က  ရိုဟင်ဂျာတွေ ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်နဲ့ ရဲတွေက လိုက်လံရှာဖွေရာမှာ ဖမ်းမိခဲ့တာလို့  ဒေသခံတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

"ရိုဟင်ဂျာကောင်လေးတယောက်ကို စတွေ့တာကနေ ကျန်တဲ့သူတွေပါ ဖမ်းမိသွားတာ။ အားလုံး ၁၄ ယောက်မိတာ။ ဘူးသီးတောင် မောင်တောကနေလာကြတာ။”

ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာအမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၅ ယောက်တို့ကို စစ်ကောင်စီတပ်က စစ်ကြောရေးကိုခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူ ပြည်မြို့နယ် ပန်းတောင်းမြို့ ကျီးပင်စစ်ဆေးရေးဂိတ်မှာလည်း မနေ့နေ့လယ်က ရိုဟင်ဂျာအမျိုးသား ၇ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"စစ်တပ်က ကားတွေစစ်ဆေးနေလို့ သူတို့က လမ်းလျှောက်လာတာ စစ်ဆေးရေးဂိတ်မှာမိသွားတာ ယောကျာ်းလေးတွေချည်းပဲ မင်းပြားနဲ့ စစ်တွေကနေ လာကြတာ။”

ဖမ်းဆီးခံရသူ ရိုဟင်ဂျာအမျိုးသား ၇ ယောက်ကို စစ်ကောင်စီတပ်က ဥသျှစ်ပင်ရဲစခန်းကို ခေါ်သွားပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၂၄ ရက်မှ မတ်လ ၂၆ ရက်အတွင်း သံဖြူဇရပ်မြို့နယ်မှာ  ရိုဟင်ဂျာ အမျိုးသား အယောက်  ၁၃၀ နဲ့ အမျိုးသမီး ၆၉ ယောက် စုစုပေါင်း ၁၉၉ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */