" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 27, 2022

ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ကျော်ပါ စက်လှေ ၁ စီး အင်ဒိုနီးရှား ကမ်းခြေကို ထပ်မံရောက်ရှိလာ

DVB
27 December, 2022

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ကမ်းခြေတနေရာမှာ ဒီဇင်ဘာ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်လောက်က ရိုဟင်ဂျာ ဒုက္ခသည် ၁၈၅ ဦးတင်ဆောင်လာတဲ့ စက်လှေတစ်စင်း ထပ်မံဆိုက်ကပ်လာလို့ ဒုက္ခသည်တွေကို အင်ဒို နီးရှား အာဏာပိုင်တွေက အရေးပေါ် ဆေးကုသပေးနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR သ တင်း အရ သိရပါတယ်။

အခုရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး အယောက် ၇၀ နဲ့ ကလေး ၃၂ ဦး ပါ၀င်ပြီး သူတို့အားလုံးနီးပါးက ပိန်လှီနေကာ တချို့မှာ ရေဓာတ်ခမ်းခြောက်မှု ပြင်းထန်စွာ ခံစားနေကြရတယ် လို့ ဆိုပါတယ်။

အဆိုပါ စက်လှေဟာ နိုဝင်ဘာလ စတုတ္ထပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းကနေ ထွက်လာ ခဲ့ကြတဲ့ စက်လှေ ၆ စီးထဲက တစီးဖြစ်ပြီး သူတို့နဲ့ မရှေးမနှောင်း ထွက်ခွာလာတဲ့ ရိုဟင်ဂျာ ၁၈၀ လောက်ပါတဲ့စက် လှေတစီးကတော့ အစာရေပြတ်ပြီး ပင်လယ်မျောနေရင်းနဲ့ နစ်မြုပ်သွားပြီလို့ ယူဆရကြောင်း UNHCR သတင်း ထုတ် ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် နေ့ကလည်း ရိုဟင်ဂျာ ၅၈ ယောက်ပါတဲ့ စက်လှေငယ်တစီး အင်ဒိုနီးရှားနိုင် ငံ အာချေးဘီဆာခရိုင်ရှိ အင်ဒရာပတ်ထရာကမ်းခြေကို ကမ်းကပ်လာတာကြောင့် ဒေသခံရွာသားတွေက ကယ် ဆယ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ရိုဟင်ဂျာ ၂၂၉ ဦး တင်ဆောင်လာတဲ့ စက်လှေ ၂ စီး ဆိုက်ရောက်လာခဲ့ပြီး အခုဆိုရင် အင်ဒိုနီးရှားက ကယ်တင်ထားတာ စက်လှေ ၄ စီး ရှိသွားပြီ ဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအတွင်းမှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားရှိ ဒုက္ခသည်စခန်း တွေကနေ ထွက်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ ပိုတိုးလာပြီး ရေကြောင်းခရီးနဲ့ ထွက်ခွာသူပေါင်း အယောက် ၁၉၂၀ လောက်ရှိပြီလို့ UNHCR ရဲ့ စာရင်းတွေအရ သိရပါတယ်၊

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */