" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, October 27, 2022

နေပြည်တော်နဲ့ 'ဝ' ပြည်နယ်

VOA
ဦးအောင်ခင်
ဉာဏ်ဝင်းအောင်
၂၇ အောက်တိုဘာ၊ ၂၀၂၂

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်လို့ မြန်မာတပြည်လုံးမှာ သေဆုံးသူများပြား နေ ချိန်မှာ 'ဝ'ဒေသမှာ နေထိုင်သူအားလုံးနီးပါးကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်။ တရုတ်ရဲ့ အကူအညီကြောင့် ဒေသတခုလုံးမှာ ကာကွယ်ဆေး (၂) ကြိမ် ထိုးပေးနိုင်ပါတယ်။ ပြည်နယ်ဖြစ်ချင်တဲ့ 'ဝ'ဒေသကို တရုတ်ပြည် နယ်လိုတောင် ခေါ်လေ့ရှိပါတယ်။ စစ်ကောင်စီနဲ့ ပဋိပက္ခ မဖြစ်အောင်နေပြီး တရုတ်နဲ့ ရင်းနှီးတာဟာ 'ဝ'ဒေ သ ရဲ့ အားသာချက် ဖြစ်ပါတယ်။ 'ဝ'ဒေသရဲ့ ဒုတိယဘာသာစကားဟာ တရုတ်စကားဖြစ်ပြီး သုံးစွဲတဲ့ငွေကြေးဟာ တရုတ်ယွမ်ငွေ ဖြစ်ပါတယ်။

ဝ-တရုတ် ကုန်သွယ်ရေးဟာ နှစ်စဉ်ဒေါ်လာသန်း (၁၀၀၀) ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဒါကြောင့် တ ရုတ်ကို မှီခိုပြီး ရပ်တည်နေတဲ့ဒေသ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း (ပန်းခမ်း) မြို့နယ် (၆) ခု ရှိပါတယ်။ အနောက်ဘက်မှာ သံလွင်မြစ်ရှိပြီး၊ အရှေ့ပိုင်းဟာ ယူနန်နဲ့ နယ်နမိတ်ချင်းဆက်နေပါတယ်။ ဝမြောက်ပိုင်းအဖြစ် လူသိများပြီး ပန် ဆန်းကို ဗဟိုပြုပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းဆတ်ခရိုင်မှာလည်း ဝတွေ ရှိပါတယ်။ မိုင်းဆတ်မြို့ရဲ့ အရှေ့အနောက်တောင်က ထိုင်းနယ်စပ်ဒေသမှာ ဝတွေ နေထိုင်ကြပါတယ်။

မိုင်းဆတ်ခရိုင်က ဝဒေသကို ဝတောင်ပိုင်းလို့ သတ်မှတ်ကြပါတယ်။ ဘိန်းဘုရင်ခွန်ဆာရဲ့ တပ်ကို တိုက်ခိုက်ဖို့ အတွက် ၁၉၉၀ ပြည့်လွန်ကာလမှာ ဝတပ်ဖွဲ့တချို့ကို နဝတစစ်အစိုးရက မိုင်းဆတ်ခရိုင်ထဲ ဝင်ခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် ဝတောင်ပိုင်းကို ၁၇၁/စစ်ဒေသလို့ ဝတပ်ဖွဲ့က သတ်မှတ်ပါတယ်။ မြို့နယ် (၆) ခုနဲ့ လူဦးရေတသိန်း ကျော် ရှိပါတယ်။ ဒါပေမဲ့ ဝတောင်ပိုင်းမြို့နယ် (၆) ခုဟာ ဝမြောက်ပိုင်းလို တသီးတခြား တည်ရှိနေတာ မဟုတ် ဘဲ၊ အခြားလက်နက်ကိုင်တပ်တွေနဲ့ နီးကပ်စွာ တည်ရှိနေပါတယ်။ မိုင်းဆတ်နဲ့ မိုင်းတုံမြို့နယ်တွေမှာ စစ်ကောင် စီတပ်၊ နယ်ခြားစောင့်တပ်၊ ရှမ်းပြည် ထူထောင်ရေးတပ် RCSS တွေလည်း စခန်းချထားပါတယ်။ RCSS လွယ် တိုင်း လျံဌာနချုပ်ရဲ့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေဟာ ၁၇၁/ဝစစ်ဒေသရဲ့ အနောက်ဘက်မှာ နီးကပ်စွာ တည်ရှိ နေ ပါတယ်။

၂၀၀၈ အခြေခံဥပဒေမှာ ဝမြောက်ပိုင်းခရိုင်တွေဖြစ်တဲ့ ဟိုပန်နဲ့ မက်မန်းတို့ကိုသာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အဖြစ် သတ်မှတ်ထားပါတယ်။ ဝတောင်ပိုင်းနယ်မြေ ၁၇၁/စစ်ဒေသကို အခြေခံဥပဒေမှာ ဖော်ပြထားတာ မ ဟုတ်ပါဘူး။ ဝနယ်မြေကို ပြည်နယ်အဆင့်ပေးဖို့ မူအားဖြင့် စစ်ကောင်စီက သဘောတူလိုက်တယ်ဆိုတဲ့ သတင်း မှာ စဉ်းစားစရာ ပဟေဋိတွေ ပါဝင်နေတာ တွေ့ရပါတယ်။ ဝတွေ တောင်းဆိုတဲ့ပြည်နယ်ထဲမှာ ၁၇၁/စစ်ဒေသ ပါဝင်သလားဆိုတာ မသိရသေးပါဘူး။ အခြေခံဥပဒေကို ပြင်ဆင်ပြီး ပြည်နယ်ပေးမယ့် စိတ်ကူးစိတ်သန်းမှာ ဝ မြောက်ပိုင်းနယ်မြေသာ အကျုံးဝင်တာမို့ ဝတောင်ပိုင်းဒေသကိုပါ ပြည်နယ်ထဲ ထည့်သွင်းမလားဆိုတာ စဉ်း စား စရာ ဖြစ်လာပါတယ်။

၂၀၀၈ အခြေခံဥပဒေ စာမျက်နှာ (၁၆) ပုဒ်မ (၅၃) မှာ ပြည်နယ်နဲ့တိုင်းရဲ့ နယ်နမိတ် ပြင်ဆင်သတ် မှတ်တဲ့ကိစ္ စကို ဖော်ပြပါတယ်။ နယ်နမိတ် ပြင်ဆင်ဖို့အကြောင်း ပေါ်လာရင် ယင်းနယ်နမိတ်အတွင်း နေထိုင်တဲ့ ဆန္ဒမဲပေး ပိုင်ခွင့် ရှိနေသူတွေရဲ့ သဘောထားကို ဦးစွာပထမ ရယူမယ်လို့ ဆိုပါတယ်။ ထက်ဝက်ကျော် ထောက်ခံမဲမရရင် နယ်နမိတ် ပြင်ဆင်မှု မလုပ်ရလို့ ဆိုပါတယ်။ ထက်ဝက်ကျော်က ထောက်ခံခဲ့ရင် သက်ဆိုင်ရာ လွှတ်တော်ကိုယ် စား လှယ်တွေရဲ့ ဆန္ဒကို ရယူရပါလိမ့်မယ်။ ကိုယ်စားလှယ် လေးပုံသုံးပုံထက်ပိုပြီး ထောက်ခံရင် နယ်နမိတ်ကို သမ္မတက ပြင်ဆင်သတ်မှတ်ပေးရမယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသ စတာတွေရဲ့ နယ်နမိတ် ပြင်ဆင်ရေး (သို့မဟုတ်) အမည်ပြောင်းရေးကိစ္စ ပေါ်လာရင်၊ သက်ဆိုင်ရာတိုင်း ဒေ သကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြပြီး၊ သမ္မတက လိုအပ်သလို ဆောင် ရွက်ပေးရမယ်လို့ ပုဒ်မ (၅၄) က ဆိုပါတယ်။

ဝမြောက်ပိုင်းနယ်မြေရဲ့ အိမ်နီးချင်း NDAA မိုင်းလားအဖွဲ့ကတော့ သူတို့ရဲ့ အထူးဒေသ (၄) ကို ကိုယ်ပိုင်အုပ်ချုပ် ခွင့် ရဒေသအဖြစ် သတ်မှတ်ပေးဖို့ စစ်ကောင်စီကို ပြောခဲ့ကြောင်း၊ အောက်တိုဘာလ (၁) ရက် သျှမ်းသံတော် ဆင့် မှာ ဖော်ပြပါတယ်။ မိုင်းလားရဲ့ လိုအပ်ချက်ဟာလည်း အခြေခံဥပဒေကို ပြင်ဆင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ တကယ်တော့ ဝနဲ့ မိုင်းလားမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်တရားစီရင်ရေးစနစ်တွေ ကျင့်သုံးနေတာမို့လက် တွေ့မှာ ပြည်နယ်အဆင့် ရောက်နေပြီလို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဥပဒေကြောင်းအရသွားနိုင်ဖို့ အဆင့် တွေ အများကြီး ရှိနေသေးတာ တွေ့ရပါတယ်။

ရှမ်းပြည်တိုးတက်ရေးတပ်ဖွဲ့ SSPP ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်ကတော့ အမျိုးသားတန်းတူရေးအတွက် 'ဗမာပြည်နယ်' ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် စစ်ကောင်စီကို တင်ပြခဲ့ကြောင်း သိရပါ တယ်။ စစ်ကောင်စီကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ် အခွင့်အရေးကို ပေးအပ်ရမယ်လို့ ဆိုပါတယ်။ အကျပ်အတည်း ဖြစ်နေတဲ့ စစ်ကောင်စီဟာ စစ်အင်အားကြီး တိုင်းရင်းသားတပ်ဖွဲ့ သုံးဖွဲ့ကို ခေါ်ယူတွေ့ဆုံပြီး၊ လွတ်လွတ်လပ်လပ် ရင်ဖွင့်ခိုင်းတဲ့သဘော ဖြစ်နေပါတယ်။ လက်တွေ့ဖြစ်နိုင်မယ့် အလားအလာ ရှိလာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */