" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 24, 2022

ဒုက္ခသည်စခန်းမှာ ကျောင်းတက်ခွင့်ရတော့မည့် ရိုဟင်ဂျာ ကလေးသူငယ်များ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၄ သြဂုတ်၊ ၂၀၂၂

Cox's Bazar ဒုက္ခသည်စခမ်းတွင်းက ရိုဟင်ဂျာ ကလေးတွေ Arabic ကျောင်းမှာ ကိုရမ်ကျမ်းစာ ရွတ်ဆိုနေစဉ်။ 

 

ဘင်္ဂလားဒေရှ့် နိုင်ငံက ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ် အများအပြားဟာ ဆယ်စုနှစ် ထက်ဝက်နီးပါးကြာ ကျောင်းမတက်နိုင်တာမျိုး ဒါမှမဟုတ်လည်း အပြည့်အ၀ ပညာသင်ကြားခွင့် မရခဲ့ကြပါဘူး။ ဒါပေမယ့်လည်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ စာသင်ကျောင်းများ အစီအစဉ်ကို က လေးငယ် ၁၃၀,၀၀၀ ကနေ နောက်ဆုံးမှာ စခန်းတွင်းက ကလေးငယ်တွေ အားလုံး အတွက်ပါ တိုးချဲ့နိုင်ရေး အာ ဏာပိုင်တို့က ပြီးခဲ့တဲ့လ အတွင်းမှာပဲ ခွင့်ပြုပေးလိုက်ပါပြီ။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြ ပေးပါမယ်။Mohammad Yusuf က ဒုက္ခသည် စခန်းတွင်းက ကျောင်းမှာ မနက်ခင်းတိုင်း မြန်မာ နိုင်ငံတော် သီ ချင်းကို ဆို ပါတယ်။ မြန်မာ စစ်တပ်ကြောင့် သူ့မိသားစု နိုင်ငံကနေ ထွက်ပြေးခဲ့ရသလို စစ်တပ်ဟာ သူတို့ လူ မျိုး ထောင်ချီ ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ လွန်ခဲ့တဲ့ ၅ နှစ်တာတုန်းက မြန်မာ စစ်တပ်ရဲ့ ရက်စက်တဲ့ ချေမှုန်းမှုတွေကြောင့် အများစု မွတ်ဆလင် ရိုဟင်ဂျာ သိန်းချီပြီး ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးရတဲ့ အထဲမှာ Yusuf လည်း တဦး အပါအဝင် ဖြစ်ပြီး အခုတော့ သူက အသက် ၁၅ နှစ် ရှိနေပါပြီ။ 

 

မြန်မာနိုင်ငံတွင်းမှာတော့ တချို့သော သူတွေက ရိုဟင်ဂျာတွေကို နိုင်ငံခြားသားတွေလို့ ရှုမြင်ကြပြီး ရိုဟင်ဂျာ တွေ ကို လူမျိုးတုန်း ရှင်း လင်း ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း မြန်မာ အစိုးရ အနေနဲ့ ကုလသမဂ္ဂ တရားရုံးမှာ ရင်ဆိုင်နေရ တာ ပါ။ ဒါပေမယ့်လည်း Yusuf ကတော့ အနာဂတ်မှာ ဌာနေပြန်နိုင်ဖို့ ရည်မှန်း ထား ပါတယ်။"ပညာ ဆက်သင်ပြီး တနေ့မှာ မြန်မာနိုင်ငံကို ပြန်လိုပါတယ်။ ကျနော့် အိပ်မက်ကတော့ လေကြောင်း ဆိုင်ရာ အင်ဂျင်နီယာ ဒါမှမဟုတ်လည်း လေယာဉ်မှူး ဖြစ်ပြီး ရန်ကုန်ကို လေယာဉ် ကိုယ်တိုင် မောင်းပြီး သွား ချင်ပါ တယ်"


ဒုက္ခသည် စခန်းတွေ အတွင်းက ကလေးငယ် အများအပြားကတော့ ဆယ်စုနှစ် ထက်ဝက်နီးပါး ပညာသင်ကြား ခွင့် အပြည့်အ၀ မရကြသလို လုံး၀ ကျောင်းတက်ခွင့် မရတာမျိုးလည်း ရှိပါတယ်။ ပညာသင်ကြားပေးမှု ဟာဆို ရင် ရိုဟင်ဂျာတွေ မကြာခင် ဌာနေပြန်ရေး ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို အသိအမှတ်ပြုရာ ရောက်မယ့် အ ရေး ကို ဘင်္ဂလားဒေရှ့် အစိုးရက စိုးရိမ်နေတာပါ။

ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဒီမျှော်လင့်ချက်က ပိုပြီး အလှမ်းဝေး သွားပြီလို့လည်း ရှုမြင်ကြပါတယ်။ ပြီးခဲ့တဲ့ လအတွင်းမှာတော့ ဘင်္ဂလားဒေရှ့် အာဏာပိုင်တို့က UNICEF ရဲ့ စာသင်ကျောင်းများ အစီအစဉ်ကို တိုးချဲ့ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘင်္ဂလားဒေရှ့် ကတော့ ဒုက္ခ သည် တွေ ဌာနေပြန်ရေးကို လိုလားနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေမှာ မြန်မာ သင်ရိုးညွှန်းတမ်းအတိုင်း မြန် မာလို သင်ကြားပြီး နေ့စဉ် အတန်းတွေ မစခင်မှာလည်း မြန်မာ နိုင်ငံတော် သီချင်းကို သီဆိုရပါတယ်။ Kayaphuri ပုဂ္ဂလိက ကျောင်းရဲ့ ကျောင်းအုပ် Mohammad Showife ကတော့ ကလေးတွေ ကြုံရတဲ့ အခက်အ ခဲ ကို အခုလို ပြောပြပါတယ်။

၅ တန်း ကျောင်းသား တဦးက ၂၀၁၇ မှာ ဘင်္ဂလားဒေရှ့်ကို ရောက်လာတယ်ဆိုရင် အခု ၅ နှစ် ကြာပြီး အချိန်မှာ အခွင့်အရေးရလို့ ပညာရေးကို ပြန်စမယ်ဆိုရင်လည်း အခက်အခဲ ရှိပါတယ်။ သူတို့က အခု အသက်ကြီးသွားပြီး သူတို့နဲ့ ရွယ်တူတွေထက် အတန်းငယ်မှာ ပြန်တက်ချင်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၅ နှစ် အတွင်း ကလေးတွေက စာသင်နှစ် အများစု ပျက်ကွက်ခဲ့ကြတာကြောင့် ဒီ အစီအစဉ် အတွက် အဓိက အခက်အခဲ တခု ဖြစ်ပါတယ်။

ဒုက္ခသည် စခန်းတွင်းက လူဦးရေ ၁ သန်းလောက်ထဲမှာ ၅၀ ရာခိုင်နှုန်းလောက်က အသက် ၁၈ နှစ်အောက်တွေ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို ပညာသင်ပေးတာဟာဆိုရင် ဒီ မွတ်ဆလင် လူနည်းစုဟာ နောက်ဆုံးမှာတော့ ဘင်္ဂလားဒေရှ့်မှာ အသားကျသွားလိမ့်မယ်ဆိုတာမျိုး မြန်မာဘက်ကို အချက်ပြလိုက်သလို ဖြစ်သွားမယ်လို့ ဘင်္ဂ လားဒေရှ့် ဘက်က တွေးဆခဲ့ကြောင်း ဘင်္ဂလားဒေရှ့် ဗိုလ်ချုပ်ကြီးဟောင်း Mahfuzur Rahman က ပြောပါ တယ်။ ရိုဟင်ဂျာတွေ ထွက်ပြေးလာစဉ် အချိန်က သူက ဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါ တယ်။ အထူးသဖြင့် ဒုက္ခသည် စခန်းတွေ အတွင်း ပညာမတတ်တဲ့ လူငယ် အမျိုးသား မျိုးဆက်တခု ရှိလာမယ့် အန္တရာယ်ကြောင့် ရေရှည် အစီအမံ တခု လိုအပ်တယ်ဆိုတာကို ဘင်္ဂလားဒေရှ့် အစိုးရက နားလည် သဘော ပေါက်သွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"အချိန်ကြာလာတာနဲ့ အမျှ လုပ်သင့် လုပ်ထိုက်တာတွေကို ဘင်္ဂလားဒေရှ့်ဘက်က နားလည်လာပါတယ်။ ၅ နှစ်တာ ကြာမြင့်ခဲ့ပြီး ဌာနေပြန်ရေး အခြေအနေကလည်း မတွေ့သေးပါဘူး။ တရက်ကို လူ ၃၀၀ နဲ့ ဒီကနေ့ စ မယ်ဆိုရင်တောင် သူတို့ အားလုံး အိမ်ပြန်ရောက်ဖို့ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်မှာ ဖြစ်ပါတယ်"

နယ်စပ် တလျှောက်မှာ စိတ်ကြွဆေး မှောင်ခိုကူးကြတဲ့ ရာဇဝတ်ဂိုဏ်းတွေ ရှိနေတာနဲ့ အတူဘဲ ဒုက္ခသည် စခန်း တွေမှာ လုံခြုံရေး ကိစ္စက ပြဿကြီး တခု ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ၅ နှစ်တာ အတွင်း လူသတ်မှုက အနည်းဆုံး ၁၀၀ ကျော် ရှိခဲ့ပါတယ်။ လက်နက်ကိုင် သူပုန် အဖွဲ့တွေလည်း လှုပ်ရှားနေကြပါတယ်။ သူတို့က လူမှု အသိုင်း အဝိုင်း ခေါင်းဆောင် ဒါဇင်နဲ့ချီ ပစ်သတ်ခဲ့ပြီး ဖြစ်သလို စိတ်ကုန်နေကြတဲ့ လူငယ် အမျိုးသားတွေကိုလည်း စု ဆောင်းနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */