" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 24, 2022

မြန်မာဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းဆီ သွားရောက်

မဇ္စျိမ သတင်း
24 August 2022 

လူအစုအပြုံလိုက် တိမ်းရှောင်ထွက်ပြေးခဲ့ရပြီး ငါးနှစ်ကြာမျှ လူပြည့်သိပ်သည့် ဒုက္ခသည်စခန်းများတွင် နေထိုင် နေရသည့် ဖိစီးနှိပ်စက်ခံ ရိုဟင်ဂျာများ၏ အခြေအနေကို သိရှိနိုင်ရန်အတွက် မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် နိုလင်း ဟေဇာသည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ အင်္ဂါနေ့က သွားရောက်ခဲ့သည်။

“ဒီ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာတွေ ဘယ်လို နေထိုင်နေရလဲဆိုတာ သိဖို့၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အိမ်တွေဆီ ပြန်ဖို့မှာ သူတို့တွေရဲ့ ခံစားချက်တွေအပါအဝင် အနာဂတ်မျှော်လင့်ချက်တွေအကြောင်း သိရဖို့ အ တွက် ရည်ရွယ်တဲ့ ခရီးစဉ် ဖြစ်ပါတယ်”ဟု ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR ၏ ဆက်သွယ်ရေးတာဝန်ခံ ရီဂျင်နာ ဒီ လာ ပေါ့တဲလ်လာက နိုလင်း ဟေဇာ၏ ခရီးစဉ်အတွင်း မီဒီယာသို့ ပြောသည်။

ရိုဟင်ဂျာများ နေရပ်ပြန်ခြင်းနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သမျှ ရိုဟင်ဂျာအားလုံးသည် နေရပ်ပြန်လိုသည့်သဘော ထားများကို ပြသခဲ့ကြကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

“ကျွန်မတို့ကို ရိုဟင်ဂျာပြည်သူတွေက ပြောကြတယ်၊ သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ် ဘေးကင်းပြီး နိုင်ငံသား ဖြစ် ခွင့် ပြန်ရရင် ပြန်ကြမယ်ဆိုပြီး ပြောကြပါတယ်”ဟု ပေါ့တဲလ်လာက ဖြည့်စွက်ဆိုသည်။

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ကာ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်း ရောက်ရှိနေထိုင်ရာ ယင်း ဒုက္ခသည်စခန်းဆီ နိုလင်း ဟေဇာ မလာရောက်မီ တစ်ပတ်က ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မီချဲလ် ဘတ်ချက် လက် က လာရေက်ထားခဲ့သည်။ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများက လုံခြုံရေးအခြေအနေနှင့် အမျိုးသမီးနှင့်မိန်းကလေး များ၏ ခုခံကာကွယ်မှု အားနည်းခြင်းတို့ကို စိုးရိမ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

ထိုပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရိုဟင်ဂျာ ဆန့်ကျင်ရေးများ ကြီးထွားလာပြီး ရာဇဝတ်မှုနှင့် အခြားသော ပြဿနာ များ ၏ ရင်းမြစ်များအဖြစ် ရှုမြင်ပြောဆိုခြင်းများအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ဘတ်ချက်လက်က ပြောခဲ့ သည်။

ယခု နိုလင်း ဟေဇာသည် ရိုဟင်ဂျာ အမျိုးသမီးနှင့် အမျိုးသားများနှင့် စကားပြောဆိုခဲ့သကဲ့သို့ နိုင်ငံမဲ့ ၎င်းတို့ အတွက် ပံ့ပိုးထားသော အကူအညီအမျိုးမျိုးကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

နိုလင်း ဟေဇာ၏ ခရီးစဉ်သည် ရိုဟင်ဂျာများ အစုအပြုံလိုက် ပြောင်းရွှေ့ခြင်း ငါးနှစ်မြောက် အကြိုနေ့၌ လာ ရောက်ခြင်းပဲ ဖြစ်သည်။ ဒုက္ခသည်စခန်းသို့ လာရောက်သည့် အဆိုပါ ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူ နှစ်ဦး ၏ ခရီးစဉ်က ရပ်တန့်နေသော နေရပ်ပြန်လည်ချထားရေး လုပ်ငန်းစဉ် ပြန်လည်ဖြစ်ပေါ်လာမည်ဟု ရိုဟင်ဂျာ များက မျှော်လင့်ကြသည်။

လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော် ရှိနေပြီး အများစုမှာ ၂၀၁၇ ဩဂုတ်လက ရခိုင်ပြည်နယ်တွင် စစ်တပ်၏ ရက်စက်စွာ နှိမ်နင်းခြင်းများကြောင့် ထွက်ပြေးလာသူများ ဖြစ်ကြသည်။

(မိုးသဲ ဘာသာပြန်သည်။) 
Lin; Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */