B B C
ဘီဘီစီမြန်မာပိုင်း၁၈ ဖေဖော်ဝါရီ ၂၀၂၂
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးစေတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ကနေ တရားစီရင်ပေးဖို့ ဦးတိုက်လျှောက်ထားခဲ့တဲ့အတွက် မြန်မာ အနေနဲ့ တရားရင်ဆိုင်နေရရာမှာ လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်အထိ လုပ်မယ့်တရားစီရင် ရေးနဲ့ပတ် သက်လို့ အောက်ပါအတိုင်း အကျဉ်းရုံး ရှင်းပြထားပါတယ်။
(Human Rights Watch က ထုတ်ပြန်တဲ့ Developments in Gambia's Case Against Myanmar at the International Court of Justice ပါ အချက် အလက်တွေနဲ့ The Pennsylvania State Universityက Professor တယောက် လည်းဖြစ်၊ Arakan Rohingya Union က Director Generalလည်း ဖြစ်တဲ့ ဒေါက် တာ ဝါကာ အူဒင်က ဘီဘီစီရဲ့ အမေးတွေကို ဖြေကြားထားချက်တွေ ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ချက်တွေအပေါ်မှာ အခြေခံပြီး ရေးသားထားပါတယ်။)
၁။ ဒီတခေါက် ICJ တရားရုံးက ဘာတွေကို ကြားနာစစ်ဆေးမှာပါလဲ
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျနီဗာသဘောတူညီချက်ကို ချိုးဖောက်ပြီး ရိုဟင်ဂျာ တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ ပတ်သက်ပြီး ICJ တရားရုံးအနေနဲ့ ဆုံးဖြတ်စီ ရင်ပိုင်ခွင့်အာဏာ ရှိ၊မရှိ ဆိုတဲ့အပေါ် လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်အတွင်း ဂမ်ဘီယာနဲ့ မြန်မာ ၂ နိုင်ငံက ကိုယ်စားလှယ်တွေက လျှောက်လဲချက်တွေ ပေးကြမှာပါ။
အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တုန်းက ICJ တရားရုံးရဲ့ ဆုံးဖြတ် စီရင်ပိုင်ခွင့်အာဏာ နဲ့ ပတ်သက်လို့ မြန်မာအနေနဲ့ ကနဦးကန့်ကွက်ချက် (Preliminary Objection) ပြုလုပ်ခဲ့ပါတယ်။
အခု ICJ တရားရုံးမှာ တက်ရောက်မယ့်သူ အကန့်အသတ်ရှိမှာဖြစ်ပြီး တချို့တရားသူကြီးတွေက တရားရုံးမှာ လူကိုယ်တိုင်တက်ရောက်မှာဖြစ်ကာ၊ တချို့ကတော့ အွန်လိုင်း ဗီဒီယိုလင့်ခ်က တဆင့်တက်ရောက်မှာပါ။ ထို့အတူ တရားစွဲဆိုတဲ့ ဂမ်ဘီယာနိုင်ငံက ကိုယ်စားလှယ်နဲ့ ဥပဒေပညာရှင်တချို့ လူကိုယ်တိုင်တက်ရောက် မှာဖြစ်ပြီး ကျန်တဲ့တချို့ကတော့ အွန်လိုင်း ကနေ တက်ရောက်ပါလိမ့်မယ်။ မြန်မာဘက်ကလည်း အလားတူ ဖြစ်ပါလိမ့်မယ်။
တရားရုံးကြားနာစစ်ဆေးမှုတွေကို ICJ တရားရုံးရဲ့ ဝက်ဆိုဒ်ကရော၊ ကုလသမဂ္ဂ ဝက်ဆိုဒ်ကပါ အင်္ဂလိပ် ဘာ သာ၊ ပြင်သစ် ဘာသာ ၂ ဘာသာနဲ့ တိုက်ရိုက် ထုတ်လွှင့်ပေးသွားပါလိမ့်မယ်။
၂။ ICJ ကို မြန်မာကိုယ်စားလှယ်အနေနဲ့ ဘယ်သူတွေ တက်မလဲ
မြန်မာဘက်က ICJ မှာ ခုခံချေပဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်းက ကြေညာချက် အရ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ၈ ယောက် ပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဦးဆောင် မယ် ဆိုတာကို သိရပါတယ်။ သူတို့ထဲက နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေ ချုပ် ဒေါ်သီတာဦးနဲ့ ဘဲလ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်တို့က ICJ ကို လူကိုယ်တိုင်တက်ရောက်နိုင် ဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က မြန်မာဘက်က ကိုယ်စား လှယ်အဖြစ် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို ICJ က လက်ခံဖို့ တင်ပြထားပါ တယ်။
ICJ က မြန်မာကိုယ်စားလှယ်အရေးကို ဆုံးဖြတ်ရဦးမှာပါ။
၃။ စစ်အာဏာသိမ်းမှုပြီးတဲ့နောက် ICJ အရေး မြန်မာဘက်က ဘာ တွေ အပြောင်းအလဲဖြစ်ခဲ့လဲ။
၂၀၁၉ ခုနှစ်ကတော့ ICJ ကို သွားရောက်ဖြေရှင်းဖို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် မြန်မာအစိုးရက နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
မနှစ် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်း ဆီး၊ အမှုများစွာနဲ့ တရားစွဲဆိုထားပြီး လေလောဆယ် တချို့အမှုတွေအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ် ထားပါတယ်။ သူ့ကို စွဲထားတဲ့ တခြားအမှု အားလုံးကို စီရင်ပြီးရင် သူဟာ ထောင်ဒဏ် ၁၅၀ နှစ်အထိ ကျခံ ရနိုင်ဖွယ် ရှိနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီအမှုအပေါ် ICJ တရားရုံးရဲ့ ဆုံးဖြတ် စီရင်ပိုင်ခွင့် အာဏာနဲ့ ပတ် သက်လို့ မြန်မာကအရင်တုန်းက လုပ်ထားတဲ့ ကနဦးကန့်ကွက်ချက် (Preliminary Objection)ကို ရုပ်သိမ်းကြောင်း ဒီနှစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။
စစ်ကောင်စီဘက်က ICJ တရားရုံးရဲ့ ဆုံးဖြတ် စီရင်ပိုင်ခွင့်အာဏာကို ကန့်ကွက်တယ်၊ ဘာ့ကြောင့်ကန့်ကွက်တယ် ဆိုတာကို တရားဝင်လူသိရှင်ကြား ပြောမထားသေးပါဘူး။ ဒါပေမယ့် အရင် မြန်မာဘက်က ငြင်းဆို ချက် တွေအရကတော့ ဂမ်ဘီယာနိုင်ငံအနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး တရားစွဲနိုင်ခွင့်မရှိဘူး ဆိုတဲ့ အပေါ် ငြင်း ချက်ထုတ်ထားပါတယ်။
၄။ တကယ်လို့ ICJ တရားစီရင်ရေးအတွက် တရားရုံးကို စစ်ကောင် စီ က ကိုယ်စားလှယ်အဖြစ်တက်ခွင့်ရရင် ဒီအချက်က စစ်ကောင်စီကို ကုလ သမ ဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စား တရားဝင်အသိအမှတ်ပြုရာ ရောက် သွား မှာလား။
စစ်ကောင်စီက ကုလသမဂ္ဂရဲ့ ICJ တရားရုံးကြားနာရေးမှာ ကိုယ်စားလှယ် ဖြစ်သွားတယ်ဆိုတာနဲ့ သူတို့ဟာ ကုလသမဂ္ဂမှာ ကိုယ်စားပြုနိုင်တဲ့ တရားဝင် ကိုယ်စားလှယ် ဖြစ်သွားတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂမှာမြန်မာ နိုင်ငံရဲ့ ကိုယ်စားပြုခွင့် ကိုယ်စားလှယ် ဖြစ်ဖို့ဆိုတာက ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ သူ့ရဲ့ Credentials Committee ရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်ပါတယ်။
စစ်ကောင်စီက တင်ပြလာတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ရှိသူ အရေးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ကုလသ မဂ္ဂ Credentials Committee က မဆုံးဖြတ်ဘဲ ရွှေ့ဆိုင်းလိုက်တဲ့ အတွက် စစ်ကောင်စီက ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်မရှိသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်က ခန့်အပ်ထားပြီး အခုလက်ရှိမှာ အမျိုး သားညီညွတ်ရေး အစိုးရ (NUG) နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာ တရား ဝင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဆဲပါ။
၅။ မြန်မာအပေါ် ICJ က ချမှတ်ထားတဲ့ အရင်ဆုံးဖြတ်ချက်တွေက ဘာတွေပါလဲ။
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို မြန်မာက ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံ က ICJ မှာ တရားစွဲတင်ရာမှာ ဂျီနိုဆိုက်မြောက်တယ်၊ မမြောက်ဘူး ဆုံးဖြတ်ချက်တွေ မပြုလုပ်နိုင်သေးတဲ့ ကြားကာလမှာ ကြားဖြတ်အစီအမံတွေ (Provisional measures)ချမှတ်ပေးဖို့ ICJ မှာ တောင်းဆို ထားတာ ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှာ မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ် အစီအမံ အချက် ၄ ချက်ကို ICJ က ဆုံးဖြတ်ချမှတ်ခဲ့ပါတယ်။
အဲဒီ ဆုံးဖြတ်ချက် ၄ ချက်ကို ICJ တရားရုံးက တရားသူကြီး ၁၇ ယောက်လုံးက တညီတညွတ်တည်း သေ ဘာ တူချမှတ်ခဲ့တာပါ။
မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံ ၄ ချက်ကတော့
(၁) ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့
(၂) မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့
(၃) သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့
(၄) အမိန့်ချမှတ်တဲ့နေ့က စပြီး ၄ လအတွင်း မြန်မာရဲ့ဆောင်ရွက်မှုတွေကို အစီရင်ခံစာတင်ဖို့နဲ့ အဲဒီနောက် ပိုင်း မှာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း ၆ လတစ်ကြိမ် အစီရင်ခံစာ တင် သွင်းဖို့တို့ ဖြစ်ပါတယ်။
၆။ ရိုဟင်ဂျာတွေရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိနေပါလဲ၊ စစ်အာ ဏာသိမ်းပြီးတဲ့နောက်မှာကော အခြေအနေတွေ ပြောင်းလဲသွားပါလား။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာတွေရဲ့ အခြေအနေက အပြောင်းအလဲမရှိ အရင်လို ဆိုးတဲ့ အခြေ အနေ နဲ့ပဲ ဆက်ကြုံနေရပါတယ်။ တချို့အပိုင်းတွေမှာ ပိုပြီးဆိုးသွားတဲ့ အခြေအနေတွေ ရင်ဆိုင်နေရ တယ် လို့ ရိုဟင်ဂျာအရေး လှုပ်ရှားဆောင်ရွက်နေကြသူတွေက ပြောပါတယ်။ ရိုဟင်ဂျာလူဦးရေ လျော့ကျသွား ရေးအတွက်လည်း စစ်ကောင်စီက မြေပြင်မှာ စီမံချက်တွေလုပ်ပြီး စစ်ဆေးတာတွေ ဆက်လက်ဖြစ်ပေါ်ေ န ကာ သူတို့စစ်ဆေးချိန်တွေမှာ အိမ်မှာ အဆိုပါမိသားစုဝင်တယောက်ယောက်က လူကိုယ်တိုင်မရှိဘူးဆိုရင် အိမ်ထောင်စု စာရင်းကနေ သူ့နာမည်ကို ဖျက်ပစ်လိုက်တာမျိုးတွေဖြစ်နေတယ်လို့ သူတို့က ဆိုပါတယ်။ မိသားစုဝင်ရဲ့ သားနဲ့ လက်ထပ်ပြီးတဲ့နောက် ချွေးမတော်သူတို့ကိုအိမ်ထောင်စုဝင် စာရင်းထဲ ထည့်လို့ မရ တာတွေ၊ ကလေးမွေးဖွား လာရင်လည်း စာရင်းထည့်လို့မရတာတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။ ခရီး သွားလာရင် အထူးသဖြင့် ရန်ကုန်နဲ့ မြန်မာပြည်မဘက်ကို ခရီးသွားလာတာတွေ မလုပ်အောင် ရိုဟင်ဂျာတွေ ကို ကန့်သတ်ထားပြီး ဖမ်းဆီး တဲ့အထိ အရေးယူတာတွေလည်းရှိနေပါတယ်။
- အိုင်စီဂျေ အမှု လျှောက်လဲချက်ပေးဖို့ အသင့်ရှိတယ်လို့ စစ်ကောင်စီပြော
- ICJ မှာ မြန်မာအမှုဖွင့်ခံရမှု သိသင့်တဲ့ အချက် ၅ ချက်
Link : Here
No comments:
Post a Comment