Saturday, February 26, 2022

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်း

[ Unicode ]

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်း
==========================
ကမ္ဘာ့ပထမဆုံးသောကွန်မြူနစ်နိုင်ငံဖြစ်သည့် လီနင် (Lenin)တည်ထောင်ခဲ့သောဆိုဗီယက်ပြည်ထောင်စုကြီး (Soviet Union)သည် ၁၉၉၁ ခုနှစ်တွင် ပြိုကွဲသွားခဲ့သည်။ထိုပြိုကွဲမှုနှင့်အတူ ကွန်မြူနစ်ဝါဒသည်လည်း ကမ္ဘာ မှာ ကျဆုံးသွားခဲ့သည် ဟု ပညာရှင်များက သတ်မှတ်ကြသည်။ ထိုဖြစ်စဥ်သမိုင်းများကို ပြန်လည် ကြည့်ရှု ကြ ပါစို့။

စစ်အေးတိုက်ပွဲ (Cold War)

~~~~~~~~~~~~~~~~~
၁၉၃၉ မှ ၁၉၄၅ ခုနှစ်အထိ ကြာရှည်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီးတွင် မဟာမိတ်နိုင်ငံများဖြစ်သည့် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့သောကြောင့် ဂျာမန်တို့၏နာဇီဝါဒ နှင့် ဂျပန်တို့၏ ဖက်ဆစ်ဝါဒ ချုပ်ငြိမ်းသွားခဲ့ရကာ ဒုတိယကမ္ဘာစစ်လည်း ပြီးဆုံးသွားခဲ့သည်။ ဒုတိယကမ္ဘာ စစ် ပြီး ဆုံးချိန်မှစတင်ကာ အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့၏ စစ်အေးတိုက်ပွဲ ပေါ်ပေါက်လာတော့သည်
 
ဒုတိယကမ္ဘာစစ်၏ဒဏ်ကို ဆိုးဝါးစွာခံခဲ့ရသောကြောင့် ဗြိတိန်တွင် ဝင်စတန်ချာချီ (Winston Churchill)၏ကွန် ဆာဗေးတစ်အစိုးရပြုတ်ကျကာ ကလီမင့် အက်တလီ ( Clement Attele)၏လေဘာပါတီအစိုးရ အာဏာရ လာလေသည်။လေဘာပါတီ၏ မူဝါဒအရ နယ်ချဲ့ကိုလိုနီစနစ်ကို မုန်းတီးသောကြောင့် လွတ်လပ်ရေးပေးရန် အပြင်းအထန်တောင်းဆိုလာကြသော ကိုလိုနီနယ်မြေအများအပြားကို လွတ်လပ်ရေးပေးခဲ့သည်။ထို့ကြောင့် ဗြိတိသျှတို့၏ နေမဝင်အင်ပါယာကြီးမှာ ပျက်သုံးသွားတော့သည်။
 
ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် အောင်ပွဲရခဲ့သော်လည်း စစ်ပွဲကာလအတွင်းတွင် ဂျာမနီလက်အောက်သို့ ၃နှစ် ကျော ရောက်ခဲ့စဥ်က ဂျာမန်တို့က စီးပွားရေးကိုဖျက်စီးလိုက်သောကြောင့် ပြင်သစ်တို့သည် လွတ်လပ်ရေးပြန် ရချိန်တွင် နိုင်ငံကိုပြန်လည်ထူထောင်ရေးလုပ်ရန် အလွန်အခက်အခဲတွေ့နေတော့သည်။ထိုသို့သောအခြေအနေ များကြောင့် အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ ကမ္ဘာ့စူပါပါဝါနိုင်ငံများ ဖြစ်လာကြသည်။ထိုအခါ အမေ ရိ ကန်သမ္မတ ထရူးမင်း (Harry Truman) နှင့် ဆိုဗီယက်ခေါင်းဆောင် စတာလင် ( Joseph Stalin) တို့သည် ကမ္ဘာ့ရန်သူများဖြစ်လာကြသည်။
 
သို့သော် နှစ်နိုင်ငံစလုံးတွင် အနုမြူလက်နက်များ ပိုင်ဆိုင်နေပြီဖြစ်သောကြောင့် ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုကြ ဘဲ ကမ္ဘာ့နိုင်ငံငယ်များကို သူတို့၏ သြဇာခံများအဖြစ် သိမ်းသွင်းလာကြသည်။ထိုအခါ ပထမ၊ဒုတိယကမ္ဘာစစ် တို့ကဲ့သို့ ဆိုးဝါးပြင်းထန်သောစစ်ကြီးဖြစ်မလာတော့ဘဲ အေးဆေးစွာပြိုင်ဆိုင်နေကြသောကြောင့် စစ်အေးတိုက် ပွဲကာလဟုခေါ်သည်။ထိုကာလသည် ဒုတိယကမ္ဘာစစ်ပြီးသည့် ၁၉၄၅ခုနှစ်မှ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲ သည့် ၁၉၉၁အထိဖြစ်သည်။
 
ဒုတိယကမ္ဘာစစ်ကြီးပြီးသည်နှင့် ဆိုဗီယက်ရုရှားခေါင်းဆောင် စတာလင်သည် ၁၉၃၉-၄၀အတွင်း ပိုလန်နိုင်ငံနှင့် စစ်ဖြစ်ချိန်က သိမ်းပိုက်ထားခဲ့သော ဘော်လတစ်နယ်မြေများ(Baltic State)ဖြစ်သည့် အက်စတိုးနီးယား (Estonia)၊ လတ်ဗီးယား (Latvia)၊ လစ်သူယေးနီးယား (Lilthuaria)၊ ဖင်လန် (Finland)နိုင်ငံများကို လွတ်လပ် သောနိုင်ငံများအဖြစ် ထူထောင်ပေးမည်ဟု ကတိပေးကာ ဆိုဗီယက်သြဇာခံရုပ်သေးအစိုးရများကိုသာ တင်ပေး ခဲ့ပြီး ကွန်မြူနစ်နိုင်ငံများအဖြစ် သိမ်းသွင်းခဲ့သည်။
 
ဒုတိယကမ္ဘာစစ်၏ဒဏ်ကို တိုက်ရိုက်မခံစားခဲ့ရသော အမေရိကန်သည် အခြားနိုင်ငံများထက် ငွေကြေး များ စွာချမ်းသာလျက်ရှိနေသည်။ထိုအခါ အမေရိကန်သည် သြဇာဖြန့်ကျက်ဖို့အတွက် သူ၏ငွေများဖြင့် စစ်ဒဏ်ခံ စားရသောနိုင်ငံများကို ပြန်လည်ထူထောင်ရန် ငွေကြေးထောက်ပံ့မည့် စီမံကိန်းတစ်ခုကို ရေးဆွဲခဲ့သည်။ ထိုစီမံ ကိန်းကို ဂျော့မာရှယ်(George Marshall)က ရေးဆွဲသောကြောင့် မာရှယ်စီမံကိန်း (The Marshall Plan)ဟု အမည်ပေးခဲ့သည်။ 
 
မာရှယ်စီမံကိန်းဖြင့် အကူအညီပေးလိုက်သောအခါ လူ့စွမ်းစားအရင်းအမြစ်ကြွယ်ဝသော အနောက် ဥရောပ နိုင်ငံများသည် အချိန်တိုအတွင်း ပြန်လည် ကြွယ်ဝလာခဲ့ကြသည်။မာရှယ်စီမံကိန်းအရ အနောက် ဥရောပနိုင် ငံများ ကို ထောက်ပံ့ခဲ့သော ပမာဏသည် ဒေါ်လာ ဘီလီယံ ၁၃၀၀၀ (US$13000 billion) ဖြစ်သည်။အမေရိ ကန်အစိုးရသည် ငွေကြေးချို့တဲ့ဆင်းရဲသော အရှေ့ဥရောပနိုင်ငံများကို မာရှယ်စီမံကိန်းဖြင့် အကူအညီပေးရန် ကမ်းလှမ်းခဲ့သော်လည်း စတာလင်က လက်မခံခဲ့ပေ။

ဘာလင်(Berlin)
~~~~~~~~~~
ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့သည် ဂျာမနီရှိ နာဇီတို့ကို ဝိုင်းဝန်းတိုက်ခိုက်ကာ ပြင်သစ်၊ ဗြိတိန်နှင့် အ မေရိကန်တို့က အနောက်ဘာလင်အပါအဝင် ဂျမန်အနောက်ပိုင်းဒေသတစ်ခုလုံးကို စုပေါင်း၍ ဂျာမန်ဖယ်ဒ ရယ် သမ္မတနိုင်ငံ(GER, German Federal Republic)ဟု ထူထောင်ပြီး၊ ဆိုဗီယက်တို့က အရှေ့ဘာလင် ဘက်ကို သိမ်းယူကာ ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ(GDR, German Democratic Republic) ဟု ထူထောင်ခဲ့ကြ သည်။ဆိုဗီယက်တို့သိမ်းယူထားသော ဂျာမနီပြည်အရှေ့ဘက်ခြမ်းသည် စိုက်ပျိုးရေးထွန်းကားသော အပိုင်းဖြစ် ပြီး အမေရိကန်အပါအဝင်မဟာမိတ်တို့သိမ်းယူထားသော ဂျာမနီအနောက်ပိုင်းသည် အစောပိုင်းတွင်စိုက်ပျိုးရေး မထွန်းကားသောကြောင့် အငတ်ဘေးနှင့်ကြုံတွေ့ရသည်။ 
 
အရှေ့ဂျာမနီသည် မူလကတည်းက လယ်ယာစိုက်ရေးထွန်းကားသောကြောင့် သီးနှံများ အလျှံပယ်ထွက်သည်။ ထိုမျှပိုလျှံသောသီးနှံများကို အနောက်ဂျာမနီသို့ တင်ပို့လေ့ရှိခဲ့သော်လည်း စတာလက်က အနောက်ဂျာမနီကို အ ငတ်ဘေးနှင့်ကြုံတွေ့စေရန် ရည်ရွယ်၍ သီးနှံမတင်ပို့တော့ဘဲ ရုရှားနှင့်အရှေ့ဥရောပနိုင်ငံများကို သီးနှံများကို တင်ပို့ရောင်းချစေခဲ့သည်။ သို့သော် အရှေ့ဥရောပနိုင်ငံများသည် စီးပွားရေးကျဆင်းနေသောကြောင့် ငွေကြေး အကျိုးအမြတ်မရဘဲ အကူအညီပေးသလိုဖြစ်နေသည်။
 
၁၉၄၈ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် စတာလင်သည် အနောက်ဂျာမနီကို စားနပ်ရိက္ခာပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။ လမ်း၊ တံတားများ နှင့် တူးမြောင်းများ အားလုံးကိုပိတ်ဆို့လိုက်သည်။ နောက်ဆုံးတွင် အနောက်ဂျာမနီသည် ငတ်မွတ်မှုကြောင့် ဆိုဗီယက်တို့ထံသို့ ဝင်ရောက်ခိုလှုံလာလိမ့်မည်ဟု စတာလင်က ယုံကြည်ခဲ့သည်။ထိုသို့ ထိ ထိရောက်ရောက် ပိတ်ဆို့လိုက်သောအခါ အနောက်ဂျာမနီသည် အစားအသောက်နှင့် ထောက်ပံ့ပစ္စည်းများ ပြတ် တောက်ကာ အငတ်ဘေးနှင့် ကြီးမားစွာ ကြုံရလေတော့သည်။
 
ထိုအခါ အမေရိကန်အပါအဝင် မဟာမိတ်တို့က စားနပ်ရိက္ခာတန်ချိန် ၄၀၀၀ ကို လေယာဥ်များဖြင့် ဂျမန် အခြေ စိုက် စခန်းများသို့ နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်နှင့် ညနေတစ်ကြိမ် စုစုပေါင်းသုံးကြိမ် သယ်ယူပို့ ဆောင် ပေးခဲ့သည်။ထို့အခါ အနောက်ဂျာမနီတို့လည်း အငတ်ဘေးမှ လွတ်မြောက်ခဲ့ရသည်။ ဘလင်ပိတ်ဆို့မှု မအောင် မြင် သောအခါ စတာလင်သည် ၁၉၄၉ခုနှစ် မေလတွင် ထိုအစီအဥ်ကို ပြန်လည်ရုတ်သိမ်းခဲ့သည်။စတာလင်က ရုတ်သိမ်းခဲ့သော်လည်း အနောက်အုပ်စုက စတာလင်ကို အမုန်းကြီးမုန်းသွားတော့သည်။ အမေရိကန်တို့၏ မာ ရှယ်စီမံကိန်းဖြင့် အနောက်ဂျာမနီကိုအကူအညီပေးလိုက်သောအခါ အနောက်ဂျာမနီသည် အချိန်တိုအတွင်း စီးပွာရေးအင်အားကြီးစက်မှုနိုင်ငံဖြစ်လာခဲ့တော့သည်။ စတာလင်ကမူ အရှေ့ဂျာမနီကို စီးပွားရေးနှင့် စက်မှု လုပ်ငန်းများ ထူထောင်ပေးခြင်းမရှိဘဲ လက်ယာစိုက်ပျိုးရေးနိုင်ငံအဆင့်သာ ထားခဲ့သည်။ အမေရိကန် အပါ အဝင် အနောက်ဥရောပနိုင်ငံများသည် ဆိုဗီယက်ရုရှားနှင့် ကွန်မြူနစ်နိုင်ငံများအားလုံးကို စီးပွားရေး ပိတ်ဆို့ မှုများ ပြုလုပ်လာကြတော့သသည်။

နေတိုးအဖွဲ့(NATO)
~~~~~~~~~~~~
၁၉၄၉ ခုနှစ်တွင် ဆိုဗီယက်တို့ရန်ကို စုပေါင်းကာကွယ်ရန်အတွက် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (ခေါ်) နေ တိုး အဖွဲ့ (NATO, North Atlantic Organisation) ကို ဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့တွင် အမေရိကန်၊ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဘယ်ဂျီယန်၊ နယ်သာလန်၊ လူဇင်ဘတ်၊ ပေါ်တူဂီ၊ ဒိန်းမတ်၊ အိုက်စလန်၊ နော်ဝေ နှင့် အီတ လီနိုင်ငံတို့ ပါဝင်သည်။နောင်တွင် ဂရိ၊ တူရကီနှင့် အနောက်ဂျာမနီတို့ပါ ပါဝင်လာသည်။ နေတိုးအဖွဲ့၏ စည်း မျဥ်းအရ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်လာလျှင် ကျန်သောအဖွဲ့ဝင်နိုင်ငံများက စုပေါင်း တိုက်ခိုက်ကြမည်ဖြစ်သည်။
 
နေတိုးအဖွဲ့ကြီး ပေါ်ပေါက်လာခြင်းသည် စတာလင်အတွက် အကြီးအကျယ်ခြိမ်းခြောက်မှုဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလတွင် ဆိုဗီယက်တို့က ပထမဆုံးအနုမြူဗုံးစမ်းသပ်ဖောက်ခွဲမှုပြုလုပ်လာသည်။ ထိုအချိန် မှစတင်ကာ နေတိုးနှင့် ဆိုဗီယက်တို့၏ ဆက်ဆံရေးသည် အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိသွားတော့သည်။
 
ကိုရီးယားစစ်ပွဲ(Korea War)
~~~~~~~~~~~~~~~~~
ဒုတိယကမ္ဘာစစ်တွင် ဂျပန်များစစ်ရှုံးပြီးနောက် ၁၉၄၅ ခုနှစ်တွင် ကိုရီးယားကျွန်းဆွယ်ကိုမဟာမိတ်တို့က အရှေ့နှင့်အနောက် ၃၈မျဥ်းပြိုင် (38th parallel of latitude ) ဖြင့် နှစ်ပိုင်း ပိုင်းခြားလိုက်သည် ။ တောင်ပိုင်းကို အမေရိကန်တို့ကထိန်းချုပ်ခွင့်ရခဲ့ပြီး မြောက်ပိုင်းဒေသကို ဆိုဗီယက်တို့မှ ထိန်းချုပ်ခွင့်ရရှိခဲ့သည် ။ထိုအခါဆိုဗီ ယက်လက်အောက်ခံမြောက်ကိုရီးယားမှာ ကွန်မြူနစ်နိုင်ငံဖြစ်လာခဲ့ပြီး အမေရိကန်လက်အောက်ခံ တောင် ကိုရီးယားမှာ ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့သည်။ 
 
၁၉၄၈ခုနှစ်တွင် ကင်အီဆွန်း(Kim Ii Sung ) သည်မြောက်ကိုရီးယားကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ဖြစ် လာခဲ့ သည်။ သူသည်စစ်ဝါဒီတစ်ဦးဖြစ်ပြီး ကိုးရီးယားပြန်လည်ပေါင်းစည်းရေးဟုဆိုကာ ၁၉၅၀ ခုနှစ်၊ ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်(Seoul)မြို့ကို ဝင်ရောက်သိမ်းပိုက်လိုက်သည်။ ထို့နောက် မြောက်ကိုရီးယား စစ် တပ်သည် တောင်ကိုရီးယားနှင့် အမေရိကန်တပ်များအား ကိုးရီးယားကျွန်းဆွယ် တောင်ပိုင်းဒေသသို့ မောင်း ထုတ်လိုက်သည်။၁၉၅၀ခုနှစ် နောက်ပိုင်းတွင် အမေရိကန်တပ်များသည် ရေတပ်အကူအညီဖြင့် တောင် ပိုင်း ကို ပြန်လည် သိမ်းပိုက်ပြီး မြောက်ကိုရီးယားအထိ ထိုးစစ်ဆင်ခဲ့သည်။ ထိုအခါ ဆိုဗီယက်ရုရှားနှင့်တရုတ်တို့သည် မြောက်ကိုရီးယားဘက်မှ ကူညီကာ အမေရိကန်ဦးဆောင်သောတပ်များကို တောင်ပိုင်းသို့ ပြန်လည်တိုက် ထုတ် ခဲ့ကြသည်။ ၁၉၅၁ တွင် နှစ်ဖက်တပ်များသည်ယခင်ခွဲခြားထားသည့် ၃၈ မျဥ်းပြိုင် အနီးတွင်ခံတပ် ကတုတ် ကျင်းများတူးပြီး တပ်စွဲကာ ကြီးမားသည့်စစ်ပွဲများအား ၁၈ လ ကြာအောင် တိုက်ခိုက်ခဲ့သည်။ ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် တွင် ကုလသမဂ္ဂကြား၀င်စေ့စပ်ဆွေးနွေးမှုဖြင့် မြောက်ကိုရီးယားတို့က စစ်ပွဲရပ်တန့်ရန် သဘောတူခဲ့ကြသည်။ 
 
ခရူးရှက်ခေတ်(Khrushchev)
~~~~~~~~~~~~~~~~~~
၁၉၅၃ ခုနှစ်တွင် စတာလင် ကွယ်လွန်သည်။ စတာလင်ခေတ်လွန်သော် ခရူးရှက် (Nikita Khrushchev) အာဏာရလာသည်။၁၉၅၅ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုမှ ဦးဆောင်ကာ ဝါဆောအဖွဲ့ (The Warsaw Pact)ကို ဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့တွင် ပါဝင်သောနိုင်ငံများမှာ ဆိုဗီယက်၊ အယ်ဘေးနီးယား၊ ဘူလ်ဂေးရီး ယား၊ ချက်ကိုစလိုဗားကီးယား၊ အရှေ့ဂျာမနီ၊ ဟန်ဂေရီ၊ ပိုလန် နှင့် ရူမေးနီးယားတို့ ဖြစ်သည်။ 
 
ဆိုဗီယက်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ကွန်ဂရက်တွက် ခရူးရှက်သည် ကွယ်လွန်သူစတာလင်ကို အကြီးအကျယ်ဂုဏ်သိက္ခာချခဲ့ပြီးနောက် သူ၏ ပြန်လည်ပြင်ဆင်ရေးဝါဒကို တင်ပြခဲ့သည်။ ခရူးရှက် ၏မိန့်ခွန်း အရ စတာလင်နှင့် ဆန့်ကျင်ဘက်စိတ်သဘောထားကောင်းမွန်ပြည့်ဝသူဖြစ်သည်ဟု အရှေ့ဥရောပကွန်မြူနစ် နိုင်ငံများက ယုံကြည်လာကြသည်။
 
ထိုအခါ ဟန်ဂေရီပြည်သူတို့က ဆိုဗီယက်၏ သြဇာအောက်မှ လွတ်မြောက်လိုသောကြောင့် ပုန်ကုန်ကြသည်။ ထိုပုန်ကန်မှုကို ဆိုဗီယက်တို့က စစ်သား၂သိန်းနှင့် တင့်ကား၂၅၀၀ စေလွှတ်ပြီး ရက်စက်စွာ နှိမ်နင်းခဲ့သည်။ ထိုအချိန်တွင် ဗြိတိသျှနှင့် ပြင်သစ်တို့သည် ဆူးအက်တူးမြောင်းအရေးအခင်းတွင် အစ္စရေးနှင့်ပေါင်းပြီး အီဂျစ်နိုင် ငံကို အနိုင်ကျင့်သည်ဟု ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက ဆန့်ကျင်ကြသောကြောင့် အခြေအနေရှုပ်ထွေး နေချိန်ဖြစ်ရာ ဆိုဗီယက်တို့က လွတ်လပ်စွာအောင်ပွဲခံနေကြတော့သည်။ခရူးရက်ကိုလည်း စတာလင်ကဲ့သို့ သော အာဏာရှင်အဖြစ်မြင်ကုန်ကြတော့သည်။
 
ဘာလင်တံတိုင်း (Berlin Wall)
~~~~~~~~~~~~~~~~~~~
၁၉၆၁ခုနှစ်၊ သြဂုတ်လ ၁၃ရက်တွင် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီကို ဆက်သွယ်မှုအားလုံးဖြတ်တောက်ရန် ဘာလင်တံတိုင်းကို အရှေ့ဂျာမနီဘက်မှ စတင်ဆောက်လုပ်သည်။ တံတိုင်းကြီးသည် ၁၂ပေမြင့်ပြီး ၁၀၃မိုင် ရှည် လျားကာ အရှေ့ဘာလင်နှင့် အနောက်ဘာလင်ကို ၂၈မိုင် ဖြတ်သွားသည်။တံတိုင်းကြီးတွင် ဖြတ်လမ်းဟူ၍ အ စောင့်ချထားသော ဖြတ်လမ်း ၂ပေါက်သာရှိသည်။ အရှေ့ဂျာမနီအာဏာပိုင်များက ဘာလင်တံတိုင်းကို ဖက် ဆစ်ဆန့်ကျင်ရေးအကာအကွယ်ဟု တရားဝင်ခေါ်ဆိုခဲ့သည်။ 
 
အနောက်ဘာလင်မြို့အစိုးရကမူ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်အပေါ် ကန့်သတ်ချက်ကိုရည်ညွှန်းကာ မြို့ တော်ဝန် ဝီလီဘရန့်(Willy Brandt) ကတီထွင်ခဲ့သော အရှက်တရားတံတိုင်း (Wall of Shame) ဟု တစ်ခါ တစ်ရံရည်ညွှန်းပြောဆိုခဲ့သည်။ တံတိုင်းကြီးကာထားသော်လည်း အရှေ့ဂျာမနီမှ လူများသည် အနောက်ဂျာမ နီသို့ ထွက်ပြေးခိုလှုံရန် ကြိုးစားကြသည်။ ထွက်ပြေးသူများကို အစောင့်များက ပစ်သတ်ကြသောကြောင့် သေ ဆုံးများလည်း ရှိသည်။
 
ကျူးဘားဒုံးပျံအရေးအခင်း(Cuba Missile Crisis)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁၉၆၂ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုသည် အမေရိကန်တို့၏ရန်မှ ကာကွယ်ရန် သူတို့၏ နျူကလီးယားဒုံး ပျံများကို အမေရိကန်ပြည်ထောင်စုအနီးရှိ ကွန်မြူနစ်နိုင်ငံဖြစ်သောကျူးဘားနိုင်ငံ(Cuba)သို့ ဖြန့်ကျက်ရန် ခြေ လှမ်းစတင်လာခဲ့သည်။ ဇူလိုင်လတွင် ခရူးရှက်နှင့်ကျူးဘားခေါင်းဆောင်ဖီဒဲလ်ကတ်စထရို(Fidel Castro) တို့ အကြားတွေ့ဆုံဆွေးနွေးမှုများအရ လျှို့ဝှက်သဘောတူညီချက်ရရှိခဲ့ပြီး နွေရာသီနှောင်းပိုင်းတွင်ဒုံးကျည် များ တည်ဆောက်ခြင်းစတင်ခဲ့သည်။ ကျူးဘားတွင်တပ်ဆင်ထားသည့်ဒုံးပျံများသည် အမေရိကန်ပြည်ထောင်စု၏ ပစ်မှတ်အများအပြားကို တိုက်ခိုက်နိုင်စွမ်းရှိသည့် နျူကလီးယားထိပ်ဖူးတပ်ဒုံးပျံများဖြစ်သည်။၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အမေရိကန်သူလျိုလေယဉ်မှ ကျူးဘားနိုင်ငံအပေါ် ပျံသန်းပြီး ကျူးဘားဒုံးပျံ များကို ဓါတ်ပုံ ရိုက်ယူနိုင်ခဲ့သည်။ ထိုဓါတ်ပုံအရ ကျူးဘားတွင်တပ်ဆင်ထားသည့် ဒုံးပျံလက်နက်အမျိုးအစား နှစ်မျိုးရှိကြောင်းဖေါ် ထုတ်နိုင်ခဲ့ကြသည်။ တစ်မျိုးမှာ တာလတ်ပစ်ဒုံးပျံဖြစ်ကာ မိုင် ၁၁၀၀ အထိရောက် အောင် ပစ်နိုင်ပြီး၊ နောက်တမျိုးမှာ မိုင် ၂၂၀၀အထိရောက်အောင် ပစ်ခတ်နိုင်သည့်တာဝေးပစ်ဒုံးပျံများဖြစ်သည်။ 
 
ထိုလက်နက်များသည် အမေရိကန်မြို့ကြီးများဖြစ်သည့် လော့စ်အိန်ဂျလိ၊ ချီကာကို၊ နယူးယောက် စသည့် မြို့ များသို့ နျူကလီးယားတိုက်ခိုက်မှု ပြုလုပ်နိုင်သည်ဟုဆိုသည်။ ထို့နောက် အမေရိကန်တို့သည် ကျူးဘားနိုင်ငံကို ရေတပ်ဖြင့် ဝန်းရံပိတ်ဆို့လိုက်ပြီး အောက်တိုဘာ ၂၂ ရက်နေ့တွင် အမေရိကန်သမ္မတ ကနေဒီက ဆိုဗီ ယက် ပြည်ထောင်စုအနေဖြင့် ကျူးဘားရှိ ဒုံးကျည်များကိုပြန်လည်ယူဆောင်ရန်နှင့် ထိုဒုံးပျံများကိုပစ်ခတ်ခဲ့လျှင် ဆိုဗီ ယက်ပြည်ထောင်စု အစိုးရတွင်လုံး၀တာ၀န်ရှိကြောင်း ရေဒီယိုမှ တစ်ကမ္ဘာလုံးကို ကြေညာခဲ့သည်။ 
 
အပြည်ပြည်ဆိုင်ရာဥပဒေအရ ရေကြောင်းမှပိတ်ဆို့မှုသည်စစ်ကြေညာခြင်းနှင့်အတူတူဖြစ်သောကြောင့် တစ် ကမ္ဘာလုံးက စစ်ပွဲဖြစ်လာမလားဟုစောင့်မျှော်နေခဲ့ကြသည်။ထိုအရေးအခင်းသည် ကမ္ဘာ့သမိုင်းတွင် နျူကလီး ယားစစ်ပွဲ ဖြစ်ရန်အလွန်းနီးစပ်ခဲ့သည့် အရေးအခင်းဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ် ဦးသန့်၏ကြားဝင်စေ့စပ်မှုအပါအဝင် အမေရိကန်သမ္မတကနေဒီ၏ အကို ရောဘတ်ကနေဒီ နှင့် အမေရိကန်ဆိုင်ရာဆိုဗီယက်သံအမတ်Dobryninတို့၏ သံတမန်ဆက်ဆံရေးကောင်းမွန်မှုဖြင့် ခရူးရှက် နှင့် အမေရိကန်သမ္မတ ကနေဒီတို့ သဘောတူညီမှုကာ ၁၉၆၂၊ အောက်တိုဘာ ၂၈ ရက်နေ့တွင် ထိပ်တိုက်တွေ့မှု အဆုံးသတ်ခဲ့သည်။ ဆိုဗီယက်တို့သည် ကျူးဘားရှိ သူတို့၏ထိုးစစ်လက်နက်များကိုဖျက်သိမ်းပြီး အမေရိ ကန် ကလည်း ဆိုဗီယက်နယ်စပ်ရှိတူရကီမှ အမေရိကန်ဒုံးကျည်များကို ဖယ်ရှားပေးရန်သဘောတူညီခဲ့သည်။
 
ဗီယက်နမ်စစ်ပွဲ(Vietnam War)
~~~~~~~~~~~~~~~~~~~~
၁၉၅၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ပြင်သစ်ထံမှ လွတ်လပ်ရေးရခဲ့ပြီး တောင်နှင့် မြောက် ဟူ၍နှစ်ပိုင်း ကွဲနေ သည်။ လွတ်လပ်ရေူရပြီးနောက် မြောက်ဗီယက်နမ်အား ဟိုချီမင်းခေါင်းဆောင်သည့် ကွန်မြူနစ်များက ထိန်း ချုပ် ထားသည်။ တောင်ဗီယက်နမ်မှာ ကွန်မြူနစ်မဟုတ်သည့် အစိုးရဖြစ်သည်။
 
 ထိုအချိန်တွင်ကွန်မြူနစ်စနစ်နှင့် လက်ဝဲတော်လှန်ရေးလှိုင်းများသည် အရှေ့တောင်အာရှဒေသသို့ ရောက်ရှိ လာပြီးလာခဲ့ပြီဖြစ်ရာ အမေရိကန်ခေါင်းဆောင်များသည် ဗီယက်နမ်အား ကွန်မြူနစ်ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ခဲ့ကြသည်။ 
 
ထိုအချိန်က တောင်ဗီယက်နမ်သည် အင်အားနည်းပါးပြီး ဆူပူမှုများဖြင့် ကြုံတွေ့နေရသည်။ အမေရိကန်အစိုးရ သည် ကွန်မြူနစ်များ အာဏာရသွားမည်ကိုစိုးရိမ်သဖြင့် တောင်ဗီယက်နမ်အား ၀င်ရောက်အကူညီပေးလာသည်။အစောပိုင်းတွင် ငွေကြေးနှင့် စစ်ရေးအကြံပေးလောက်သာ ကူညီခဲ့သော်လည်း ၁၉၆၀ ခုနှစ်၊ အမေရိကန် သမ္မ တ ကနေဒီ လက်ထက်တွင် ဗီယက်နမ် တွင်အမေရိကန်စစ်သည် ၁၇၀၀ အထိ များပြားလာခဲ့သည်။ 
 
သမ္မတကနေဒီ အသတ်ခံရပြီးနောက် ၁၉၆၅ ခုနှစ် သမ္မတ ဂျွန်ဆင်လက်ထက်တွင် တောင်ဗီယက်နမ်၌ အမေရိ ကန်စစ်သား ရှစ်သောင်းခန့်ရှိလာကာ ၁၉၆၉ ခုနှစ်တွင် ငါးသိန်းလေးသောင်း ကျော်အထိရှိလာခဲ့သည်။
 
အမေရိကန်စစ်သားအများစုမှာ ပျမ်းမျှအားဖြင့် ၁၉နှစ်အရွယ်လူငယ်များသာ ဖြစ်ကြသည်။ ဗီယက်နမ်စစ်ပွဲ အ တွင်း အမေရိကန်သည် မြောက်ဗီယက်နမ်အား အကြီးအကျယ်ဗုံးကြဲခဲ့သည်။ အမေရိကန်ပြည်သူများသည် ဗီ ယက်နမ်စစ်ပွဲကိုဆင်နွှဲနေသော အမေရိကန်အစိုးရအား အပြင်းအထန် ကန့်ကွက်ဆန္ဒပြလာကြသည်။ ထိုဆန္ဒပြ မှုအရှိန်ကြောင့် သမ္မတဂျွန်ဆင်သည် နောက်ထပ် သမ္မတရာထူးကို ဝင်အရွေးမခံတော့ဘဲ အနားယူလိုက်ရသည်။
နောက်ပိုင်းတွင် အမေရိကန်တို့သည်မြောက်ဗီယက်နမ်ကို ပိုမို ဗုံးကြဲလာပြီး တချိန်တည်းမှာပင် အမေရိကန် စစ် သားများကို တောင်ဗီယက်နမ်မှ ဆုတ်ခွာလာစေခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အမေရိကန်စစ်သား ၆၀၀၀ ခန့်သာ ကျန်ရှိပြီး ငြိမ်းချမ်းရေး အစီအစဉ်များကို ကြိုးစားခဲ့ကြသည်။သို့သော် ငြိမ်းချမ်းရေးမဖေါ်ဆောင်နိုင်ဘဲ ၁၉၇၅ ခုနှစ် ဧပြီ ၂ရ ရက်နေ့တွင် အမေရိကန်စစ်သားများသည် တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံ မှ ရဟတ်ယဉ်နှင့် ထွက်ပြေးခဲ့ရသည်။ အမေရိကန်စစ်တပ်မရှိသဖြင့်တောင်ဗီယက်နမ် အစိုးရသည် မရပ်တည်နိင်တော့ ဘဲနောက် ဆုံးတွင် မြောက်ဗီယက်နမ်တပ်များ၏ သိမ်းပိုက်ခြင်းကိုခံရတော့သည်။ ထိုအခါဗီယက်နမ်နိုင်ငံသည်လည်း တောင်နှင့်မြောက် ပူးပေါင်းသွားခဲ့ကာ ကွန်မြူနစ်နိုင်ငံဖြစ်လာခဲ့သည်။
 
ခရူးရှက်အလွန်
~~~~~~~~~~
၁၉၆၄ ခုနှစ်တွင် ဆိုဗီယက်ခေါင်းဆောင် ခရူးရှက် ရာထူးမှ ဖယ်ရှားခံရကာ ဘရက်ဇညက် (Leonid Brezhnev)ခေါင်းဆောင်ဖြစ်လာသည်။ သူ့လက်ထက်တွင် အာရပ်အုပ်စုနှင့်အစ္စရေးပြသနာများ၊ အီရန်အရေး ကိစ္စများဖြစ်ပွားခဲ့ကာ အမေရိကန်နှင့် ဆိုဗီယက်တို့၏ ဝင်ရောက်စွက်ဖက်မှုများ ဆက်လက်ရှိနေခဲ့သည်။ ၁၉၈၂ တွင် ဘရက်ဇညက်ကွယ်လွန်ပြီးနောက် ယူရီ အန်ဒရိုပေါ့(Yuri Andropov) တက်လာသည်။ အန်ဒရိုပေါ့သည် ကျမ်းမာရေး ချွတ်ယွင်းသောကြောင့် ဆေးရုံနှင့်အိမ် တလှည့်စီဖြစ်နေရသည်။ ၂နှစ်အကြာ ၁၉၈၄တွင် အန်ဒရို ပေါ့ ကွယ်လွန်သည်။သူကွယ်သောအခါ ချာနန်ကို(Konstantin Chernenko)တက်လာသည်။သူလည်း မကြာ ခင်မှာပင် ရောဂါဖြင့်ကွယ်လွန်လေသည်။ ထိုအခါ ဆိုဗီယက်ကွန်မြူနစ်ပါတီ၏ နံပါတ်စဥ်အတိုင်း ခေါင်းဆောင် ရွေးတင်လျှင် အသက်ကြီးသူများသာရှိနေသောကြောင့် အာဏာရပြီး မကြာခင် ကွယ်လွန်ကုန်ကြသဖြင့် ယခု တစ်ကြိမ်တွင် အသက်ငယ်ပြီး အရည်အချင်းရှိသူကို ရွေးချဟ်ကြသည်။ဤသို့ဖြင့် ၁၉၈၅ခုနှစ်တွင် မီခေး ဂေါ် ဘာချော့ဖ်(Mekhail Gorbachev)အာဏာရလာသည်။ 
 
ဂေါ်ဘာချော့ဖ်
~~~~~~~~~~
ဂေါ်ဘာချော့ဖ်သည် ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ်သည်။ သူ၏ ပြုပြင်ပြောင်းလဲရေးမူဝါဒများနှင့် ကမ္ဘာ နိုင်ငံများနှင့်ဆက်ဆံရာတွင် ဗိုလ်ကျအနိုင်ကျင့်ခြင်းမရှိဘဲ တန်းတူရည်တူဆက်ဆံသောမူဝါဒများကြောင့် အရင် ဆိုဗီယက်ခေါင်းဆောင်တို့နှင့် အလွန်ကွာခြားလျှက်ရှိသည်။ ဂေါ်ဘာချော့ဖ်က ဆိုဗီယက်စစ်တပ်သည် အရှေ့ ဥရောပတွင် ကွန်မြူနစ်စနစ်အား ကြာရှည်မထိန်းနိုင်ဟု ယုံကြည်သူဖြစ်သည်။ 
 
ဆိုဗီယက်ပြည်ထောင်စုရှိပြည်သူများဘ၀တိုးတက်မှုအတွက်စစ်အေးခေတ်အဆုံးသတ်ရန်လိုအပ်​သည်ဟု သူက ယူဆသည်။ ထို့ကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ စစ်အင်အားလျှော့ချရေးနှင့် နျူကလီယားလက်နက် ဖျက် သိမ်းရေး မကြာခဏပြုလုပ်လာသည်။ ၁၉၈၈ခုနှစ်တွင် ဂေါ်ဘာချော့ဖ်သည် အမေရိကန်သမ္မတ ရော်နယ်ရေဂင် (Ronald Reagan)နှင့် တွေ့ဆုံကာ ဆိုဗီယက်စစ်အင်အားကို ၂၀%အထိလျှော့ချဖို့ သဘောတူညီခဲ့သည်။
 
 ၁၉၈၉ခုနှစ်တွင် လက်ဗီးယား၊ လစ်သူယေးနီးယားနှင့် အက်စတိုးနီးယားနိုင်ငံတို့က ဆိုဗီယက်အုပ်စိုးမှုမှ ကင်း လွတ်ပြီးလုံးဝလွတ်လပ်ရေးပေးရန် တောင်းဆိုလာကြသည်။ထိုအခါ ဆိုဗီယက်၏တပ်နီတော်မှ ဖြိုခွင်းရန်ပြု လုပ် ခြင်းကို ဂေါ်ဘာချော့ဖ်က တားမြစ်ကာ တပ်နီတော်ကို ထိုနိုင်ငံများထံမှ လုံးဝရုတ်သိမ်းပေးလိုက်သည်။ ထို့ သို့လွတ်လပ်သွားသည်ကို တွေ့ရသောအခါ ဝါဆောစာချုပ်အဖွဲ့ဝင် အရှေ့ဥရောပနိုင်ငံအားလုံးကလည်း ဆိုဗီ ယက်အုပ်စိုးမှုမှ ကင်းလွတ်လို့သည်ဟု တောင်းဆိုလာကြသည်။
 
၁၉၈၉ခုနှစ်၊ ဇွန်လတွင်ပြုလုပ်သော ပိုလန်ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် လတ်ချ် ဝါလက်ဆာ (Lech Walesa)အာဏာရလာပြီး ဆိုဗီယက်အုပ်စုမှ နှုတ်ထွက်လိုက်သည်။ ရူမေးနီးယားနိုင်ငံတွင် စတာလင် ခေတ် ကတည်းက အာဏာရခဲ့ကာ ပြည်သူများကို ရက်စက်စွာအုပ်ချုပ်လေ့ရှိသောရူမေးနီးယားခေါင်းဆောင် နီကိုလပ်ချောင်ဆက်စကူး(Nicolae Ceauses)ကို ပြည်သူလူထုက မကျေနပ်ဘဲ ဆူပူအုံကြွလာရာ ချောင် ဆက် စကူးသည် အာဏာစွန့်ပြီး ထွက်ပြေးဖို့ကြိုးစားတော့သည်။ သို့သော် ပြေးမလွတ်ဘဲ အဖမ်းခံရကာ ၁၉၈၉ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်နေ့ ခရစ်စမတ်နေ့တွင် သေဒဏ်စီရင်ခြင်းခံရလေသည်။
 
၁၉၈၉ ခုနှစ်၊ နို၀င်ဘာလ ၉ ရက်နေ့တွင် အရှေ့ဂျာမနီနိုင်ငံသားများသည် အစိုးရကိုဂရုမစိုက်ဘဲ လူထုအင် အား ဖြင့် တံတိုင်းကြီးကိုဖြိုချလိုက်ရာ ဘာလင်တံတိုင်းကြီးပြိုကျကာ ဘာလင်မြို့သည် တပေါင်းတစည်းတည်းပြန် လည် ဖြစ်သွားခဲ့သည်။ ၁၉၈၉ခုနှစ် ကုန်ချိန်တွင် ဝါဆောအဖွဲ့မှ ကွန်မြူနစ်နိုင်ငံ ၆ နိုင်ငံနှုတ်ထွက်သွား တော့ သည်။၁၉၈၉ခုနှစ်တွင် အသစ်တက်လာသော အမေရိကန်သမ္မတ ဂျော့ဘုချ်(ကြီး)(George H.W.Bush)နှင့် ဂေါ်ဘာချော့ဖ်တို့က ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများပါဝင်သော နေတိုးအဖွဲ့နှင့် ဝါဆောအဖွဲ့တို့၏ စစ်ရေးပြိုင် ဆိုင်မှုဖြစ်သောစစ်အေးတိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီ ဟု ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည်။
 
စစ်အေးတိုက်ပွဲပြီးဆုံးအောင် လုပ်ဆောင်ခဲ့သော ဂေါ်ဘာချော့ဖ်ကို ၁၉၉၀ပြည့်နှစ်တွင် နိုဘယ်လ်ငြိမ်းချမ်း ရေး ဆု(The Nobel Peace Prize)ကို ပေးအပ်ခဲ့လေသည်။
 
ဂေါ်ဘာချော့ဖ်၏ နိုင်ငံခြားရေးပေါ်လစီအောင်မြင်ခဲ့သော်လည်း ဆိုဗီယက်ပြည်တွင်းရှိကွန်မြူနစ်တို့က ဂေါ်ဘာ ချော့ဖ်သည် ဆိုဗီယက်ပြည်ထောင်စုကို ဖြိုကွဲကာ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်မှ ကျဆင်းအောင်လုပ်နေသည် ဟု ယူဆကြပြီး သစ္စာဖောက်၊ အမေရိကန်သူလျှိုစသည်ဖြင့် စွပ်စွဲကြတော့သည်။
 
 ဆိုဗီယက်ပြည်တွင်းမှကွန်မြူနစ်တို့သည် ဂေါ်ဘာချော့ဖ်ကိုဖမ်းဆီးပြီး စစ်တပ်ဖြင့် အာဏာသိမ်းရန် ကြံစည်ကြ တော့သည်။ ကွန်မြူနစ်တို့သည် ဂေါ်ဘာချော့ဖ်ကို ကရိုင်းမီးယားရှိ သမ္မတနွေရာသီစံအိမ်၌ ဖမ်းဆီးထား လိုက် ကြသည်။ ထိုပုန်ကုန်မှုကို ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် အတွင်းဝန်တို့က ဦးဆောင်ခဲ့ကြသည်။ပုန်ကန် သူများသည် အစိုးရအာဏာကိုလွှဲပြောင်းယူရန် ပါလီမန်အဆောက်အဦးကို တင့်ကားများဖြင့် ထွက်ပေါက်မရှိ အောင်ဝန်းရံပိတ်ဆို့လိုက်ကြသည်။
 
ထိုအချိန်တွင် ထောင်ပေါင်းများစွာသောဆိုဗီယက်ပြည်သူများ ထွက်လာပြီး ဂေါ်ဘာချော့ဖ်ကို ထောက်ခံ ကြောင်း အော်ဟစ်ကြကာ အာဏာသိမ်းနေသော ဆိုဗီယက်စစ်တပ်ကို ပြည်သူများက ထပ်မံဝိုင်းလိုက်ကြသည်။ ထိုအချိန်တွင် မော်စကိုမြို့တော်ဝန် ဘောရစ် ယဲ့ဆင် (Boris Yeltsin, The Mayar of Moscow)ရောက် လာ ကာ အာဏာသိမ်းစစ်တပ်၏ရှေ့ဆုံးမှ တင့်ကားပေါ်ကိုတက်ပြီး တပ်မတော်အနေနှင့် သမ္မတနှင့် ပုန်ကန် သော ဝန်ကြီးချုပ်တို့အကြား ဝင်မပါဘဲ ပြည်သူကသာ ဆုံးဖြတ်ပါစေဟု ပြောဆိုညှိနှိုင်းရာ တပ်မတော်ခေါင်း ဆောင် များက ယဲ့ဆင်၏တောင်းဆိုချက်ကို လက်ခံလိုက်ကြသည်။ ထို့ကြောင့် တပ်မတော်မှအာဏာသိမ်းမည့် အစီ အစဥ် ပျက်သွားပြီးနောက် ဂေါ်ဘာချော့ဖ်ကို နွေရာသီစံအိမ်မှ ပြန်လွှတ်ပေးကာ သမ္မတတာဝန်ကို ပြန်လည် ထမ်းဆောင်စေသည်။သို့သော် ဂေါ်ဘာချော့ဖ်သည် ဆိုဗီယက်ပြည်ထောင်စု၏ခေါင်းဆောင်အာဏာများ မရှိတော့ပေ။ နေရာတိုင်းတွင် မော်စကိုမြို့တော်ဝန် ဘောရစ်ယဲ့ဆင်၏ အာဏာသာ ဖုံးလွှမ်းနေတော့သည်။ 
 
ယဲ့ဆင်၏အာဏာမှာ တဖြည်းဖြည်းကြီးထွားလာကာ နောက်ဆုံးတွင် ဆိုဗီယက်ကွန်မြူနစ်ပါတီကို ပုန်ကန် သောသူပုန်ပါတီအဖြစ်သတ်မှတ်ကာ ရုရှားပြည်ထောင်စု(Rublic of Russia)တွင် တရားဝင်ရပ်တည်ခွင့်မ ရှိ သောပါတီအဖြစ် ကြေညာလိုက်တော့သည်။ ကွန်မြူနစ်ပါတီ၏ ဥက္ကဌသည် နိုင်ငံ၏သမ္မတဖြစ်သော်လည်း ယခုအချိန်တွင် ကွန်မြူနစ်ပါတီမှာ တရားမဝင်ပါတီဖြစ်နေသော​အခါ ဂေါ်ဘာချော့ဖ်အနေဖြင့် သမ္မတရာထူး ဆက်လက်ယူထား၍မရတော့ပေ။ အာလုံးကလည်း ဂေါ်ဘာချော့ဖ်ကို မလေးစားကြတော့ပေ။ ထို့ကြောင့် ၁၉၉၁ခုနှစ်၊ ဒီဇင်ဘာ ၂၅ရက်နေ့တွင် သမ္မတရာထူးမှ နှုတ်ထွက်ကြောင်း လက်မှတ်ရေး ထိုးပေးလိုက်ရတော့ သည်။ ဤသို့ဖြင့် ခေါင်းဆောင်ကြီး လီနင် စတင်တည်ထောင်ကာ ခေါင်းဆောင်စတာလင် ထိန်းသိမ်းခဲ့ပြီး ခရူးရှက်တို့ ဘရက်ဇညက်တို့လက်ထက်အထိ သြဇာအာဏာကြီးမားခဲ့သော ဆိုဗီယက်ပြည်ထောင်စုကြီးသည် မီခေးဂေါ်ဘာချော့ဖ်လက်ထက်တွင် ပြိုကွဲသွားခဲ့ရတော့လေသည်။
 
ကိုးကား -
- ဆိုဗီယက်ကွန်မြူနစ်ပါတီနှင့် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်း - ရဲဘော်ခင်မောင်ကြီး
- ကရုရှက်မှတ်မိသမျှ - ညိုမြနှင့် အယ်ဒီတာအဖွဲ့
- ဆိုဗီယက်ယူနီယံ၏နောက်ဆုံးနေ့ရက်များ - ဇင်သန့်
-နေရူး၏ လျှပ်တပြက်ကမ္ဘာ့သမိုင်း - ဘိုးလှိုင်
- A Short History of the World - Prof-Azmanfred
- Wikipedia and photo credit
(ကျွန်တော်တို့ရဲ့ Light of Youth page မှ တင်ပေးသောဗဟုသုတများကို ကြိုက်နှစ်သက်တယ်ဆိုရင် Like & Share များဖြင့် အားပေးနိုင်ပါတယ်ခင်ဗျာ😊😊)

--------------------------------------------------------------------------------------------------------------------


[ Zawgyi ]

ဆိုဗီယက္ျပည္ေထာင္စုၿပိဳကြဲျခင္း
==========================
ကမၻာ့ပထမဆုံးေသာကြန္ျမဴနစ္နိုင္ငံျဖစ္သည့္ လီနင္ (Lenin)တည္ေထာင္ခဲ့ေသာဆိုဗီယ က္ျ ပည္ေ ထာင္စုႀကီး (Soviet Union)သည္ ၁၉၉၁ ခုႏွစ္တြင္ ၿပိဳကြဲသြားခဲ့သည္။ထိုၿပိဳကြဲမႈႏွင့္အတူ ကြန္ျမဴနစ္ဝါဒ သည္လည္း ကမၻာမွာ က်ဆုံးသြားခဲ့သည္ ဟု ပညာရွင္မ်ားက သတ္မွတ္ၾကသည္။ ထိုျဖစ္စဥ္သမိုင္းမ်ားကို ျပန္လည္ၾကည့္ရႈၾကပါစို႔။


စစ္ေအးတိုက္ပြဲ (Cold War)
~~~~~~~~~~~~~~~~~
၁၉၃၉ မွ ၁၉၄၅ ခုႏွစ္အထိ ၾကာရွည္ခဲ့ေသာ ဒုတိယကမၻာစစ္ႀကီးတြင္ မဟာမိတ္နိုင္ငံမ်ားျဖစ္သည့္ၿဗိတိန္ ၊ ျပင္သစ္၊ အေမရိကန္ႏွင့္ ဆိုဗီယက္ျပည္ေထာင္စုတို႔ ပူးေပါင္းၿပီးတို က္ခိုက္ခဲ့ေသာေၾကာင့္ ဂ်ာမန္တို႔၏နာဇီဝါဒ ႏွင့္ ဂ်ပန္တို႔၏ ဖက္ဆစ္ဝါဒ ခ်ဳပ္ၿငိမ္းသြားခဲ့ရကာ ဒုတိယကမၻာစစ္လည္း ၿပီးဆုံးသြား ခဲ့သည္။ ဒုတိယကမၻာစစ္ၿပီးဆုံးခ်ိန္မွစတင္ကာ အေမရိကန္ႏွင့္ ဆိုဗီယက္ျပည္ေထာင္စုတို႔၏ စစ္ေအးတိုက္ပြဲ ေပၚေပါက္လာေတာ့သည္။


ဒုတိယကမၻာစစ္၏ဒဏ္ကို ဆိုးဝါးစြာခံခဲ့ရေသာေၾကာင့္ ၿဗိတိန္တြင္ ဝင္စတန္ခ်ာခ်ီ (Winston Churchill)၏ ကြန္ဆာေဗးတစ္အစိုးရျပဳတ္က်ကာ ကလီမင့္ အက္တလီ ( Clement Attele)၏ေလဘာပါတီအစိုးရ အာဏာရ လာေ လသည္။ေလဘာပါတီ၏ မူဝါဒအရ နယ္ခ်ဲ႕ကိုလိုနီစနစ္ကို မုန္းတီးေသာေၾကာင့္ လြတ္ လပ္ေ ရးေပးရန္ အျပင္းအထန္ေတာင္းဆိုလာၾကေသာ ကိုလိုနီနယ္ေျမအမ်ားအျပားကို လြတ္လပ္ေရးေပးခဲ့သည္။ထို႔ေၾကာင့္ ၿဗိတိသၽွတို႔၏ ေနမဝင္အင္ပါယာႀကီးမွာ ပ်က္သုံးသြားေတာ့သည္။
ဒုတိယကမၻာစစ္ၿပီးခ်ိန္တြင္ ေအာင္ပြဲရခဲ့ေသာ္လည္း စစ္ပြဲကာလအတြင္းတြင္ ဂ်ာမနီလက္ေအာက္သို႔ ၃ႏွစ္ေက်ာ္ေရာက္ခဲ့စဥ္က ဂ်ာမန္တို႔က စီးပြားေရးကိုဖ်က္စီးလိုက္ေသာေၾကာင့္ ျပင္သစ္တို႔သည္ လြတ္လ ပ္ေရးျပန္ရခ်ိန္တြင္ နိုင္ငံကိုျပန္လည္ထူေထာင္ေရးလုပ္ရန္ အလြန္အခက္အခဲေတြ႕ေနေတာ့သည္။ထိုသို႔ေသာ အေျခအေနမ်ားေၾကာင့္ အေမရိကန္ႏွင့္ ဆိုဗီယက္ျပည္ေထာင္စုတို႔ ကမၻာ့စူပါပါဝါနိုင္ငံမ်ား ျဖစ္လာၾကသည္။ထိုအခါ အေမရိကန္သမၼတ ထ႐ူးမင္း (Harry Truman) ႏွင့္ ဆိုဗီယက္ေခါင္းေ ဆာင္ စတာလင္ ( Joseph Stalin) တို႔သည္ ကမၻာ့ရန္သူမ်ားျဖစ္လာၾကသည္။


သို႔ေသာ္ ႏွစ္နိုင္ငံစလုံးတြင္ အႏုျမဴလက္နက္မ်ား ပိုင္ဆိုင္ေနၿပီျဖစ္ေသာေၾကာင့္ ရင္ဆိုင္တိုက္ခိုက္ျခင္း မျပဳၾကဘဲ ကမၻာ့နိုင္ငံငယ္မ်ားကို သူတို႔၏ ၾသဇာခံမ်ားအျဖစ္ သိမ္းသြင္းလာၾကသည္။ထိုအခါ ပထမ၊ဒုတိယကမၻာစစ္တို႔ကဲ့သို႔ ဆိုးဝါးျပင္းထန္ေသာစစ္ႀကီးျဖစ္မလာေတာ့ဘဲ ေအးေဆးစြာၿပိဳင္ဆို င္ေ နၾကေသာေၾကာင့္ စစ္ေအးတိုက္ပြဲကာလဟုေခၚသည္။ထိုကာလသည္ ဒုတိယကမၻာစစ္ၿပီးသည့္ ၁၉၄၅ခုႏွစ္မွ ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲသည့္ ၁၉၉၁အထိျဖစ္သည္။


ဒုတိယကမၻာစစ္ႀကီးၿပီးသည္ႏွင့္ ဆိုဗီယက္႐ုရွားေခါင္းေဆာင္ စတာလင္သည္ ၁၉၃၉-၄၀အတြင္း ပိုလန္နိုင္ငံႏွင့္ စစ္ျဖစ္ခ်ိန္က သိမ္းပိုက္ထားခဲ့ေသာ ေဘာ္လတစ္နယ္ေျမမ်ား(Baltic State)ျဖစ္သည့္အက္စတိုးနီး ယား(Estonia)၊ လတ္ဗီးယား (Latvia)၊ လစ္သူေယးနီးယား (Lilthuaria)၊ ဖင္လန္ (Finland)နိုင္ငံမ်ားကို လြတ္လပ္ေသာနိုင္ငံမ်ားအျဖစ္ ထူေထာင္ေပးမည္ဟု ကတိေပးကာ ဆိုဗီယက္ၾသဇာခံ႐ုပ္ေသး အစိုးရမ်ား ကိုသာ တင္ေပးခဲ့ၿပီး ကြန္ျမဴနစ္နိုင္ငံမ်ားအျဖစ္ သိမ္းသြင္းခဲ့သည္။


ဒုတိယကမၻာစစ္၏ဒဏ္ကို တိုက္ရိုက္မခံစားခဲ့ရေသာ အေမရိကန္သည္ အျခားနိုင္ငံမ်ားထက္ ေငြေၾကးမ်ား စြာခ်မ္း သာလ်က္ရွိေနသည္။ထိုအခါ အေမရိကန္သည္ ၾသဇာျဖန္႔က်က္ဖို႔အတြက္ သူ၏ေငြမ်ားျဖင့္ စစ္ဒဏ္ခံစားရေသာနိုင္ငံမ်ားကို ျပန္လည္ထူေထာင္ရန္ ေငြေၾကးေထာက္ပံ့မည့္ စီမံကိန္းတစ္ခုကို ေရးဆြဲခဲ့ သည္။ ထိုစီမံကိန္းကို ေဂ်ာ့မာရွယ္(George Marshall)က ေရးဆြဲေသာေၾကာင့္ မာရွယ္စီမံကိန္း (The Marshall Plan)ဟု အမည္ေပးခဲ့သည္။


မာရွယ္စီမံကိန္းျဖင့္ အကူအညီေပးလိုက္ေသာအခါ လူ႔စြမ္းစားအရင္းအျမစ္ႂကြယ္ဝေသာ အေ နာက္ ဥေရာပနိုင္ငံမ်ားသည္ အခ်ိန္တိုအတြင္း ျပန္လည္ ႂကြယ္ဝလာခဲ့ၾကသည္။မာရွယ္စီမံကိန္းအရ အေနာ က္ဥေရာပနိုင္ငံမ်ားကို ေထာက္ပံ့ခဲ့ေသာ ပမာဏသည္ ေဒၚလာ ဘီလီယံ ၁၃၀၀၀ (US$13000 billion) ျဖစ္သည္။အေမရိကန္အစိုးရသည္ ေငြေၾကးခ်ိဳ႕တဲ့ဆင္းရဲေသာ အေရွ႕ဥေရာပနိုင္ငံမ်ားကို မာရွယ္စီမံ ကိန္းျ ဖင့္ အကူအညီေပးရန္ ကမ္းလွမ္းခဲ့ေသာ္လည္း စတာလင္က လက္မခံခဲ့ေပ။


ဘာလင္(Berlin)
~~~~~~~~~~
ဒုတိယကမၻာစစ္အတြင္း မဟာမိတ္တို႔သည္ ဂ်ာမနီရွိ နာဇီတို႔ကို ဝိုင္းဝန္းတိုက္ခိုက္ကာ ျပင္သစ္၊ ၿဗိတိ န္ႏွ င့္ အေမရိကန္တို႔က အေနာက္ဘာလင္အပါအဝင္ ဂ်မန္အေနာက္ပိုင္းေဒသတစ္ခုလုံးကို စုေပါင္း၍ ဂ်ာမန္ဖယ္ဒရ ယ္သမၼတနိုင္ငံ(GER, German Federal Republic)ဟု ထူေထာင္ၿပီး၊ ဆိုဗီယက္တို႔က အေရွ႕ဘာ လင္ဘက္ကို သိမ္းယူကာ ဂ်ာမန္ဒီမိုကရက္တစ္သမၼတနိုင္ငံ(GDR, German Democratic Republic) ဟု ထူေထာင္ခဲ့ၾက သည္။ဆိုဗီယက္တို႔သိမ္းယူထားေသာ ဂ်ာမနီျပည္အေရွ႕ဘက္ျခမ္းသည္ စိုက္ပ်ိဳးေရးထြ န္းကားေ သာ အပိုင္းျဖစ္ၿပီး အေမရိကန္အပါအဝင္မဟာမိတ္တို႔သိမ္းယူထားေသာ ဂ်ာမနီအေနာက္ပိုင္းသည္ အေစာပိုင္း တြင္ စိုက္ပ်ိဳးေရးမထြန္းကားေသာေၾကာင့္ အငတ္ေဘးႏွင့္ၾကဳံေတြ႕ရသည္။


အေရွ႕ဂ်ာမနီသည္ မူလကတည္းက လယ္ယာစိုက္ေရးထြန္းကားေသာေၾကာင့္ သီးႏွံမ်ား အလၽွံပယ္ထြ က္သည္။ ထိုမၽွပိုလၽွံေသာသီးႏွံမ်ားကို အေနာက္ဂ်ာမနီသို႔ တင္ပို႔ေလ့ရွိခဲ့ေသာ္လည္း စတာလက္က အေနာက္ ဂ်ာမနီကို အငတ္ေဘးႏွင့္ၾကဳံေတြ႕ေစရန္ ရည္ရြယ္၍ သီးႏွံမတင္ပို႔ေတာ့ဘဲ ႐ုရွားႏွင့္အေရွ႕ဥေရာပနိုင္ငံ မ်ားကို သီးႏွံမ်ားကို တင္ပို႔ေရာင္းခ်ေစခဲ့သည္။ သို႔ေသာ္ အေရွ႕ဥေရာပနိုင္ငံမ်ားသည္ စီးပြားေရးက် ဆ င္းေ နေသာေၾကာင့္ ေငြေၾကးအက်ိဳးအျမတ္မရဘဲ အကူအညီေပးသလိုျဖစ္ေနသည္။


၁၉၄၈ခုႏွစ္၊ ဇြန္လ ၂၄ ရက္ေန႔တြင္ စတာလင္သည္ အေနာက္ဂ်ာမနီကို စားနပ္ရိကၡာပိတ္ဆို႔မႈ ျပဳလုပ္ခဲ့သည္။ လမ္း၊ တံတားမ်ား ႏွင့္ တူးေျမာင္းမ်ား အားလုံးကိုပိတ္ဆို႔လိုက္သည္။ ေနာက္ဆုံးတြင္ အေနာက္ဂ်ာမနီသည္ ငတ္မြတ္မႈေၾကာင့္ ဆိုဗီယက္တို႔ထံသို႔ ဝင္ေရာက္ခိုလႈံလာလိမ့္မည္ဟု စတာလင္က ယုံၾကည္ခဲ့သည္။ထိုသို႔ ထိထိေရာက္ေရာက္ ပိတ္ဆို႔လိုက္ေသာအခါ အေနာက္ဂ်ာမနီသည္ အစားအေသာက္ႏွင့္ ေထာက္ပံ့ ပစၥ ည္းမ်ား ျပတ္ေတာက္ကာ အငတ္ေဘးႏွင့္ ႀကီးမားစြာ ၾကဳံရေလေတာ့သည္။


ထိုအခါ အေမရိကန္အပါအဝင္ မဟာမိတ္တို႔က စားနပ္ရိကၡာတန္ခ်ိန္ ၄၀၀၀ ကို ေလယာဥ္မ်ားျဖင့္ ဂ်မန္အေျခ စို က္စခန္းမ်ားသို႔ နံနက္တစ္ႀကိမ္၊ ေန႔လည္တစ္ႀကိမ္ႏွင့္ ညေနတစ္ႀကိမ္ စုစုေပါင္းသုံးႀကိမ္ သယ္ယူ ပို႔ေဆာင္ေပးခဲ့သည္။ထို႔အခါ အေနာက္ဂ်ာမနီတို႔လည္း အငတ္ေဘးမွ လြတ္ေျမာက္ခဲ့ရသည္။ ဘ လင္ပိတ္ဆို႔မႈ မေအာင္ျမင္ေသာအခါ စတာလင္သည္ ၁၉၄၉ခုႏွစ္ ေမလတြင္ ထိုအစီအဥ္ကို ျပန္လည္႐ုတ္သိမ္းခဲ့ သည္။စတာလင္က ႐ုတ္သိမ္းခဲ့ေသာ္လည္း အေနာက္အုပ္စုက စတာလင္ကို အမုန္းႀကီးမုန္းသြားေတာ့သည္။ အေမရိကန္တို႔၏ မာရွယ္စီမံကိန္းျဖင့္ အေနာက္ဂ်ာမနီကိုအကူအညီေပးလိုက္ေသာအခါ အေနာက္ဂ်ာမနီ သည္ အခ်ိန္တိုအတြင္း စီးပြာေရးအင္အားႀကီးစက္မႈနိုင္ငံျဖစ္လာခဲ့ေတာ့သည္။ စတာလင္ကမူ အေရွ႕ဂ်ာမနီကို စီးပြားေရးႏွင့္ စက္မႈလုပ္ငန္းမ်ား ထူေထာင္ေပးျခင္းမရွိဘဲ လက္ယာစိုက္ပ်ိဳးေရးနိုင္ငံအဆင့္သာ ထားခဲ့ သည္။ အေမရိကန္အပါအဝင္ အေနာက္ဥေရာပနိုင္ငံမ်ားသည္ ဆိုဗီယက္႐ုရွားႏွင့္ ကြန္ျမဴနစ္နိုင္ငံမ်ားအားလုံးကို စီးပြားေရးပိတ္ဆို႔မႈမ်ား ျပဳလုပ္လာၾကေတာ့သသည္။


ေနတိုးအဖြဲ႕(NATO)
~~~~~~~~~~~~
၁၉၄၉ ခုႏွစ္တြင္ ဆိုဗီယက္တို႔ရန္ကို စုေပါင္းကာကြယ္ရန္အတြက္ ေျမာက္အတၱလႏၲိတ္စာခ်ဳပ္အဖြဲ႕ (ေခၚ) ေနတိုး အဖြဲ႕ (NATO, North Atlantic Organisation) ကို ဖြဲ႕စည္းလိုက္သည္။ ထိုအဖြဲ႕တြင္ အေမရိကန္၊ကေနဒါ၊ ၿဗိတိန္၊ ျပင္သစ္၊ ဘယ္ဂ်ီယန္၊ နယ္သာလန္၊ လူဇင္ဘတ္၊ ေပၚတူဂီ၊ ဒိန္းမတ္၊ အိုက္စလန္၊ ေနာ္ေဝ ႏွင့္ အီတလီနိုင္ငံတို႔ ပါဝင္သည္။ေနာင္တြင္ ဂရိ၊ တူရကီႏွင့္ အေနာက္ဂ်ာမနီတို႔ပါ ပါဝင္လာသည္။ ေနတိုးအဖြဲ႕၏ စည္းမ်ဥ္းအရ ေနတိုးအဖြဲ႕ဝင္နိုင္ငံတစ္နိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္လာလၽွင္ က်န္ေသာအဖြဲ႕ဝင္နိုင္ငံမ်ားက စုေပါင္းတိုက္ခိုက္ၾကမည္ျဖစ္သည္။


ေနတိုးအဖြဲ႕ႀကီး ေပၚေပါက္လာျခင္းသည္ စတာလင္အတြက္ အႀကီးအက်ယ္ၿခိမ္းေျခာက္မႈျဖစ္သည္။ ၁၉၄၉ ခုႏွစ္၊ စက္တင္ဘာလတြင္ ဆိုဗီယက္တို႔က ပထမဆုံးအႏုျမဴဗုံးစမ္းသပ္ေဖာက္ခြဲမႈျပဳလုပ္လာသည္။ ထိုအခ်ိန္မွစတင္ကာ ေနတိုးႏွင့္ ဆိုဗီယက္တို႔၏ ဆက္ဆံေရးသည္ အဆိုးဝါးဆုံးအေျခအေနသို႔ ေရာက္ ရွိ သြားေတာ့သည္။


ကိုရီးယားစစ္ပြဲ(Korea War)
~~~~~~~~~~~~~~~~~
ဒုတိယကမၻာစစ္တြင္ ဂ်ပန္မ်ားစစ္ရႈံးၿပီးေနာက္ ၁၉၄၅ ခုႏွစ္တြင္ ကိုရီးယားကၽြန္းဆြယ္ကိုမဟာမိတ္တို႔က အေရွ႕ႏွင့္အေနာက္ ၃၈မ်ဥ္းၿပိဳင္ (38th parallel of latitude ) ျဖင့္ ႏွစ္ပိုင္း ပိုင္းျခားလိုက္သည္ ။ ေတာင္ပိုင္းကို အေမရိကန္တို႔ကထိန္းခ်ဳပ္ခြင့္ရခဲ့ၿပီး ေျမာက္ပိုင္းေဒသကို ဆိုဗီယက္တို႔မွ ထိန္းခ်ဳပ္ခြင့္ရ ရွိခဲ့သည္ ။ထိုအခါဆိုဗီယက္လက္ေအာက္ခံေျမာက္ကိုရီးယားမွာ ကြန္ျမဴနစ္နိုင္ငံျဖစ္လာခဲ့ၿပီး အေမရိကန္လ က္ေ အာက္ခံ ေတာင္ကိုရီးယားမွာ ဒီမိုကေရစီနိုင္ငံျဖစ္လာခဲ့သည္။


၁၉၄၈ခုႏွစ္တြင္ ကင္အီဆြန္း(Kim Ii Sung ) သည္ေျမာက္ကိုရီးယားကြန္ျမဴနစ္ပါတီ၏ ေခါင္းေဆာင္ျ ဖစ္လာ ခဲ့သည္။ သူသည္စစ္ဝါဒီတစ္ဦးျဖစ္ၿပီး ကိုးရီးယားျပန္လည္ေပါင္းစည္းေရးဟုဆိုကာ ၁၉၅၀ ခုႏွစ္၊ ဇြန္ လတြင္ ေတာင္ကိုရီးယားနိုင္ငံ ဆိုးလ္(Seoul)ၿမိဳ႕ကို ဝင္ေရာက္သိမ္းပိုက္လိုက္သည္။ ထို႔ေနာက္ ေျမာက္ကို ရီး ယားစစ္တပ္သည္ ေတာင္ကိုရီးယားႏွင့္ အေမရိကန္တပ္မ်ားအား ကိုးရီးယားကၽြန္းဆြယ္ ေတာင္ပိုင္းေဒသသို႔ ေမာင္းထုတ္လိုက္သည္။၁၉၅၀ခုႏွစ္ ေနာက္ပိုင္းတြင္ အေမရိကန္တပ္မ်ားသည္ ေရတပ္အကူ အညီျဖင့္ေ တာ င္ပိုင္းကို ျပန္လည္ သိမ္းပိုက္ၿပီး ေျမာက္ကိုရီးယားအထိ ထိုးစစ္ဆင္ခဲ့သည္။ ထိုအခါ ဆိုဗီယက္႐ုရွားႏွင့္တ႐ုတ္တို႔ သည္ ေျမာက္ကိုရီးယားဘက္မွ ကူညီကာ အေမရိကန္ဦးေဆာင္ေသာတပ္မ်ားကို ေတာင္ပိုင္းသို႔ ျပန္လည္တို က္ထုတ္ခဲ့ၾကသည္။ ၁၉၅၁ တြင္ ႏွစ္ဖက္တပ္မ်ားသည္ယခင္ခြဲျခားထားသည့္ ၃၈ မ်ဥ္းၿပိဳင္ အနီးတြင္ခံတပ္ ကတုတ္က် င္းမ်ားတူးၿပီး တပ္စြဲကာ ႀကီးမားသည့္စစ္ပြဲမ်ားအား ၁၈ လ ၾကာေအာင္ တိုက္ခိုက္ခဲ့သည္။ ၁၉၅၃ ခုႏွစ္၊ ဇူလိုင္လ ၂၇ ရက္ တြင္ ကုလသမဂၢၾကား၀င္ေစ့စပ္ေဆြးေႏြးမႈျဖင့္ ေျမာက္ကိုရီးယားတို႔က စစ္ပြဲရပ္တန္ ႔ရန္ သေဘာတူခဲ့ၾကသည္။


ခ႐ူးရွက္ေခတ္(Khrushchev)
~~~~~~~~~~~~~~~~~~
၁၉၅၃ ခုႏွစ္တြင္ စတာလင္ ကြယ္လြန္သည္။ စတာလင္ေခတ္လြန္ေသာ္ ခ႐ူးရွက္ (Nikita Khrushchev) အာဏာ ရလာသည္။၁၉၅၅ ခုႏွစ္တြင္ ဆိုဗီယက္ျပည္ေထာင္စုမွ ဦးေဆာင္ကာ ဝါေဆာအဖြဲ႕ (The Warsaw Pact)ကို ဖြဲ႕စည္းလိုက္သည္။ ထိုအဖြဲ႕တြင္ ပါဝင္ေသာနိုင္ငံမ်ားမွာ ဆိုဗီယက္၊ အယ္ေဘးနီးယား၊ ဘူလ္ေဂးရီးယား၊ ခ်က္ကိုစလိုဗားကီးယား၊ အေရွ႕ဂ်ာမနီ၊ ဟန္ေဂရီ၊ ပိုလန္ ႏွင့္ ႐ူေမးနီးယားတို႔ ျဖစ္သည္။ 

ဆိုဗီယက္ကြန္ျမဴနစ္ပါတီ၏ အႀကိမ္ ၂၀ ေျမာက္ ကြန္ဂရက္တြက္ ခ႐ူးရွက္သည္ ကြယ္လြန္သူစတာလင္ကို အႀကီးအက် ယ္ဂုဏ္သိကၡာခ်ခဲ့ၿပီးေနာက္ သူ၏ ျပန္လည္ျပင္ဆင္ေရးဝါဒကို တင္ျပခဲ့သည္။ ခ႐ူးရွက္၏မိန္႔ခြန္းအရ စတာ လင္ႏွင့္ ဆန္႔က်င္ဘက္စိတ္သေဘာထားေကာင္းမြန္ျပည့္ဝသူျဖစ္သည္ဟု အေရွ႕ဥေရာပကြန္ျမဴ နစ္နိုင္ ငံမ်ားက ယုံၾကည္လာၾကသည္။


ထိုအခါ ဟန္ေဂရီျပည္သူတို႔က ဆိုဗီယက္၏ ၾသဇာေအာက္မွ လြတ္ေျမာက္လိုေသာေၾကာင့္ ပုန္ကုန္ ၾ ကသည္။ ထိုပုန္ကန္မႈကို ဆိုဗီယက္တို႔က စစ္သား၂သိန္းႏွင့္ တင့္ကား၂၅၀၀ ေစလႊတ္ၿပီး ရက္စက္စြာ ႏွိမ္နင္း ခဲ့သည္။ ထိုအခ်ိန္တြင္ ၿဗိတိသၽွႏွင့္ ျပင္သစ္တို႔သည္ ဆူးအက္တူးေျမာင္းအေရးအခင္းတြင္ အစၥေရးႏွ င့္ေပါင္းၿပီး အီဂ်စ္နိုင္ငံကို အနိုင္က်င့္သည္ဟု ကုလသမဂၢအဖြဲ႕ဝင္နိုင္ငံအမ်ားစုက ဆန္႔က်င္ၾကေ သာေၾ ကာင့္ အေျခအေနရႈပ္ေထြးေနခ်ိန္ျဖစ္ရာ ဆိုဗီယက္တို႔က လြတ္လပ္စြာေအာင္ပြဲခံေနၾကေတာ့သည္။ခ႐ူးရက္ကိုလည္း စတာလင္ကဲ့သို႔ေသာ အာဏာရွင္အျဖစ္ျမင္ကုန္ၾကေတာ့သည္။


ဘာလင္တံတိုင္း (Berlin Wall)
~~~~~~~~~~~~~~~~~~~
၁၉၆၁ခုႏွစ္၊ ၾသဂုတ္လ ၁၃ရက္တြင္ အေရွ႕ဂ်ာမနီႏွင့္ အေနာက္ဂ်ာမနီကို ဆက္သြယ္မႈအားလုံးျဖတ္ေတာက္ရန္ ဘာလင္တံတိုင္းကို အေရွ႕ဂ်ာမနီဘက္မွ စတင္ေဆာက္လုပ္သည္။ တံတိုင္းႀကီးသည္ ၁၂ေပျမင့္ၿပီး ၁၀၃မိုင္ ရွည္လ်ားကာ အေရွ႕ဘာလင္ႏွင့္ အေနာက္ဘာလင္ကို ၂၈မိုင္ ျဖတ္သြားသည္။တံတိုင္းႀကီးတြင္ ျဖတ္လမ္းဟူ၍ အေစာင့္ခ်ထားေသာ ျဖတ္လမ္း ၂ေပါက္သာရွိသည္။ အေရွ႕ဂ်ာမနီအာဏာပိုင္မ်ားက ဘာလင္တံတိုင္းကို ဖက္ဆစ္ဆန႔္က် င္ေရးအကာအကြယ္ဟု တရားဝင္ေခၚဆိုခဲ့သည္။ အေနာက္ဘာလင္ၿမိဳ႕အစိုးရကမူ လြတ္လပ္စြာသြား လာလႈ ပ္ရွားခြင့္အေပၚ ကန႔္သတ္ခ်က္ကိုရည္ညႊန္းကာ ၿမိဳ႕ေတာ္ဝန္ ဝီလီဘရန္႔(Willy Brandt) ကတီထြင္ခဲ့ေသာ အရွက္တရားတံတိုင္း (Wall of Shame) ဟု တစ္ခါတစ္ရံရည္ညႊန္းေျပာဆိုခဲ့သည္။ 

တံတိုင္းႀကီးကာထားေသာ္လည္း အေရွ႕ဂ်ာမနီမွ လူမ်ားသည္ အေနာက္ဂ်ာမနီသို႔ ထြက္ေျပးခိုလႈံရန္ ႀကိဳးစားၾကသည္။ ထြက္ေျပးသူမ်ားကို အေစာင့္မ်ားက ပစ္သတ္ၾကေသာေၾကာင့္ ေသဆုံး မ်ား လည္း ရွိသည္။


က်ဴးဘားဒုံးပ်ံအေရးအခင္း(Cuba Missile Crisis)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁၉၆၂ ခုႏွစ္တြင္ ဆိုဗီယက္ျပည္ေထာင္စုသည္ အေမရိကန္တို႔၏ရန္မွ ကာကြယ္ရန္ သူတို႔၏ န်ဴကလီးယား ဒုံးပ်ံ မ်ား ကို အေမရိကန္ျပည္ေထာင္စုအနီးရွိ ကြန္ျမဴနစ္နိုင္ငံျဖစ္ေသာက်ဴးဘားနိုင္ငံ(Cuba)သို႔ ျဖန္႔က်က္ရန္ ေျခလွမ္းစတင္လာခဲ့သည္။ ဇူလိုင္လတြင္ ခ႐ူးရွက္ႏွင့္က်ဴးဘားေခါင္းေဆာင္ဖီဒဲလ္ကတ္စထရို(Fidel Castro)တို႔ အၾကားေတြ႕ဆုံေဆြးေႏြးမႈမ်ားအရ လၽွို႔ဝွက္သေဘာတူညီခ်က္ရရွိခဲ့ၿပီး ေႏြရာသီေႏွာင္း ပိုင္း တြင္ဒုံးက်ည္မ်ားတည္ေဆာက္ျခင္းစတင္ခဲ့သည္။ က်ဴးဘားတြင္တပ္ဆင္ထားသည့္ဒုံးပ်ံမ်ားသည္ အေမရိကန္ျပ ည္ေ ထာင္စု၏ ပစ္မွတ္အမ်ားအျပားကို တိုက္ခိုက္နိုင္စြမ္းရွိသည့္ န်ဴကလီးယားထိပ္ဖူးတပ္ဒုံးပ်ံမ်ားျဖစ္သည္။၁၉၆၂ ခုႏွစ္ ၊ ေအာက္တိုဘာလ ၁၄ ရက္ေန႔တြင္ အေမရိကန္သူလ်ိဳေလယဥ္မွ က်ဴးဘားနိုင္ငံအေပၚ ပ်ံသန္းၿပီး က်ဴး ဘားဒုံး ပ်ံမ်ားကို ဓါတ္ပုံ ရိုက္ယူနိုင္ခဲ့သည္။ ထိုဓါတ္ပုံအရ က်ဴးဘားတြင္တပ္ဆင္ထားသည့္ ဒုံးပ်ံလက္နက္အမ်ိဳးအစား ႏွစ္မ်ိဳးရွိေၾ ကာ င္းေဖၚ ထုတ္နိုင္ခဲ့ၾကသည္။ တစ္မ်ိဳးမွာ တာလတ္ပစ္ဒုံးပ်ံျဖစ္ကာ မိုင္ ၁၁၀၀ အထိေရာက္ေအာင္ ပစ္နိုင္ၿပီး၊ ေနာက္တမ်ိဳးမွာ မိုင္ ၂၂၀၀အထိေရာက္ေအာင္ ပစ္ခတ္နိုင္သည့္တာေဝးပစ္ဒုံးပ်ံမ်ားျဖစ္သည္။ ထိုလက္နက္မ်ားသည္ အေမရိကန္ၿမိဳ႕ႀကီးမ်ားျဖစ္သည့္ ေလာ့စ္အိန္ဂ်လိ၊ ခ်ီကာကို၊ နယူးေယာက္ စသည့္ၿမိဳ႕မ်ားသို႔ န်ဴကလီး ယားတိုက္ခိုက္မႈ ျပဳလုပ္နိုင္သည္ဟုဆိုသည္။ ထို႔ေနာက္ အေမရိကန္တို႔သည္ က်ဴးဘားနိုင္ငံကို ေရတပ္ျဖင့္ ဝန္း ရံပိတ္ဆို႔လိုက္ၿပီး ေအာက္တိုဘာ ၂၂ ရက္ေန႔တြင္ အေမရိကန္သမၼတ ကေနဒီက ဆိုဗီယက္ျပည္ေထာင္စု
အေနျဖင့္ က်ဴးဘားရွိ ဒုံးက်ည္မ်ားကိုျပန္လည္ယူေဆာင္ရန္ႏွ င့္ ထိုဒုံးပ်ံမ်ားကိုပစ္ခတ္ခဲ့လၽွင္ ဆိုဗီယက္ျ ပည္ေ ထာင္စု အစိုးရတြင္
လုံး၀တာ၀န္ရွိေၾကာင္း ေရဒီယိုမွ တစ္ကမၻာလုံးကို ေၾကညာခဲ့သည္။ အျပည္ျပည္ဆိုင္ရာဥပေဒအရ ေရေ ၾကာင္းမွပိတ္ဆို႔မႈသည္စစ္ေၾကညာျခင္းႏွင့္အတူတူျဖစ္ေသာေၾကာင့္ တစ္ကမၻာလုံးက စစ္ပြဲျဖစ္လာမလားဟုေစာင့္ေမၽွာ္ေနခဲ့ၾကသည္။ထိုအေရးအခင္းသည္ ကမၻာ့သမိုင္းတြင္ န်ဴက လီးယားစစ္ပြဲ ျဖစ္ရန္အလြန္းနီးစပ္ခဲ့သည့္ အေရးအခင္းျဖစ္ခဲ့သည္။ ေနာက္ဆုံးတြင္ ကုလသမဂၢအေထြေ ထြ အတြင္းေရးမႉးခ်ဳပ္ ဦးသန္႔၏ၾကားဝင္ေစ့စပ္မႈအပါအဝင္ အေမရိကန္သမၼတကေနဒီ၏ အကို ေရာဘ တ္ကေနဒီ ႏွင့္ အေမရိကန္ဆိုင္ရာဆိုဗီယက္သံအမတ္Dobryninတို႔၏ သံတမန္ဆက္ဆံေရးေကာင္း မြန္မႈျ ဖင့္ ခ႐ူးရွက္ႏွင့္အေမရိကန္သမၼတ ကေနဒီတို႔ သေဘာတူညီမႈကာ ၁၉၆၂၊ ေအာက္တိုဘာ ၂၈ ရက္ေန႔တြင္ ထိပ္တိုက္ေတြ႕မႈအဆုံးသတ္ခဲ့သည္။ ဆိုဗီယက္တို႔သည္ က်ဴးဘားရွိ သူတို႔၏ထိုးစစ္လက္နက္မ်ားကိုဖ်က္သိမ္းၿပီး အေ မရိကန္ကလည္း ဆိုဗီယက္နယ္စပ္ရွိတူရကီမွ အေမရိကန္ဒုံးက်ည္မ်ားကို ဖယ္ရွားေပးရန္သေဘာတူညီခဲ့သည္။


ဗီယက္နမ္စစ္ပြဲ(Vietnam War)
~~~~~~~~~~~~~~~~~~~~
၁၉၅၄ ခုႏွစ္တြင္ ဗီယက္နမ္နိုင္ငံသည္ ျပင္သစ္ထံမွ လြတ္လပ္ေရးရခဲ့ၿပီး ေတာင္ႏွင့္ ေျမာက္ ဟူ၍ႏွစ္ပိုင္း ကြဲေနသည္။ လြတ္လပ္ေ႐ူရၿပီးေနာက္ ေျမာက္ဗီယက္နမ္အား ဟိုခ်ီမင္းေခါင္းေဆာင္သည့္ ကြန္ျမဴနစ္မ်ား က ထိန္းခ်ဳပ္ထားသည္။ ေတာင္ဗီယက္နမ္မွာ ကြန္ျမဴနစ္မဟုတ္သည့္ အစိုးရျဖစ္သည္။ ထိုအခ်ိန္တြင္ကြန္ျမဴနစ္စနစ္ႏွင့္ လက္ဝဲေတာ္လွန္ေရးလွိုင္းမ်ားသည္ အေရွ႕ေတာင္အာရွေဒသသို႔ ေရာက္ရွိလာၿပီးလာခဲ့ၿပီျဖစ္ရာ အေမရိ ကန္ေခါင္းေဆာင္မ်ားသည္ ဗီယက္နမ္အား ကြန္ျမဴနစ္ထိန္းခ်ဳပ္မႈေအာက္သို႔ေရာက္ရွိသြားမည္ကို စိုးရိမ္ခဲ့ၾကသည္။
ထိုအခ်ိန္က ေတာင္ဗီယက္နမ္သည္ အင္အားနည္းပါးၿပီး ဆူပူမႈမ်ားျဖင့္ ၾကဳံေတြ႕ေနရသည္။

 အေမရိကန္အစိုးရသည္ ကြန္ျမဴနစ္မ်ား အာဏာရသြားမည္ကိုစိုးရိမ္သျဖင့္ ေတာင္ဗီယက္နမ္အား ၀င္ေရာက္အကူညီေပး လာသည္။အေစာပိုင္းတြင္ ေငြေၾကးႏွင့္ စစ္ေရးအႀကံေပးေလာက္သာ ကူညီခဲ့ေသာ္လည္း ၁၉၆၀ ခုႏွစ္၊ အေမရိကန္သမၼတ ကေနဒီ လက္ထက္တြင္ ဗီယက္နမ္ တြင္အေမရိကန္စစ္သည္ ၁၇၀၀ အထိ မ်ားျပားလာခဲ့သည္။ သမၼတကေနဒီ အသတ္ခံရၿပီးေနာက္ ၁၉၆၅ ခုႏွစ္ သမၼတ ဂၽြန္ဆင္လက္ထက္တြင္ ေတာင္ဗီယက္နမ္၌ အေမရိ ကန္စစ္သား ရွစ္ေသာင္းခန္႔ရွိလာကာ ၁၉၆၉ ခုႏွစ္တြင္ ငါးသိန္းေလးေသာင္း ေက်ာ္အထိရွိလာခဲ့သည္။ 

အေမရိကန္စစ္သားအမ်ားစုမွာ ပ်မ္းမၽွအားျဖင့္ ၁၉ႏွစ္အရြယ္လူငယ္မ်ားသာ ျဖစ္ၾကသည္။ ဗီယက္နမ္စစ္ပြဲအတြ င္း အေမရိကန္သည္ ေျမာက္ဗီယက္နမ္အား အႀကီးအက်ယ္ဗုံးၾကဲခဲ့သည္။ အေမရိကန္ျပည္သူမ်ားသည္ ဗီယက္န မ္စစ္ပြဲကိုဆင္ႏႊဲေနေသာ အေမရိကန္အစိုးရအား အျပင္းအထန္ ကန္႔ကြက္ဆႏၵျပလာၾကသည္။ ထိုဆႏၵျပမႈ အရွိန္ေၾကာင့္ သမၼတဂၽြန္ဆင္သည္ ေနာက္ထပ္ သမၼတရာထူးကို ဝင္အေရြးမခံေတာ့ဘဲ အနားယူလို က္ရသည္။


ေနာက္ပိုင္းတြင္ အေမရိကန္တို႔သည္ေျမာက္ဗီယက္နမ္ကို ပိုမို ဗုံးၾကဲလာၿပီး တခ်ိန္တည္းမွာပင္ အေမရိကန္စ စ္သားမ်ားကို ေတာင္ဗီယက္နမ္မွ ဆုတ္ခြာလာေစခဲ့သည္။ ၁၉၇၂ ခုႏွစ္တြင္ အေမရိကန္စစ္သား ၆၀၀၀ ခန္႔သာ က်န္ရွိၿပီး ၿငိမ္းခ်မ္းေရး အစီအစဥ္မ်ားကို ႀကိဳးစားခဲ့ၾကသည္။သို႔ေသာ္ ၿငိမ္းခ်မ္းေရးမေဖၚေဆာင္နိုင္ဘဲ ၁၉၇၅ ခုႏွစ္ ဧၿပီ ၂ရ ရက္ေန႔တြင္ အေမရိကန္စစ္သားမ်ားသည္ ေတာင္ဗီယက္နမ္ၿမိဳ႕ေတာ္ ဆိုင္ဂုံ မွ ရဟတ္ယဥ္ႏွင့္ ထြက္ေျပးခဲ့ရသည္။ အေမရိကန္စစ္တပ္မရွိသျဖင့္ေတာင္ဗီယက္နမ္ အစိုးရသည္ မရပ္တည္နိင္ေတာ့ဘဲေနာက္ဆုံး တြင္ ေျမာက္ဗီယက္နမ္တပ္မ်ား၏ သိမ္းပိုက္ျခင္းကိုခံရေတာ့သည္။ ထိုအခါဗီယက္နမ္နိုင္ငံသည္လည္း ေတာ င္ႏွင့္ေျမာက္ ပူးေပါင္းသြားခဲ့ကာ ကြန္ျမဴနစ္နိုင္ငံျဖစ္လာခဲ့သည္။


ခ႐ူးရွက္အလြန္
~~~~~~~~~~
၁၉၆၄ ခုႏွစ္တြင္ ဆိုဗီယက္ေခါင္းေဆာင္ ခ႐ူးရွက္ ရာထူးမွ ဖယ္ရွားခံရကာ ဘရက္ဇညက္ (Leonid Brezhnev )ေခါင္းေဆာင္ျဖစ္လာသည္။ သူ႔လက္ထက္တြင္ အာရပ္အုပ္စုႏွင့္အစၥေရးျပသနာမ်ား၊ အီရန္အေရး ကိစၥမ်ားျဖ စ္ပြား ခဲ့ကာ အေမရိကန္ႏွင့္ ဆိုဗီယက္တို႔၏ ဝင္ေရာက္စြက္ဖက္မႈမ်ား ဆက္လက္ရွိေနခဲ့သည္။ ၁၉၈၂တြင္ ဘရက္ ဇညက္ကြယ္လြန္ၿပီးေနာက္ ယူရီ အန္ဒရိုေပါ့(Yuri Andropov) တက္လာသည္။ အန္ဒရိုေပါ့သည္ က်မ္းမာေရး ခၽြတ္ယြင္းေသာေၾကာင့္ ေဆး႐ုံႏွင့္အိမ္ တလွည့္စီျဖစ္ေနရသည္။ ၂ႏွစ္အၾကာ ၁၉၈၄တြင္ အန္ဒ ရိုေပါ့ကြယ္လြန္သည္။သူကြယ္ေသာအခါ ခ်ာနန္ကို(Konstantin Chernenko)တက္လာသည္။သူလည္း မၾကာခ င္မွာပင္ ေရာဂါျဖင့္ကြယ္လြန္ေလသည္။ ထိုအခါ ဆိုဗီယက္ကြန္ျမဴနစ္ပါတီ၏ နံပါတ္စဥ္အတိုင္း ေခါင္းေဆာင္ေ ရြးတင္လၽွင္ အသက္ႀကီးသူမ်ားသာရွိေနေသာေၾကာင့္ အာဏာရၿပီး မၾကာခင္ ကြယ္လြန္ကုန္ၾကသျ ဖင့္ ယခုတစ္ႀကိမ္တြင္ အသက္ငယ္ၿပီး အရည္အခ်င္းရွိသူကို ေရြးခ်ဟ္ၾကသည္။ဤသို႔ျဖင့္ ၁၉၈၅ခုႏွ စ္တြင္ မီေခး ေဂၚဘာေခ်ာ့ဖ္(Mekhail Gorbachev)အာဏာရလာသည္။


ေဂၚဘာေခ်ာ့ဖ္
~~~~~~~~~~
ေဂၚဘာေခ်ာ့ဖ္သည္ ျပဳျပင္ေျပာင္းလဲေရးသမားတစ္ဦးျဖစ္သည္။ သူ၏ ျပဳျပင္ေျပာင္း လဲေရး မူဝါဒမ်ားႏွင့္ ကမၻာနိုင္ငံမ်ားႏွင့္ဆက္ဆံရာတြင္ ဗိုလ္က်အနိုင္က်င့္ျခင္းမရွိဘဲ တန္းတူရည္တူဆ က္ဆံေသာမူဝါဒ မ်ားေၾကာင့္ အရင္ဆိုဗီယက္ေခါင္းေဆာင္တို႔ႏွင့္ အလြန္ကြာျခားလၽွက္ရွိသည္။ ေဂၚဘာေခ်ာ့ဖ္က ဆိုဗီယက္စစ္တပ္သည္ အေရွ႕ဥေရာပတြင္ ကြန္ျမဴနစ္စနစ္အား ၾကာရွည္မထိန္းနိုင္ဟု ယုံၾကည္သူျဖစ္သည္။ ဆိုဗီ ယ က္ျပည္ေထာင္စုရွိျပည္သူမ်ားဘ၀တိုးတက္မႈအတြက္စစ္ေအးေခတ္အဆုံးသတ္ရန္လိုအပ္​သည္ဟု သူကယူဆသည္။ ထို႔ေၾကာင့္ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား၊ စစ္အင္အားေလၽွာ့ခ်ေရးႏွင့္ န်ဴကလီယားလက္နက္ဖ်က္သိ မ္းေရး မၾကာခဏျပဳလုပ္လာသည္။ ၁၉၈၈ခုႏွစ္တြင္ ေဂၚဘာေခ်ာ့ဖ္သည္ အေမရိကန္သမၼတ ေရာ္နယ္ေ ရဂင္ (Ronald Reagan)ႏွင့္ ေတြ႕ဆုံကာ ဆိုဗီယက္စစ္အင္အားကို ၂၀%အထိေလၽွာ့ခ်ဖို႔ သေဘာတူညီ ခဲ့ သည္။ ၁၉၈၉ခုႏွစ္တြင္ လက္ဗီးယား၊ လစ္သူေယးနီးယားႏွင့္ အက္စတိုးနီးယားနိုင္ငံတို႔က ဆိုဗီယက္အုပ္စိုးမႈမွ ကင္းလြတ္ၿပီးလုံးဝလြတ္လပ္ေရးေပးရန္ ေတာင္းဆိုလာၾကသည္။ထိုအခါ ဆိုဗီယက္၏တပ္နီေတာ္မွ ၿဖိဳခြင္းရန္ျပဳလုပ္ျခင္းကို ေဂၚဘာေခ်ာ့ဖ္က တားျမစ္ကာ တပ္နီေတာ္ကို ထိုနိုင္ငံမ်ားထံမွ လုံးဝ႐ုတ္သိ မ္းေပး လိုက္သည္။ ထို႔သို႔လြတ္လပ္သြားသည္ကို ေတြ႕ရေသာအခါ ဝါေဆာစာခ်ဳပ္အဖြဲ႕ဝင္ အေရွ႕ဥေရာပနိုင္ငံ အားလုံးကလည္း ဆိုဗီယက္အုပ္စိုးမႈမွ ကင္းလြတ္လို႔သည္ဟု ေတာင္းဆိုလာၾကသည္။


၁၉၈၉ခုႏွစ္၊ ဇြန္လတြင္ျပဳလုပ္ေသာ ပိုလန္ေရြးေကာက္ပြဲတြင္ အတိုက္အခံေခါင္းေဆာင္ လတ္ခ်္ ဝါလ က္ဆာ (Lech Walesa)အာဏာရလာၿပီး ဆိုဗီယက္အုပ္စုမွ ႏႈတ္ထြက္လိုက္သည္။ ႐ူေမးနီးယားနိုင္ငံတြင္ စတာလင္ေခ တ္ကတည္းက အာဏာရခဲ့ကာ ျပည္သူမ်ားကို ရက္စက္စြာအုပ္ခ်ဳပ္ေလ့ရွိေသာ႐ူေမးနီးယားေခါင္းေဆာင္ နီကိုလပ္ေခ်ာင္ဆက္စကူး(Nicolae Ceauses)ကို ျပည္သူလူထုက မေက်နပ္ဘဲ ဆူပူအုံႂကြလာရာ ေခ်ာင္ဆက္ စကူး သည္ အာဏာစြန္႔ၿပီး ထြက္ေျပးဖို႔ႀကိဳးစားေတာ့သည္။ သို႔ေသာ္ ေျပးမလြတ္ဘဲ အဖမ္းခံရကာ ၁၉၈၉ခုႏွစ္၊ ဒီဇင္ဘာလ ၂၅ရက္ေန႔ ခရစ္စမတ္ေန႔တြင္ ေသဒဏ္စီရင္ျခင္းခံရေလသည္။


၁၉၈၉ ခုႏွစ္၊ နို၀င္ဘာလ ၉ ရက္ေန႔တြင္ အေရွ႕ဂ်ာမနီနိုင္ငံသားမ်ားသည္ အစိုးရကိုဂ႐ုမစိုက္ဘဲ လူထုအင္ အားျ ဖင့္ တံတိုင္းႀကီးကိုၿဖိဳခ်လိုက္ရာ ဘာလင္တံတိုင္းႀကီးၿပိဳက်ကာ ဘာလင္ၿမိဳ႕သည္ တေပါင္းတစည္း တည္းျပန္လည္ ျဖစ္သြားခဲ့သည္။ ၁၉၈၉ခုႏွစ္ ကုန္ခ်ိန္တြင္ ဝါေဆာအဖြဲ႕မွ ကြန္ျမဴနစ္နိုင္ငံ ၆ နိုင္ငံႏႈတ္ထြ က္သြားေတာ့ သည္။၁၉၈၉ခုႏွစ္တြင္ အသစ္တက္လာေသာ အေမရိကန္သမၼတ ေဂ်ာ့ဘုခ်္(ႀကီး)(George H.W.Bush)ႏွင့္ ေဂၚဘာေခ်ာ့ဖ္တို႔က ကမၻာ့စစ္အင္အားႀကီးနိုင္ငံမ်ားပါဝင္ေသာ ေနတိုးအဖြဲ႕ႏွင့္ ဝါေဆာအဖြဲ႕တို႔၏ စစ္ေရးၿပိဳင္ဆိုင္မႈျဖစ္ေသာစစ္ေအးတိုက္ပြဲသည္ ၿပီးဆုံးသြားခဲ့ၿပီ ဟု ပူးတြဲေၾ ကညာခ်က္ထုတ္ျပန္လိုက္သည္။စစ္ေအးတိုက္ပြဲၿပီးဆုံးေအာင္ လုပ္ေဆာင္ခဲ့ေသာ ေဂၚဘာေခ်ာ့ဖ္ကို ၁၉၉၀ျပည့္ႏွစ္တြင္ နိုဘယ္လ္ၿငိမ္းခ်မ္းေရးဆု(The Nobel Peace Prize)ကို ေပးအပ္ခဲ့ေလသည္။


ေဂၚဘာေခ်ာ့ဖ္၏ နိုင္ငံျခားေရးေပၚလစီေအာင္ျမင္ခဲ့ေသာ္လည္း ဆိုဗီယက္ျပည္တြင္းရွိကြ န္ျမဴန စ္တို ႔က ေဂၚဘာေခ်ာ့ဖ္သည္ ဆိုဗီယက္ျပည္ေထာင္စုကို ၿဖိဳကြဲကာ ကမၻာ့အင္အားႀကီးနိုင္ငံအျဖစ္မွ က်ဆ င္းေ အာင္လုပ္ေနသည္ဟု ယူဆၾကၿပီး သစၥာေဖာက္၊ အေမရိကန္သူလၽွိုစသည္ျဖင့္ စြပ္စြဲၾကေ တာ့ သည္။ ဆိုဗီယက္ျပည္တြင္းမွကြန္ျမဴနစ္တို႔သည္ ေဂၚဘာေခ်ာ့ဖ္ကိုဖမ္းဆီးၿပီး စစ္တပ္ျဖင့္ အာဏာသိမ္း ရန္ ႀကံစည္ၾကေတာ့သည္။ ကြန္ျမဴနစ္တို႔သည္ ေဂၚဘာေခ်ာ့ဖ္ကို ကရိုင္းမီးယားရွိ သမၼတေႏြရာ သီ စံအိမ္၌ ဖမ္းဆီးထားလိုက္ၾကသည္။ ထိုပုန္ကုန္မႈကို ဝန္ႀကီးခ်ဳပ္၊ ကာကြယ္ေရးဝန္ႀကီးႏွင့္ အတြင္း ဝန္တို႔က ဦးေဆာင္ခဲ့ၾကသည္။ပုန္ကန္သူမ်ားသည္ အစိုးရအာဏာကိုလႊဲေျပာင္းယူရန္ ပါလီမန္အေဆာက္အ ဦးကို တင့္ကားမ်ားျဖင့္ ထြက္ေပါက္မရွိေအာင္ဝန္းရံပိတ္ဆို႔လိုက္ၾကသည္။


ထိုအခ်ိန္တြင္ ေထာင္ေပါင္းမ်ားစြာေသာဆိုဗီယက္ျပည္သူမ်ား ထြက္လာၿပီး ေဂၚဘာေခ်ာ့ဖ္ ကိုေထာက္ ခံေၾကာင္း ေအာ္ဟစ္ၾကကာ အာဏာသိမ္းေနေသာ ဆိုဗီယက္စစ္တပ္ကို ျပည္သူမ်ားက ထပ္မံဝိုင္းလိုက္ ၾကသည္။ ထိုအခ်ိန္တြင္ ေမာ္စကိုၿမိဳ႕ေတာ္ဝန္ ေဘာရစ္ ယဲ့ဆင္ (Boris Yeltsin, The Mayar of Moscow)ေရာက္လာကာ အာဏာသိမ္းစစ္တပ္၏ေရွ႕ဆုံးမွ တင့္ကားေပၚကိုတက္ၿပီး တပ္မေတာ္အေနႏွင့္ သမၼတႏွင့္ ပုန္ကန္ေသာဝန္ႀကီးခ်ဳပ္တို႔အၾကား ဝင္မပါဘဲ ျပည္သူကသာ ဆုံးျဖတ္ပါေစဟု ေျပာဆို ညႇိႏွိုင္းရာ တပ္မေတာ္ေခါင္းေဆာင္မ်ားက ယဲ့ဆင္၏ေတာင္းဆိုခ်က္ကို လက္ခံလိုက္ၾကသည္။

 ထို႔ေၾကာင့္ တပ္မေတာ္မွအာဏာသိမ္းမည့္ အစီအစဥ္ ပ်က္သြားၿပီးေနာက္ ေဂၚဘာေခ်ာ့ဖ္ကို ေႏြရာ သီစံအိမ္မွ ျပန္လႊတ္ေပးကာ သမၼတတာဝန္ကို ျပန္လည္ထမ္းေဆာင္ေစသည္။သို႔ေသာ္ ေဂၚဘာေခ်ာ့ ဖ္သည္ ဆိုဗီယက္ျပည္ေထာင္စု၏ေခါင္းေဆာင္အာဏာမ်ား မရွိေတာ့ေပ။ ေနရာတိုင္းတြင္ ေမာ္စ ကိုၿမိဳ႕ေတာ္ဝန္ ေဘာရစ္ယဲ့ဆင္၏ အာဏာသာ ဖုံးလႊမ္းေနေတာ့သည္။ ယဲ့ဆင္၏အာဏာမွာ တျဖ ည္းျဖည္းႀကီးထြားလာကာ ေနာက္ဆုံးတြင္ ဆိုဗီယက္ကြန္ျမဴနစ္ပါတီကို ပုန္ကန္ေသာသူပုန္ပါတီ အျဖစ္သ တ္ မွတ္ကာ ႐ုရွားျပည္ေထာင္စု(Rublic of Russia)တြင္ တရားဝင္ရပ္တည္ခြင့္မရွိေသာပါတီအျဖစ္ ေၾကညာ လိုက္ေ တာ့သည္။ ကြန္ျမဴနစ္ပါတီ၏ ဥကၠဌသည္ နိုင္ငံ၏သမၼတျဖစ္ေသာ္လည္း ယခုအခ်ိန္တြင္ ကြန္ျမဴနစ္ပါတီမွာ တရားမဝင္ပါတီျဖစ္ေနေသာ​အခါ ေဂၚဘာေခ်ာ့ဖ္အေနျဖင့္ သမၼတရာထူးဆ က္လက္ယူ ထား၍မရေတာ့ေပ။ အာလုံးကလည္း ေဂၚဘာေခ်ာ့ဖ္ကို မေလးစားၾကေတာ့ေပ။ ထို႔ေၾကာင့္ ၁၉၉၁ခုႏွစ္၊ ဒီဇင္ဘာ ၂၅ရက္ေန႔တြင္ သမၼတရာထူးမွ ႏႈတ္ထြက္ေၾကာင္း လက္မွတ္ေရးထိုးေပး လိုက္ရေတာ့သည္။ ဤသို႔ျဖင့္ ေခါင္းေဆာင္ႀကီး လီနင္ စတင္တည္ေထာင္ကာ ေခါင္းေဆာင္စတာလင္ ထိန္းသိမ္းခဲ့ၿပီး ခ႐ူးရွက္တို႔ ဘရက္ဇညက္တို႔လက္ထက္အထိ ၾသဇာအာဏာႀကီးမားခဲ့ေသာ ဆိုဗီယက္ျပ ည္ေထာင္စုႀကီးသည္ မီေခးေဂၚဘာေခ်ာ့ဖ္လက္ထက္တြင္ ၿပိဳကြဲသြားခဲ့ရေတာ့ေလသည္။
#Light_of_Youth
ကိုးကား -
- ဆိုဗီယက္ကြန္ျမဴနစ္ပါတီႏွင့္ ဆိုဗီယက္ျပည္ေထာင္စုၿပိဳကြဲျခင္း - ရဲေဘာ္ခင္ေမာင္ႀကီး
- က႐ုရွက္မွတ္မိသမၽွ - ညိဳျမႏွင့္ အယ္ဒီတာအဖြဲ႕
- ဆိုဗီယက္ယူနီယံ၏ေနာက္ဆုံးေန႔ရက္မ်ား - ဇင္သန္႔
-ေန႐ူး၏ လၽွပ္တျပက္ကမၻာ့သမိုင္း - ဘိုးလွိုင္
- A Short History of the World - Prof-Azmanfred
- Wikipedia and photo credit
(ကၽြန္ေတာ္တို႔ရဲ့ Light of Youth page မွ တင္ေပးေသာဗဟုသုတမ်ားကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ Like & Share မ်ားျဖင့္ အားေပးနိုင္ပါတယ္ခင္ဗ်ာ)














No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */