" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 28, 2021

ျမန္မာ- ရိုဟင္ဂ်ာမ်ားအတြက္ အျပည္ျပည္ဆိုင္ရာ တရားစီရင္မႈ ေတာင္းခံျခင္း ( မြန်မာ- ရိုဟင်ဂျာများအတွက် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှု တောင်းခံခြင်း )

Unicode 

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် ဖြိုခွင်းမှု တင်းကျပ်လာခြင်း

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကောက်စစ်ဘဇား၌ ဒုက္ခသည်စခန်းရှိ စားသောက်ဆိုင် တစ်ခုတွင် ရိုဟင်ဂျာဒုက္ခသည်များ ICJ တရားစွဲဆိုခြင်းကို ကြည့်နေကြသည်။ © 2019 Allison Joyce/Getty Images

(၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်၊ ဘန်ကောက်မြို့) -  မြန်မာ အစိုးရအနေဖြင့် ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်းသား လူနည်းစုများအပေါ် ၎င်း၏လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုအတွက် ၂၀၁၉  ခုနှစ်အတွင်း ဖိအားတိုး၍ ရင် ဆိုင်ခဲ့ရကြောင်း (လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့) Human Rights Watch က ၎င်း၏  ၂၀၂၀ ခုနှစ် ကမ္ဘာ့အစီရင်ခံစာ တွင် ယနေ့ ပြောဆိုခဲ့ပါသည်။  ထိုနှစ်အ တွင်း အာ ဏာပိုင်များက  ဖိနှိပ်ချုပ် ချယ်သည့် ပြစ်မှုဥပဒေများကို တိုးမြှင့်၍အသုံးပြုခဲ့သည့်အ တွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ  စည်းရုံးခွင့်တို့သည်လည်း သိ သာ စွာ ချဆင်းခဲ့ပါသည်။ 

 
“ရိုဟင်ဂျာများအပေါ် ဆိုရွားသည့် ရက်စက်ယုတ်မာမှုများအတွက် ၎င်း၏တပ်မတော်အား တာဝန်ခံစေရန်  ပျက်ကွက်မှုက အဆုံး၌ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်စေသည်၊” “မြန်မာနိုင်ငံသည် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိမရှိနှင့် ရိုဟင်ဂျာများ အပေါ် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများအတွက် မည်သူ့ကို အရေးယူရမည်ဆိုသည်ကို  ယခု အပြည်ပြည်ဆိုင်ရာ တရားရုံးနှစ်ခုက စစ်ဆေးနေသည်” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး (ဖီးလ်  ရော်ဘတ်စင်)  Phil Robertson က ပြောခဲ့ပါသည်။ 
 
၎င်း၏အကြိမ် ၃၀ မြောက် ထုတ်ဝေခြင်းဖြစ်သည့် စာ ၃၃၅ မျက်နှာရှိ ၂၀၂၀ ခုနှစ် ကမ္ဘာ့အစီရင်ခံစာ တွင် နိုင်ငံ ၁၀၀ နီးပါးရှိ လူ့အခွင့်အရေး ကျင့်သုံးမှုများကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ သုံးသပ်ထားပါသည်။  ၎င်း၏ နိဒါန်း  စာတမ်းတိုတွင် အလုပ်အမှု ဆောင် ညွှန်ကြားရေးမှူး (ကဲနက် ရော့သ်) Kenneth Roth က အာဏာတည်မြဲနေရေး အတွက် ဖိနှိပ်မှုကို အားထားသည့် တရုတ်အစိုးရသည် ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေး စနစ်အပေါ် ဆယ်စုနှစ်ပေါင်း များစွာအနက် အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို လုပ် ဆောင်နေသည်ဟု ဆိုသည်။ တရုတ်အာဏာပိုင်များသည်  အခြားအစိုးရများထံမှ ဝေဖန်မှုများကို တားဆီးရန် ၎င်းတို့၏ စီးပွားရေးဆိုင်ရာ သြဇာအာဏာကို အသုံးပြုစဉ်၊  ပေကျင် း၏ လုပ်ဆောင်ချက်များသည် ကမ္ဘာတစ်ဝှမ်းရှိ  အာဏာရှင်ဆန်သည့် သာမန်လူထုအကျိုးကို ရည်မျှော်သည်  ဆိုသောဝါဒီများကိုအားပေးသကဲ့သို့ ၎င်းတို့ထံမှထောက်ခံမှုကိုလည်းရရှိကြောင်း ၎င်းကတွေ့ရှိပါသည်။ ဆယ်စုနှစ်  များစွာကြာ တိုးတက်လာသည့်  လူ့အခွင့်အရေးများနှင့် ကျွန်ုပ်တို့၏ အနာဂတ်ကို  ခြိမ်းခြောက်သည့်  ဤတိုက်ခိုက်မှုကိုခုခံရန် အရေးတကြီး လိုအပ်ပါသည်။  
 
မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်မှုများပြုလုပ်သည်ဟု စွပ်စွဲလျက်  ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုမှု ကို တုံ့ပြန်ရန် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့မှောက် ရောက်ရှိခဲ့ပါသည်။ ရိုဟင်ဂျာများအပေါ် တပ်မတော်မှ ရက်စက်ယုတ်မာမှုများ ကျူးလွန်ခဲ့ကြောင်း  အထောက် အထား များစွာရှိသော်လည်း ဖိစီးနှိပ်စက်မှုအတွက် စီးလားရိုက်ထားသည့် စည်းရုံးလှုံ့ဆော်မှု မရှိခဲ့ကြောင်း  ကို  မြန်မာနိုင်ငံ၏ တရားဝင်  ဟုတ်သည်ဖြစ်စေ၊  မဟုတ်သည်ဖြစ်စေ လက်တွေ့ အုပ်ချုပ်နေသောခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလျက် လူမျိုးတုံးသတ်ဖြတ်မှုဟူသော   စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပါသည်။ 
 
နိုဝင်ဘာလတွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှ တရားလိုဘက်ရှေ့နေအား ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စ၍ မြန်မာပြည်ရှိရိုဟင်ဂျာများအား ပြည်နှင်ဒဏ်ပေးခြင်း၊ လူမဆန်သောအခြားလုပ်ရပ်များအပြင် ညှဉ်းပန်း နှိပ်စက်ခြင်း စသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများဟူသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးခွင့်  ပြုလိုက်သည်။  ထိုတရားရုံးက ပြည်နှင်ဒဏ်ပေးခြင်းနှင့် သက်ဆိုင်ရာ အခြားရာဇဝတ်မှုများအပေါ် ၎င်း၏တရား စီရင်ပိုင်ခွင့်ကို  အတည်ပြုပြီးဖြစ်၍ ယင်းကို ICC  အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၌  ဖြည့်ဆည်းခဲ့သည်ဟု     အမိန့်ချမှတ်ခဲ့သည်။
 
၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာ့တပ်မတော်မှစတင်ခဲ့သည့် လူမျိုးရေးသန့်စင်မှုစည်းရုံးလှုပ်ရှားမှုမှ ထွက်ပြေး ခဲ့ပြီးနောက် လူဦးရေတစ်သန်းခန့်ရှိသော ရိုဟင်ဂျာများသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ စခန်းများတွင် နေထိုင်နေကြသည်။  မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သော ခန့်မှန်းခြေ ရိုဟင်ဂျာ ၆၀၀၀၀၀ သည် အစိုးရ၏ ညှဉ်းပန်းနှိပ်စက်မှု၊ အကြမ်းဖက်မှု၊ သွားလာမှုအပေါ် အစွန်းရောက် ကန့်သတ်မှုများနှင့် အစားအစာနှင့် ကျန်းမာရေးစောင့် ရှောက်မှု ချို့ငဲ့ခြင်းတို့ကို ခံစားလျက် ဆိုးရွားသည့် အခြေအနေများတွင်နေလျက် ရှိသည်။
 
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအကြား လက်နက်ကိုင်ပဋိပက္ခသည် ၂၀၁၉ ခုနှစ်တွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် ပိုမိုပြင်းထန်လာခဲ့သည်။ ရခိုင်ပြည်နယ်တွင်၊ အစိုးရမှ အင်တာနက် ဖြတ်တောက်ရန် အမိန့်ပေးခဲ့သည်။ ဇွန်လ ၂၁ ရက်တွင် စတင်ဖြတ်တောက်ခဲ့ပြီး၊ တပ်မတော်နှင့်  တိုင်းရင်းသား ရခိုင်လက်နက်ကိုင်အုပ်စု ရခိုင်တပ်မတော်၏ ပိုမိုပြင်းထန်သော တိုက်ပွဲများကြောင့် ထိခိုက်သည့်  မြို့နယ်လေးမြို့နယ် ပါဝင်ပါသည်။  အထောက်အပံ့များကို ပြင်းထန်စွာ ပိတ်ဆို့ခြင်းများ၊ အမြောက်များဖြင့် မဆင်မခြင် တိုက်ခိုက်ခြင်းနှင့်  အတင်းအကျပ် ပြောင်းရွှေ့စေခြင်း တို့ဖြင့် တိုက်ပွဲဒေသများရှိ အရပ်သားများ  အနေဖြင့် အန္တရာယ်တိုးပွားလျက်ရှိခဲ့သည်။
 
ကမ္ဘာ့ကုလသမဂ္ဂကျောထောက်နောက်ခံ အချက်အလက်ရှာဖွေရေးလုပ်ငန်းသည် စက် တင်ဘာလတွင် ၎င်း၏လုပ်ငန်း   အဆုံးသတ်ခဲ့ပြီး၊ မြန်မာ့တပ်မတော်မှ ရိုဟင်ဂျာ၊ ကချင်၊ ရှမ်းနှင့် ကရင် တိုင်းရင်းသားလူနည်းစုများအပေါ်   ကျူးလွန်ခဲ့သော ကြီးလေးသည့် ရာဇ ဝတ်မှုများ၏ အထောက်အထားများကို မကြာသေးမီကမှ  လုပ်ငန်းစတင်ခဲ့သော  မြန်မာ နိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ထံ အထောက်အထားစုဆောင်းခြင်း  ဆက်လက် လုပ်ဆောင်ရန်အတွက် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။  
 
၂၀၁၉ ခုနှစ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှှင့်သတင်းမီဒီယာတို့သည် မြန်မာ နိုင်ငံ၌ ခြိမ်းခြောက်မှု အန္တရာယ် အလွန်အမင်းရှိနေခဲ့ပါသည်။ မေလတွင် ရွိုက်တာသ တင်း ထောက်များဖြစ်သည့် ဝလုံးနှင့် ကျော်စိုးဦးတို့သည် ရက် ၇၀၀ ကျော် တရားရုံးတွင် အမှုရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားခြင်းနှင့် ထောင်သွင်း အကျဉ်းချခြင်းတို့ ခံရပြီးနောက်  နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းခွင့်ပေးခဲ့ပါသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ်တွင် လူပေါင်း ၂၅၀ ကျော်သည် လွတ်လပ်စွာ  ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် ဥပဒေအမျိုးမျိုးအရ ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုများ  ခံခဲ့ရပါသည်။  ဆန့်ကျင်ဆန္ဒပြသူများသည် ဆန္ဒပြပွဲတစ်ပွဲအတွက် ကြိုတင်ခွင့်ပြုချက်ရရှိရမည်ဟု သတ်မှတ်ထားသော  ငြိမ်းချမ်းစွာစုရုံးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေအရ မကြာခဏ ပစ်မှတ်ထားခံခဲ့ရပါသည်။
 
နိုင်ငံတစ်ဝှမ်းရှိလယ်သမားများသည်လည်း ရပိုင်ခွင့်များကို ဖိနှိပ်ချုပ်ချယ်သည့်ဥပဒေများဖြင့် အခက်အခဲများနှင့်  ရင်ဆိုင်ခဲ့ရပါသည်။ မတ်လတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ စတင်သက်ရောက်မှု ရှိခဲ့ပြီး “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း” ဟု သတ် မှတ်ထားသော မြေများတွင် နေထိုင်သူ မည်သူမဆိုအား တရားဝင် ခွင့်ပြုချက် စာရွက်စာ တမ်း လျှောက်ထားရန် သတ်မှတ်ခဲ့ပြီး  လိုက်နာရန် ပျက်ကွက်မှုအတွက် ထောင်ဒဏ် သတ်မှတ်ခဲ့ပါသည်။
 
“ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် တပ်မ တော် အုပ်ချုပ်စဉ်က  ပြဋ္ဌာန်းခဲ့ သော ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကိုပယ်ဖျက်ရန် ကတိပေးခဲ့သည်၊” “သို့သော် ယင်းအစား ၎င်းတို့သည် ထိုဥပဒေများကို ၎င်းတို့ကို ဝေဖန်သူများကို တိုက်ခိုက်ရန် အသုံးပြုလျက်ရှိပြီး ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေသစ်များကိုပင် စတင်ခဲ့သည်။” ဟု ရောဘတ်စင်က ပြောပါသည်။


Zawgyi

လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုမႈအေပၚ ၿဖိဳခြင္းမႈ တင္းက်ပ္လာျခင္း

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၂ ရက္၊ ဘဂၤလာေဒ့ရွ္နိုင္ငံ၊ ေကာက္စစ္ဘဇား၌ ဒုကၡသည္စခန္းရွိ စားေသာက္ဆိုင္ တစ္ခုတြင္ ရိုဟင္ဂ်ာဒုကၡသည္မ်ား ICJ တရားစြဲဆိုျခင္းကို ၾကည့္ေနၾကသည္။ © 2019 Allison Joyce/Getty Images
(၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁၅ ရက္၊ ဘန္ေကာက္ၿမိဳ႕) -  ျမန္မာ အစိုးရအေနျဖင့္ ရိုဟင္ဂ်ာမ်ားႏွင့္ အျခားတိုင္းရင္းသား လူနည္းစုမ်ားအေပၚ ၎၏လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားအတြက္ အျပည္ျပည္ဆိုင္ရာ တရားစီရင္မႈအတြက္ ၂၀၁၉  ခုႏွစ္အတြင္း ဖိအားတိုး၍ရင္ဆိုင္ခဲ့ရေၾကာင္း (လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕) Human Rights Watch က ၎၏  ၂၀၂၀ ခုႏွစ္ ကမၻာ့အစီရင္ခံစာ တြင္ ယေန႔ ေျပာဆိုခဲ့ပါသည္။  ထိုႏွစ္အတြင္း အာဏာပိုင္မ်ားက  ဖိႏွိပ္ခ်ဳပ္ ခ်ယ္သည့္ ျပစ္မႈဥပေဒမ်ားကို တိုးျမႇင့္၍အသုံးျပဳခဲ့သည့္အတြက္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ႏွင့္ လြတ္လပ္စြာ  စည္း႐ုံးခြင့္တို႔သည္လည္း သိသာစြာ ခ်ဆင္းခဲ့ပါသည္။ 
 
“ရိုဟင္ဂ်ာမ်ားအေပၚ ဆိုရြားသည့္ ရက္စက္ယုတ္မာမႈမ်ားအတြက္ ၎၏တပ္မေတာ္အား တာဝန္ခံေစရန္  ပ်က္ကြက္မႈက အဆုံး၌ အျပည္ျပည္ဆိုင္ရာ တရားစီရင္ေရး လုပ္ငန္းစဥ္ကို စတင္ေဆာင္ရြက္ေစသည္၊” “ျမန္မာနိုင္ငံသည္ လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္ခဲ့ျခင္း ရွိမရွိႏွင့္ ရိုဟင္ဂ်ာမ်ား အေပၚ လူသားမ်ိဳးႏြယ္ကို ဆန႔္က်င္သည့္ ရာဇဝတ္မႈမ်ားအတြက္ မည္သူ႔ကို အေရးယူရမည္ဆိုသည္ကို  ယခု အျပည္ျပည္ဆိုင္ရာ တရား႐ုံးႏွစ္ခုက စစ္ေဆးေနသည္” ဟု လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ အာရွေရးရာ ဒုတိယ ညႊန္ၾကားေရးမႉး (ဖီးလ္  ေရာ္ဘတ္စင္)  Phil Robertson က ေျပာခဲ့ပါသည္။ 
 
၎၏အႀကိမ္ ၃၀ ေျမာက္ ထုတ္ေဝျခင္းျဖစ္သည့္ စာ ၃၃၅ မ်က္ႏွာရွိ ၂၀၂၀ ခုႏွစ္ ကမၻာ့အစီရင္ခံစာ တြင္ နိုင္ငံ ၁၀၀ နီးပါးရွိ လူ႔အခြင့္အေရး က်င့္သုံးမႈမ်ားကို လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕မွ သုံးသပ္ထားပါသည္။  ၎၏ နိဒါန္း  စာတမ္းတိုတြင္ အလုပ္အမႈေဆာင္ ညႊန္ၾကားေရးမႉး (ကဲနက္ ေရာ့သ္) Kenneth Roth က အာဏာတည္ျမဲေနေရး အတြက္ ဖိႏွိပ္မႈကို အားထားသည့္ တ႐ုတ္အစိုးရသည္ ကမၻာတစ္ဝွမ္း လူ႔အခြင့္အေရး စနစ္အေပၚ ဆယ္စုႏွစ္ေပါင္း မ်ားစြာအနက္ အျပင္းထန္ဆုံးေသာ တိုက္ခိုက္မႈကို လုပ္ေဆာင္ေနသည္ဟု ဆိုသည္။ တ႐ုတ္အာဏာပိုင္မ်ားသည္  အျခားအစိုးရမ်ားထံမွ ေဝဖန္မႈမ်ားကို တားဆီးရန္ ၎တို႔၏ စီးပြားေရးဆိုင္ရာ ၾသဇာအာဏာကို အသုံးျပဳစဥ္၊  ေပက်င္း၏ လုပ္ေဆာင္ခ်က္မ်ားသည္ ကမၻာတစ္ဝွမ္းရွိ  အာဏာရွင္ဆန္သည့္ သာမန္လူထုအက်ိဳးကို ရည္ေမၽွာ္သည္  ဆိုေသာဝါဒီမ်ားကိုအားေပးသကဲ့သို႔ ၎တို႔ထံမွေထာက္ခံမႈကိုလည္းရရွိေၾကာင္း ၎ကေတြ႕ရွိပါသည္။ ဆယ္စုႏွစ္  မ်ားစြာၾကာ တိုးတက္လာသည့္  လူ႔အခြင့္အေရးမ်ားႏွင့္ ကၽြန္ုပ္တို႔၏ အနာဂတ္ကို  ၿခိမ္းေျခာက္သည့္  ဤတိုက္ခိုက္မႈကိုခုခံရန္ အေရးတႀကီး လိုအပ္ပါသည္။  
 
ျမန္မာနိုင္ငံသည္ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္မႈမ်ားျပဳလုပ္သည္ဟု စြပ္စြဲလ်က္  ဂမ္ဘီယာနိုင္ငံမွ တရားစြဲဆိုမႈ ကို တုံ႔ျပန္ရန္ ဒီဇင္ဘာလ ၁၀ ရက္မွ ၁၂ ရက္အထိ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) ေရွ႕ေမွာက္ ေရာက္ရွိခဲ့ပါသည္။ ရိုဟင္ဂ်ာမ်ားအေပၚ တပ္မေတာ္မွ ရက္စက္ယုတ္မာမႈမ်ား က်ဴးလြန္ခဲ့ေၾကာင္း  အေထာက္အထား မ်ားစြာရွိေသာ္လည္း ဖိစီးႏွိပ္စက္မႈအတြက္ စီးလားရိုက္ထားသည့္ စည္း႐ုံးလႈံ႔ေဆာ္မႈ မရွိခဲ့ေၾကာင္း  ကို  ျမန္မာနိုင္ငံ၏ တရားဝင္  ဟုတ္သည္ျဖစ္ေစ၊  မဟုတ္သည္ျဖစ္ေစ လက္ေတြ႕ အုပ္ခ်ဳပ္ေနေသာေခါင္းေဆာင္  ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုလ်က္ လူမ်ိဳးတုံးသတ္ျဖတ္မႈဟူေသာ   စြပ္စြဲခ်က္မ်ားကို ျငင္းဆိုခဲ့ပါသည္။ 
 
နိုဝင္ဘာလတြင္ နိုင္ငံတကာ ရာဇဝတ္တရား႐ုံး (ICC) မွ တရားလိုဘက္ေရွ႕ေနအား ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလမွ စ၍ ျမန္မာျပည္ရွိရိုဟင္ဂ်ာမ်ားအား ျပည္ႏွင္ဒဏ္ေပးျခင္း၊ လူမဆန္ေသာအျခားလုပ္ရပ္မ်ားအျပင္ ညႇဥ္းပန္း ႏွိပ္စက္ျခင္း စသည့္ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ရာဇဝတ္မႈမ်ားဟူေသာ စြပ္စြဲခ်က္မ်ားကို စုံစမ္းစစ္ေဆးခြင့္  ျပဳလိုက္သည္။  ထိုတရား႐ုံးက ျပည္ႏွင္ဒဏ္ေပးျခင္းႏွင့္ သက္ဆိုင္ရာ အျခားရာဇဝတ္မႈမ်ားအေပၚ ၎၏တရား စီရင္ပိုင္ခြင့္ကို  အတည္ျပဳၿပီးျဖစ္၍ ယင္းကို ICC  အဖြဲ႕ဝင္နိုင္ငံျဖစ္သည့္ ဘဂၤလာေဒ့ရွ္နိုင္ငံ၌  ျဖည့္ဆည္းခဲ့သည္ဟု     အမိန႔္ခ်မွတ္ခဲ့သည္။
 
၂၀၁၇ ခုႏွစ္ ၾသဂုတ္လတြင္ ျမန္မာ့တပ္မေတာ္မွစတင္ခဲ့သည့္ လူမ်ိဳးေရးသန႔္စင္မႈစည္း႐ုံးလႈပ္ရွားမႈမွ ထြက္ေျပး ခဲ့ၿပီးေနာက္ လူဦးေရတစ္သန္းခန႔္ရွိေသာ ရိုဟင္ဂ်ာမ်ားသည္ ဘဂၤလာေဒ့ရွ္နိုင္ငံရွိ စခန္းမ်ားတြင္ ေနထိုင္ေနၾကသည္။  ျမန္မာနိုင္ငံတြင္ က်န္ရစ္ခဲ့ေသာ ခန႔္မွန္းေၿခ ရိုဟင္ဂ်ာ ၆၀၀၀၀၀ သည္ အစိုးရ၏ ညႇဥ္းပန္းႏွိပ္စက္မႈ၊ အၾကမ္းဖက္မႈ၊ သြားလာမႈအေပၚ အစြန္းေရာက္ ကန႔္သတ္မႈမ်ားႏွင့္ အစားအစာႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈ ခ်ိဳ႕ငဲ့ျခင္းတို႔ကို ခံစားလ်က္ ဆိုးရြားသည့္ အေျခအေနမ်ားတြင္ေနလ်က္ ရွိသည္။
 
ျမန္မာ့တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အုပ္စုမ်ားအၾကား လက္နက္ကိုင္ပဋိပကၡသည္ ၂၀၁၉ ခုႏွစ္တြင္ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္မ်ားတြင္ ပိုမိုျပင္းထန္လာခဲ့သည္။ ရခိုင္ျပည္နယ္တြင္၊ အစိုးရမွ အင္တာနက္ ျဖတ္ေတာက္ရန္ အမိန႔္ေပးခဲ့သည္။ ဇြန္လ ၂၁ ရက္တြင္ စတင္ျဖတ္ေတာက္ခဲ့ၿပီး၊ တပ္မေတာ္ႏွင့္  တိုင္းရင္းသား ရခိုင္လက္နက္ကိုင္အုပ္စု ရခိုင္တပ္မေတာ္၏ ပိုမိုျပင္းထန္ေသာ တိုက္ပြဲမ်ားေၾကာင့္ ထိခိုက္သည့္  ၿမိဳ႕နယ္ေလးၿမိဳ႕နယ္ ပါဝင္ပါသည္။  အေထာက္အပံ့မ်ားကို ျပင္းထန္စြာ ပိတ္ဆို႔ျခင္းမ်ား၊ အေျမာက္မ်ားျဖင့္ မဆင္မျခင္ တိုက္ခိုက္ျခင္းႏွင့္  အတင္းအက်ပ္ ေျပာင္းေရႊ႕ေစျခင္း တို႔ျဖင့္ တိုက္ပြဲေဒသမ်ားရွိ အရပ္သားမ်ား  အေနျဖင့္ အႏၲရာယ္တိုးပြားလ်က္ရွိခဲ့သည္။
 
ကမၻာ့ကုလသမဂၢေက်ာေထာက္ေနာက္ခံ အခ်က္အလက္ရွာေဖြေရးလုပ္ငန္းသည္ စက္တင္ဘာလတြင္ ၎၏လုပ္ငန္း   အဆုံးသတ္ခဲ့ၿပီး၊ ျမန္မာ့တပ္မေတာ္မွ ရိုဟင္ဂ်ာ၊ ကခ်င္၊ ရွမ္းႏွင့္ ကရင္ တိုင္းရင္းသားလူနည္းစုမ်ားအေပၚ   က်ဴးလြန္ခဲ့ေသာ ႀကီးေလးသည့္ ရာဇဝတ္မႈမ်ား၏ အေထာက္အထားမ်ားကို မၾကာေသးမီကမွ  လုပ္ငန္းစတင္ခဲ့ေသာ  ျမန္မာနိုင္ငံအတြက္ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးယႏၲရား (IIMM) ထံ အေထာက္အထားစုေဆာင္းျခင္း  ဆက္လက္ လုပ္ေဆာင္ရန္အတြက္ လႊဲေျပာင္းေပးအပ္ခဲ့ပါသည္။  
 
၂၀၁၉ ခုႏွစ္တြင္ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ႏွွင့္သတင္းမီဒီယာတို႔သည္ ျမန္မာနိုင္ငံ၌ ၿခိမ္းေျခာက္မႈ အႏၲရာယ္ အလြန္အမင္းရွိေနခဲ့ပါသည္။ ေမလတြင္ ရြိဳက္တာသတင္းေထာက္မ်ားျဖစ္သည့္ ဝလုံးႏွင့္ ေက်ာ္စိုးဦးတို႔သည္ ရက္ ၇၀၀ ေက်ာ္ တရား႐ုံးတြင္ အမႈရင္ဆိုင္ျခင္းမျပဳမီ ထိန္းသိမ္းထားျခင္းႏွင့္ ေထာင္သြင္း အက်ဥ္းခ်ျခင္းတို႔ ခံရၿပီးေနာက္  နိုင္ငံေတာ္သမၼတမွ လြတ္ၿငိမ္းခြင့္ေပးခဲ့ပါသည္။ သို႔ရာတြင္ ၂၀၁၉ ခုႏွစ္တြင္ လူေပါင္း ၂၅၀ ေက်ာ္သည္ လြတ္လပ္စြာ  ထုတ္ေဖာ္ေျပာဆိုခြင့္ကို ကန႔္သတ္သည့္ ဥပေဒအမ်ိဳးမ်ိဳးအရ ျပစ္မႈဆိုင္ရာ တရားစြဲဆိုမႈမ်ား  ခံခဲ့ရပါသည္။  ဆန႔္က်င္ဆႏၵျပသူမ်ားသည္ ဆႏၵျပပြဲတစ္ပြဲအတြက္ ႀကိဳတင္ခြင့္ျပဳခ်က္ရရွိရမည္ဟု သတ္မွတ္ထားေသာ  ၿငိမ္းခ်မ္းစြာစု႐ုံးျခင္းႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္း ဥပေဒအရ မၾကာခဏ ပစ္မွတ္ထားခံခဲ့ရပါသည္။
 
နိုင္ငံတစ္ဝွမ္းရွိလယ္သမားမ်ားသည္လည္း ရပိုင္ခြင့္မ်ားကို ဖိႏွိပ္ခ်ဳပ္ခ်ယ္သည့္ဥပေဒမ်ားျဖင့္ အခက္အခဲမ်ားႏွင့္  ရင္ဆိုင္ခဲ့ရပါသည္။ မတ္လတြင္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္း စီမံခန႔္ခြဲေရးဥပေဒ စတင္သက္ေရာက္မႈ ရွိခဲ့ၿပီး “ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္း” ဟု သတ္မွတ္ထားေသာ ေျမမ်ားတြင္ ေနထိုင္သူ မည္သူမဆိုအား တရားဝင္ ခြင့္ျပဳခ်က္ စာရြက္စာတမ္း ေလၽွာက္ထားရန္ သတ္မွတ္ခဲ့ၿပီး  လိုက္နာရန္ ပ်က္ကြက္မႈအတြက္ ေထာင္ဒဏ္ သတ္မွတ္ခဲ့ပါသည္။
 
“ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ၎၏အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရသည္ တပ္မေတာ္အုပ္ခ်ဳပ္စဥ္က  ျပ႒ာန္းခဲ့ ေသာ ဖိႏွိပ္ခ်ဳပ္ခ်ယ္သည့္ ဥပေဒမ်ားကိုပယ္ဖ်က္ရန္ ကတိေပးခဲ့သည္၊” “သို႔ေသာ္ ယင္းအစား ၎တို႔သည္ ထိုဥပေဒမ်ားကို ၎တို႔ကို ေဝဖန္သူမ်ားကို တိုက္ခိုက္ရန္ အသုံးျပဳလ်က္ရွိၿပီး ဖိႏွိပ္ခ်ဳပ္ခ်ယ္သည့္ ဥပေဒသစ္မ်ားကိုပင္ စတင္ခဲ့သည္။” ဟု ေရာဘတ္စင္က ေျပာပါသည္။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */