" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, February 7, 2021

လွှတ်တော်မတက်ဘဲ ထောင်ထဲဝင်ရတဲ့အမတ်များနဲ့စင်ပြိုင် အစိုးရ

B B C 
ဘီဘီစီမြန်မာပိုင်း
ဘိုဘို
၇ ဖေဖော်ဝါရီ ၂၀၂၁
                                                AFP ,၁၉၆ဝ နောက်မှာ ပထမဆုံးလုပ်တဲ့ ပါတီစုံရွေးကောက်ပွဲ

၁၉၉ဝ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲက တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်တွေဟာ မြန်မာပြည်ရဲ့ ပထ မ ဆုံး လွှတ်တော်မတက်လိုက်ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်။ ဒီလွှတ်တော်ကအများဆုံးအနိုင် ရတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့တကွ တခြား ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ် အများ အပြား လွှတ်တော်တာဝန်တွေ မထမ်းဆောင်ရဘဲ ထုတ်ပယ်အကျဉ်းချခံရတာတွေ ဖြစ်ခဲ့သလို ပြည်ပကိုထွက်ပြေးတိမ်း ရှောင်ကြတာတွေ ရှိခဲ့ပါတယ်။

ဒီလွှတ်တော်ရွေးကောက်ပွဲဟာ မြန်မာပြည်မှာ အနှစ် ၃ဝ အတွင်း ပထမဆုံး ပါတီစုံလွှတ်တော်ရွေး ကောက်ပွဲ ဖြစ်ပြီး လွတ်လပ်စွာ မဲဆွယ်ခွင့် သိပ်မရှိပေမယ့် ရွေးကောက်တင်မြှောက်ခွင့် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီရွေး ကောက်ပွဲဟာ ၁၉၈၈ ဆန္ဒပြပွဲတွေအပြီး အာဏာသိမ်း စစ်အစိုးရလုပ်ပေးတဲ့ရွေးကောက်ပွဲဖြစ်သလိုရွေးကောက် ပွဲအပြီးမှာ လွှတ်တော်ခေါ်မပေးတဲ့အတွက် ရွေးကောက်ပွဲကတိ ဖျက်တယ်ဆိုပြီး စစ်အစိုးရကို နိုင်ငံ တကာက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
Science Photo Library ချေမှုန်းခံရတဲ့ ၁၉၈၈ ဆန္ဒပြပွဲများ
နောက်အမတ်နေရာ ၄၉၂ နေရာရှိတဲ့ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်မခေါ်ခဲ့တဲ့ ဖြစ်ရပ်ဟာ မြန်မာ့နိုင်ငံရေး အနှစ် ၂ဝ နောက်ကျ သွားစေခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီလွှတ်တော်က ပညာရှင်၊ နိုင်ငံရေးသမား၊ စစ်ဘက်အရပ် ဘက် အရာရှိဟောင်းအများအပြားကို ရွေးကောက် တင်မြှောက်လိုက်ပေမယ့် သူတို့ရဲ့ လုပ်အားကို နိုင်ငံအ တွက် အကျိုးရှိအောင် မသုံးနိုင်ခဲ့ပါဘူး။ နောက် ဒီလို လွှတ်တော် မခေါ်နိုင်ဘဲ စစ်အစိုးရအုပ်ချုပ်နေတဲ့အတွက် နိုင်ငံတ ကာရဲ့ဖိအားပေး ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ကာလဖြစ်သလို ပြည်တွင်းမှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တွေ မရှိခဲ့တဲ့ ကာလဖြစ်ပါတယ်။
ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီး စောမောင်၊AFP

ကိုယ်ပျောက်အမတ်များ

ဒီလွှတ်တော်အမတ်တွေထဲမှာ ထင်ရှားတဲ့ နိုင်ငံသိပုဂ္ဂိုလ်တွေ ပါသလို ၁၉၈၈ နောက်ပိုင်း ပေါ်ထွက်လာတဲ့ လူ ငယ်နိုင်ငံရေးသမား တချို့လည်း ပါပါတယ်။ နောက် ဗိုလ်ချုပ်ကြီးနေဝင်းခေတ်အစိုးရမှာ ပါဝင်ခဲ့တဲ့ စစ်အရာရှိ ကြီး တွေနဲ့ အစိုးရအရာရှိတွေ၊ တက္ကသိုလ် ပညာရှင်တွေ ပါဝင်တာကိုလည်း တွေ့ရပါတယ်။ နောက် လူမျိုးစု ဒေ သတွေက ခေါင်းဆောင်တချို့လည်း ရွေးကောက်ခံခဲ့ရပါတယ်။

ဒီလွှတ်တော်ဟာ စစ်ဆိုရှယ်လစ်ခေတ်အလွန် မြန်မာပြည်နိုင်ငံရေးကို ထင်ဟပ်ခဲ့ပေမယ့် လက်တွေ့မပေါ်ပေါက် ခဲ့တဲ့လွှတ်တော်ဖြစ်လို့ ကိုယ်ပျောက်လွှတ်တော်အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ဂန္ဓီခန်းမကြေညာချက် အပါအဝင် NLD ရဲ့ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ်တွေ လည်း စစ်အစိုးရရဲ့ ၁/၉ဝ ကြေညာချက်အပါအဝင်ဖိနှိပ်မှုအဆင့် ဆင့်အောက်မှာ ပျောက်ကွယ်ခဲ့ရပြီး လွှတ်တော်ကို ဇွတ်ခေါ်လို့မရဘူး ဆိုတဲ့ ခေါင်းစီးနဲ့ သတင်း စာဆောင်းပါး တွေ ကိုလည်း စစ်အစိုးရ သတင်းစာ တွေက ဖော်ပြခဲ့ကြပါတယ်။
ဆိုင်းဘုတ်နီကြီးတွေ ထောင်တဲ့ စစ်အစိုးရ။ Peter Charlesworth

ဒီလွှတ်တော်အမတ်တွေထဲမှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးတို့ တော့မပါဝင်ပါဘူး။ ရွေးကောက်ပွဲမတိုင်ခင် ၁၉၈၉ ကတည်းက သူတို့ကို နေအိမ်အကျယ်ချုပ်ချထားပြီး ဒေါ် အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်လောင်း လျှောက်လွှာကိုလည်း တစညပါတီဘက်ကကန့်ကွက်လို့ ရွေး ကောက်ပွဲဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ငြင်းပယ်ခံခဲ့ရပါတယ်။

တကယ်တော့ ဒီရွေးကောက်ပွဲဟာ ဦးကြည်မောင်ရဲ့ ဦးဆောင်မှုအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပြီး အေးရှားဝိမဂ္ဂဇင်းပါ ဦးကြည်မောင်ရဲ့ပြောစကားကို အကြောင်းပြပြီး စစ်အစိုးရဘက်က အာဏာလွှဲဖို့ ငြင်းဆန် တာတွေ ဖြစ်လာခဲ့ပါတယ်။ တခြားဘက်က လည်း ဖွဲ့စည်းပုံအသစ်ဆွဲဖို့ဆိုပြီး အမျိုးသားညီလာခံခေါ်တာတွေ ရှိလာပါတယ်။ ဒီအခြေအနေတွေကြားက အနှစ် ၂ဝ နီးပါး ဖြတ်သန်း ခဲ့ရတဲ့ လွှတ်တော်အမတ်တွေရဲ့ အ ကြောင်း ကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

တပ်မှူးကြီးများ

ဦးကြည်မောင်နဲ့ တကွ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးချစ်ခိုင် စတဲ့ စစ်အရာရှိဟောင်းကြီးတွေဟာ လွတ်လပ်ရေး ကြိုး ပမ်းမှုအဆင့်ဆင့်မှာ ပါဝင်ခဲ့ပြီး တပ်မတော်တာဝန်နဲ့ အစိုးရတာဝန်တွေ ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပါ တယ်။ လမ်းစဉ်ပါတီခေတ်မှာ သူတို့အငြိမ်းစားပေး ခံရတာတွေ ရှိလာပြီး ၁၉၈၈ မှာ တပ်မှူးဟောင်းများ၊ မျိုးချစ်ရဲဘော် ဟောင်းများအဖြစ် ပြန်လည်ထွက်ပေါ်လာတဲ့သူတွေ ဖြစ်ကြပါတယ်။

တပ်မှူးဟောင်းတိုင်း NLD ခေါင်းဆောင်ဖြစ်မလာပေမယ့် NLD မှာ တပ်မှူးဟောင်းတွေ နေရာရခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတ်သိပညာရှင်အုပ်စုထက် တပ်မှူးဟောင်းအုပ်စုက နောက်ပိုင်းမှာ ပိုသြဇာညောင်း လာတာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျ တဲ့နှစ်တွေ အ တွင်း ဦးကြည်မောင်၊ ဦးအောင်ရွှေ၊ ဦးလွင်စတဲ့ တပ်မှူးဟောင်းတွေက တာဝန်ယူပြီး ပါတီကို ခေါင်းဆောင် ခဲ့ ကြ ပါတယ်။
ဦးကြည်မောင်ကြောင့် အာဏာမလွှဲဖြစ်လို့ဆိုကြ၊ Yvan Cohen
 
ဦးကြည်မောင်ဟာ ၁၉၆၂ အာဏာသိမ်းစမှာ တိုင်းမှူးတာဝန်က ဖယ်ရှားခံရတဲ့ ဗိုလ်မှူးကြီးဟောင်းဖြစ်ပါတယ်။ သူဟာ ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရရဲ့ ဖမ်းဆီးမှုတွေ ခံခဲ့ရသလို နဝတ စစ်အစိုးရလက်ထက်မှာလည်း အကြိမ် ကြိမ် ထောင်သွင်းအကျဉ်းချခံခဲ့ရပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲအပြီး သတင်းထောက် ဒေါမနစ်ဖောင်ဒါနဲ့ တွေ့ ဆုံခန်းမှာ နူရင်ဘတ်ခုံရုံးမှာ ရုံးတင်ခံရတဲ့ ဂျာမန်တွေ ဘယ်လောက် ရှိလို့လဲ ပြောခဲ့လို့ ဆိုပြီး စစ်အစိုးရ အတွင်း ရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်က သတိပေးပြောဆိုခဲ့ပါတယ်။ သူ့ကြောင့် အာဏာလွှဲပြောင်းရေး မဖြစ် မြောက် ခဲ့ဘူး ဆိုကြပေမယ့် မထင်မှတ်ဘဲ NLD အောင်နိုင်မှုကြောင့် စစ်အစိုးရဘက်က လွှဲပြောင်းဖို့ ရှောင်လွှဲ ခဲ့တယ်လို့ လည်း ဆိုကြပါတယ်။ နောက်ပိုင်းမှာ NLD တာဝန်ကနေ အနားယူပြီး ဦးကြည်မောင် ကွယ်လွန်သွား ခဲ့ပါတယ်။

ထောက်လှမ်းရေးအကြီးအကဲ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်၊Peter Charlesworth

သူ့ရဲ့ ယောက်ဖ ဦးလွင်နဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ရွှေတို့ကလည်း NLD မှာ နှစ်ပေါင်းများစွာ အတွင်းရေး မှူး၊ ဥက္ကဋ္ဌ တာဝန်တွေနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ကို စည်းကမ်းတင်းကျပ်တဲ့ အဘိုးကြီးတွေ၊ ပါတီတွင်း ထိန်းချုပ်မှု လွန်ကဲသူတွေလို့ လူငယ်ပိုင်းက ဝေဖန်ခဲ့ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်ကိုးစား မှုကို ရခဲ့သူတွေ ဖြစ်ကြပါတယ်။

သူတို့နဲ့ ခေတ်ပြိုင် စစ်အရာရှိဟောင်းအများအပြား လမ်းစဉ်ပါတီက ပြောင်းလဲလိုက်တဲ့ တစညပါတီမှာ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် တပါတီလုံးမှ ၁ဝ ယောက်ပဲ နိုင်ခဲ့ပါတယ်။ NLD အမတ်ဖြစ်ခဲ့တဲ့ တပ်မှူးဟောင်း တွေ ထဲမှာ ဦးလွန်းတင်၊ ဦးရွှေ၊ ဦးစံဝင်း စတဲ့ ဝန်ကြီးဟောင်းတွေ ပါသလို တချို့လည်း ပါတီက နုတ်ထွက်သွား တာကို တွေ့ရပါတယ်။
NLD ရဲ့ ဝါရင့်ခေါင်းဆောင်များ၊ AFP

နိုင်ငံရေးသမားများ

NLD မှာ အရင် ဖဆပလခေတ်က နိုင်ငံရေးသမားတွေနဲ့ သခင်ဟောင်းတချို့ ပါဝင်တာကိုလည်း တွေ့ရပါ တယ်။ တပ်မှူးဟောင်းတွေ လောက် ရှေ့မထွက်ခဲ့ပေမယ့် သခင်စိုးမြင့်၊ ဦးလှဖေ၊ ဦးသန်းထွန်း စတဲ့ နိုင်ငံရေး သမားကြီး တွေဟာ ပါတီဗဟိုအလုပ်အမှုဆောင် တာဝန်တွေ ယူခဲ့ကြသလို လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP မှာ လည်း ပါဝင်ခဲ့ကြပါတယ်။ ကော့မှူးအမတ် မြောင်းမြဘဆွေ ဟာလည်း နိုင်ငံရေး လက်ဟောင်းထဲက ဖြစ်ပါ တယ်။ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သခင်၊ ဖဆပလနဲ့ လမ်းစဉ်ပါတီဝင်ဟောင်း နိုင်ငံရေးသမားတွေ လည်း NLD အမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။

နောက် ၁၉၅ဝ၊ ၁၉၆ဝ ပြည့်နှစ်တွေက တက္ကသိုလ်နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ကျောင်းသားခေါင်းဆောင် တချို့လည်း NLD ကနေ ဝင်အရွေးခံတာကို တွေ့ရပါတယ်။ ခရမ်းဦးတင်မောင်ဝင်း၊ ဘဏ်ဦးအုန်း မောင် စတဲ့ ဒီလက်ဝဲသမားတွေကို စစ်အစိုးရက နှစ်ရှည်ထောင်ချ ခဲ့သလို ထောင်ထဲ မှာပဲ ကွယ်လွန်ခဲ့ကြသူတွေလည်း ရှိပါ တယ်။ သမဂ္ဂခေါင်းဆောင်ဟောင်းတွေထဲက သတင်းစာဆရာ ဦးစိုးသိန်းခေါ် မောင်ဝံသလည်း လွှတ်တော်အ မတ် ဖြစ်လာပြီး ထောင်အကျဉ်းကျခံခဲ့ရပါတယ်။
NLD အမတ်လောင်း မင်းသုဝဏ်ရဲ့ လက်ကမ်းကြော်ငြာ၊  Ludu Collection

ပညာရှင်များ

NLD က ရွေးချယ်လိုက်တဲ့ ပညာရှင် ပါမောက္ခတွေထဲမှာ အထင်ရှားဆုံးက ခေတ်စမ်းကဗျာဆရာကြီး မင်းသု ဝဏ် ဖြစ်ပါတယ်။ အသက် ၈၁ နှစ်အရွယ် မြန်မာစာပါမောက္ခဟောင်း ဦးဝန်ခေါ် မင်းသုဝဏ်ဟာ အရင်က နိုင်ငံ ရေးမှာ ပါဝင်တက်ကြွမှု မရှိခဲ့ပေမယ့် သူ့ရဲ့ သပြေညို ကဗျာဟာ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အရေးကြီးတဲ့ လှုံ့ ဆော်ကဗျာတပုဒ် ဖြစ်ခဲ့ပါတယ်။ ၁၉၆ဝ ကျော် ကျောင်းသားလှုပ်ရှားမှုတွေ အထိ မင်းသုဝဏ်ဟာ ကဗျာနဲ့ အား ပေး ထောက်ခံတာတွေ လုပ်ခဲ့ပါတယ်။ သူ အမတ်အရွေးခံရပြီးနောက်ပိုင်းမှာတော့ သူ့ကလောင်ကို စစ်အစိုးရ က ပိတ်ပင်တာ၊ သူ့အမည်ကို စာနယ်ဇင်းမှာ ဖော်ပြခွင့်မပြုတာတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံး အမတ်အဖြစ် က ဖိအားပေး နုတ်ထွက်ခိုင်းခဲ့ပါတယ်။ သူမရှိတဲ့နောက် ၂ဝ၁၆ မှာ သူ့သား ဦးထင်ကျော်က NLD အစိုးရခေတ် သမ္မတ ဖြစ်လာပါတယ်။

တခြားပညာရှင်အမတ်တွေထဲမှာ အမေရိကန်က မဟာဝိဇ္ဇာဘွဲ့ရတဲ့ ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်း ဦး ထွန်းကြွယ်နဲ့ ဂျာမနီက သင်္ချာပါရဂူဘွဲ့ရပြီး သီရိလင်္ကာနဲ့ ကင်ညာမှာ ကထိကလုပ်ခဲ့တဲ့ဒေါက်တာ စိန်ဝင်းတို့ ပါဝင်ပါတယ်။ မန္တလေး အရှေ့တောင်အမတ် ဦးထင်ကျော်ကတော့ နယူးဒေလီမှာ နိုင်ငံတကာရေးရာ ပါရဂူ တန်း ထိ ဆည်းပူးခဲ့သူ ဖြစ်ပါတယ်။

မန်ချက်စတာ တက္ကသိုလ်က မဟာသိပ္ပံဘွဲ့ရ ကျန်းမာရေးပညာပေး စာအုပ်တွေ ရေးခဲ့တဲ့ ဒေါက်တာအောင်ခင် ဆင့်ဟာလည်း မင်္ဂလာ တောင်ညွန့် လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။ ဒေါက်တာအောင်ခင်ဆင့်ဟာ အမျိုးသား ညီ လာခံကို ဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေ ထုတ်မှုနဲ့ ညီလာခံက ထုတ်ပယ် ခံခဲ့ရပါတယ်။
အဝေးရောက်အစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ Brendan Smialowski

နောက် ထင်ရှားတဲ့ ပညာရှင်အမတ်တွေထဲမှာ စာရေးဆရာတွေလည်း ပါပါတယ်။ ဘောဂဗေဒအထူးအရာရှိ အ ဖြစ် ဗိုလ်ချုပ်ကြီးနေဝင်း ဆီမှာ အမှုထမ်းဖူးတဲ့ မောင်စူးစမ်းခေါ် ဦးချမ်းအေးလည်း NLD မော်လမြိုင် အမတ် ဖြစ် ပြီး အကျဉ်းကျပြီးနောက် ပြန်နုတ်ထွက်ခဲ့တာကို တွေ့ရပါတယ်။ မကွယ်လွန်ခင် မှာတော့ မောင်စူးစမ်းဟာ စစ် အစိုးရပြဋ္ဌာန်းတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ကျင်းပတဲ့ ရွေးကောက်ပွဲကို တခုတည်းသော ထွက်ပေါက်အဖြစ် တိုက် တွန်းနှိုးဆော်ခဲ့ပါတယ်။ ဗန်းမော်က ဦးပုထွေးခေါ် ဗန်းမော်ညိုနွဲ့ဟာလည်း ထင်ရှားတဲ့ ကဗျာဆရာ NLD အမတ် ဖြစ်ပြီး စာရေးသားခွင့် ပိတ်ပင်ခံခဲ့ရလို့ သူ့ကဗျာတွေကို ဘီဘီစီ၊ ဗီအိုအေ ရေဒီယိုတွေကနေ ထုတ်လွှင့်ခဲ့ပါတယ်။ စာပေ လောက စာအုပ်တိုက် ပိုင်ရှင် သခင်ခင်ညွန့်လည်း NLD ရေနံချောင်းအမတ် ဖြစ်ခဲ့ပြီး အမျိုး သားစာပေ ဆုရ ကျွန်တော့်သားကြီး သေမင်းနှင့် စစ်ခင်းသူ စာအုပ် ရေးသူ ဒေါက်တာအုန်းမောင်က မိုးမိတ် အမတ် ဖြစ်ပါ တယ်။

နောက် NLD မှာ ပါတဲ့ အလွှာတခုကတော့ အရာရှိဟောင်းများနဲ့ ဆရာဝန် ရှေ့နေ အင်ဂျင်နီယာများ ဖြစ်ပါ တယ်။ ဒီထဲမှာတော့ ဟားဗတ်တက္ကသိုလ်က မဟာဘွဲ့ရတဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးညွန့်ဝေ၊ အမေ ရိကန်ပြန် ဗိသုကာ ဦးကျော်မင်း၊ ဒေါက်တာ မြင့်နိုင်၊ ဒေါက်တာဇော်မြင့်မောင်စတဲ့သူတွေ ပါပါတယ်။ အရွေး ခံ အမတ်တွေထဲမှာ တပ်သားဟောင်း ၄၂ ယောက်၊ အရပ်ဘက် ဝန်ထမ်းဟောင်း ၁၄၅ ယောက်၊ ရှေ့နေ ၅၄ ဦး၊ ဆရာဝန် ၅ဝ နဲ့ အရပ်သား ၁၉၄ ယောက်ပါတယ်လို့ ဦးခင်ကျော်ဟန် စာအုပ်အရ သိရပါတယ်။ ဒီထဲမှာ စီးပွား ရေးလုပ်ငန်းရှင်တွေနဲ့ ရပ်ရွာမှာ ထင်ရှားတဲ့ လူမှုဝန်ထမ်းသမားတွေလည်း ပါပါတယ်။
၁၉၈၈ နောက်ပိုင်း SNLD ပါတီပေါ်ထွန်းလာ၊ SNLD

လူမျိုးစုခေါင်းဆောင်များ

၁၉၉ဝ မှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား လူမျိုးစုပါတီတွေကနေ ရွေးကောက် တင် မြှောက်ခံရတဲ့ အမတ် တွေလည်း ရှိခဲ့ပါတယ်။ ဒီထဲက SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦးနဲ့ ALD ရခိုင်ဒီမိုကရေ စီအဖွဲ့ ချုပ် က ဦးအေးသာအောင်၊ ဇိုမီးအမျိုးသား ကွန်ဂရက်က ပူကျင့်ရှင်းထန်၊ မွန်အမျိုးသားဒီမိုကရေ စီအဖွဲ့ က နိုင်ထွန်း သိန်း စတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ ပေါ်ထွက် လာပါတယ်။ ဒီခေါင်းဆောင်တွေဟာ NLD နဲ့အတူ ၁၉၉၈ မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP ဖွဲ့ရာမှာလည်း ပါဝင်ခဲ့ကြပါတယ်။ ပါတီ ၁၁ခုကကိုယ်စား လှယ် ၂ဝ ပါတဲ့ ဒီကော်မတီက ALD ဥက္ကဋ္ဌ ဒေါက်တာစောမြအောင်ကို လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ပါ တယ်။ ဒေါက်တာစောမြအောင်ဟာ မန္တလေးဆေးရုံအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒေါ် အောင်ဆန်း စုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဟောင်း ဒေါက်တာတင်မာအောင်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။

အဲဒီအဖွဲ့မှာ အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီက ရိုဟင်ဂျာအမတ် ဦးကျော်မင်းလည်း ပါဝင်ခဲ့ပါ တယ်။
ဝါရင့်အမျိုးသမီးအမတ် ဒေါ်ခင်စန်းလှိုင်၊YE AUNG THU

အမျိုးသမီးအမတ်များ

NLD လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးအမတ်တွေပါဝင်ပြီး ၁၅ ယောက် ရှိပါတယ်။ ဒီထဲကဒေါက် တာ မေဝင်းမြင့်၊ နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဌေးကြွယ်နဲ့ ဒေါ်ခင်စန်းလှိုင် တို့ဟာ ၂ဝ၂ဝ ရွေးကောက်ပွဲအထိ သုံး လေးကြိမ်တိုင် ပြန်လည်တင်မြှောက်ခံရသူ တွေ ဖြစ်ပါတယ်။ စာရေးဆရာမ ရွှေကူမေနှင်းခေါ် ဒေါ်စံမေ လည်း ၁၉၉ဝ ရွေးကောက်ပွဲမှာ တင်မြှောက်ခံခဲ့ရပါတယ်။ ဒေါ်စံမေဟာ သူ့ရဲ့ နိုင်ငံရေးအကျဉ်းသူဘဝ အတွေ့ အကြုံ တွေကို အကျဉ်းစံမိန်းမများ၊ အင်းစိန်မှတ်တမ်း နာမည်တွေနဲ့ ရေးသားထုတ်ဝေခဲ့ပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်တွေကို မြန်မာ့အသံက ကြေညာချိန်က ဆိပ်ကမ်းမြို့နယ်ကိုယ်စားလှယ် ဒေါ်စန်းစန်း အမည်ကနေ စတင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယရောက် ဒေါက်တာတင့်ဆွေ၊Hindustan Times


နရသိန်နဲ့မဲဇာ

နဝတ၊ နအဖစစ်အစိုးရခေတ် နိုင်ငံရေးဖိနှိပ်မှုတွေအတွင်း ဒီအမတ်အများစု ရာထူးက နုတ်ထွက်တာ၊ ထုတ် ပယ် ခံရတာတွေ ရှိခဲ့ပါတယ်။ တချို့လည်း အကြောင်းအမျိုးမျိုးနဲ့ ထောင်ချခံခဲ့ရပါတယ်။ ဒီထဲကမင်္ဂလာတောင်ညွန့် အမတ် ဒေါက်တာသန်းအောင်ကို ဆေးထိုးမှားလို့ လူနာသေတယ်ဆိုပြီး အာဏာပိုင်တွေ လက်သပ်မွေး ထားတဲ့ ကြံ့ခိုင်ရေးတွေကတိုင်လို့ ထောင် ၁၄ နှစ်ချခံရတယ်လို့ ဦးခင်ကျော်ဟန်ရဲ့ ၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှတ်တမ်း စာအုပ်မှာ ပါပါတယ်။

နောက် အန်စီဂျီယူဘီခေါ် အဝေးရောက်ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ထိုင်းနယ်စပ်ကို အမျိုးသားဒီမိုကရေစီပါတီ အ မတ် ဒေါက်တာစိန်ဝင်းနဲ့ အမတ်တချို့ ထွက်သွားခဲ့ကြပါတယ်။ ဒီထဲက အမတ်တချို့နဲ့ အိန္ဒိယရောက် ဒေါက် တာ တင့်ဆွေတို့ဟာ အဝေးရောက်အစိုးရ ဝန်ကြီးတွေ ဖြစ်လာကြပါတယ်။ ဒီဝန်ကြီး တွေထဲက ရေဦးအမတ် ဦးဝင်းကို ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့က ဟိုတယ်တခုမှာ ၁၉၉၃ က သတ်ဖြတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ အဝေးရောက်အစိုးရ မှေးမှိန်သွား ပေမယ့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းဟာ မြန်မာ ပြည်ကို အစ်မဝမ်းကွဲဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လက်ထက် ၂ဝ၁၉ ကျမှ ပြန်လာလို့ ရခဲ့ပါတယ်။
NLD က ခွဲထွက်တဲ့ NDF ဦးခင်မောင်ဆွေ၊Jonas Gratzer

စန္ဒဂုတ်တိုက်စစ်

အမတ်တွေ NLD ပါတီက နုတ်ထွက်ပယ်ဖျက် ခံရတာတွေ ရှိသလိုပဲ NLD ထဲက အမတ်တွေ သဘောကွဲပြီးထွက် တာတွေလည်း ရှိပါတယ်။ ဒီလိုထွက်တဲ့အထဲက ဝံသာနု NLD ထောင်သူ ရှိသလို တသီးပုဂ္ဂလကိုယ်စား လှယ် အဖြစ် အမျိုးသားညီလာခံ ဆက်တက်တဲ့ မင်္ဂလာဒုံက ဦးတင်ထွန်းမောင်လိုလူတွေလည်း ရှိပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအတည်ပြုပြီးနောက်မှာတော့ အမတ်တွေကြား သဘောကွဲမှုတွေ ပိုများလာပါတယ်။ နအဖ အစိုး ရလုပ်တဲ့ ရွေးကောက်ပွဲ ကို ဝင်ပြိုင်လိုသူတွေက NDF အမျိုးသားဒီမိုကရေစီအင်အားစုအမည်နဲ့ ပါတီသစ်ထောင် ပါတယ်။ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့် ၊ ဦးစိန်လှဦး စတဲ့ NLD ထဲက ဒုတိယတန်း ခေါင်း ဆောင်တွေ ပါတီသစ်ကို ရောက်သွားပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ပြိုင် ပေမယ့်လည်း ၁၆ နေရာပဲ ရ ကာ ကြံ့ခိုင်ရေးကပဲ အများစု နိုင်ခဲ့ပါတယ်။
NLD မှာ ကျန်ရစ်တဲ့ ဦးဟံသာမြင့်၊ Jonas Gratzer

ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်းစတဲ့ မှာ ကျန်ခဲ့သူများကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး နောက်ပိုင်း NLD ပါတီ ပြန်မှတ်ပုံတင်ပြီး ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရာကနေ လွှတ်တော်ထဲ ရောက်လာ ခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ အပြတ်အသတ် နိုင်ပြီးနောက် NLD အစိုးရ ဖွဲ့နိုင်ခဲ့ပေမယ့်လည်း ၂ဝ၂ဝ ရွေး ကောက်ပွဲမှာတော့ မဲစာရင်းကိစ္စ အငြင်းပွားရာကနေ လွှတ်တော် စမယ့်နေ့မှာ တပ်အာဏာသိမ်းတာကို ခံရ ပါ တယ်။
NLD က ထွက်ခဲ့တဲ့ အမတ်တစု၊ Peter Charlesworth

အမတ်ပြန်ပေးဆွဲ

နှစ် ၃ဝ ကျော်ခဲ့ပေမယ့် ၁၉၉ဝ က လွှတ်တော်မခေါ်နိုင်ခဲ့တဲ့ဖြစ်ရပ်က မြန်မာ့နိုင်ငံရေးမှာ ရိုက်ခတ်ဆဲ ဖြစ်ပါ တယ်။ မကြာခင်က ဖြစ်တဲ့ ရွေးကောက်ပွဲအငြင်းပွားမှုတွေနဲ့ အာဏာသိမ်းပွဲကြောင့်လည်း အရပ်သား နိုင်ငံရေး မှာ တပ်က ဝင်ပြီးချုပ်ချယ်တာတွေ ပိုဆိုးလာလေ မလား ဆွေးနွေးစရာတွေ ဖြစ်နေပြန်ပါတယ်။

၁၉၉၆ က NLD ပါတီအစည်းအဝေးအတွက် အမတ်တွေကို ရန်ကုန်ခေါ်ရာမှာ ၂၃၈ ယောက် အဖမ်းခံခဲ့ရပါ တယ်။ စင်ပြိုင်အစိုးရ ဖွဲ့မှာ စိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးလှုပ်ရှားမှုရှိတိုင်း အမတ်တွေကို နယ်က တပ်စ ခန်းတွေမှာ ခေါ်ယူထိန်းသိမ်းတာတွေကြောင့် လည်း နုတ်ထွက်တာတွေ ဖြစ်ခဲ့ပါတယ်။ သုံးနှစ်ထိ ထိန်း သိမ်းခံရ တဲ့ အမတ်တွေတောင် ရှိခဲ့ပါတယ်။ နောက် အမတ်မိသားစုတွေကို ဖိအားပေးတာနဲ့ စီးပွားရေး လုပ်ငန်း တွေကို ပိတ်ပင်တာတွေလည်း ရှိခဲ့ပါ တယ်။ ဒီလို အစဉ်အလာရှိခဲ့တဲ့အတွက် ၂ဝ၂ဝ ရွေးကောက်ပွဲက အမတ်တွေကို စစ်အစိုးရသစ်က ဘယ်လိုသဘောထားမလဲ ပူပန်စရာ ဖြစ်နေပါတယ်။
ရွေးကောက်ပွဲနှစ်လည် NLD ရုံးချုပ်မြင်ကွင်း၊KHIN MAUNG WIN

တခါ အမတ်တွေကို အယုံအကြည်မရှိကြောင်း ထောက်ခံပွဲတွေလုပ်တာ၊ လက်မှတ်ကောက်တာတွေကိုလည်း အရင်စစ်အစိုးရခေတ် တလျောက်မှာ တွေ့ခဲ့ရပါတယ်။ အာဏာပိုင်တွေဟာ ကိုယ်အလိုမကျတဲ့ ရွေးကောက်ပွဲ ရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ ရလဒ် ဖြစ်လာနိုးနိုးနဲ့ အသစ်ပြန်လုပ်လိုက် လုပ်နေရင် တိုင်းပြည်အနာ ဂတ်ကို ကလေးကစားရာ ရောက်မယ်ဆိုပြီး ဒေါ်အောင်ဆန်း စုကြည် ကလည်း ၁၉၉၈ က ပြောခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲ လုပ်ပြီး လွှတ်တော်မခေါ်ပေးတဲ့ဖြစ်ရပ်၊ ဖျက်သိမ်းပစ်တဲ့ ဖြစ်ရပ်တွေဟာ ဒီမိုကရေစီ အသားမ ကျ တဲ့ နိုင်ငံတွေရဲ့ အားနည်းချက်ဖြစ်ပြီး နိုင်ငံတည်ငြိမ်မှုကိုလည်း ထိခိုက်စေပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံတင်ခွင့်ရ ၂၃၆ ဖွဲ့ရှိပြီး တဖြည်းဖြည်း ဖျက်သိမ်းမှုနဲ့ အဖျက်ခံရမှုတွေ ကြောင့် နောက်ဆုံးမှာ ဆယ်ပါတီပဲ ကျန်ရစ်ခဲ့ပါတယ်။
NLD ကို အာဏာလွှဲမပေးဘဲ ၁၈ နှစ် အုပ်ချုပ်သွားသူ ဗိုလ်ချုပ်ကြီးများ၊STR

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */