“အမေရိကန် ပြည်ထောင်စုအနေနဲ့ အဓိကအခန်းကဏ္ဍက ဦးဆောင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါ တယ်။ ဖြစ်ခဲ့တာတွေအပေါ် ဖြစ်တဲ့အတိုင်း တရားဝင် အသိအမှတ်ပြု သုံးနှုန်းပြောဆိုတာမျိုးကအစ လုပ်နိုင် တာတွေလည်း တော်တော်များများ ရှိပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ် မှုအဖြစ် သတ်မှတ်ဖို့နဲ့ နောက်ဆက်တွဲ သံတမန်ရေးအရ အရေးတကြီး ဆောင်ရွက်တာတွေ အပါအဝင် တခြား အရေးယူ ဆောင်ရွက်တာတွေ လုပ်သွားဖို့လည်း လိုပါတယ်။”
ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်ဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေက တိုက်တွန်းတာတွေ ရှိနေပေမဲ့ အမေရိကန် အစိုးရ ကတော့ လက်ခံမထားပါဘူး။ ဒါပေမဲ့လည်း မကြာခင် အစိုးရသစ် လက်ထက်မှာတော့ ဒီမူဝါဒကို ပြောင်းလဲ ဖို့လည်း Refugees International အဖွဲ့အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေ တွန်းအားပေး နေကြတာပါ။
အထူးသဖြင့် ရွေးကောက်ခံသမ္မတ Biden အစိုးရသစ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာကြမယ့် သူ တွေ အနေနဲ့ ရိုဟင်ဂျာအရေး အပါအဝင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာရုံစိုက်တဲ့ မှတ်တမ်းတွေ ရှိခဲ့ဖူးတာ ကြောင့် မူဝါဒသစ်တွေကို အကောင်အထည် ဖော်နိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။ ရွေးကောက်ခံ ဒုသမ္မတ Kamala Harris နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အဆိုပြုခံထားရတဲ့ Anthony Blinken အပြင် အမေရိကန် နိုင်ငံ တ ကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အကြီးအကဲအဖြစ် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဟောင်း Samantha Power တို့လို ပုဂ္ဂိုလ်တွေ အနေနဲ့ ရိုဟင်ဂျာအရေးမှာ တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း Refugees International အဖွဲ့က Daniel Sullivan ကပြောပါတယ်။
SEE ALSO:
ရိုဟင်ဂျာတွေကို ဒီနှစ်အစောပိုင်း မြန်မာပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် လိုလား
“အဆင့်မြင့်ရာထူးတာဝန် ထမ်းဆောင်ကြမယ့် သူတွေရဲ့ ပြောဆိုချက်တွေကြောင့် ကျနော်အားရကျေနပ်မိတ် တာတွေ ရှိပါတယ်။ Biden အစိုးရအဖွဲ့မှာ ပထမဆုံးအနေနဲ့ Kamala Harris ဟာဆိုရင်လည်း အထက်လွှတ် တော် အမတ် ဘဝမှာတုန်းက မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကို ပူးတွဲတင်သွင်းဖူးပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အဆိုပြုခံထားရတဲ့ Anthony Blinken ဟာ ဆိုရင်လည်း ရိုဟင်ဂျာတွေ တိုက်ခိုက် ခံရမှုတွေ စခဲ့တဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာအရေး တာဝန်ခံ မှုရှိဖို့နဲ့ နိုင်ငံသားအခွင့်အရေး ရရှိဖို့ Twitter လူမှုကွန်ယက်ကနေ တောင်းဆိုခဲ့ဖူးပါတယ်။ Samantha Power ဟာလည်း အစိုးရအဖွဲ့မှာ ပါလာဖို့ ရှိတာကြောင့် ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ လိုလိုလားလား ပြောဆိုကြသူတွေ တော်တော်များများ အစိုးရအဖွဲ့သစ်မှာ ပါလာကြတော့မှာပါ။”
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အ စွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပါတယ်။ ရိုဟင်ဂျာဆို တဲ့ အသုံး အ နှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ နိုင်ငံတကာနဲ့ လူ့ အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကို စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။
Refugees International အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ အမေရိကန်က ဦးဆောင်ပြီး ရိုဟင်ဂျာတွေအပေါ် လူ့အ ခွင့် အရေး ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူဒဏ်ခတ်တာတွေ အပါအဝင် ဖိအားပးဖို့ လည်း တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာပဲ ဒုက္ခသည်တွေ လုံခြုံမှုရှိရှိနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင် အောင် သံတမန်ရေးနည်းလမ်းတွေနဲ့ ကြိုးပမ်းနိုင်တာတွေ ရှိတယ်လို့လည်း ထောက်ပြထားပါတယ်။
Refugees International အဖွဲ့ရဲ့ အစီရင်ခံစာကို ဦးဆောင်ပြုစုခဲ့တဲ့ Daniel Sullivan ကို Skype ကနေ ဆက် သွယ်မေးမြန်းချက် အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းတနင်္ဂနွေနေ့ညနဲ့ တနင်္လာနေ့မနက် အစီအစဉ် တွေ မှာ အပြည့်အစုံ နားဆင်နိုင်ကြောင်းလည်း ကြိုတင်အသိပေးချင်ပါတယ်။
No comments:
Post a Comment