ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ၂၀၂၁ ခုနှစ်မှာ စတင်ဖို့ မျှော်လင့် ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဆီကို ပေးပို့တဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ ရေးသားထားတယ်လို့ ဘင်္ဂ လားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး AK Abdul Momen က ပြောပါတယ်။
ကုလသမဂ္ဂမှာ ရိုဟင်ဂျာ ဒုက္ခသည်ဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြု ချမှတ်ပြီး ရက်ပိုင်းအတွင်းမှာ ဘင်္ဂ လားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ အခုလို ပြောကြားလိုက် တာပါ။
အဲဒီ နှစ်သစ်ကူး သဝဏ်လွှာကို နိုင်ငံတော် အတိုင်ပင်ခံရုံးကို ပေးပို့ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင်၊ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ဂျပန်နိုင်ငံကလည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း၊ ဂျ ပန်နိုင်ငံက မြန်မာနိုင်ငံ မှာရင်းနှီးမြှုပ်နှံမှုတွေအကြီးအကျယ်ပြုလုပ်နေကြောင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကလည်း ဒုက္ခသည်တွေနေရပ်ပြန်ရေး ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ အားလုံးက ဒီ အကျပ်အတည်းကို ပြီး ဆုံးစေချင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်ကိုဒီနှစ်ထဲ စချင် ကြောင်းဘင်္ဂလား ဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အစိုးရအနေနဲ့ ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂ လားဒေ့ရှ်နဲ့နှစ်နိုင်ငံသဘော တူ စာချုပ် ချုပ်ဆိုထားခဲ့ပေမယ့် အခုအချိန်အထိ နေရပ်ပြန်ရေး အစီအစဉ်စတင် နိုင်ခြင်း မရှိသေးပါဘူး။
နေရပ်ပြန်ရမှာကို ဒုက္ခသည်တွေ စိုးရိမ် ကြောက်လန့်နေတဲ့အပေါ် မေးမြန်းချက်ကိုတော့ ဒုက္ခသည်တွေ အ ကြား မငြိမ်မသက် ဖြစ်နိုင်ချေရှိ နေကြောင်း၊ အဲဒီလို ဖြစ်လာရင် အားလုံးအတွက် အဆင်ပြေမှာမဟုတ်ကြောင်းလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးMomenက ပြောပါတယ်။
၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အတည်ပြုခဲ့တဲ့ ရိုဟင်ဂျာနဲ့ တခြား လူနည်းစုတွေရဲ့ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်က ကမ္ဘာ့စင်မြင့်မှာ ခိုင်မာတဲ့ အခွင့်အာဏာ အသစ် တစ်ခုကို အပ်နှင်းလိုက်တာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီး Momen ကို ကိုးကားပြီး India Today သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၃၀ ကျော်က ထောက်ခံခဲ့ပြီး ရုရုား၊ တရုတ်နဲ့ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံက ကန့်ကွက် ခဲ့ကြသလို ဂျပန်နဲ့ အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက ကြားနေခဲ့ကြပါတယ်။
ဆုံးဖြတ်ချက်ကို မဲပေးတဲ့နိုင်ငံအားလုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေကိုရှင်းလင်း တဲ့ သံတမန်ရေး စာတွေ ပေးပို့ခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Momenက ပြောပါတယ်။
Link :here

No comments:
Post a Comment