By ဇင်လင်းထက်
21 January 2021
ဘင်္ဂလားဒေ့ရှ် အစိုးရအနေနှင့် နေရပ်စွန့်ခွာသွားသော ဟိန္ဒူ ၄၀၀ ကျော်ကို ပြန်ပို့ပေးရန် ဆန္ဒရှိသော်လည်း ဟိန္ဒူ ဘာသာ ဝင်များ သီးသန့်ပြန်ပို့ပေးရန် ကိစ္စအပေါ် စိုးရိမ်ပူပန်နေပုံရကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန် ကြီး ဌာန အမြဲတမ်း အတွင်း ဝန် ဦးချမ်းအေးက ဧရာဝတီသို့ ပြောသည်။
“မွတ်စလင်တွေ ပြန်မပို့သေးဘဲနဲ့ ဟိန္ဒူတွေပဲ စုပြီး ပို့ပေးလိုက်ရတဲ့ဟာမျိုးက သူတို့အတွက် နည်းနည်းအပြော ခံ ရမယ့်ဟာ မျိုး ဖြစ်မှာ စိုးရိမ်နေတာပါ။ ဒါက သူတို့ ပြဿနာပါ။ ကျနော်တို့ကတော့ စိစစ်ပြီးတဲ့ လူတွေကို လက်ခံဖို့ အဆင်သင့်ပါပဲ” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများ၌ နေရပ်စွန့်ခွာသူများ ပြန်လာရေးကို အနှောင့်အယှက်ပေး နေ သော ARSA (အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်) အဖွဲ့နှင့် ဘင်္ဂါလီ မူးယစ်ဂိုဏ်းများကို ဖော်ထုတ် အ ရေးယူပေးရန်လည်း မြန်မာ ဘက်က တောင်းဆိုခဲ့သေးသည်။
ယင်းတောင်းဆိုချက်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်က ၎င်းတို့နိုင်ငံ၏ မြေပေါ်တွင် မည်သည့် အကြမ်း ဖက် အဖွဲ့ အစည်းကိုမျှ အခြေချ နေထိုင်ခွင့် မပြုထားကြောင်း၊ ဒုက္ခသည်စခန်းများအတွင် ရာဇဝတ်ဂိုဏ်းများ လှုပ်ရှားလျက် ရှိနေ သည်မှာ မမှန်ကန်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
ထို့သို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ငြင်းဆိုလေ့ရှိသော်လည်း ၂၀၂၀ အောက်တိုဘာလဆန်းပိုင်းကပင် ဘင်္ဂ လား ဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ Lambasia ဒုက္ခသည်စခန်းတွင် ARSA နှင့် Munna မူးယစ်ဆေးဝါး မှောင်ခို ဂိုဏ်းကြား အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အခြေအနေ ထိန်းသိမ်းရန် ဘင်္ဂလားဒေ့ရှ် အစိုးရက လက်နက် ကိုင်တပ်များ စေလွှတ်ခဲ့ရကြောင်း နိုင်ငံတကာသတင်းများကို ဖော်ပြကြသည်။
ARSA နှင့် Munna မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း တို့သည် မက်သာဖက်တမင်း ကုန်သွယ်ရေးကို ထိန်းချုပ်နိုင် ရေး အတွက် အပြန်အလှန် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း AFP သတင်းဌာနက စုံစမ်းရေးသားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်ကပင် ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်ရှိ နတ်မြစ် (ကုလားတန်မြစ်) အတွင်း မူး ယစ်မှောင်ခို ဂိုဏ်းတခုနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယာဘ စိတ်ကြွဆေးပြား ၅ သိန်း ၂ သောင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သေးသည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနအမြဲတမ်း အတွင်းဝန် ဦးချမ်းအေးက ဒုက္ခသည်စခန်းများတွင် ဥပဒေစိုးမိုး မှု မရှိဘဲ အကြမ်းဖက် အဖွဲ့များက ခြိမ်းခြောက်နေသဖြင့် နေရပ်စွန့်ခွာသူများသည် ၎င်းတို့၏ ဆန္ဒအမှန်ကို လွတ်လပ် စွာ ထုတ်ဖော် မပြောရဲကြကြောင်း ပြောသည်။
ထို့ကြောင့် နေရပ်စွန့်ခွာသူများ မြန်မာနိုင်ငံ ပြန်လာရေးကို ဟန့်တားနေသည့် အကြမ်းဖက်အဖွဲ့များအား ဖော် ထုတ် အရေး ယူပေးရန် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ၌ မြန်မာဘက်က တောင်းဆိုရခြင်း ဖြစ်ကြောင်း ၎င်းက ပြော သည်။
“ရှင်းရှင်းပြောရင်တော့ သူတို့ ကမ့်တွေထဲမှာ Law and Order ဖြစ်ဖို့ သူတို့လုပ်ဖို့ လိုတာပေါ့။ အဲဒါမှ ဒုက္ခသည် တွေလည်း ကောင်းကောင်းနေနိုင်မယ်။ ပြီးရင် သူတို့ဖြစ်ချင်တဲ့ဆန္ဒကို လွတ်လွတ်လပ်လပ်ပြောနိုင်မှာပေါ့” ဟု ဦးချမ်းအေးက ရှင်းပြ သည်။
မြန်မာနိုင်ငံ အခြေစိုက် အင်ကြင်းမေ ဟိန္ဒူအမျိုးသမီး ကွန်ရက်မှ ဒေါ်ကက်သလင်းသိန်း ကလည်း ဟိန္ဒူဘာ သာဝင်များ ပြန်လာနိုင်ရန် မြန်မာအစိုးရဘက်က ထည့်သွင်း တောင်းဆိုသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောကြားသည်။
“အမြဲတမ်းပဲ စဉ်းစားပေးတယ်ပေါ့။ ဒါပေမယ့် ဟိန္ဒူတွေရဲ့ ထိခိုက်နစ်နာမှုတွေ မထည့်တဲ့အတွက်ကြောင့် အဲ ဒါလေးတွေ ကို နည်းနည်း လူသိအောင် ထည့်ပေးစေချင်ပါတယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် ARSA အကြမ်းဖက်သမားများ သတ်ဖြတ်သွားသည့် ဟိန္ဒူဘာသာဝင်များ၏ သေဆုံး ထိခိုက် နစ် နာမှုများနှင့် ပတ်သက်၍ မြန်မာနှင့် ကမ္ဘာ့သတင်းမီဒီယာများတွင် ဖော်ပြမှု နည်းပါးလူသိနည်းပါးနေကြောင်း ဒေါ်ကက်သလင်းသိန်းက ရှင်းပြသည်။
အင်္ဂလန်အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ -AI က ၂၀၁၈ ခုနှစ် ထုတ်ပြန်ချက်တွင် ARSA အကြမ်း ဖက် အဖွဲ့သည် ဩဂုတ်လက ဟိန္ဒူ အမျိုးသမီး၊ အမျိုးသားနှင့်ကလေး ၉၉ ဦးအထိ သတ်ဖြတ်ခဲ့ပြီး ဟိန္ဒူများကို နောက်ထပ် သတ်ဖြတ် ဖမ်းဆီးမှုများလည်းကျူးလွန်ခဲ့သည်ဟု ဖော်ပြခဲ့သည်.
နေရပ်စွန့်ခွာသူများ အားလုံးမဟုတ်ဘဲ ဟိန္ဒူများ သီးသန့်ပြန်ပို့ပေးရေးမြန်မာ၏ တောင်းဆိုချက်သည် လက်ရှိ မြန်မာနိုင်ငံ က နိုင်ငံတကာတရားရုံး (ICJ) တွင် ရင်ဆိုင်နေရသည့် အမှုပေါ် အပြုသဘော မဆန်သည့် သက် ရောက်မှုများ ဖြစ်လာနိုင် သည်ဆိုသည့် သုံးသပ်မှုများလည်း ရှိသည်။
နိုင်ငံတကာ သံတမန်ရေးရာ လေ့လာသုံးသပ်သူ ဦးအမရာသီဟက “နိုင်ငံတကာရဲ့အမြင်မှာ မွတ်စလင်တွေကိတင်းကြပ် တဲ့ မူတွေနဲ့ လက်ခံနေတယ်လို့ မြင်နေတဲ့အချိန်မှာ ဟိန္ဒူတွေကိုကျတော့ အလွယ်တကူ လက်ခံ တယ် ဆိုတာမျိုး မြင်သွား ရင်ကျတော့ ICJ ပြဿနာမှာ ပိုဆိုးသွားနိုင်တာတွေ ရှိတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံအစိုးရအနေနှင့် ကိုးကွယ်ရာ ဘာသာအခြေခံကာ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံပေးခြင်း မလုပ် ဆောင်သင့်ဘဲ ဒုက္ခသည်များနှင့် ပတ်သက်သည့် ကိုယ်ရေး အချက်အလက်နှင့် အထောက်အထားများ ပေါ် အခြေခံကာ ပြန်လည် လက်ခံရေး ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။
“ဒီလူဟာ နိုင်ငံသားကတ် ရှိလား။ ဒါမှမဟုတ် White Card ရှိလား။ ဘာအထောက်အထားရှိသလဲ ဆိုတဲ့ အခြေ ခံမူနဲ့ လက်ခံမှသာ ကျနော်တို့က အဆင်ပြေမယ် ထင်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဘာသာရေးအခြေခံနဲလက် ခံတယ် ဆိုတာ မျိုး ပေါ်လွင်သွားရင် လက်ရှိဖြစ်နေတဲ့ Humanitarian Crisis က ပိုဆိုးသွားနိုင်တယ်လို့ မြင်ပါတယ်” ဟု ဦးအမရာသီဟ က မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကမူ သုံးပွင့်ဆိုင် ဆွေးနွေးပွဲသည် နေရပ်စွန့်ခွာသူများ ပြန်လည် လက် ခံရေး အတွက် မူဝါဒများအား အလွတ်သဘော ဆွေးနွေးခြင်းသာဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ် ရာထူးရှိသူ များ ပါဝင်သည့် အလုပ် သဘောဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားရန် ရှိသေးကြောင်း ပြောကြား သည်။
“ဒါပြီးရင် Working Level မှာ ဆက်ဆွေးနွေးဦးမှာပါ။ အဲဒီမှာ အသေးစိတ် ထပ်ဆွေးနွေးမှာ။ အခုကတော့ မူ တွေပဲ ဆွေးနွေးထားတာပေါ့။ အသေးစိတ်ကတော့ ဒီမှာသဘောတူထားတာတွေ ဆက်ဆွေးနွေးရမှာပေါ့။ MoU ထဲမှာမပါဘဲ ထပ်လာတာတွေတော့ ကျနော်တို့ မဆွေးနွေးဘူး” ဟု အမြဲတမ်း အတွင်းဝန် ဦးချမ်းအေးက ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အပေါ် အားပေး ထောက်ခံကြောင်း၊ နေရပ်စွန့် ခွာသူများ ပြန်လည် လက်ခံရေးတွင် တရုတ်နိုင်ငံက ဆက်လက်၍ တက်တက်ကြွကြွ ကြားဝင်ညှိနှိုင်း ပေးမည် ဖြစ် ကြောင်း၊ ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အရေးဖြစ်လာခြင်း၊ နိုင်ငံရေး ဖြစ်လာခြင်းကို ကန့် ကွက် ကြောင်း ဇန်နဝါရီလ ၂၁ ရက်တွင် ကြေညာချက် တစောင် ထုတ်ပြန်၍ ကြေညာထားသည်။
You may also like these stories:
- ဘင်္ဂလားဒေ့ရှ်အနေနဲ့ အလုပ်နဲ့ သက်သေပြဖို့ လိုတယ်
- ARSA ၏ အစုလိုက်သတ်ဖြတ်မှု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဖော်ထုတ်
- အကြမ်းဖက်သမားများ လက်မှလွတ်မြောက်လာသူ ဟိန္ဒူအမျိုးသမီး မရီခါး နှင့် ဆက်သွယ်မေးမြန်းချက်
- ARSA နှင့် မူးယစ်ဂိုဏ်းတို့ကြား တိုက်ခိုက်မှု ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ် စေလွှတ်ရ
Lnk : Here
No comments:
Post a Comment