Wednesday, January 27, 2021

ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒထည့်သွင်းစဉ်းစားကြဖို့ အာနန် ကော်မရှင်ဝင်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
27 ဇန္နဝါရီ၊ 2021

Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့သည့် မြင်ကွင်း။ (ဒီဇင်ဘာ ၄၊ ၂၀၂၀)
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း တရားမျှတမှုတွေရဖို့ ဖော်ထုတ်တဲ့အခါမှာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ ဒုက္ခ သည်တွေရဲ့အသံတွေကို နားထောင်ပေးကြဖို့နဲ့ နေရပ်ပြန်ရေး ဒုက္ခသည်တွေရဲ့သဘောထားတွေ ကို လည်း မေးပါလို့ ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်တဦးက တိုက်တွန်းလိုက်ပါတယ်။ အခုဆိုရင်ရိုဟင်ဂျာဒုက္ခသည် တွေဟာ နေရပ်ရင်းကိုလည်း ပြန်ခွင့်မရသေး စခန်းတွေထဲမှာလည်း နေထိုင်ရကျပ်တည်းခက်ခဲလာတဲ့အတွက် ပင်လယ်ထဲကကျွန်းဆီကို သွားကြဖို့ ဆုံးဖြတ်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ အသေးစိတ်ကို VOA မြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြထားပါတယ်။ 
ရခိုင်ပြည်နယ်အကြမ်းဖက်ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့စွဲချက်နဲ့ မြန်မာနိုင်ငံ နိုင်ငံတကာတရားခုံရုံး ICJ မှာ တရားရင်ဆိုင်နေရတာ ဇန်နဝါရီလ ၂၃ရက်နေ့က ဆိုရင် တနှစ်တင်းတင်းပြည့်သွားပါပြီ။ ဒုက္ခသည်တွေအတွက် တရားမျှတမှုတွေ ဖော်ဆောင်နိုင်ပြီလား- သက်ဆိုင်တဲ့တာဝန်ရှိသူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေကို အလေးထားဆောင်ရွက်ပေးနိုင်ပါသလားဆိုတာကိုတော့ ကုလ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မတီ အဖွဲ့ဝင် တ ဦးဖြစ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (Religion for Peace) အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးအေးလွင်က အခုလို သုံးသပ်ပါတယ်။

" အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းအမျိုးမျိုးကနေ ဒီဖြစ်စဉ်ကြီးမှာ အင်မတန် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်တွေဖြစ်ခဲ့ တယ်ဆိုတာ ပြောနေကြတယ်။ ပထမပိုင်းမှာတော့ ကျနော်တို့ဘက်က ဖုံးဖုံးဖိဖိလေးပဲ တုံ့ပြန်တယ်။နောက်ပိုင်း မှာတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်တယ် အထူးသဖြင့် တပ်မတော်ဘက်ကဆိုရင် အထူးစုံစမ်းစစ်ဆေးမှုတွေ လုပ် ပြီး စစ်ခုံရုံးနဲ့ စစ်လောက်အောင် အထောက်အထားတွေတွေ့ခဲ့တယ်ဆိုပြီး တခုပြီးတခုဖော်ထုတ်နေတယ်။ အဲ့တော့ ဒါက ဘာကိုပြသလဲဆိုရင် အဲ့ဒီ့မှာ အနိဌာရုံတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ဘယ်လိုမှ အငြင်းပွားလို့မရ ဘူးဘယ်လောက် အတိုင်းအတာအထိဖြစ်ခဲ့လဲ စွပ်စွဲချက်တွေဟာ ပြင်းပြင်းထန်ထန် စွပ်စွဲလို့ရမလား ဘယ် လို ဖြစ်ခဲ့တယ်ဆိုတာကိုတော့ တရားဥပဒေခုံရုံးက သူ့ဥပဒေကြောင်းအရ ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ဘာကို ကျ နော်ေြ ပာချင်လဲဆိုတော့ ကမ္ဘာကိုသက်သေပြချင်ရင် ကျနော်တို့ မြန်မာပြည် ရခိုင်ပြည်နယ်မှာ မပြေးနိုင်ပဲနဲ့ ကျန်ခဲ့ရတဲ့သူတွေရဲ့ဘဝအခြေ အနေ၊ သူတို့ကို ဘာတွေများ လုပ်ပေးနေသလဲ။ အဲ့တော့ မြေပြင်အခြေအနေ မှာ တစုံတရာသောပြောင်းလဲမှု "အရွေ့လေး" ရှိခဲ့တယ်ဆိုရင် ထွက်ပြေးလာတဲ့ သူတွေမှာလည်း ယုံကြည်စိတ် ချ မှုက နည်းနည်းလေး တက်လာမှာပေါ့လေ။ အဲ့တာလေးတော့ ကျနော် တကယ်အလေးအနက်ပြောချင် ပါ တယ်။"

သိန်းချီထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး စီစဉ်ဆောင်ရွက်တဲ့အခါမှာလည်း ဒီဒုက္ခသည်တွေ ရဲ့တောင်းဆိုချက် သူတို့ဘဝတွေ အသက်တွေ အာမခံချက်ပေးနိုင်ဖို့အရေး ဒုက္ခသည်တွေရဲ့ အသံတွေကို လည်း နားထောင်ပေးစေချင်တယ်လို့ ဦးအေးလွင်ကတိုက်တွန်းပါတယ်။

" မြန်မာနိုင်ငံအစိုးရရော ဘင်္ဂလားဒေ့ရှ်အစိုးရရော ကုလသမဂ္ဂရော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး ကရောက အားလုံးဝိုင်းဝန်းပြီး လုပ်နေကြတယ် ဆိုတာသိရလို့ ကျနော်တို့ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ သို့သော် အရေးကြီးဆုံးအချက်ဖြစ်တဲ့ ကာယကံရှင်တွေရဲ့အခန်းကဏ္ဍက ပျောက်နေပါတယ်ခင်ဗျ။ ကာယကံ ရှင်များရဲ့ဆန္ဒ ၊ ကာယကံရှင်များကို အရေးတယူမေးမြန်းပြီးတော့ ဘယ်လိုဆိုတာ ထိထိရောက်ရောက်မရှိဘူး။ သူတို့ရဲ့ Voices ပေါ့လေ Voice of the Voiceless အသံပျောက်နေသောသူများရဲ့ အသံကို နားထောင်ပေးပါ အဖြေက အဲ့ဒီ့မှာရှိပါတယ်လို့ ကျနော် အလေးအနက်ပြောချင်ပါတယ်ခင်ဗျာ။'

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေက တသန်းကျော်လာပြီး နေထိုင်စားသောက်ရေးအခက်အခဲဖြစ် လာတဲ့ အ ပြင် နေရပ်ရင်းပြန်ဖို့ကလည်း မရေရာတဲ့အတွက် ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်ပေးထားတဲ့ ပင် လယ်ထဲကကျွန်း ဘာဆန်ချာကျွန်းဆီကို ပြောင်းဖို့စဉ်းစားလိုက်ကြတယ်လို့ဘာလုခါလီ ဒုက္ခသည်စခန်း က ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်ကပြောပါတယ်။

" ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးကရော ဆာနာမြို့နယ်ဒုက္ခသည်စခန်းတွေကရော ဘာဆန်ချာကျွန်းကို ဇန်နဝါရီလ ၂၇ရက်နေ့ မှာ လူဦးရေသုံးထောင်နီးပါးပြောင်းရွှေ့ဖို့အစီအစဉ်ရှိနေပါတယ်။ ဒုက္ခသည်တွေက ပြန်ဖို့ကလည်း လမ်းမမြင်တဲ့အတွက်ကြောင့်ရယ် ဒုက္ခသည်စခန်းတွေထဲမှာလည်း ပြေလည်မှုမရှိတဲ့အတွက် နေရေး ထိုင်ရေး စားသောက်ရေး မျိုးစုံအခက်ကြုံနေရတဲ့အတွက် ဘာဆန်ချာကျွန်းပဲသွားတော့မယ်လို့ ဆုံးဖြတ်လိုက်ကြတာတွေ့ရတယ်ခင်ဗျ။ ဒုက္ခသည်တွေက ရွေးစရာလမ်းလဲမရှိတဲ့အတွက်ကြောင့်ပါ။ ဒုက္ခသည်အကုန် လုံးက နိုင် ငံတကာခုံရုံး ICJ ကနေ တရားမျှတမှုရဖို့ စောင့်မျှော်နေကြတာ နောက် ဘေးကင်းလုံခြုံစွာပြန်နိုင် ရေးကိုပဲ လိုလားနေကြတာပါ။"

ဒီရက်ပိုင်း တတိယအသုတ်ကျွန်းပြောင်းဖို့ လူစုခွဲနေရာချထားနိုင်ဖို့အရေး စခန်းတာဝန်ခံတွေ စီစဉ်နေကြတယ် လို့ လည်း ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်ကလည်းပြောပြပါတယ်။

"တတိယအသုတ်သွားကြဖို့ပြင်နေကြတယ်လို့ ကျနော်တို့ စခန်းတာဝန်ခံတွေဆီကနေ ကြားသိရတယ်။ စခန်း အ ဖွဲ့ခေါင်းဆောင်တွေမှာ စာရင်းတွေပေးသွင်းနေကြတယ်။ စာရင်းသွင်းထားတဲ့သူတွေကို ဘာဆန်ချာကျွန်း ကိုခေါ်သွားဖို့ပြင်နေတယ်လို့ ကျနော်တို့သိရတယ်။"

ဇန်နဝါရီလ ၂၅ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ နိုင်ငံအလိုက်လူ့အခွင့်အရေး အခြေ အနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ UPR အစည်းအဝေးမှာ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုမျိုးနွယ် စုတွေ ရဲ့ လူ့အခွင့်အရေးအခြေအနေတွေဟာ စိုးရိမ်စရာ အခြေအနေ ရှိနေသေးတယ်ဆိုတာ ထောက်ပြခဲ့ကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို မသုံးနှုန်းတဲ့မြန်မာအစိုးရဘက်ကတော့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အ ချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားလာရင် တုံ့ပြန်ကိုင်တွယ်ခဲ့သလို လုံခြုံရေးတာဝန်ရှိသူတွေ အပြစ်ကျူး လွန်မှုအပေါ်မှာလည်း ခုံရုံးဖွဲ့အရေးယူတာတွေရှိခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */