" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 16, 2020

၁၁၈)ကြိမ်မြောက်ထုတ်ဝေသည့် ရုရှားနိုင်ငံ၏ နိုင်ငံရေးစာ စောင်တစ်ခုဖြစ်သည့် Politics Magazine တွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း၏ဥက္ကဋ္ဌ Mr.Mikhail Dmitriev ရေး သား ဖော်ပြထားသောဆောင်းပါး

(၁၁၈)ကြိမ်မြောက်ထုတ်ဝေသည့် ရုရှားနိုင်ငံ၏ နိုင်ငံရေးစာစောင်တစ်ခုဖြစ်သည့် Politics Magazine တွင် ရုရှား- မြန်မာ ချစ်ကြည်ရေးအသင်း၏ဥက္ကဋ္ဌ Mr.Mikhail Dmitriev ရေးသားဖော်ပြထားသော ''တောင့်တင်းခိုင်မာသော တပ်မတော်သည် အမိမြေ ငြိမ်းချမ်းသာယာရေး၏ အာမခံချက်ဖြစ်သည်''ခေါင်းစဉ်ပါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အကြောင်း ဆောင်းပါးအား ဘာသာပြန်ဆိုရေးသားဖော်ပြခြင်း
**************************************************************************
(၁၁၇)ကြိမ်မြောက်ထုတ်ဝေခဲ့သော Politics Magazine တွင် ရေးသားဖော်ပြခဲ့သော ဆောင်းပါး တစ်ပုဒ် ဖြစ် သည့် ''တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ နယ်နိမိတ်တည်တံ့ ခိုင်မြဲရေး အတွက် အာမခံချက်ဖြစ်သည်'' ခေါင်းစဉ်ပါ ဆောင်းပါးကို မိမိအနေဖြင့် အမှတ်ရနေမိပါသည်။
 
ထိုဆောင်းပါးသည် Politics Magazine ၏ လုပ်ငန်းဦးဆောင်သူတစ်ဦးဖြစ်သည့် Mrs. Takyiana Grozmani နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့၏ တွေ့ဆုံမေးမြန်းမှု မှတ်တမ်းကိုလေးလေးနက်နက် ပြန်လည် ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
 
 ဆွေးနွေးမှု အချက်အလက်များသည် လွန်စွာစိတ်ဝင်စားဖွယ်ကောင်းပြီး မြန်မာနိုင်ငံတွင် ယနေ့ ခေတ်ဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတို့ကို ထဲထဲဝင်ဝင် လေ့လာမှတ်သားခွင့် ရရှိရုံသာမကဖြစ် ပေါ် လာခဲ့ရသည့် သမိုင်းကြောင်း နောက်ခံများ၊ အမျိုးသားရေး စိတ်ဓာတ်နှင့် ခံယူချက်တို့ကိုပါ အတွင်းကျကျ မြင်တွေ့ ခွင့် ရရှိခဲ့ပါသည်။

ထိုဆောင်းပါးကို စိတ်ပါဝင်စားစွာ ဖတ်ရှုပြီးသည့်နောက် မိမိအနေဖြင့် ထိုဆောင်းပါး၏ အဓိက ဇာတ်ဆောင် တစ်ဦး ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကြောင်းကို လေးစား ဂုဏ်ယူထိုက်သော၊ နိုင်ငံနှင့် လူ မျိုး အပေါ် တာဝန်ကျေပွန်သည့် သူရဲကောင်းတစ်ဦး အဖြစ် မှတ်တမ်းတင်ဂုဏ်ပြု ဆောင်းပါးရေး လိုစိတ်များ ပေါ်ပေါက် လာခဲ့ပါသည်။

မိမိတို့နှစ်ဦး တွေ့ဆုံရင်းနှီးခွင့်ရရှိသည်မှာ အချိန် ကာလအားဖြင့် မကြာမြင့်သေးပါ။ မိမိအနေဖြင့် ရုရှား- မြန် မာ ချစ်ကြည်ရေး အသင်း၏ ဥက္ကဋ္ဌရာထူးကို စတင်ခန့်အပ်ခြင်းခံရပြီး မကြာမီတွင်ဖြစ်ပါသည်။ အစတွင် မိမိတို့နှစ်ဦး အကြား အပြန်အလှန်နားလည်မှုရရှိနိုင်မည့်အကြောင်းအချက်မှာ စစ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ အချင်းချင်း ထားရှိမည့် ရဲဘော်ရဲဘက်စိတ်ဟုသာ ထင်မြင်ယူဆ မိခဲ့ပါသည်။ (မိမိသည်လည်း ဆိုဗီယက်ခေတ်က ကံကောင်း စွာဖြင့် စစ်ပညာကို ကောင်းစွာလေ့လာဆည်းပူးခွင့် ရရှိခဲ့ဖူးပါသည်။) သို့သော် ပထမဆုံး တွေ့ဆုံခွင့် ရရှိချိန်တွင် ယခင်ကရှိခဲ့သည့် အတွေးအမြင်များကို ပြောင်းလဲစေခဲ့သလိုပြောဆို ဆွေးနွေးမှု ရှေ့ဆက်လာသည်နှင့် အမျှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်ရေးတွင်သာမက သမိုင်းနှင့်ယှဉ်ကာ သုံးသပ်နိုင်စွမ်း၊ ကမ္ဘာ့သမိုင်းကို တတ်သိနားလည်မှု တို့အပြင် နိုင်ငံရေးလှည့်ကွက်များအပေါ် မှန်မှန်ကန် ကန်ကြိုတင်တွက်ချက်အ ဖြေထုတ်ကာ တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွားကိုထိန်းသိမ်းမည့် အမြော်အမြင်ကြီး သည့် ခေါင်းဆောင်တစ်ဦးဖြစ် ကြောင်း သိရှိခွင့် ရရှိခဲ့ပါသည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး၏ ဘဝဇာတ်ကြောင်းနှင့် ဗဟုသုတပြည့်စုံကြွယ်ဝမှုတို့မှာ ဥပဓိရုပ် တွင် လာရောက်ထင်ဟပ်နေသည်ကို သတိပြုမိခဲ့သလို မေးခွန်းအားလုံးအတွက်ကျိုးကြောင်း ခိုင်လုံတရား မျှတသော အဖြေကို နှောင့်နှေး မှုအလျဉ်းမရှိ ပေးစွမ်းနိုင်ခြင်းတို့မှာမိမိ ကိုပိုမို စိတ်ဝင်စားစေခဲ့သည်မှာ အမှန် ပင်ဖြစ် ပါသည်။ ထိုမျှမက မိမိတို့နှစ်ဦး ဆွေးနွေးနေစဉ်အတွင်း မိမိအ နေဖြင့် လွတ်လပ်ပေါ့ပါးစွာဖြင့် ဖိအားပေးမှု တစ်စုံတစ်ရာကို မခံစား ရသလို တစ်ဖက်မှနိုင်ငံတစ်နိုင်ငံ၏အကြီး အကဲ ခေါင်းဆောင်တစ်ဦးဖြစ်လင့်ကစား မိမိ အပေါ်သို့ နှိမ့်ချဆက်ဆံသည့်အသွင် အပြင်လုံးဝ(လုံးဝ)မရှိခဲ့ပါ။ ထင်ထားသည်နှင့် ဆန့်ကျင်စွာပင် တန်းတူညီတူ သဘောထား ကာ ရုရှားတွင် ဆိုရိုးရှိသလို မျက်နှာချင်းဆိုင် ရေပြင်ညီ စကားပြောခွင့် ရရှိခဲ့ပါသည်။

ထို့ကြောင့်ပင် မိမိအနေဖြင့် နားလည်လိုက်သည့် အချက်တစ်ချက်မှာ တိုင်းရင်းသား လူမျိုးစုပေါင်းများစွာ စု ပေါင်း နေထိုင်ကြသော နိုင်ငံတွင် မိမိကိုယ်ကို နှိမ့်ချဆက်ဆံပေးတတ်သော လူသားဆန်သည့် ဗိုလ်ချုပ်မှူးကြီး ကြီး အနေဖြင့် အားလုံး၏ ချစ်ခင် လေးစားမှုကို ရရှိနေသည်မှာ မဆန်းပါ။ ဤနေရာတွင် Politics Magazine စာဖတ်သူ ပရိသတ် အတွက် မြန်မာနိုင်ငံ၏ ဖွဲ့စည်းဖြစ်တည်မှု နှင့်ပတ်သက်၍ အနည်းငယ် အသေးစိတ် ရှင်း လင်း ရေးသား ပေးလိုပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၁၉၈၉ ခုနှစ်အထိ ဗမာနိုင်ငံဟု လူသိများခဲ့ပြီး ၂ဝ၁၁ ခုနှစ်နောက်ပိုင်း မှ မြန်မာ ပြည် ဟု သိရှိလာခဲ့ကြသည့် နိုင်ငံ)သည် အရှေ့တောင်အာရှတွင် တည်ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ် သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်နယ်နိမိတ်ချင်း ထိစပ်လျက် လျက် ရှိပါသည်။ ထိုနိုင်ငံသည် ယနေ့အချိန်တွင် ရုရှားတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထုအကြား စိတ်ဝင် စားမှု ထင်သလောက် မရရှိသေးသော်လည်း ၎င်းတို့၏စိတ်ဝင်စားမှုမှာ နှစ်စဉ်နှင့်အမျှ တိုးပွားလာ လျက် ရှိနေပါ သည်။ ယခင်က ဗမာနိုင်ငံဟု အမည် တွင်ခဲ့ပါသည်။ ယခင်ရာစုနှစ်များဆီက လွန်စွာကြီးမားပြီး သြဇာ အာဏာ ရှိသည့် ဗမာအင်ပါယာကြီးအဖြစ် ရပ်တည်ခဲ့ဖူးပါ သည်။ သို့သော် (၁၉)ရာစုတွင် ဗမာနိုင်ငံ သည် ဗြိတိသျှ- အိန္ဒိယလက်အောက်ခံ ကိုလိုနီနိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပြီးနောက် သီးခြားကိုလိုနီနိုင်ငံအဖြစ် ခွဲထုတ်ခြင်း ခံခဲ့ ရပါသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းတွင် မြန်မာနိုင်ငံသည် ဖက်ဆစ်ဂျပန်တို့၏ သိမ်းပိုက် ခြင်းကို ခံခဲ့ရပြီး အိန္ဒိယသို့ ဆက်လက် တိုက်ခိုက်ရာတွင် စစ်တလင်းပြင် အဖြစ် အသုံးချခြင်းကိုခံခဲ့ရပါသည်။

ထို့နောက် လွတ်လပ်ရေးကြိုးပမ်းမှုများ တက်ကြွစွာစတင်လာခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော အချုပ် အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည် လာနိုင်ခဲ့ပါသည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၏ နယ် နိ မိတ် အကျယ်အဝန်းမှာ ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိပြီး လူဦးရေ ၅၄ သန်းခန့် နေထိုင် လျက်ရှိပါ သည်။
 
၎င်းတို့အနက်မှ ၆၈ ရာခိုင်နှုန်းသည် ဗမာလူမျိုးများ ဖြစ်ပြီး ရှမ်းလူမျိုး ၉ ရာခိုင်နှုန်း၊ ကရင်လူမျိုး ၇ ရာခိုင်နှုန်း၊ ရခိုင် လူမျိုး ၃ ဒသမ ၅ ရာခိုင်နှုန်း၊ မွန်လူမျိုး ၂ ရာခိုင်နှုန်း၊ ကချင်လူမျိုး၁ ဒသမ ၅ ရာခိုင်နှုန်း၊ ကယားလူမျိုး သုညဒသမ ၇၅ ရာခိုင်နှုန်း၊ တရုတ်လူမျိုး ၂ ဒသမ ၅ ရာခိုင်နှုန်း၊ ဟိန္ဒူလူမျိုး ၁ ဒသမ ၂၅ ရာခိုင်နှုန်းတို့အပြင် အခြား တိုင်းရင်းသား လူမျိုးပေါင်းများစွာသည်လည်း မြန်မာနိုင်ငံ အတွင်း နေရာဒေသအနှံ့အပြား၌ ဖြန့်ကြက် နေထိုင်လျက်ရှိကြပါသည်။
 
စုစုပေါင်းအနေဖြင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုပေါင်း ၁၃၅ မျိုးစုပေါင်း နေထိုင်လျက်ရှိ ကြပါသည်။ မြန်မာနိုင်ငံတွင် တရုတ်နှင့် အိန္ဒိယ လူမှုအဖွဲ့အစည်းကြီးများ ဖွဲ့စည်း တည်ရှိ လျက်ရှိသည်။ နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံမှာ အသက် ၁၄ နှစ်အောက် လူငယ်များဖြစ်ကြပြီး နှစ်စဉ်လူဦးရေ တိုးနှုန်း သည် ၁ရာခိုင်နှုန်း နီးပါး ခန့် လျော့နည်း လျက်ရှိနေပါသည်။ သို့သော် မိမိအမြင်အရ အရေးပါသည့် အချက်မှာ WHO မှပညာရှင် တို့၏ သုံးသပ်ချက်များအရ မြန်မာနိုင်ငံ၏ Literacy Rate (ပညာတတ် ဦးရေ အချိုး ကိန်း)မှာ ၉၁ ဒသမ ၉ ရာခိုင် နှုန်း ရှိသည့် အချက်ပင်ဖြစ်ပါသည်။

ဤနေရာတွင် စဉ်းစားရမည့်အချက်မှာ ထိုကဲ့သို့ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ပြီး အသိပညာ၊ အတတ်ပညာ အရလည်း အရည်အချင်းပြည့်ဝနေသည့် ပြည်သူလူထုကို အတူတကွ ပေါင်းစည်း ထိန်းချုပ်ရန်မှာ လွန်စွာခက် ခဲသည့်အပြင် တိုင်းပြည်၏ သမိုင်းတွင်လည်း သဘောထားအမြင် ကွဲလွဲမှုများစွာ ရှိခဲ့ကြသည့်အချက်ကိုလည်း ထည့်သွင်း စဉ်းစားကြရ ဦးမည်ဖြစ်ပါသည်။
 
ထိုအကြောင်းအရာကို အသေးစိတ် ရှင်းလင်းရမည်ဆိုလျှင် နိုင်ငံ ၏ ကိုးကွယ်သည့် ဘာသာက စရမည် ဖြစ် သည်။ မြန်မာနိုင်ငံ၏ကိုးကွယ်မှုမှာ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်ပြီး လူဦးရေ၏ ၈၉ ဒသမ ၉ ရာခိုင်နှုန်းက ယုံကြည်  ကိုးကွယ်လျက်ရှိပြီး ခရစ်ယာန်ဘာသာ(ရိုမန်ကက်သလစ်၊ အော်သိုဒေါ့က်စ်၊ ပရိုတက်စတင့်)ကို ယုံကြည်ကိုးကွယ်သူ ၆ ဒသမ ၃ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာယုံကြည် ကိုးကွယ်သူ ၂ ဒသမ ၃ ရာခိုင်နှုန်း၊ ရိုးရာနတ်ကိုကွယ် သူ သုည ဒသမ ၈ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ယုံကြည် ကိုးကွယ်သူ သုည ဒသမ ၅ ရာခိုင်နှုန်း ရှိပါသည်။ ယခုလို ခွဲခြမ်းစိတ်ဖြာမှုမျိုးသည် လက်ရှိရုရှား နိုင်ငံအတွက် ပင်မဆိုထားနှင့် ဆိုဗီယက်ပြည်ထောင်စုခေတ်ကပင် နား လည်နိုင်ရန် မခက်ခဲခဲ့ပါ။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီး သံတမန်ရေးရာ ဆက်သွယ်မှုများကို စတင်ဆောင်ရွက်ခဲ့ သည့် နိုင်ငံများထဲတွင် ဆိုဗီယက် ပြည်ထောင်စုလည်း ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။

ဗမာနိုင်ငံခေါ်တွင်ခဲ့သော မြန်မာနိုင်ငံ၏လွတ်လပ် ရေးသည် မပျောက်ပျက်မဆုံးရှုံးစေရန် တာဝန်အရှိဆုံး ဖြစ် သော၊ ထိုမျှမက တိုက်ပွဲဝင်ကာ ရယူပေးခဲ့သော မြန်မာ့တပ်မတော်သည် လေးစားမှုတစ်ခုကိုရရှိထားပြီး ဖြစ်သ လို တပ်မတော်သားတို့သည်လည်း မြန်မာနိုင်ငံ ပြည်သူလူထုအကြားတွင် လေးစားအားကျဖွယ်ဂုဏ်ပုဒ် ကို ပိုင် ဆိုင်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ယုတ္တိဗေဒ ကျကျစဉ်းစားကြည့်မည်ဆိုလျှင် လွန်စွာပင်မြင့်မြတ်ကြီးလေး သည့်တာဝန်တစ်ခုဖြစ်သော အစိုးရလက်နက်ကိုင် အဖွဲ့အစည်းအားလုံး၏ အကြီးအကဲ ခေါင်းဆောင်ဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရရှိရန်မှာ သာမန်ပြည်သူများအတွက်မဆိုထားနှင့် တပ်မတော် သားများအတွက်ပင် ခက်ခဲသည့်ဘဝ ခရီးလမ်းတစ်ခုဖြစ်ပါသည်။
 
ရုရှားနိုင်ငံတွင်အဆိုရှိသလို ''လူသားက တွေးကြံသည်၊ ကံတရားကစီမံသည်''ဟူသော စကားအတိုင်း စစ်မျိုး စစ်နွယ်မှ ပေါက်ဖွားလာခြင်း မဟုတ်သော မောင်မင်းအောင်လှိုင်သည် ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ် တစ်ဦး ဖြစ်လာခဲ့ပါသည်။ မောင်မင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ်ဇူလိုင်လ တွင်နာ မည်ကျော် အနုပညာရှင် အင်ဂျင်နီ ယာ မိသားစုမှ မွေးဖွားသန့်စင်ခဲ့ပါသည်။ အထက်တန်းကျောင်း ပညာရေး ကို ရန်ကုန်မြို့တွင် အောင်မြင်စွာပြီး ဆုံးခဲ့ပြီး နောက် တက္ကသိုလ်တွင် ဥပဒေပညာကို ဆက်လက် ဆည်းပူး သင်ကြားခဲ့ပါသည်။ ကံတရားက လူငယ် မောင်မင်းအောင်လှိုင် အတွက် တစ်ချိန်တွင် အစိုးရ ဥပဒေဝန်ထမ်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်းရှင်အဖြစ် ရွေးချယ်ခွင့် ပေးမည်ဖြစ်သော်လည်း မထင်မှတ်ထားသောရွေးချယ် မှု တစ်ခုအဖြစ် စစ်တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပါသည်။ စစ်တက္ကသိုလ်ကျောင်းဆင်း ဒုတိယ ဗိုလ်ဘဝတွင်လည်း မိဘဆွေမျိုးများ၏ အထောက် အပံ့ကို မယူဘဲ ဝေးလံခေါင်ဖျားသည့် ဒေသများတွင် ကျ ရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါသည်။ ထိုအခြေအနေမှသည် တစ်လှမ်းချင်းလှမ်းကာ အောင်မြင် မှု လှေကားထစ်များကို ကျော်ခြင်းခွခြင်းအလျဉ်းမရှိ တစ်ထစ်ချင်း တက်လှမ်းကာ တပ်မတော်တွင် အမြင့်ဆုံးရာ ထူးဖြစ်သော ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရောက်ရှိလာ ခဲ့ခြင်းဖြစ်ပါသည်။
 
ဤနေရာတွင် ကြားဖြတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးဖြစ်သူ Mr.N.A Listopadov ပြောကြားခဲ့ဖူးသည့် စကားချပ်တချို့ အား ကောက်နုတ်ဖော်ပြလိုပါသည်။

''မြန်မာနိုင်ငံသည် ပထဝီဝင်နိုင်ငံရေးအရ လွန်စွာအရေးပါသောနေရာတွင် တည်ရှိ သည့်နိုင်ငံတစ်နိုင်ငံဖြစ် ပါ သည်။ နိုင်ငံကြီး များဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့အကြားတည်ရှိနေသလို တောင်အာရှ နှင့် အ ရှေ့တောင် အာရှနိုင်ငံတို့နှင့်လည်း ထိစပ်လျက်ရှိပြီး ကျယ်ပြန့်သောအိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကမ်း ခြေကို ပိုင်ဆိုင် ထားသည့်နိုင်ငံလည်းဖြစ်ပါသည်။ ရုရှားနှင့် မြန်မာဆက်ဆံရေးသည်လည်း ကြာရှည်စွာ တည်တံ့ခဲ့ပြီး ဖြစ်သလို ရိုးရာမပျက် မိတ်ကောင်းဆွေကောင်းဆက်ဆံရေးတစ်ခုဖြစ်ပါသည်။ အလားတူပင် မြန်မာနိုင်ငံ အ တွင်း ဖြစ်ပျက်နေသည့် အခြေအနေများ အပေါ် စိတ်ပါဝင်စားစွာ စောင့်ကြည့်နေသည့်နိုင် ငံများ လည်း များ စွာ ရှိ နေပါသည်။

ပထဝီဝင်အနေအထားအရ လမ်းဆုံလမ်းခွ နေရာတွင်ရှိနေသော မြန်မာနိုင်ငံအတွက်ဘာမဆိုဖြစ်လာနိုင်ပါ သည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား ပေါင်းကူးတံတားတစ်ခုဖြစ်လာနိုင်သလို တောင်အာရှနှင့် အရှေ့ တောင် အာရှ ကြား တွင် လည်း ဆုံမှတ် တစ်ခုဖြစ်လာနိုင်ပါသည်။ မြန်မာနိုင်ငံ အတွက် အထူးဂရုပြုရမည့် အချက်တစ်ချက် မှာ အင်အားချင်းယှဉ်ပြိုင်နေသော မဟာ ဗျူဟာမြောက် ပြိုင်ဘက်နိုင်ငံကြီးများ ဖြစ်ကြ သည့် အမေရိကန်ပြည် ထောင်စု နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့အကြား ယှဉ်ပြိုင်မှု များအတွက် က စားကွင်း တစ်ခုဖြစ်မသွားစေ ရန် သတိထား ရမည်ဖြစ်သလို အားပြိုင်မှု ရမှတ်တစ်မှတ်အဖြစ် အသုံးချမ သွားစေရန် လည်း လိမ္မာပါးနပ်ရန် လိုအပ်နေပြီး ၎င်းတို့ ၏ဝင်ရောက်စွက်ဖက်မှု မခံရစေရေး အချုပ်အခြာ အာဏာနှင့် လွတ် လပ်ရေးကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ရန် လွန်စွာအရေးကြီး ပါသည်။''

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဘဝလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းလာ ချိန်များသည် မြန်မာနိုင်ငံ အ တွက် ကံတရား ပေါင်းမျိုးစုံနှင့် ရင်ဆိုင်နေခဲ့ရပြီး ပြည်တွင်း ပြည်ပအနှောင့်အယှက်ပေါင်းစုံ ရင်ဆိုင် ဖြေရှင်း ရသည့်ကာလများကိုပင် ကြုံကြိုက် ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါသည်။ ပြည်ပနိုင်ငံများ၏အကူအညီဖြင့် ဘင်္ဂ လားဒေ့ရှ် နယ်စပ်ဒေသတွင် အစ္စလာမ်မစ်အစွန်းရောက် လက်နက်ကိုင်သောင်းကျန်းသူများဖွဲ့စည်းပြီး မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်နိမိတ်အတွင်းတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည့် ရခိုင် ဒေသ၏ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက် တိုက်ခိုက်ခြင်းများလည်း ခံခဲ့ရပါသည်။ ထိုအကြမ်းဖက် တိုက်ခိုက်မှုများ သည် ဘာသာ ရေးအယူဝါဒများအပေါ်အခြေခံထားသည့် ပဋိပက္ခကိစ္စရပ်များဖြစ်သောကြောင့် ဒေသ တွင်း ပြည်သူလူထု၏အခြေအနေကို တင်းမာစေရုံမျှမက မြန်မာနိုင်ငံအတွင်းတွင်ပင် မဟုတ်ဘဲ ဘေးအိမ် နီး ချင်း နိုင်ငံများနှင့် အရှေ့တောင်အာရှဒေသတွင်း တည်ငြိမ် အေးချမ်းရေးကိုပါ ထိပါးနှောင့်ယှက်လာ ခဲ့ပါသည်။ ထို ဖြစ်စဉ်များပေါ်တွင် ခေါင်းပုံဖြတ်အမြတ်ထုတ်လိုသူများသည် နိုင်ငံရေးအသွင်ဆောင်ကာ မြန်မာနိုင်ငံ၏ အ တွင်းရေးကိစ္စများကိုပါ ဝင်စွက်ဖက် နှောင့်ယှက်ရန်ကြိုးပမ်းလာကြသလို အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့နိုင်ငံ ရေးအခြေအနေများကိုပင် ပြောင်းလဲကြိုးကိုင် ခြယ်လှယ်လာခဲ့ကြပါသည်။

ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးအခြေအနေ တင်းမာမှုများကို ဉာဏ်ဆင်ဖန်တီးရခြင်း၏ ရည်ရွယ်ချက်မှာ လွန်စွာရိုးရှင်း လှပါသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနယ်နိမိတ် အတွင်းဖြတ်ကျော်၍ အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ လွယ်ကူသော ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ကူမင်း-ကျောက်ဖြူမီးရထားလမ်း စီမံကိန်းများကို မလိုလားသည့် အင်အားစုတစ်ခုရှိနေ၍ဖြစ်ပါသည်။ ထိုအကြောင်းအရာနှင့်ဆက်စပ်ကာ ထပ်  မံ သတိပြုရမည့်အချက်မှာ ဒီမိုကရေစီဟူသော ခေါင်းစဉ်ဖြင့် အရှေ့တောင်အာရှဒေသတွင်း တွင်သာမကမြန် မာနိုင်ငံ အတွင်းတွင်ပါ နိုင်ငံရေးအပြောင်းအလဲများကို မိတ်ဆွေအမည်ခံ ပါဝင်ဆောင်ရွက်နေသူများဖြစ်သည့် အနောက်နိုင်ငံတချို့နှင့် အမေရိကန် ပြည်ထောင်စုတို့သည် အထက်ဖော်ပြပါ ဖြစ်စဉ်များတွင် မြန်မာပြည် အ စိုးရ ကို လူသားချင်းစာနာထောက်ထားမှုမရှိကြောင်း အပြစ်တင်ရှုတ်ချသလို မြန်မာ့တပ်မတော် ကိုလည်း မူ ဆလင်မျိုးနွယ်ဝင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများဆောင်ရွက်နေသဖွယ် ကမ္ဘာကထင်ယောင်ထင် မှား ဖြစ် စေရန် လုပ်ကြံဖန်တီး အကွက်ဆင်လျက်ရှိနေပါသည်။ အမှန်တကယ်တွင် ဘာသာရေး အစွန်းရောက် လက်နက် ကိုင် သောင်းကျန်းသူ များ ပါဝင်ပတ်သက်နေသည့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများမှသည် ပြည်တွင်း စစ်အသွင်သို့ ကူးပြောင်းမသွားစေရန် ဒေသ တွင်းတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း ပေးထားသူ မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်သော မြန်မာ့တပ်မတော် ပင် ဖြစ်ပါသည်။

မြန်မာ့သမိုင်းတွင် မူဆလင်-ရိုဟင်ဂျာ လူမျိုးများနှင့် ဒေသခံတိုင်းရင်းသားများအကြား ဘာသာရေးပဋိပက္ခများ သည် ကိုလိုနီခေတ်ကပင် စတင်ဖြစ်ပွားနေခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်အခါက အင်္ဂလိပ်တို့သည် လမ်းများ ဖောက် လုပ်ရာ တွင် အလုပ် ကြမ်းခိုင်းစေရန်အတွက် ယခုဘင်္ဂလားဒေ့ရှ် နိုင်ငံအဖြစ်တည်ရှိနေသောနေရာမှ ဒေသခံ မူဆလင်လူမျိုးများကို ကျေးကျွန်များအဖြစ် ထောင်နှင့်သောင်းနှင့်ချီကာ မြန်မာနိုင်ငံ နယ်နိမိတ်အ တွင်း သို့ ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်ပါသည်။ ကနဦးအစတွင် ထိုကျေးကျွန်များကို ၎င်းတို့နေရပ်သို့ပြန်ပို့ရန် အစီအစဉ် ရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် လက်တွေ့ဆောင်ရွက်ခြင်းမရှိဘဲ ရောက်သည့် နေရာတွင် ပင် ထား ခဲ့ ရာ ဒေသခံတိုင်းရင်း သားများနှင့် နယ်မြေခွဲဝေမှုပြဿနာများ ပေါ်ပေါက်လာခဲ့ပါသည်။ ယခုအခါ ထိုဒေသ များတွင် အနောက်နိုင်ငံများ၏အကူအညီ ဖြင့် ထိုရိုဟင်ဂျာအမည်ခံ ကျူးကျော်နေထိုင် သူတို့ကိုကာ ကွယ်ရန် ခေါင်းစဉ်ဖြင့် ARSA ကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းကိုပင် ဖွဲ့စည်းပြီး မြန်မာနိုင်ငံအစိုးရကို ဆန့်ကျင် တိုက်ခိုက်လျက်ရှိနေပါသည်။ ARSA သည် ရုရှားလူမျိုးတို့အတွက် ISIS နှင့် AlKaida အကြမ်းဖက် အဖွဲ့ များ လောက် ကြားဖူးနားဝ မရှိသော်လည်း အကြမ်းဖက် ဆောင်ရွက်မှုများဆောင်ရွက်ရာတွင် ၎င်းတို့ နည်းတူ ရက်စက် ကြမ်းကြုတ်သည့် အဖွဲ့ အစည်းတစ်ခုဖြစ်ပါသည်။
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ထိုအချက်များ အားလုံးကို ထည့်သွင်းစဉ်းစားကာ တိကျ ခိုင်မာသည့် သမိုင်းကြောင်းအထောက် အထား များ နှင့် အမှန်တကယ်ဖြစ်ပေါ်လာ နိုင်မည့် ဘေးအန္တရာယ်ဆိုးကျိုးတို့ကို ကြိုတင်တွက်ဆ၍ ဆောင်ရွက်ခဲ့သည့် အတွက်သာလျှင် အစွန်းမရောက်သော ရလဒ်များဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်း ရေးကို တစ်ကမ္ဘာလုံး၏ ရှေ့တွင် အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်ပါ သည်။ ထိုအတွေး၊ ထိုအမြင်၊ ထိုအရည် အချင်း များသည် ဤမျှအင်အားတောင့်တင်းသော တပ်မတော်နှင့် များပြားခြားနားလှသော လူမျိုးပေါင်းစုံ စုစည်း နေ ထိုင်ရာ ပြည်ထောင်စုတစ်ခုကို အုပ်ချုပ်သူအတွက် မဖြစ် မနေလိုအပ်မည့် အခြေခံ အချက်များပင် ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးကို အလေးပေးသူ တစ်ဦးဖြစ်ပါသည်။ ၎င်းတာဝန်ထမ်းဆောင်စဉ် ကာလအတွင်းမှာပင် မြန်မာ့တပ်မတော်မှ အရာရှိ သင်တန်း သား ပေါင်း ၇ဝဝဝ ကျော် သည် ရုရှားနိုင်ငံတက္ကသိုလ်အသီးသီးတွင် အဆင့်မြင့်ပညာများ အောင်မြင်စွာ သင် ယူ ဆည်းပူးနိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်း ရှုပ်ထွေးလှသည့်နိုင်ငံရေးနှင့်စစ်ရေးအခြေ အနေတို့အတွက် မ ရှိမဖြစ်လိုအပ်သော ခေတ်မီစစ်လက်နက်ပစ္စည်းများကိုလည်း ရုရှားနိုင်ငံမှ ယုံကြည်စိတ်ချစွာအစဉ်အမြဲ ဝယ် ယူလျက်ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ် အဖွဲ့ သည် ရုရှား နိုင်ငံ မော်စကိုမြို့ ရင်ပြင်နီတွင်ကျင်းပပြုလုပ် ခဲ့သည့် (၇၅)နှစ်မြောက် မဟာအောင်ပွဲ အထိမ်း အမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ ထိုမျှမက ရုရှား နိုင်ငံနှင့်မြန်မာနိုင်ငံကြားတွင် ယဉ်ကျေးမှု ရိုးရာအမွေအနှစ်နှင့် ဘာသာသာသနာ ထွန်းကားပြန့်ပွားရေး အတွက်လည်း စွမ်းစွမ်း တမံဆောင် ရွက်ခဲ့ ရာ မော်စကိုမြို့အနီး ဘာလာရှိခါအရပ်တွင် တည်ထောင်ခဲ့သော ထေရဝါဒဗုဒ္ဓ စင်တာကို ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကိုယ်တိုင်ပင် ကြီးမှူးဖွင့်လှစ် ပေးနိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ထိုစင် တာ နှင့် ပတ်သက်၍ ''ဗုဒ္ဓဘာသာဆိုတာ အလွန် ရှေးကျတဲ့အယူဝါဒတစ်ခု အလွန်ရှေးကျတဲ့ အတွေး အခေါ်ပညာ တစ်ခုပဲဖြစ်တယ်။

ဗုဒ္ဓဘာသာဟာ မေတ္တာတရားကိုအခြေခံ ထားတဲ့ ဘာသာတရားဖြစ်တဲ့အတွက် ရုရှား လူမျိုးတွေအနေနဲ့ လည်း ဒီဗုဒ္ဓစင်တာဖွင့်တာ နှင့်ပတ်သက်၍ လက်မခံနိုင်စရာအကြောင်း မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဒီ ဗုဒ္ဓစင်တာ မှာ ဘုရားဝတ်ပြုလို့ရမယ်၊ ရဟန်းခံလို့ ရမယ်၊ မေတ္တာတရား၊ ခင်မင်ရင်းနှီးမှုနှင့် တစ်ဦးအပေါ် တစ်ဦး လေးစားမှုတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်''ဟု ဖြေကြား ခဲ့ဖူးပါသည်။

ထိုမေတ္တာတရား၊ ခင်မင်ရင်းနှီးမှုနှင့် တစ်ဦးအပေါ်တစ်ဦး လေးစားမှုဟူသော အချက်သုံးချက်သည်ပင်လျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဘဝဒဿနဖြစ်ဟန်တူပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမှန် တကယ်ပင် အခြားကိုးကွယ်ရာ ဘာသာတရားများကိုလည်း လေးစားသူ တစ်ဦးဖြစ်သလို လူမျိုးပေါင်းစုံ တိုင်းရင်းသား ပေါင်းစုံနှင့်လည်း အတူယှဉ်တွဲနေထိုင်နိုင်သူ တစ်ဦးဖြစ်ပါသည်။ ထို့ပြင် မိမိနိုင်ငံ ငြိမ်းချမ်း သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို စေတနာအပြည့်ဖြင့်ဆောင်ရွက်ရင်း တပ်မတော်၏ အခန်းကဏ္ဍကို မြှင့်တင် ပေးလျက်ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ကြားဖူးသည့် စကား တချို့ကို ကောက်နုတ် ဖော်ပြလိုပါသည်။

''ခိုင်မာတောင့်တင်းသောတပ်မတော် ရှိမှသာလျှင် ၎င်း၏စွမ်းဆောင်ရည်နှင့် ရဲစွမ်းသတ္တိကို မှန်မှန်ကန်ကန် အသုံး ချပြီး ဖြစ်ပေါ်နေတဲ့ ပြည်တွင်းမငြိမ်မသက် မှုတွေကို အပြီးတိုင်ရပ်တန့် ပေးနိုင်မှာဖြစ်သလို နားလည်ရ လွယ်ကူရိုးရှင်းပြီး တစည်းတလုံးတည်း စုပေါင်းညီညာစွာ ချမှတ်ထားသော ရည်မှန်းချက် ၃ ရပ်ဖြစ်သည့် တစ် နိုင်ငံ လုံး အတိုင်းအတာဖြင့် ပကတိငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး၊ တောင့်တင်းခိုင်မာ သော စီးပွားရေး
တည်ဆောက်နိုင်ရေးနှင့် နိုင်ငံအတွင်း နေထိုင်ကြသောမိသားစု အားလုံး လူသားတစ်ဦး တစ်ယောက်စီ တိုင်း ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေး နိုင်ရေးတို့အား အောင်မြင်စွာအကောင် အထည်ဖော်နိုင် မှာဖြစ်ပါ တယ်။ ကျွန်တော်တို့ အနေဖြင့် နားလည်ထားရမှာက ကမ္ဘာ ပေါ်က ဘယ်တိုက် ဘယ်နိုင်ငံမှာ ဖြစ်ပါစေ နိုင်ငံ တစ်နိုင်ငံ၏ တောင့်တင်းခိုင်မာသော တပ်မတော်သည် ထိုနိုင်ငံငြိမ်းချမ်းသာယာ ရေး၏ အာမခံချက်ဖြစ်သည် ဟူသော အချက်ပဲဖြစ်ပါတယ်''။ ။

တပမတာ်ပြန်ကြားရေး Facebook မှကူးယူသည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */