VOA
ဗွီအိုအေ (မြန်မာဌာန)မသိင်္ဂီထိုက်
16 ဒီဇင်ဘာ၊ 2020
လှေတစင်းပေါ်တွေ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ။ (သြဂုတ် ၂၆၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေရဲ့ သံဆူးကြိုး ကာထားတဲ့ အစောင့်ဂိတ်တွေကို အလွယ်ဖြတ်နိုင်တဲ့သုံး ဘီးကားလေးတွေရဲ့ ယာဉ်မောင်းတွေဟာဆိုရင် ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူကုန်ကူးတဲ့ ရှုပ်ထွေးလှတဲ့ကွန် ရက်ကြီးနဲ့ ပတ်သက်နေတာပါ။ ဒီနှစ် အစောပိုင်းတုန်းက ဒီသုံးဘီးကားလေးနဲ့ ဆိပ်ကမ်းကို သွား၊ အဲဒီကနေတဆင့်လှေငယ်လေးကို စီးပြီးနောက် ဘင်္ဂလား ပင်လယ်အော် အတွင်းက ငါးဖမ်း သဘောၤကြီးပေါ်ကို တက် ပြီး မလေးရှားကိုသွား ကြတာပါ။ ဒီထဲမှာ အသက် ၁၉ နှစ် အရွယ် Enamul Hasan လည်း လိုက်သွားခဲ့ပါ တယ်။
"ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကြီးကို ဘယ်တော့မှ မမေ့ပါဘူး။ လူကုန်ကူးသူတွေ၊ သဘောၤသားတွေ အားလုံးက ကျေ နာ်တို့ကို ဖိနှိပ် နှိပ်စက်ကြပါတယ်။"
သူလိုက်သွားတဲ့ သဘောၤပေါ်က ဗွီဒီယို ဆိုပြီးလည်း Enamul Hasan က ပြပါတယ်။ မလေးရှားရောက်ရင် ပညာ ဆုံးခန်းတိုင် သင်ပြီး ဝင်ငွေလည်း ကောင်းမယ် အိမ်ကို ပြန်ထောက်ပံ့နိုင်မယ်လို့ စခန်းတွင်းက လူပွဲစား တွေ ဆွယ်တာနဲ့ သူ လိုက်သွားတာပါ။ နောက်ဆုံးတော့ သဘောၤက ဘင်္ဂလားဒေရှ့်ကို ပြန်ဆိုက်ခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ် လက်ခံမယ်လို့ မြန်မာဘက်က ပြော ထားပေမယ့် အခုအချိန်ထိ ဌာနေပြန်ရေး အကောင်အထည် မပေါ်သေးပါဘူး။ စခန်းတွေတွင်းမှာလည်း ဒုက္ခ သည်တွေ ပြည့်ကြပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်များဆိုင်ရာ ဒုတိယ မဟာမင်းကြီး Shamzoud Douza ကလည်း အခုလို ရှင်းပြပါတယ်။
"ရိုဟင်ဂျာ စခန်းတွေက လူတွေများလွန်းပါတယ်။ လူမှောင်ခို သမားတွေလည်း နေ့တိုင်းဘဲ လူရှာနေကြ ပါ တယ်။ စခန်းတွေ အတွင်း ကူးလူးသွားလာဖို့ လမ်းကြောင်းမျိုးစုံ သုံးပါတယ်။"
SEE ALSO:
ရိုဟင်ဂျာတွေကို Bhasan Cher ကျွန်း ဒုတိယအသုတ်ပို့ဖို့ စီစဉ်နေ
လူမှောင်ခိုကူးသူတွေဟာ လမ်းလည်း ကျွမ်းတယ်လု့ိ သူက ပြောပါတယ်။ ဒါပေမယ့် စခန်းတွေမှာ သံဆူးကြိုးတွေကာ၊ စစ်ဆေးရေးဂိတ်တွေ ချပြီး လူကုန်ကူးမယ့်သူတွေကို တားဆီနိုင် ဖို့ ဆောင်ရွက်နေပါတယ်။ ဒုက္ခသည် တဦး ဖြစ်တဲ့ Mohammad Rashid ကတော့...
"သုံးဘီး မောင်းသမားက ပိုက်ဆံပေးလိုက်ရင် အစစ်မခံရပါဘူး။ ဒီလိုနည်းနဲ့ စစ်ဆေးရေးဂိတ်တွေကို ကျနော် တို့ ဖြတ်ပါတယ်။"
လူမှောင်ခိုကူးသူတွေကို ဟန့်တားနိုင်ရေး ဘင်္ဂလားဒေရှ့် လုံခြုံရေး အဖွဲ့တွေ အနေနဲ့လည်း အခက်အခဲ ရှိပါ တယ်။ ဒုက္ခသည်စခန်းတွင်းက ရဲတပ်ဖွဲ့ရဲ့ တပ်မှူး Hemayetul Islam က ရှင်းပြပါတယ်။
"အခုဆိုရင် ပင်လယ်ထဲက သဘောၤတွေထံကို ငါးဖမ်းလှေတွေနဲ့ လူတွေ လိုက်ပို့နေတာပါ။ ဒီလှေတွေကို သွား စစ်ရင်လည်း ငါးဖမ်းပိုက်တွေ၊ ငါးဖမ်း ပစ္စည်းတွေပဲ တွေ့ပါတယ်။ အမှန်အကန် တံငါသည်နဲ့ လူမှောင်ခို ကူး သူတွေနဲ့ ကြားမှာ ခွဲခြားဖို့ ကျနော်တို့ အတွက် သိပ် ခက်ပါတယ်။"
ရိုဟင်ဂျာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် အတွက် အလုပ်လုပ်ပေးနေသူလို့ ဆိုတဲ့ အသက် ၂၅ နှစ် အရွယ် မိုဟာ မက်ကတော့ ၂ နှစ် အတွင်း မလေးရှားသွားလိုသူ အနည်းဆုံး ၂၀၀ လောက် စုဆောင်းပေးခဲ့ကြောင်း၊ လူရှာ ပေးတဲ့ အတွက် တလကို ဒေါ်လာ ၅၅၀ လောက်ရကြောင်း AFP ကို ပြောပါတယ်။ ဒါပေမဲ့လည်း လူကုန်ကူးမှု မှာ ပတ်သက်သူ တဦးဖြစ်တဲ့ အသက် ၃၄ နှစ် အရွယ် Mohammad Taher ကတော့ သုံးဘီးကားနဲ့ လူတွေ ကို ခေါ် စစ်ဆေးရေးဂိတ်တွေ ဖြတ်ပြီး လှေငယ်တွေဆီ လိုက်ပို့သူပါ။ ငရဲခန်းနဲ့ တူတဲ့ စခန်းကနေ ထွက်ချင် သူ တွေ အတွက် အကိုတယောက် အနေနဲ့ ထွက်ပေါက်ကို ပြဖို့ တာဝန်ရှိတယ်လို့ ခံယူထားကြောင်း ပြောပါ တယ်။
လူတွေ ပြည့်ကြပ်နေတဲ့ ငါးဖမ်းသဘောၤနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး မလေးရှားကို ရောက်ဖို့ ကြိုးစားကြသူတွေ ထဲမှာ မိသားစုတွေ ပြန်လည် ဆုံဆည်းဖို့ ရည်ရွယ်သွားသူတွေ ပါသလို မလေးရှားမှာ အခြေကျပြီးသူတွေနဲ့ လက်ထပ်ဖို့ ရည်ရွယ်သွားရောက်သူတွေလည်း ပါပါတယ်။ ဒုက္ခသည် တဦး ဖြစ်တဲ့ Amerah ဟာ အင်ဒိုနီးရှား နိူင်ငံ အာချေးမှာ သောင်တင်နေသူပါ။
"မလေးရှားကို သွားရမယ်ဆိုတဲ့ ကတိနဲ့ ဒီခရီးစဉ်မှာ လိုက်ဖို့ သူတို့က ခေါ်လာတာပါ။ သူတို့ကသာ ကျမကို မလေးရှား ရောက်အောင် ပို့ပေးမယ်ဆိုရင် ကျမတို့ လက်ထပ်ကြရမှာပါ။ အခုတော့ ဒီမှာ သောင်တင်နေပါ တယ်။ ဘာ ဆက်လုပ်ရမလဲ စဉ်းစားနေရပါတယ်။"
ပြီးခဲ့တဲ့ ဇွန်လတုန်းက အင်ဒိုနီးရှား နိုင်ငံ အာချေးမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ လောက်လိုက်ပါလာတဲ့ လှေ ကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ကယ်တင်ခဲ့တာလို့ ကနဦး ပြောဆိုခဲ့ကြပေမယ့် အဖြစ်မှန်ကတော့ လူကုန်ကူး ကွန် ရက်နဲ့ ပေါင်းပြီး ကြံခဲ့တာ ဖြစ်တယ်လို့ အာချေး ရဲဌာနရဲ့ မှုခင်းဌာန ညွှန်ကြားရေးမှူးချုပ် Sony Sanjaya က ပြောပါတယ်။ ဒီအဖြစ်အပျက်နဲ့ ဆက်စပ်ပြီး လူကုန်ကူးသူတွေ အဖြစ် စွပ်စွဲ ဖမ်းဆီးခဲ့သူ ၅ ဦး ထဲမှာဒေသခံ ငါးဖမ်း သမား ၃ ဦးလည်း ပါဝင်ပါတယ်။ အင်ဒိုနီးရှားမှာ နေတဲ့ ရိုဟင်ဂျာ အမျိုးသား တဦးက သူတို့ကို ငှားခဲ့တာလို့လည်း အာချေးမှာ ဖမ်းခံထားရသူက AFP ကို ပြောပါတယ်။ လှေတစင်းငှားပြီးမော်တော် ဘုတ်ပေါ်က ဒုက္ခသည်တွေကို သွားခေါ်ဖို့ သူတို့ကို ငှားခဲ့တာမှာ သူကလည်း ငွေလိုနေတဲ့ အတွက အလုပ် လက် ခံခဲ့တာလို့ ကလေး ၆ ယောက် ဖခင် Faisal က ပြောပြပါတယ်။

No comments:
Post a Comment