Wednesday, October 21, 2020

မြန်မာ့ရိုဟင်ဂျာအရေး ဖြေရှင်းမှုတွင် အာဆီယံအဖွဲ့က ထိ ထိရောက်ရောက် စွမ်းဆောင်နိုင်မှုမရှိ

MMedia  
အောက်တိုဘာ ၂၀၊ ၂၀၂၀

၂၀၂၀၂ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေး

မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကို ဖြေရှင်းရာမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)ဟာ ထိထိ ရောက်ရောက် တုန့်ပြန်ဆောင်ရွက်မှု မရှိဘဲ၊ ခေါင်းဆောင်မှုပျောက်ဆုံးကာ လူ့အခွင့်အရေးချိုးဖောက်မှု ပမာ ဏာကို ထည့်သွင်းသုံးသပ်မှုမျိုး မရှိဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တောအမတ်များအဖွဲ့ (APHR) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ စစ်အာဏာရှင်တွေရဲ့ ညှင်းပမ်းဖိနှိပ်မှုကြောင့် ၁၉၇၀ လောက်ကတည်းက နေ ရပ်စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေရတာပါ။ အာဆာလက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ပြီးတဲ့နောက် မြန်မာစစ်တပ်ကလုပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးကြောင့် နောက်ထပ် ၇ သိန်းခွဲ လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထပ်မံထွက်ပြေးခဲ့ရပါတယ်။

APHR ရဲ့ အစီရင်ခံစာမှာတော့ အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီရေး၊ တစ်ခြားနိုင်ငံရဲ့ ပြည် တွင်းရေးကို ဝင်မစွက်ရေး စတဲ့ အဖွဲ့ရဲ့ စည်းမျဉ်းတွေထဲမှာ ပိတ်မိနေတာကြောင့် ဒီပြဿနာကို တုန့်ပြန် ရာမှာ ရုန်းကန်နေရပြီး၊ အကြမ်းဖက်ခံရမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု သံသရာကို အဆုံးသတ်နိုင်ရေး ပြတ် သားတဲ့ မဟာဗျူဟာ၊ ရည်မှန်းချက်မျိုး မချမှတ်နိုင်ဘူးလို့ ဖော်ပြထားပါတယ်။

“အာဆီယံဟာ မြန်မာနိုင်ငံကချပေးတဲ့ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်ကနေပဲ ဒီကိစ္စကို ကြည့်ရှု ပါတယ်။ အာဆီယံဟာ ပိတ်မိနေတယ်လို့ ပြောလို့ရတယ်။ အရေးကြီးတဲ့ပြဿနာတွေကိုလည်း လစ်လျူရှု ထားပါတယ်” လို့ APHR ဘုတ်အဖွဲ့ ဥက္ကဌ မလေးရှားလွှတ်တော်အမတ် ချားလ်စ်ဆန်တီယေဂိုက ပြောကြား ခဲ့ပါတယ်။

နိုင်ငံသားကိစ္စ၊ ဘာသာရေးလွတ်လပ်ခွင့်၊ မြေယာပြဿနာ စတဲ့ အဓိကကျတဲ့ ကိစ္စတွေကို အာဆီယံအဖွဲ့က ဖြေရှင်းမပေးနိုင်ဘူးလို့လည်း ဆန်တီယေဂိုက ပြောပါတယ်။

ရိုဟင်ဂျာကိစ္စမှာ အာဆီယံရဲ့ချဉ်းကပ်မှုဟာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးသာ ဖြစ်ပြီး ရခိုင် ပြည် နယ်က လူ့အခွင့်အရေးချိုးဖောက်မှု ပမာဏ၊ အာဏာပိုင်တွေက ပြဿနာဖန်တီးမှု စတာတွေကို အာဆီ ယံအဖွဲ့က ထည့်သွင်းမစဉ်းစားဘူးလို့ APHR ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ရခိုင်ပြည်သူတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှု ဆက်ဖြစ်နေသလို၊ လုံခြုံမှုမရှိတဲ့အတွက် မြို့နယ်တစ်ချို့မှာ ရွေးကောက်ပွဲ မကျင်းပေ တာ့ ဘူးလို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

“စစ်ပွဲဖြစ်နေတာကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကျွန်တော်တို့ ဘယ်လိုဆွေးနွေးလို့ရမှာလဲ။ အာဆီယံ ဟာ ရခိုင်ပြည်နယ်ကိစ္စမှာ ဘက်ပေါင်းစုံ သုံးသပ်ဖို့ တွန့်ဆုတ်နေပြီး ပြဿနာရဲ့ ကဏ္ဍအားလုံးကို မဖြေရှင်းနိုင် တာကြောင့် အာဆီယံအဖွဲ့ဟာ မယောင်ရာဆီလူးအဖွဲ့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တက်တက်ကြွကြွ ကူညီပံ့ပိုးပေးတဲ့ အဖွဲ့အစည်းပုံစံမျိုး ဖြစ်လာပါတယ်” လို့ ဆန်တီယာဂိုက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာတွေက သူတို့ ကို ဖိနှိပ်မယ့် နည်းလမ်းတစ်ခုလို့ ယူဆထားတဲ့ အစိုးရဲ့ NVC ကဒ်ထုတ်ပေးမှုကို အားပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင်ဟောင်း လာတီတီယာ ဗန် ဒန် အက်စ်ဆမ်က ရိုဟင်ဂျာတွေထွက် ပြေး ရအောင်လုပ်တဲ့ အခြေအနေတွေကို အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံသ၍ ရခိုင်ပြည် နယ်မှာ နေထိုင်သူတွေအတွက် ငြိမ်းချမ်းရေးမျှော်လင့်ချက်ဆိုတာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

APHR ရဲ့ အစီရင်ခံစာမှာ အာဆီယံအဖွဲ့ဟာ ဒေသတွင်းကပြည်သူတွေကို ကာကွယ်ဖို့နဲ့ ပြဿနာတွေကို ဖြေ ရှင်းရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တာဝန်ရှိတယ်လို့ ထည့်သွင်း ရေးသားခဲ့ပါ တယ်။

“အဖွဲ့ရဲ့ အားနည်းချက်တွေကို ကိုယ်တိုင်ဆန်းစစ် အဖြေရှာဖို့ လိုအပ်ပါတယ်။ ဒီလိုမလုပ်နိုင်ဘူးဆိုရင် အဖွဲ့ရဲ့ တရားဝင်မှု၊ ယုံကြည်စိတ်ချရမှုတွေကို ထိခိုက်စေရုံသာမက ရိုဟင်ဂျာတွေ၊ ရခိုင်ပြည်နယ်ကလူတွေအပြင် အာဆီယံပြည်သူတွေပါ ပိုပြီး ထိခိုက်ခံစားရမှာဖြစ်ပါတယ်”

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က အာဆီယံအတွင်းရေးမှူးရုံးဟာ ဒီအစီရင်ခံစာအတွက် မှတ်ချက်ပေးဖို့ငြင်း ဆိုခဲ့ပြီး အာဆီယံအဖွဲ့အောက်က အခြားအဖွဲ့တွေကလည်း တွေ့ဆုံမေးမြန်းဖို့ တောင်းဆိုမှုကို မတုန့်ပြန် ခဲ့ကြောင်း၊ သတင်းအချက်အလက်တောင်းမှုကို မြန်မာအစိုးရကသာ ပြန်လည်ဖြေကြားခဲ့ကြောင်း APHR က အစီရင်ခံစာမှာ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */