VOA
ဗွီအိုအေ (မြန်မာပိုင်း)
21 အောက်တိုဘာ၊ 2020
ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီရေး ရန်ပုံငွေ အကြီးအကျယ် လိုအပ်နေတဲ့ ကိစ္စကို ဖြေရှင်းနိုင် ရေး လာမယ့် ကြာသပတေးနေ့မှာ နိုင်ငံတကာ အလှူရှင် ညီလာခံကို အွန်လိုင်းကနေ ကျင်းပမယ်လို့ ကုလ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။21 အောက်တိုဘာ၊ 2020
မြန်မာနိုင်ငံတွင်းမှာရော နိုင်ငံပြင်ပမှာ ထွက်ပြေး ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာထောက် ကူမှု အကူအညီ အရေးပေါ် လိုအပ်ချက်ကို ဖြည့်စည်းနိုင်ရေး အတွက် ညီလာခံ ကျင်းပတာ ဖြစ် ကြောင်း ကုလသ မဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး UNHCR က အင်္ဂါနေ့မှာ ပြောဆိုထားပါတယ်။
ဒုက္ခသည် ၈၀၀,၀၀၀ ကျော် ထွက်ပြေး ခိုလှုံနေကြတဲ့ ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် လူသားချင်း စာနာမှု အကူအညီတွေ ဖူလုံအောင် ပေးအပ်နိုင်ဖို့ ဒေါ်လာ သန်း ၁,၀၀၀ ကျော် ရရှိရေး ကုလ သမဂ္ဂက ပန် ကြားထားတာပါ။ ဒါပေမယ့်လည်း ရန်ပုံငွေ ထည့်ဝင်မှုက အကြီးအကျယ် နည်းနေပြီး အခုအချိန် ထိ ရရှိထားတဲ့ ရန်ပုံငွေဟာ ပန်ကြားထားတဲ့ ပမာဏရဲ့ ထက်ဝက်တောင် မပြည့်ဘူးလို့ UNHCR ပြောခွင့်ရ Andrej Mahecic က ပြောပါတယ်။
ကြာသပတေးနေ့ အွန်လိုင်းက ကျင်းပမယ့် ညီလာခံကိုတော့ UNHCR, အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့ ပူးတွဲ ကမကထ လုပ်မှာပါ။ ဒုက္ခသည်တွေ အတွက် အရေးပေါ် လိုအပ်ချက်တွေ အများ အ ပြား ရှိနေချိန်မှာ COVID-19 ကပ်ဘေးကြောင့် နောက်ထပ် အခက်အခဲတွေ ထပ်ဖြစ်ရကြောင်း၊ နိုင်ငံမဲ့ ဖြစ် ပြီး အိုးအိမ်စွန့်တိမ်းရှောင်နေကြရသူတွေ အရေး ဖြေရှင်းဆောင်ရွက်ဖို့ ဆတိုး ကြိုးစားကြဖို့နဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းရဲ့ ခိုင်မာတဲ့ ထောက်ပံ့မှု လိုအပ်နေတဲ့ အခြေအနေဖြစ်ကြောင်းလည်း UNHCR ပြောခွင့်ရ Mahecic က ပြောဆိုထားပါတယ်။
ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာဘက်ကတော့ နေရပ်ရင်း ပြန်လိုတဲ့ ဒုက္ခသည်တွေကို စိစစ် လက်ခံမယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်ထိတော့ ဒုက္ခသည် ဌာနေပြန်ရေး အကောင်အထည် မပေါ် သေးပါဘူး။
Link : Here

No comments:
Post a Comment