Thursday, October 15, 2020

အိုင်စီစီရောက် တပ်မတော်သားနှစ်ဦးကို ပြန်တောင်းယူ မယ် လို့ အစိုးရ ပြော

လွတ်လပ်တဲ့အာရှအသံ( RFA )

မြန်မာဌာန | သတင်းများ
သက်စုအောင်
2020-10-14
 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအမြောက်အများကို ကိုယ်တိုင်သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံထားတဲ့ တပ် မတော်သားနှစ်ဦးဟာ၊ လက်ရှိ နိုင်ငံတကာရာဇဝတ်ခုံရုံး အိုင်စီစီကို ရောက်၊ မရောက် အငြင်းပွားမှုတွေ ရှိနေ ပြီး၊ တကယ်လို့ ရောက်နေတယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ သူတို့နှစ်ဦးကို သံတမန်နည်းနဲ့ တရားဝင် ပြန် တောင်းယူသွားမယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

နိုင်ငံတကာဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ တစ်ခြားနိုင်ငံကို ရောက်ရှိနေတဲ့ သုံ့ပန်းကို ပြန်တောင်းဖို့ ဆိုရာမှာ၊ နှစ်နိုင်ငံသဘောတူစာချုပ် လက်မှတ်ထိုးတာမျိုးမရှိတဲ့အတွက် လက်တွေ့မဖြစ်နိုင်ဘူးလို့ သုံးသပ် ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာအမြောက်အများကို သတ်ဖြတ်တဲ့အထဲ ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ ဝန်ခံထားတဲ့ တပ်မvတော်သားနှစ်ယောက် နိုင်ငံတကာရာဇဝတ်ခုံရုံး အိုင်စီစီ ကို ရောက်ရှိနေခြင်းရှိ၊ မရှိ ဘင်္ဂလားဒေ့ရှ်ဘက် ကိုရော၊ နယ်သာလန်နိုင်ငံကိုရော တရားဝင် သံတမန်လမ်းကြောင်းကနေ မေးထားပြီး၊ အမှန်တကယ် ရောက် နေတယ်ဆိုရင် ပြန်တောင်းယူသွားမယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက အောက်တိုဘာ ၁၀ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

“ဒီအပေါ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း မေးထားတယ် နယ်သာလန်ဘက်ကိုလည်း မေးထားပါတယ်၊တရား ဝင် မေးခိုင်းထားတယ်၊ တရားဝင်မေးပြီးတော့ တရားဝင်ရှိတယ်ဆိုရင် ကျတော်တို့ access တောင်းမှာဖြစ် တယ်၊ ကိုယ့်တိုင်းပြည်က ကိုယ့်နိုင်ငံက စစ်သုံ့ပန်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့စည်းတွေ ဖမ်းသွားတာခံရ တဲ့သူ ကို ကျတော်တို့ ပြန်တောင်းမှာဖြစ်တယ်၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းရဲ့လား၊ နောက်တစ် ခု က သူ့အပြင်ပေါ့နော် ဟိုသူရဲ့ ကျန်တဲ့ စိုးရိမ်ဖွယ်ရာ အနေအထားတွေကို ဒါတွေကိုလည်း ကာကွယ်ပေးဖို့ လိုတယ် အစိုးရအနေနဲ့ အဲဒါလေးပါ”

နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် အကျဉ်းသား လဲ လှယ်ရေး၊ ရာဇဝတ်မှုနဲ့ပတ်သက်ပြီး စာချုပ်တွေရှိမှသာ အကျဉ်းသားတွေကို ပြန်တောင်းယူလို့ရမှာ ဖြစ်တယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အဲဒီလို သဘောတူစာချုပ် ချုပ်ဆိုထားတာမျိုး မရှိတဲ့အတွက် ပြန်တောင်းယူဖို့ လက်တွေ့ မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံ တရား လွှတ်တော် ရှေ့နေများကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ဇော်က ပြောပါတယ်။

“သူတို့ကို ထိန်းသိမ်းထားတဲ့ တိုင်းပြည်နဲ့ ကိုယ်နဲ့အကြားမှာ အဲလိုသဘောတူညီချက်ပေါ့နော်၊ ရာဇဝတ်သား လဲvလှယ်ရေးတို့ စာချုပ်တွေရှိရင်တော့ တစ်မျိုးပေါ့၊ အဲလိုမဟုတ်ရင် ကျတော်တို့က သူတို့ကို တောင်းလို့မရ ဘူးဗျ၊ နောက် အိုင်စီစီကို ကျတော်တို့က အသိအမှတ်မပြုဘူးလို့ ပြောထားတယ်ဗျ၊ အိုင်စီစီကို လတ်မှတ်မ ထိုးထားတော့ အိုင်စီစီရဲ့ စစ်ဆေးချက်တွေ ဆုံးဖြတ်ချက်တွေက ကျတော်တို့ပေါ်မှာ စည်းနှောင်မှုမရှိဘူးလို့ အစောကြီကတည်းက ပြောထားတယ်၊ အဲတော့ အိုင်စီစီမှာလာပြီးတော့ သက်သေခံမယ့် လူကို ကျူပ်တို့ကို ပေးပါဆိုပြီး တောင်းခွင့်မရှိဘူးနဲ့တူတယ်၊ကိုယ်ကမှ ငြင်းပယ်ထားတာကို သူ့ကို”

ဒါ့အပြင် အဲဒီတပ်မတော်သားနှစ်ဦးက အိုင်စီစီမှာ သက်သေအဖြစ်ထွက်ဆိုလာတယ်ဆိုရင်လည်း မြန်မာနိုင်ငံ အနေနဲ့ အိုင်စီစီမှာ လတ်မှတ်ထိုးမထားတဲ့အတွက် အဲဒီမှာ သက်သေခံမယ့်သူတွေကို ပြန်ပေးပါဆိုပြီးတောင်း ခံခွင့်မရှိဘူးလို့ ဦးခင်မောင်ဇော်က ဆက်လက်ရှင်းပြပါတယ်။

နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ဥပဒေပါရဂူဘွဲ့ရ ဒေါက်တာအင်ဒရူး ငုံကျုန်းလျံ ကတော့ နယ်သာလန်နိုင်ငံသဟိက် မြို့ နိုင်ငံတကာရာဇဝတ်ခုံရုံး အိုင်စီစီမှာ တပ်မတော်သားနှစ်ဦး ရောက်၊ မရောက်ကို သံတမန်နည်း လမ်းအရ မေးမြန်းတာက နိုင်ငံတကာဥပဒေအရဆိုရင် မှန်ကန်တယ် လို့ သုံးသပ်ပါတယ်။

“ကျတော်နားလည်တဲ့ နိုင်ငံတကာ ဥပဒေအရ ဆိုရင် နံပါတ် ၁ Counsellor Access ဆိုတာရှိတယ်၊ Counsellor ပဲ သူတို့ကို အရင်ဆုံးတွေ့ခွင့်ရှိတယ်၊ နံပါတ် ၂ Counsellor Access တွေ့ပြီးမှ သူတို့ကို ရှေ့နေ ငှားပေးရမလား မဟုတ်ရင် Counsellor Access လုပ်ပြီးမှ သူတို့ကို ဘယ်လိုတရားစွဲမလား မစွဲဘူးလား ဆို တာ အမှန်ကပေါ်မှာ၊အခုချိန်မှာ အဲဒီဘက်တရားရုံးက ဘာမှထုတ်ပြန်တာမရှိဘူး၊ မရှိတော့ ကျတော်တို့က ဘာမှပြောလို့မရဘူး၊ ဒါကြောင့် ကိုဇော်ဌေး ပြောတဲ့ဟာက နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံတကာဥပဒေ အရကတော့ မှန်တယ်၊ ပြန်တောင်းလို့ ရ၊ မရဆိုတာကတော့ ဟိုးအဝေးကြီးမှာရှိသေးတယ်”

နိုင်ငံတကာရာဇဝတ်ခုံရုံး အိုင်စီစီ ကိုရောက်နေတဲ့ တပ်မတော်သားနှစ်ဦးကို ပြန်တောင်းဖို့ကိစ္စ ဘာတွေ လက် တွေ့ဆောင်ရွက်နေသလဲဆိုတာ သိနိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်း များနှင့် စီးပွားရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက် သွယ်ခဲ့ပေ မယ့် အဆက်အသွယ် မရခဲ့ပါဘူး။

တပ်မတော်သားဟောင်းတွေဖြစ်တဲ့ တပ်သား မျိုးဝင်းထွန်းနဲ့ တပ်သား ဇော်နိုင်ထွန်းတို့ဟာ အေအေ အဖွဲ့ရဲ့ ထိန်းသိမ်းခံခဲ့ရသူတွေဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ တပ်မတော်က ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို အစုအပြုံလိုက်သတ်ဖြတ်ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ်ဆိုပြီး အေေ အအဖွဲ့က ထုတ်ပြန်တဲ့ မေလ ၂၈ ရက်နေ့ ရုပ်သံဗီဒီယိုမှာ ထွက်ဆိုထားတာပါ။

စက်တင်ဘာ ၈ ရက်နေ့မှာတော့ နယူယောက်တိုင်းမ် သတင်းစာကြီးက “အဲဒီတပ်မတော်သားနှစ်ယောက်ကို နယ်သာလန်နိုင်ငံ သဟိတ်မြို့မှာရှိတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး အိုင်စီစီမှာ ထိန်းသိမ်းထားကြောင်း” တစ် ကမ္ဘာလုံးသိအောင် ထုတ်ဖော်‌ရေးသားခဲ့ပါတယ်။

Aljazeera နဲ့ CBC သတင်းမီဒီယာကြီးနှစ်ခုကတော့ “အိုင်စီစီပြောခွင့်ရပုဂ္ဂိုလ် ဖာဒီက အဲဒီတပ်သားနှစ် ယောက်ဟာ အိုင်စီစီလက်ထဲမှာ မရှိဘူး” လို့ ငြင်းဆိုချက်ကို ထုတ်လွှင့်ခဲ့ပါတယ်။

ဒီလိုငြင်းဆိုမှုတွေရှိနေပေမယ့် ဒီတပ်မတော်သားနှစ်ဦးကိစ္စနဲ့ ပတ်သက်တဲ့အခြေအနေကို လေ့လာစောင့် ကြည့်နေတဲ့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights ရဲ့တည်ထောင်သူ Mathew Smith က ပြီးခဲ့တဲ့ရက် ပိုင်းက RFA နဲ့ သီးသန့်အင်တာဗျူးမှာ “အဲဒီတပ်မတော်သားနှစ်ယောက်ဟာ နယ်သာလန်နိုင်ငံ သဟိတ်မြို့ မှာ ရှိနေကြောင်း၊ သူတို့ဟာ မြန်မာနယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ် နယ် စပ် လုံခြုံရေးတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ကြောင်း၊ အဲဒီနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက အိုင်စီစီကို ဆက်သွယ်ပြီး နယ်သာလန်နိုင်ငံကို ပို့ဆောင်ခဲ့ကြောင်း” ထပ်မံအတည်ပြုခဲ့ပါတယ်။

တပ်မတော် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော “တကယ်လို့ တပ်သားနှစ်ဦး အိုင်စီစီကို ရောက်ခဲ့ ရင် လည်း အဲဒီကို ပို့ပေးသူနဲ့ လက်ခံသူတွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်နဲ့ အချုပ်အခြာအာဏာကို စော် ကားတာဖြစ်ကြောင်း၊ လက်ခံထားတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံအစိုးရကို တရားဝင်လွဲပြောင်းပေးရမယ်” လို့ စက်တင်ဘာလ ၂၇ ရက်နေ့က အွန်လိုင်းကတဆင့် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေ ညာစာတမ်းကို လတ်မှတ်ထိုးထားတဲ့အတွက်၊ လူ့အခွင့်ရေး ချိုးဖောက်တာမှန်သမျှကို နိုင်ငံတကာကနေ အရေးယူဖြေရှင်းခွင့်ရှိတယ်” လို့ မှတ်ချက်ပေးပါတယ်။

“တရားမျှတမှုကို ရရှိဖို့အတွက် နိုင်ငံတစ်ခုချင်းမှာ အဲဒီနိုင်ငံရဲ့ ဘောင်အတွင်းမှာ ရနိုင်ရင်ရပေါ့ဗျာ၊ မရနိုင်ရင် အဲဒီဥစ္စာကို နိုင်ငံတကာဘောင် ရောက်သွားမှာပေါ့၊ ဘာလို့တုန်းဆိုတော့ ကျတော်တို့နိုင်ငံက ကုလသမဂ္ဂ နိုင်ငံ တကာ လူ့အခွင့်အရေးကြေညာစာတမ်း လတ်မှတ်ထိုးထားပြီးသား အဲတော့ လူ့အခွင့်အရေး ချိုးဖောက် တာမှန်သမျှ ကုစားခွင့်ရှိရမယ်၊ အဲဒီကုစားခွင့်ကို ပြည်တွင်းကမပေးနိုင်ရင် နိုင်ငံတကာမှာ အဲဒီကုစားခွင့်ကို ရှာကြံတာကို အပြစ်ပြောလို့မရဘူးဗျ”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစုအပြုံလိုက်သတ်ဖြတ်ခံရတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က တော့ “အစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်သောစုံစမ်းရေးကော်မရှင် ICOE ရဲ့ အစီရင်ခံစာပါ အကြံပြု ချက်တွေအတိုင်း စုံစမ်းစစ်ဆေးနေပြီး၊ လက်ရှိအခက်အခဲက စုံစမ်းစစ်ဆေးရမယ့် နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာလဖြစ်နေတဲ့အတွက် စုံစမ်းစစ်ဆေးရေးကို မြေပြင်မှာ ကျယ်ကျယ်ပြန့် ပြန့် မလုပ်ဆောင်နိုင်သေးဘူး” လို့ မီဒီယာတွေကို ပြောထားပါတယ်။

စစ်သား နှစ်ဦး နယ်သာလန်နိုင်ငံ ရောက်ရှိနေတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ နယ်သာ လန်သံရုံးကို မေးမြန်းဖို့ ဒီကေနေ့ ကြိုးစားခဲ့ပေမယ့် တယ်လီဖုန်း ဆက်သွယ်လို့မရခဲ့ပါဘူး။

တပ်မတော်သားနှစ်ဦး အိုင်စီစီမှာ တကယ်ရောက်နေသလား၊ လူ့အခွင့်အရေးအဖွဲ့တချို့ သုံးသပ်နေကြသလို အိုင်စီစီမှာ သက်သေထွက်ဆိုလာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */